• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

by ဧရာဝတီ
21 November 2023
in စီးပွားရေး
A A
ပုဂ္ဂလိကဘဏ်များ အကန့်အသတ်နှင့်သာ ငွေထုတ်ပေး

ဘဏ်များမှ ငွေကို လိုသည်ထက်ပိုမိုထုတ်ယူခြင်းကြောင့် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို လည်း ခံရနိုင်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။/ ဧရာဝတီ

4.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနှင့် ကယားပြည်၌ တိုက်ပွဲကြောင့် ပုဂ္ဂလိကဘဏ်ခွဲတချို့ ပိတ်လိုက်သည့်အတွက် ပြည်သူများစိုးရိမ်ပြီး ငွေထုတ်ယူမှုများလာသဖြင့် ပုဂ္ဂလိကဘဏ်များမှ အကန့်အသတ်နှင့်သာ ထုတ်ပေးတော့ကြောင်း ကုန်သည်များနှင့် ငွေကြေးဈေးကွက် အသိုင်းအဝိုင်းက သိရသည်။

တိုက်ပွဲများနှင့် ဘဏ်တချို့သိမ်းခံရသည့်အခြေအနေများကြောင့် ပြည်သူများကြား စိုးရိမ်စိတ်ဖြစ်ကာ နိုဝင်ဘာ ၁၆ ရက်၊ ၁၇ ရက်နေ့များတွင် ပုဂ္ဂလိကဘဏ်များ၌ ငွေကြေးထုတ်ယူသူ များခဲ့ပြီးနောက် ယခုလို အကန့်အသတ်ဖြင့်သာ ထုတ်ပေး သည့် ပုံစံ ပြောင်းလဲကျင့်သုံးခဲ့ခြင်းဖြစ်သည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
80
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.2k

ဒေါ်လာငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “ဒီတိုင်း အလွတ်သဘော သွားထုတ်ရင်တော့ အခု ထုတ်မပေး ဘူး။ တရက် သိန်း ၂၀ တော့ ထုတ်ပေးတယ်။ ကိုယ်က ငွေချေစရာ ပေးစရာရှိတယ်ဆိုရင်တော့ အချက်အလက် တွေပြ နိုင်ရင် လုပ်ပေးတယ်။ မလိုအပ်ဘဲနဲ့ ထုတ်ရင် ဘဏ်တွေ အလုပ်ရှုပ်မှာနဲ့ ငွေဈေးတွေ တက်မှာစိုးလို့ လို့ ပြောတယ်။ ဘဏ်တွေက ပြန်လည် တည်ငြိမ်မှပဲ စနစ်တကျ ထုတ်ပေးမယ်လို့ ပြောလွှတ်လိုက်တယ်” ဟု လက်ရှိအခြေအနေကို ဧရာ ဝတီသို့ ပြောသည်။

စစ်ပွဲဖြစ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ သီပေါ၊ မူဆယ်၊ ကွတ်ခိုင်နှင့် စစ်ကိုင်းတိုင်း ကောလင်းမြို့ တို့တွင် ပုဂ္ဂလိကဘဏ်များ ပိတ်ထားသလို ရခိုင်ပြည်နယ်မှ ပုဂ္ဂလိကဘဏ်များ၌လည်း ငွေထုတ်ယူလိုပါက တရက်ကြို၍ စာရင်း ပေးသွင်းပြီးမှသာ ထုတ်ခွင့်ရကြောင်း၊ ထို့အတွက် လက်ရှိငွေကြေး အလွှဲအပြောင်းကို Mobile Banking စနစ်ဖြင့် သာ လုပ်ဆောင်နေကြောင်း ကုန်သည်များထံက သိရသည်။

ပုဂ္ဂလိကဘဏ်ကြီးတခုဖြစ်သည့် ကမော္ဘဇဘဏ်က ရှမ်းပြည်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မူဆယ်၊ နောင်ချို၊ ကွတ်ခိုင်၊ လားရှိုး၊ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ မုံရွာ၊ ရွှေဘို၊ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ မောင်တော ဒေသရှိ ဘဏ်ခွဲများနှင့် ကယားပြည်နယ်ရှိ လွိုင်ကော်ဘဏ်ခွဲများကို ပိတ်ထားကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက နယ်ဘဏ်ခွဲအချို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုရပ်တန့်ခဲ့ရကြောင်း ဝန်ခံခဲ့ပြီး ပြည်သူများအနေဖြင့် ငွေများကို လိုသည်ထက် ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ပုံမှန်အခြေအနေ အတိုင်း ရယူသုံးစွဲကြပါရန်၊ ဘဏ်များမှ ငွေကို လိုသည်ထက်ပိုမိုထုတ်ယူခြင်းကြောင့် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို လည်း ခံရနိုင်ကြောင်း ယမန်နေ့က ထုတ်ပြန်ပြောဆိုသည်။

အလားတူ ဗဟိုဘဏ်ကလည်း ပြည်သူများ ဘဏ်များမှ လိုသည်ထက် ပို၍ ထုတ်ကာ လက်ဝယ်ထားရှိပါက အန္တရာယ် ရှိနိုင်ပြီး ငွေများ ဆုံးရှုံးနိုင်ကြောင်း၊ လိုအပ်သည်ထက် ပိုထုတ်ပါက မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့် နေရာတွင် သုံးစွဲသည်စသည်ဖြင့် စစ်ကောင်စီ တာဝန်ရှိသူများ၏ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင် ငွေကြေးခဝါချမှု ဗဟိုအဖွဲ့က သတ်မှတ်ထား သည့် ငွေကြေး ကျပ်သန်း ၁၀၀ ထက်ကျော်လွန်ပြီးထုတ်ယူသူများကို စောင့်ကြည့်နေသလို ယခု ငွေအထုတ်များနေသူ အားလုံးကိုလည်း ဗဟိုဘဏ်၊ အထူး စုံစမ်းစစ်ဆေးရေး (စ သုံးလုံး)၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့ (FIU) တို့က အနီးကပ် စောင့်ကြည့်နေပြီး ဈေးကစားမှုတွင် ပါဝင်ပတ်သက်နေပါက အရေးယူမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်လက်၍ ဘဏ်များတွင် ငွေထုတ်ယူရန် လှုံ့ဆော်ရေးသားဝါဒဖြန့်သူများကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ်အရေး ယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ် ချမှတ်နိုင်ရန် စစ်ကောင်စီအဖွဲ့များနှင့် လုပ်ဆောင်နေသည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးလင်းအောင်က ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်းမှ စတင်ကာ ပုဂ္ဂလိကဘဏ်များတွင် ငွေကြေးလာရောက်ထုတ်ယူသူ များပြားနေပြီး ရန်ကုန်မြို့ သာမက တခြားမြို့များတွင်လည်း ငွေကြေးကို အကန့်အသတ်နှင့်သာ ထုတ်ပေးခြင်းများ ပြုလုပ်နေသလို Special Account ဖွင့်ထားသည့် စီးပွားရေး လုပ်ငန်းရှင်များပင် ငွေလွှဲများ ပြန်ထုတ်ယူ မရသည့်အခြေအနေရှိကြောင်း သိရသည်။

မြဝတီမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တဦးကလည်း ယနေ့ ငွေသိန်း ၂၀၀ လွှဲသည်ကို သိန်း ၂၀ သာ ထုတ်ခွင့်ရသဖြင့် “ဘဏ် တွေ ဘာဖြစ်တာလဲ။ ဘယ်လိုလုပ်မလဲ” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

မြဝတီမြို့ရှိ တခြားသောစီးပွားရေးလုပ်ငန်းရှင်တဦးက “သူတို့ သတင်းစာထဲမှာသာ Special Account ဆို ငွေကြိုက် သလောက် လွှဲ ကြိုက်သလောက် ထုတ်လို့ရတယ်ပြောတာ။ တကယ်တကယ့် အပြင်မှာ ဘယ်လိုမှ မရဘူး။ အခု စစ်ဖြစ်မှ သာ လူတွေ ကြောက်လန့်ပြီး ငွေထုတ်မရတာ ပြန်ပေါ်လာတာ။ တကယ်က အာဏာသိမ်းပြီးထဲက ဘဏ်တွေက လို သလောက် ထုတ်လို့မရတော့တာ။ အခုလည်း အကန့်အသတ်နဲ့ပဲ ငွေများများထုတ်ချင်ရင် စကားတွေ အများကြီး ပြောရတယ်။ ဘာတခုမှကို အဆင်မပြေတာ” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

စစ်ပွဲများ ဖြစ်ပွားနေသော နမ့်ခမ်း၊ သီပေါ၊ မူဆယ်၊ ကွတ်ခိုင် အစရှိသည့် ဒေသများတွင်လည်း ပုဂ္ဂလိကဘဏ်များမှာ ပိတ် ထားရပြီး လက်ရှိငွေကြေး အလွှဲအပြောင်းကို မိုလ်ဘိုင်းဘဏ်ကင်းစနစ်ဖြင့်သာ လုပ်ဆောင်နေကြောင်း ကုန်သည်များထံက သိရသည်။

ပုဂ္ဂလိက ဘဏ်ခွဲတခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတဦးက “သောကြာနေ့ (နိုဝင်ဘာ ၁၇) ရက်ကဆို ငွေထုတ်တာ အရမ်းများတယ်။ အဲဒီနေ့ကတော့ ဘဏ်က ထုတ်ပေးတယ်။ ငွေရှိသလောက်ပဲ။ နောက်ပိုင်းကျတော့ ငွေထုတ်တာ အရမ်းများတော့ ဘဏ်မှာ ငွေမရှိတော့လို့ တယောက် ၁၀ ဆို သတ်မှတ်လိုက်ရတယ်။ ပြောလို့တော့မရဘူး။ အခုက အခြေအနေကို ကြည့်ပြီးလုပ်ပေးနေရတဲ့ သဘောပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဘဏ်များ၏ပြင်ပတွင် ငွေသားကို လိုတာထက်ပို၍ လည်ပတ်နေမည်ဆိုပါက အိမ်ခြံမြေဈေး၊ ရွှေဈေး၊ ငွေဈေး ကစား သူများ၏ လှည့်ကွက်တွင် ပါဝင်သွားနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်လာကာ ပြည်သူများ အခက်အခဲ ဖြစ်နိုင်ကြောင်း စစ် ကောင်စီ၏ ဗဟိုဘဏ်က သတိပေးထားသည်။

ထိုသို့ စစ်ကောင်စီက သတိပေးထားချက်များ ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းအချိန်ကစ၍ ငွေကို လိုသလောက် ထုတ်ယူခွင့်မရသည့် အခြေအနေများ ကြုံလာရသည့်အတွက် ပြည်သူများအနေဖြင့် ဘဏ်များအား ယုံကြည်မှု ကျဆင်း လာကာ၊ ဘဏ်၌ အပ်နှံသူလည်း နည်းပါးသွားကြောင်း သိရသည်။

စစ်ကောင်စီအား ဆန့်ကျင်တော်လှန်နေသော အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားသည့် Spring Development Bank တွင် အကောင့်အသစ်ဖွင့်သူများလာခဲ့ပြီး နိုင်ငံပေါင်း ၃၃ နိုင်ငံမှ အကောင့်အသစ် ဖွင့်သူ ၂ သောင်းခန့် ရှိလာသလို နွေဦးဘဏ် အစုရှယ်ယာဝယ်ယူသူဦးရေမှာလည်း ၇၂ နာရီအတွင်း အမေရိကန်ဒေါ်လာ ၅ သန်းအထိ ရရှိခဲ့ ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

You may also like these stories:

MOGE အရေးယူပိတ်ဆို့မှုကြောင့် ထိုင်းနှင့် တရုတ် ငွေချေရန် ခက်

စစ်ရေးအရ ပိတ်ဆို့ခံ လောက်ကိုင်မြို့ရှိ လုပ်ငန်းများ ရပ်ဆိုင်းလာ

Your Thoughts …
Tags: Sliderငွေထုတ်သူစစ်ကောင်စီပုဂ္ဂလိဘဏ်ဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

ဝက်လက် ရွှေပန်းကုံးရဲစခန်း PDF တို့ သိမ်းပိုက်

ဝက်လက် ရွှေပန်းကုံးရဲစခန်း PDF တို့ သိမ်းပိုက်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

23 hours ago
4k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate