• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ဆက်ဆံရန် ကုလသမဂ္ဂတိုက်တွန်း

by ဧရာဝတီ
21 November 2023
in သတင်း
A A
စစ်သုံ့ပန်းများအား ကောင်းမွန်စွာ ဆက်ဆံရန် ကုလသမဂ္ဂတိုက်တွန်း

ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံစစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ထံ လက်နက်ချသော ပြည်သူ့စစ်များ/The Kokang

2.5k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိုးစစ်အတွင်းဖမ်းမိသော မြန်မာစစ်သားများကို ကောင်းမွန်စွာဆက်ဆံရန် ကုလသမဂ္ဂက သောကြာနေ့တွင်တိုက်တွန်းသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ၎င်းတို့သည် လွန်ခဲ့သောလကနှောင်းပိုင်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများအပြားက စစ်တပ်ကို တိုက်ခိုက်သည့် မြန်မာနိုင်ငံမှဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောသည်။

RelatedPosts

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
994
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
302
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
620

ရာပေါင်းများစွာသော စစ်သားများလက်နက်ချသည်ဆိုသည့် သတင်းများကို ထောက်ပြပြီး ပြောခွင့်ရသူ ဂျရမီ လောရင့်က လက်စားချေခြင်းကို လုံးဝတားမြစ်ကြောင်း ပြောသည်။

“စစ်သားတဦးချင်းဟာ စစ်တပ်က ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် သိမ်းကျုံးတာဝန်မရှိဘူး” ဟု ဂျနီဗာမှ သတင်းထောက်များကို သူပြောသည်။

“ဖမ်းမိသူအားလုံးကို လူသားဆန်စွာဆက်ဆံဖို့ အရေးကြီးတယ်” ဟု သူပြောသည်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် တရုတ်နယ်စပ်မြောက်ပိုင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တိုက်ခိုက်မှုများပြုလုပ်သည်။

ထိုအဖွဲ့များသည် ၂၀၂၁ ခုနှစ်ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကိုဖြုတ်ချသည့် စစ်တပ်ကို တိုက်ပွဲဝင်နေသည်။

ထိုနောက်ယခုအပတ်အတွင်းတွင် AA သည် အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုသစ်များစတင်ပြုလုပ်ပြီး ထိုင်းနယ်စပ် ကရင်နီ(ကယား)ပြည်နယ်မှ စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့များက ပြည်နယ်မြို့တော် လွိုင်ကော်ကို တိုက်ခိုက်နေသည်။

ထိုတိုက်ခိုက်မှုများအတွင်း အရပ်သား အနည်းဆုံး ၇၅ ဦးသေဆုံးပြီး ၉၄ ဦးဒဏ်ရာရကာ အကြမ်းဖက်တိုက်ခိုက်မှု မြင့်မားလာသောကြောင့် လူ ၂ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရသည်ဟု ကုလသမဂ္ဂက သတင်းများကို ကိုးကား ပြောဆိုသည်။

“မြေပြင်အခြေအနေ အလျင်အမြန် ပြောင်းလဲလာတာနဲ့အတူ သက်ဆိုင်သူအားလုံးအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို အထူးသဖြင့် အရပ်သားတွေကို ကာကွယ်ဖို့ အရေးကြီးတယ်” ဟု လောရင့် ပြောသည်။

“တပ်မှူးတွေအနေနဲ့ သူတို့ကွပ်ကဲမှုအောက်က တပ်ဖွဲ့ဝင်တွေအားလုံးကို ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောထားဖို့လိုတယ်” ဟု သူပြောသည်။

၁၂ လကြာ အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုသစ်များကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ရုံးအနေဖြင့် အထူးတုန်လှုပ်ကြောင်း လောရင့် ပြောသည်။

ထိုသို့တိုက်ခိုက်မှု ပြန်လည်စတင်ခြင်းသည် ရခိုင်နှင့်ရိုဟင်ဂျာ လူမှုအသိုက်အဝန်းနှစ်ခုလုံးအတွက် ကြီးမားသော အန္တရာယ်ဖြစ်ကြောင်း သူ သတိပေးသည်။

“အရင်က ဖြစ်ခဲ့တဲ့ ပုံစံတွေအရ စစ်တပ်ဟာ စစ်မျက်နှာ အများအပြားမှာ ဆုံးရှုံးနေလို့ သူတို့ရဲ့ တုံ့ပြန်မှုဟာ ပိုမို အင်အားသုံးလာမယ့် အခြေအနေရှိတယ်” ဟု လောရင့် ပြောသည်။

အချိုးအစား မမျှတသည့် သိမ်းကျုံးလေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် တိုက်ခံမှုများ ထပ်မံ အသုံးပြုမည့် အန္တရာယ်ကို သူသတိပေးပြီး ထိုသို့ အရပ်သားများကို အပြင်းအထန် ထိခိုက်စေသည့် နည်းလမ်းများကို လူ့အခွင့်အရေးရုံးအနေဖြင့် လွန်ခဲ့သော ၂ နှစ်အတွင်း မှတ်တမ်းတင်ထားကြောင်း ထောက်ပြသည်။

ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအားလုံး အထူးသဖြင့် စစ်မက်ဖြစ်ပွားနေသည့် အဖွဲ့များအပေါ် သြဇာရှိသော နိုင်ငံများအနေဖြင့် ထိုအကျပ်အတည်းကို အဆုံးသတ်ရန်နှင့် အရပ်သားများကို ကာကွယ်ရန် အားထုတ်မှုများ ပိုမိုပြုလုပ်ပြီး ပြတ်ပြတ်သာသားကြားဝင်ရန် တိုက်တွန်းသည်ဟု သူပြောသည်။

ပြည်သူကိုကိုယ်စားပြုသည့် အရပ်သားအစိုးရတခုထံ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရန် ဖိအားပိုမိုပေးရန် လိုကြောင်း သူပြောသည်။

You may also like these stories:

မြန်မာကို စွဲဆိုသည့် လူမျိုးတုံးသတ်ဖြတ်မှုတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ဂမ်ဘီယာနှင့် ပူးပေါင်းမည်

စစ်ကောင်စီ၏ အယောင်ဆောင် ငြိမ်းချမ်းရေး အားထုတ်မှုကို ဖင်လန်နှင့် ဆွစ်ဇာလန် ကူညီနေ

လွိုင်ကော်စစ်ရှောင်များ လေကြောင်းမှ အပစ်ခံရ

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ

Your Thoughts …
Tags: EAOPDFကုလသမဂ္ဂ လူ့အခွင့်အရေးရုံးစစ်ကောင်စီဆန့်ကျင်ရေးစစ်သုံ့ပန်းများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.3k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate