• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“ဖက်ဒရယ်တပ်မတော်သစ်ဆိုတာ စနေပြီ” သို့မဟုတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၂

by ဧရာဝတီ
29 January 2022
in အင်တာဗျူး
A A
ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင် ၂ ဦး /  AFP

ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင် ၂ ဦး / AFP

7.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ အင်တာဗျူး အပိုင်း ၁ မှာ လက်နက်ကိုင်လမ်းစဉ်အပေါ် ရွေးချယ်ရမှု၊ PDF တွေကို လက်နက်တပ်ဆင်ရေးတွေကို ဆွေးနွေးခဲ့ကြပြီး အခု အပိုင်း ၂ မှာတော့ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဆက်ဆံရေး၊ တရုတ်အပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ စစ်တပ်က အရာရှိကြီးတွေ ဘက်ပြောင်းရေး၊ ဖက်ဒရယ်တပ်မတော်သစ် တည်ထောင်ရေးတွေကို ဆွေးနွေးထားပါတယ်။

“ဖက်ဒရယ်တပ်မတော်သစ်ဆိုတာ စနေပြီ” လို့ ဆိုလိုက်တဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဧရာဝတီ အင်တာဗျူး အပိုင်း ၂ ကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မေး ။ ။ နောက်တခုကတော့ PDF နဲ့ EAO တွေရဲ့ ဆက်ဆံရေးလမ်းကြောင်းပေါ့။ ကျနော်တို့သိသလောက်ဆိုရင် ကရင် ၊ ကရင်နီ ၊ ချင်း ၊ ကချင်ဒေသတွေမှာ PDF နဲ့ EAO တွေ ပူးတွဲပြီးတော့ တိုက်ပွဲဝင်နေတယ်ဆိုတာကိုလည်း သိပါတယ်။ ဆရာတို့ NUG အနေနဲ့လည်း C3C စစ်ရေးပူးတွဲရေးကော်မတီတွေ ဖွဲ့ထားတယ်လို့လည်း သိရပါတယ်။ ဒီ C3C က ဘယ်လောက်အလုပ်ဖြစ်ပြီးသွားပြီလဲ။ ရှေ့မှာရော Joint Operation တွေ လာဖို့ရှိပါသလား။

ဖြေ ။ ။ ရှိပါတယ်။ C3C ဆိုတာကတော့ NUG နဲ့ မဟာမိတ် EAO တွေအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုပြုဖို့ စစ်ရေးဦးဆောင်မှုပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ C3C ကနေ တာဝန်ယူပြီးတော့မှ ကျနော်တို့ စစ်မဟာဗျူဟာချက်မှတ်မယ်။ စစ်ရေးဆိုင်ရာစီမံကိန်းတွေရေးဆွဲပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီတဲ့ Joint Operation မျိုးတွေ Co-ordinated Operation မျိုးတွေ ဖော်ဆောင်သွားဖို့ဆိုပြီး ပြင်ဆင်ဆောင်ရွက်နေတဲ့အဖွဲ့တခုလို့ ပြောလို့ရပါတယ်။

အားလုံးဟာ ဘုံနိုင်ငံရေးရည်မှန်းချက်အနေနဲ့ ထပ်တူရှိပြီးသားလို့ နားလည်ပါတယ်။ EAO နဲ့ NUG ကြား စစ်ကောင်စီက ဘယ်လိုပဲသွေးခွဲသပ်လျှိုဖို့ ကြိုးစားပါစေ။ သူတို့အောင်မြင်မှာမဟုတ်ဘူးလို့ ကျနော်ပြောလိုပါတယ်။

အဲဒီတော့ ကျနော်တို့ PDF နဲ့ မဟာမိတ်တွေကြားတည်ဆောက်တဲ့ Chain of command ဆိုတာလည်း C3C ကနေအစပြုတာဖြစ်ပါတယ်။ အခု ကျနော်တို့စစ်ဒေသတွေ ပိုင်းချထားတာရှိတယ်။ စစ်ဒေသမှူးတွေ စစ်ဦးစီးမှူးတွေ ခရိုင်အလိုက် ကွပ်ကဲမှုတွေ ခန့်အပ်မှုကိုလည်း C3C ကပဲ အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောလို့ရတယ်။ အဲဒီတော့ C3C မှာ တိုက်ရိုက်မပါဝင်သေးဘူးဆိုပေမယ့် NUG နဲ့ နိုင်ငံရေးရော စစ်ရေးရော ပူးပေါင်းဆောင်ရွက်နေတဲ့ EAO တွေ ရှိတယ်။ အားလုံးဟာ ဘုံနိုင်ငံရေးရည်မှန်းချက်အနေနဲ့ ထပ်တူရှိပြီးသားလို့ နားလည်ပါတယ်။ EAO နဲ့ NUG ကြား စစ်ကောင်စီက ဘယ်လိုပဲသွေးခွဲသပ်လျှိုဖို့ ကြိုးစားပါစေ။ သူတို့အောင်မြင်မှာမဟုတ်ဘူးလို့ ကျနော်ပြောလိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

မေး ။ ။ NUG နဲ့ ခပ်ခွာခွာနေနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတာပေါ့။ ရခိုင်၊ ရှမ်း၊ ဝ တို့ မိုင်းလားတို့ပေါ့။ သူတို့အပေါ်မှာရော ဆရာတို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ခြုံပြောမယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဆိုတာ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီးကို ကျနော်တို့ မုန်းတီးဆန့်ကျင်တဲ့ အဖွဲ့တွေကြီးပဲလို့ ကျနော်တို့ နားလည်ပါတယ်။ ဒါကြောင့်လည်း တော်လှန်စစ်ကို နှစ်ပေါင်းများစွာ ဆင်နွှဲလာတဲ့အဖွဲ့တွေပေါ့။ NUG နဲ့ဆိုရင်လည်း အခုအချိန်မှာ နိုင်ငံရေးရည်မှန်းချက်ချင်းကလည်း တထပ်တည်းရှိတယ်။ အားလုံးဟာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ကြမယ်ဆိုတဲ့အချက်အပေါ်မှာ ကျနော်တို့အားလုံး သဘောဝေမျှကြတဲ့ အချက်ရှိတယ်။

ဒီအချိန်မှာ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဟာ အပြန်အလှန်နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဒါလည်း တနေ့တခြားတိုးတက်လာတယ်။ အဲဒီတော့ နိုင်ငံရေးရပ်တည်ချက်လည်း ရှိမယ်။ တော်လှန်ရေးလည်းကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆိုရင် NUG နဲ့က တိုက်ရိုက်ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင် တခြားတနည်းနဲ့ ဖြစ်ချင်ဖြစ်မယ်။ ဆက်ဆံရေးကောင်းကတော့ ရှိထားပြီးဖြစ်တယ်လို့ ကျနော့်အနေနဲ့ကတော့ ပြောချင်ပါတယ်။

မေး ။ ။ သတင်းတခုထွက်လာတာရှိတယ်။ AA နဲ့ NUG တွေ့တယ်ဆိုတာ ဟုတ်ပါသလား။ ဆွေးနွေးတာတွေ ဘာများတိုးတက်မှု ရှိပါသလဲ။

ဖြေ ။ ။ အရှေ့မှာဖြေခဲ့သလိုပါပဲ။ နိုင်ငံရေးရပ်တည်ချက်ရှိတဲ့အဖွဲ့တွေဆိုရင် တိုက်ရိုက်ဖြစ်စေ တခြားတနည်းနည်းနဲ့ဖြစ်စေ ဆက်ဆံရေးကောင်းတွေ ရှိအောင်ကတော့ အားလုံးကြိုးစားနေကြတယ်လို့ ပြောချင်ပါတယ်။

NUG လက်အောက်ခံ PDF တပ်ဖွဲ့ဝင်များ ပထမအကြိမ် စစ်သင်တန်းဆင်းပွဲ

မေး ။ ။ တကောင်းနီကယ်စက်ရုံကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာမဟုတ်ပေမယ့် ထီးချိုင့် PDF ကနေ အဲဒီစက်ရုံကိုပေးနေတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ဖောက်ခွဲလိုက်တာပေါ့။ စက်ရုံက ရပ်နေရပြီဆိုပြီး သိရတယ်။ နောက်ပြီးတော့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကနေ NUG ကိုဆက်သွယ်ပြီးတော့ မေးမြန်းတယ်လို့ ကြားရပါတယ်။ အဲဒီတော့ ဒီကိစ္စအပေါ်မှာရော NUG ရဲ့ သဘောထားကို သိချင်ပါတယ်။ တရုတ်အစိုးရအကျိုးစီးပွားကို ရည်ရွယ်ပြီးတော့ PDF တွေက တိုက်ခိုက်နေပြီလား။

ဖြေ ။ ။ ဒီကိစ္စနဲ့ပတ်သက်ရင်တော့ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေကနေ ကျနော်တို့နိုင်ငံကို လာရောက်ရင်းနှီးမြှပ်နှံတယ်။ အကျိုးစီးပွားတွေကို တိုက်ခိုက်ဖို့ဆိုတာ Policy အနေနဲ့မရှိဘူးလို့ အသိပေးချင်ပါတယ်။

မြေပြင်အဖွဲ့တွေမှာတော့ သူတို့ကြုံတွေ့ရတဲ့ အခြေအနေတွေရှိတယ်။ သူတို့နားလည်မှုတွေလည်းရှိတယ်ပေါ့။ အထူးသဖြင့် ကျနော်တို့ရင်းနှီးမြှပ်နှံမှုတွေ အကျိုးစီးပွားတွေကို အမှီပြုပြီးတော့ ဒီအကျိုးစီးပွားရှိတဲ့ ဧရိယာတွေကို အသုံးချပြီးတော့မှ စစ်ကောင်စီက အဲဒီလိုဧရိယာတွေမှာ အခြေချတယ်။ အဲဒီဧရိယာတွေကနေ ထွက်လာပြီးတော့မှ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ ဒါကတော့ မြေပြင်အဖွဲ့တွေရဲ့ ကြုံတွေ့ရတဲ့ အခြေအနေဆိုတာ ရှိတယ်။

အဲဒီတော့ ရှေ့ကနေ နမူပြဆွေးနွေးသွားတဲ့ ကိစ္စဆိုရင် မြေပြင်အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ နားလည်မှုနဲ့ဆောင်ရွက်ကြတယ်လို့လည်း ပြောရမယ်။

အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား လုပ်ငန်းတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနဲ့တော့ ကင်းကင်းရှင်းရှင်းနေဖို့ လိုအပ်လိမ့်မယ်။ ဖြစ်နိုင်ရင်တော့ လက်ရှိအခြေအနေမှာ အိမ်နီးချင်းတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်တယ်ဆိုတဲ့ သဘောထားမျိုးဖော်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။

ကျနော်တို့ အိမ်နီးချင်းနိုင်ငံအနေနဲ့လည်း ဒီကိစ္စကို အပြန်အလှန်ဆွေးနွေးဖြစ်ပါတယ်။ သူတို့လည်း ဆွေးနွေးတဲ့အခါမှာတော့ ၃ ချက် အသိပေးထားတာရှိတယ်။ နံပါတ်တစ်အချက် ဒီဆောင်ရွက်ချက်ကတော့ မြေပြင်အဖွဲ့တွေရဲ့ နားလည်မှုနဲ့ ဆောင်ရွက်တာပဲဖြစ်တယ်။ နံပါတ်နှစ်အချက် ရှေ့မှာ ဒီလိုအဖြစ်မျိုးတွေ ထပ်ပြီးတော့ မရှိအောင် NUG အနေနဲ့လည်း အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွား လုပ်ငန်းတွေအနေနဲ့လည်း စစ်ကောင်စီတပ်တွေနဲ့တော့ ကင်းကင်းရှင်းရှင်းနေဖို့ လိုအပ်လိမ့်မယ်။ ဖြစ်နိုင်ရင်တော့ လက်ရှိအခြေအနေမှာ အိမ်နီးချင်းတွေအနေနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်တယ်ဆိုတဲ့ သဘောထားမျိုးဖော်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ကျနော်တို့ဘက်က အကြံပြုထားတာ ရှိပါတယ်လို့ အသိပေးဆွေးနွေးလိုပါတယ်။

မေး ။ ။ လက်နက်ကိုင်တော်လှန်ရေး လုပ်တဲ့ NUG က နိုင်ငံတကာဆက်ဆံရေးကို ထွက်ပြီးတော့ ဆက်ဆံတဲ့အခါမှာကျတော့ လက်နက်ကိုင်တော်လှန်ရေးက ဘယ်လောက်ထိသွားပြီးတော့ အကျိုးသက်ရောက်မှုဖြစ်လဲ။ NUG ရဲ့ နိုင်ငံတကာဆက်ဆံရေးမှာ သံတမန်တွေ ကျနော်မှတ်မိသလောက်ဆိုရင် ပြည်သူ့ခုခံစစ်ပွဲကို NUG အနေနဲ့ ထုတ်ပြန်ကြေညာတဲ့အချိန်မှာ အနောက်နိုင်ငံတွေ သံတမန်တွေကအစ ကန့်ကွက်တာတွေရှိတော့ ဆရာတို့ လက်နက်ကိုင်တော်လှန်ရေးက နိုင်ငံတကာဆက်ဆံရေးမှာ အခက်အခဲဖြစ်တာတွေရှိလား။

ဖြေ ။ ။ ကျနော်တို့ NUG ကနေပြီးတော့ ပြည်သူ့ခုခံတော်လှန်စစ်ကို စတင်မယ်ဆိုပြီး ကြေညာတဲ့အချိန်တုန်းကတော့ နိုင်ငံတကာက စိုးရိမ်မှုတခုရှိခဲ့တယ်။ ဒီကနေ့မှာတော့ စိုးရိမ်မှုက အများကြီးလျော့ပါးသွားပြီလို့ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်လည်း နိုင်ငံတကာအစိုးရ တာဝန်ရှိတဲ့သူတွေ နိုင်ငံတကာ သံတမန်တွေကို အခါအားလျော်စွာ တွေ့ဆုံဖြစ်တာရှိတယ်။ ဒီလိုတွေ့ဆုံတဲ့အချိန်တိုင်းမှာ မြန်မာပြည်သူတွေ ဘာကြောင့် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲရသလဲဆိုတာကို ကောင်းကောင်းနားလည် စာနာနိုင်ပါတယ်ဆိုတာကို ဖော်ပြလာတာကိုတွေ့ရပါတယ်။ တဖက်မှာလည်း ကျနော်တို့ကို အကြံပြုချက်တွေကို ရှိတယ်။ စစ်ရေးလှုပ်ရှားမှု ခုခံတွန်းလှန်စစ် ဆင်နွှဲတဲ့အခါမှာ စစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်ဖို့ တိုက်တွန်းအကြံပေးချက်တွေရှိတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ PDF တပ်ဖွဲ့ဝင်များ စစ်သင်တန်းတက်နေစဉ်/AFP

ကျနော်တို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆိုပြီးတော့ စတင်ထူထောင်တဲ့အချိန်ကတည်းက ထုတ်ပြန်ထားတဲ့ကြေညာချက်ထဲမှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ် အင်မတန်အရေးကြီးတဲ့ ဦးစားပေးပြီးတော့ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ အခုလည်း အဲဒီကြေညာချက်နဲ့အညီ ရဲဘော်တွေ လိုက်နာကျင့်သုံးနိုင်ဖို့ကို NUG အနေနဲ့ရော မဟာမိတ်အနေနဲ့ရော တွန်းအားပေးပြီးဆောင်ရွက်နေတဲ့ အစီအစဉ်လည်းဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောဆိုတဲ့အခါမှာ NUG ဟာ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ညီညွှတ်တဲ့ တကယ့် ပရော်ဖက်ရှင်နယ် တပ်မတော်တရပ်ဖြစ်အောင် ကြိုးစားလိမ့်မယ်ဆိုတာ ယုံကြည်တဲ့အကြောင်းလည်း ဆွေးနွေးတာတွေရှိပါတယ်။

ဒါနဲ့တခါထဲ ဆက်စပ်လို့ မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေတဲ့ စစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေ ထိခိုက်ခံစားရတာတွေလည်း ရှိနေတယ်။ ဒီလို ကျနော်တို့ စစ်အုပ်စုရဲ့အကြမ်းဖက်မှုကြောင့် ထိခိုက်ခံစားတဲ့ပြည်သူတွေအပေါ်မှာလည်း အကူအညီအထောက်အပံ့တွေကို ပိုပြီးတော့ ပေးနိုင်ဖို့အတွက် သူတို့နည်းလမ်းရှာမယ်။ ပိုပြီးတော့ ကြိုးစားသွားမယ်လို့ ကျနော်တို့ကို အသိပေးဆွေးနွေးသွားတာတွေလည်း ရှိနေပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
70
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
799

မေး ။ ။ နောက်တခုက Defection ကိစ္စပေါ့။ စစ်သားတွေက CDM လုပ်လာကြတယ်။ စာရင်းဇယားတွေအရ ၂ ထောင်ရှိနေပြီလို့ကြားသိရတယ်။ အဲဒီထဲမှာ အဆင့်မြင့်အရာရှိတွေတော့ အခုထိပါလာတာ မတွေ့ရသေးဘူး။ ဒီ Defection ကိစ္စမှာရော အဆင့်မြင့်အရာရှိတွေ ပါလာဖို့အတွက် Incentive ပေးတာတို့ အာမခံချက်ပေးတာတို့ Policy ချမှတ်ထားတာရော ရှိပါသလား။

ဖြေ ။ ။ ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ နိုင်ငံရဲ့အဓိက ပြဿနာက ဘာလဲပေါ့။ ဒီပြဿနာဖြစ်စေတဲ့အဓိက အကြောင်းအရာက ဘာလဲ။ ပြန်ကြည့်မယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ် စစ်အုပ်စုဖြစ်နေတာကိုတွေ့ရတယ်။ ဒီစစ်အုပ်စုက တဖက်မှာ ဒီမိုကရေစီကို ငြင်းပယ်တယ်။ တဖက်မှာ ဖက်ဒရယ်ကို ငြင်းပယ်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ငြင်းပယ်ခြင်းအားဖြင့် ပြည်တွင်းစစ်ကို ဖန်တီးထားတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြပြီးတော့မှ စစ်အုပ်စုကပဲ နိုင်ငံရေးမှာစိုးမိုးရေးပေါ့။ တလျှောက်လုံးကိုင်စွဲထားတယ်။ အကြိမ်ကြိမ်အာဏာသိမ်းတယ်။ ဒီလိုနဲ့ ကျနော်တို့နိုင်ငံဟာ အဖက်ဖက်က နိမ့်ပါးခဲ့ရတဲ့အခြေအနေဖြစ်နေတယ်။

ကျနော်တို့နိုင်ငံ ပြဿနာရဲ့ အဓိကလက်သည်ဖြစ်နေတယ်။ စစ်ဝါဒလို့လည်းပြောလို့ရတယ်။ နိုင်ငံရေးမှာ စစ်တပ်က ဗိုလ်ကျစိုးမိုးရေးအတွေးအခေါ်ပေါ့။ လက်ရှိတော်လှန်ရေးဟာ စစ်ဝါဒအတွေးအခေါ် တွန်းလှန်ဖယ်ရှားတဲ့ တိုက်ပွဲတခုဖြစ်တယ်ဆိုတာကိုလည်း လက်ရှိစစ်ကောင်စီလက်အောက်ခံဖြစ်နေတဲ့ တပ်မှူးတွေ တပ်သားတွေ ပိုပြီးတော့ သိရှိလာအောင် ပိုပြီးတော့ နားလည်လာအောင် ကြိုးစားသွားရမယ်။ ဒီအချိန်မှာတော့ ကျနော်တို့က လမ်းဆုံလမ်းခွရောက်နေပြီ။ လမ်းဆုံလမ်းခွကတော့ စစ်ဝါဒအတွေးအခေါ်ကို ကျနော်တို့နိုင်ငံမှာ ပြည်သူ့အားနဲ့ဖယ်ရှားပစ်ရမယ့် အချိန်ပေါ့။

ကျနော်တို့က တိုင်းသစ်ပြည်သစ်ကိုလည်း စမယ်။ အတွေးအခေါ်သစ် ခံယူချက်အသစ်ရှိတဲ့ တပ်မတော်သစ်တရပ်ကို သွားရမယ့်ကာလတခုဖြစ်တယ်။ ဒါကိုကျနော်တို့က သူတို့ကို အသိပေးမယ်။ ဒီအသိကိုလည်း ကျနော်တို့က သူတို့ကို ပြည်သူနဲ့ ပူးပေါင်းလာဖို့ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာဖို့ တွန်းအားပေးပြီးတော့ စည်းရုံးသွားမှာဖြစ်ပါတယ်။

ဒီအချိန်မှာ တိုင်းချစ်ပြည်ချစ်စိတ်လည်း ရှိတယ်။ အတွေးအခေါ်ဉာဏ်ရည်လည်း မြင့်မားတယ်ဆိုတဲ့ တပ်မှူးတပ်သားတွေ လက်ရှိ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်နေပေမယ့် ဒီလိုပုဂ္ဂိုလ်မျိုးတွေရှိတယ်ဆိုကို နားလည်ပါတယ်။ ကျနော်တို့ သူတို့ကို စည်းရုံးတဲ့အခါမှာ မက်လုံးပေးပြီးတော့ ဆောင်ရွက်တာမျိုးတွေ လုပ်ဖို့ မရည်ရွယ်ပါဘူး။ ကျနော်တို့က တိုင်းသစ်ပြည်သစ်ကိုလည်း စမယ်။ အတွေးအခေါ်သစ် ခံယူချက်အသစ်ရှိတဲ့ တပ်မတော်သစ်တရပ်ကို သွားရမယ့်ကာလတခုဖြစ်တယ်။ ဒါကိုကျနော်တို့က သူတို့ကို အသိပေးမယ်။ ဒီအသိကိုလည်း ကျနော်တို့က သူတို့ကို ပြည်သူနဲ့ ပူးပေါင်းလာဖို့ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာဖို့ တွန်းအားပေးပြီးတော့ စည်းရုံးသွားမှာဖြစ်ပါတယ်။

ဆရာပြောတာမှန်ပါတယ်။ လက်ရှိအချိန်အထိ ထိပ်တန်းအဆင့်ရှိတဲ့ စစ်ရာထူးရှိတဲ့သူတွေ ထင်ထင်ရှားရှားနဲ့ ပြည်သူနဲ့ပူးပေါင်းတာမျိုး မတွေ့ရသေးဘူး။ သူတို့သည်လည်း အချိန်တခုကို စောင့်ဆိုင်းနေတဲ့သူတွေ ချက်ချင်းပြည်သူနဲ့ပူးပေါင်းဖို့ အဆင်သင့်မဖြစ်သေးတဲ့သူတွေ ရှိနေတယ်လို့ ကျနော်တို့နားလည်ထားတာရှိတယ်။ အဲဒီတော့ အနှေးနဲ့အမြန် တနည်းအားဖြင့် ပြည်သူ့တော်လှန်ရေး အားသာလာတာနဲ့အမျှ ပြည်သူနဲ့ ပူးပေါင်းလာမယ့် စစ်ဘက်တာဝန်ရှိသူတွေလည်း အမြောက်အမြားရှိလိမ့်မယ်လို့ ခံယူထားပါတယ်။

လိုင်ဇာမြို့တွင်း၌ တွေ့ရသော KIA ကချင်တပ်သားများ/ ဧရာဝတီ

မေး ။ ။ ဆရာပြောတဲ့ထဲမှာ နိုင်ငံသစ် ၊ တပ်မတော်သစ်ပေါ့။ အခုဆိုရင် NUG အောက်က PDF တွေရှိမယ်။ နောက်ပြီးတော့ NUG အောက်မှာမရှိသေးတဲ့ PDF တွေလည်းရှိမယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလည်းရှိမယ်။ ဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ထဲမှာလည်း NCA ထိုးထားတဲ့အဖွဲ့ NCA မထိုးထားတဲ့အဖွဲ့တွေ လည်းရှိတဲ့အပြင် PDF ကိုလက်ခံတဲ့အဖွဲ့ တိုးတိုးတိတ်တိတ်ဆက်ဆံတဲ့အဖွဲ့ ဒီကြားထဲမှာ ပြောင်ပြောင်တင်းတင်းထောက်ခံတဲ့အဖွဲ့ မပတ်သက်တဲ့အဖွဲ့တွေလည်း ရှိတာပေါ့။ ဒီလိုအဖွဲ့တွေအများကြီးကို တပ်မတော်သစ် ဖက်ဒရယ်အာမီလို့ပဲပြောပြော အဲဒီလိုဖြစ်လာနိုင်ချေ ဘယ်လောက်ရှိသလဲ။ တဖက်မှာလည်း စစ်တပ်သာမရှိရင် အစိပ်စိပ်အမွှာမွှာ ပြိုကွဲသွားတော့မယ်။ စစ်တပ်သာလျှင် တိုင်းပြည်ရဲ့ စည်းလုံးရေးကို တည်ဆောက်နိုင်တယ်လို့ ဆိုတယ်။

ဖြေ ။ ။ မြန်မာစစ်အုပ်စုကတော့ သူတို့တလျှောက်လုံးကြွေးကြော်ခဲ့တာ ပြည်ထောင်စုမပြိုကွဲရေးပဲ။ ပြည်ထောင်စုမပြိုကွဲဆိုတဲ့ ကြွေးကြော်သံတင်ပြီးတော့မှ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို ဖျက်ဆီးခဲ့တဲ့သူတွေလို့တောင် ပြောလို့ရတယ်။ ဘာကြောင့်တုန်းဆိုရင် စစ်အုပ်စုက ဘယ်တုန်းကမှ ဒီမိုကရေစီကို မယုံကြည်ဘူး။ ဖက်ဒရယ်ကို မယုံကြည်ဘူး။ သူတို့ယုံကြည်တာက နိုင်ငံရေးအာဏာကို အမြဲတမ်း လက်ဝါးကြီးအုပ်ထားဖို့ပဲ။

ဖက်ဒရယ်တပ်မတော်ဆိုတာ အခုထဲကကို အစပြုနေပြီလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုကတည်းက PDF တပ်ရင်းတွေ ဖွဲ့စည်းတဲ့အခါမှာ မဟာမိတ် EAO တွေဘက်က စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေ စစ်ရေးကျွမ်းကျင်တဲ့သူတွေ ဦးဆောင်မှုပေးနိုင်တဲ့သူတွေ ပေါင်းစပ်ပါဝင်ပြီးတော့ ဖွဲ့စည်းတဲ့ PDF တပ်ရင်းတွေဖြစ်ပါတယ်။ လက်တွေ့တိုက်ပွဲဝင်တဲ့အခါမှာလည်း တကယ်ပဲမဟာမိတ်တွေက နီးနီးကပ်ကပ်ပူးပေါင်းပြီးတော့မှ လက်တွဲတိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ဖက်ဒရယ်တပ်မတော်သစ်ဆိုတာက စကိုစနေပြီလို့ ပြောလို့ရတယ်။

လက်ရှိ ကျနော်တို့ PDF အပါအဝင် မဟာမိတ်အင်အားစုတွေ ပိုပိုပြီးတော့ လက်တွဲပူးပေါင်းဆောင်ရွက်လာနိုင်နေတယ်ဆိုတာကလည်း နိုင်ငံရေးနောက်ခံကောင်းလို့ပါ။ အဲဒီတော့ ကျနော်တို့အားလုံးမျှော်လင့်ကြတဲ့ ဖက်ဒရယ်တပ်မတော်ဆိုတာ အခုထဲကကို အစပြုနေပြီလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုကတည်းက PDF တပ်ရင်းတွေ ဖွဲ့စည်းတဲ့အခါမှာ မဟာမိတ် EAO တွေဘက်က စစ်ရေးအတွေ့အကြုံရှိတဲ့သူတွေ စစ်ရေးကျွမ်းကျင်တဲ့သူတွေ ဦးဆောင်မှုပေးနိုင်တဲ့သူတွေ ပေါင်းစပ်ပါဝင်ပြီးတော့ ဖွဲ့စည်းတဲ့ PDF တပ်ရင်းတွေဖြစ်ပါတယ်။ လက်တွေ့တိုက်ပွဲဝင်တဲ့အခါမှာလည်း တကယ်ပဲမဟာမိတ်တွေက နီးနီးကပ်ကပ်ပူးပေါင်းပြီးတော့မှ လက်တွဲတိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ဖက်ဒရယ်တပ်မတော်သစ်ဆိုတာက စကိုစနေပြီလို့ ပြောလို့ရတယ်။

UWSA ဝတပ်ဖွဲ့နှင့် သူ၏ ခေါင်းဆောင် ပေါက်ယူကျန်း/ ဧရာဝတီ

စစ်အုပ်စုကို ဖယ်ရှားပြီးတဲ့အချိန်မှာတော့ ကျနော်တို့နိုင်ငံကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဖြစ်လာမှာပဲ။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်တပ်မတော်ကလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်မှာ ယုံကြည်သက်ဝင်ပြီးတော့မှ ပြည်သူကိုအမှန်တကယ်စောင့်ရှောက်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဖြစ်လာမှာပါဗျာ။ ဒီတပ်မတော်သစ်ဆိုရင်လည်း တိုင်းရင်းသားလူမျိုးစုံပါဝင်တဲ့ တပ်မတော်ဖြစ်မယ်။ ဒီအတွက်တိုင်းရင်းသားလူမျိုးအားလုံး တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ ၂၀၂၂ ခုနှစ်နဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ်ကတော့ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်နှစ်လို့ နားလည်ပါတယ်။ ၂၀၂၁ က တော်လှန်ရေး ရေသောက်မြစ်ချတဲ့နှစ်လို့ ပြောလို့ရတယ်။ ၂၀၂၂ ကတော့ ပြည်သူတွေ အောင်ပွဲခံမယ့်နှစ်လို့ မျှော်မှန်းပြီးတော့ ကျနော်တို့ အင်တိုက်အားတိုက်နဲ့ စီမံဆောင်ရွက်နေတာရှိပါတယ်။

ဒီအချိန်မှာ ပြည်သူ့အားကတော့ တိုးသထက်တိုးပြီး လိုအပ်နေဆဲပဲလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲ၊ ပြည်သူ့အားကို အခြေပြုပြီး ကိုယ့်အားကိုယ်ကိုးပြီးတော့မှ ဆင်နွှဲနေရတဲ့ ခုခံတွန်းလှန်စစ်ဖြစ်တယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်ကတော့ ကျနော်တို့နိုင်ငံအတွက် အင်မတန်အရေးကြီးတယ်။ ကျနော်တို့ပြည်သူတွေအနေနဲ့လည်း တွေဝေတွန့်ဆုတ်မှုမရှိဘဲ လက်သီးဆုပ်မဖြည်စတမ်း ကျနော်တို့ တောင့်ခံပြီးတော့ လူအားငွေအား အကြံဉာဏ်အား ဆထက်ထမ်းပိုးထည့်ပြီး ဆင်နွှဲပေးကြပါလို့ တိုက်တွန်းနှိုးဆော်မှုပြုချင်ပါတယ်။

ဤတွင် ပြီးပါပြီ။

You may also like these stories:

“မကြာခင် ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်လာမယ်” သို့မဟုတ် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၁

“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”

AA သြဇာကြီးလာခြင်းက စစ်ကောင်စီအတွက် ခေါင်းခဲစရာ

လူမျိုးကို အခြေခံတဲ့ တော်လှန်ရေး မဟုတ်တော့ဘူး

Your Thoughts …
Tags: EAONUGPDFကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တိုင်းရင်းသား လက်နက်ကိုင်ဖက်ဒရယ်တပ်မတော်သစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.6k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
သရုပ်ဆောင်ဒေါင်း

မတရားမှုအတွက် ကျနော်တို့တွေ တော်လှန်ခဲ့ကြတယ်

Editorial Talk  စစ်အာဏာသိမ်း တနှစ်အလွန် ဘာတွေကြုံရဦးမလဲ (ရုပ်/သံ)

Editorial Talk စစ်အာဏာသိမ်း တနှစ်အလွန် ဘာတွေကြုံရဦးမလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved