• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝက်လက် ရွှေပန်းကုံးရဲစခန်း PDF တို့ သိမ်းပိုက်

by ဧရာဝတီ
21 November 2023
in သတင်း
A A
ဝက်လက် ရွှေပန်းကုံးရဲစခန်း PDF တို့ သိမ်းပိုက်

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ / CJ

2.9k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွှေဘို-မုံရွာကားလမ်းပေါ်ရှိ ရွှေပန်းကုံးကျေးရွာ နယ်မြေရဲစခန်းကို ယနေ့နံနက်ပိုင်း၌ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၍ စခန်းကို မီးရှို့လိုက်ကြောင်း ဝက်လက်မြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံမှ သိရသည်။

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း(၁) နှင့် တပ်ရင်း(၂) တို့ ဦးဆောင်ကာ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၂ နာရီကျော်တွင် ၎င်းရဲစခန်းကို ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ကျန်သူများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပ.က.ဖ မှ တာဝန်ရှိသူတဦးက “ကျနော်တို့အဖွဲ့တွေ ဝင်သိမ်းခဲ့တာမှာ မင်းအောင်လှိုင်ရဲ့ အရိုးကိုက်ကျွန် အလောင်းတွေလည်း ရခဲ့ပါတယ်။ အရှင်တယောက် ဖမ်းမိခဲ့တယ်လို့ သိရတယ်။ အရှင်မိတာက ထွက်ပြေးကြတာကို လိုက်ဖမ်းတာမှာ မိပါ။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမှုရှိတယ်။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာ တွေ ရှိတယ်။ အရေအတွက်အတိအကျနဲ့ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး။ စခန်းကိုသိမ်းပြီးတော့ ပြန်အဆုတ်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်” ဟု ဧရာဝတီကို ပြောသည်။

ရွှေပန်းကုံးရဲစခန်းသည် နယ်မြေရဲစခန်းအဆင့် အင်အား ၂၀ ခန့်သာ ရှိသည့် စခန်းငယ်ဖြစ်သော်လည်း ယခုလို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ လှုပ်ရှားရပိုမိုလွယ်ကူသွားကြောင်းလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက “စခန်းငယ်လေးတခု၊ အင်အား ၂၀ လောက်ပဲ ရှိတာဆိုပေမယ့် အဲဒီစခန်းကို သိမ်းနိုင်လိုက်တဲ့ အတွက် ကျနော်တို့အဖွဲ့တွေ လှုပ်ရှားကြတဲ့အခါမှာ ရှောင်ကွင်းသွား စရာမလိုတော့တဲ့ အားသာချက်တွေရှိလာမယ်” ဟု ၎င်းက ပြောသည်။

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် တံတားဦးလေတပ်စခန်းမှ တိုက်လေယာဉ်ဖြင့် နံနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင်တကြိမ်၊ နံနက် ၇ နာရီခွဲခန့်အချိန်၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ Mi-35 ရဟတ်ယာဉ်ဖြင့် တကြိမ် ရွှေပန်းကုံးရွာပတ်လည်ကို တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းများဖော်ပြနေသည့် Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီက ရွှေပန်းကုံးကျေးရွာဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်နေသဖြင့် ပြည်သူများ သတိနှင့် နေထိုင်ရန် ကာကွယ်ရေးအဖွဲ့များက တိုက်တွန်းထားသလို ရွှေဘို-ဝက်လက်-အုန်းတောလမ်း၊ ရွာသာကြီး-အရာတော် လမ်းပိုင်းများကိုလည်း နိုဝင်ဘာ ၂၁၊ ၂၂ ရက်များအတွင်း အသုံးမပြု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ထို့ပြင် ယနေ့ နံနက်ပိုင်း၌ပင် မန္တလေး-ရွှေဘိုကားလမ်း၊ စိုင်နိုင်ကွေ့ရွာတွင် ဖွင့်လှစ်ထားသော စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ရွာများကို အောက်တိုဘာလဆန်းပိုင်းအထိ စစ်ကောင်စီ တပ်သားများ၊ ရဲနှင့် ပျူစောထီး များ ပူးပေါင်း၍ စစ်ကြောင်းထိုးပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိရာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုး သားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင် ချိန်မှစ၍ စစ်ကြောင်းထိုးခြင်းများ မရှိတော့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်သူ ဗိုလ်မြေသြဇာက “လက်ရှိမှာ အရင်လို စစ်ကြောင်းပတ်ထိုး တာမျိုးတွေ မလုပ်ရဲကြတော့ဘူး။ ရှမ်းမြောက်တိုက်ပွဲတွေ စကတည်းက ဒီကောင်တွေပါ ငြိမ်သွားကြတာ။ ဒီနေ့ တိုက်ပွဲ ဖြစ်တာတွေကြောင့် ရွှေဘို-မန္တလေးကားလမ်းကြီးကတော့ ပိတ်ထားရတယ်။ ကားတွေလည်း လမ်းတွေပေါ်မှာ ပိတ်မိနေ ကြတယ်။ အဓိကတော့ ရွှေဘိုနဲ့ စစ်ကိုင်းကြားလမ်းပိုင်းတွေပေါ့။ သူတို့ဘက်ကလည်း ပေးမဖြတ်တော့သလို ကျနော်တို့ ဘက်ကလည်း ပိတ်ထားလိုက်ကြတာပါ။ ကျနော်တို့ ပိတ်လိုက်တာက စစ်ကူစစ်ကြောင်းတွေလာရင် လမ်းမှာရှိတဲ့ရွာတွေ ထပ်နာမှာစိုးရိမ်လို့ပါ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝက်လက်မြို့နယ်ရှိ လှတော၊ ရွာသာကြီး၊ ရှိမ်းမကား၊ စိုင်နိုင်ကွေ့တို့ တွင် အထိုင်ချတပ်စွဲထားပြီး လမ်းသွားလမ်းလာများအား စစ်ဆေးရှာဖွေမှုများ၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

You may also like these stories:

ဝက်လက် ဒေသခံများကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

မုံရွာနှင့်ဝက်လက်နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ သတ်ဖြတ် မီးရှို့

စစ်ကိုင်းနှင့် ဝက်လက်နယ်မှ ဖမ်းဆီးခဲ့သူများကို PDF ဟုဆိုကာ စစ်ကြောရေးပို့

ဝက်လက်နယ်တွင်၂ ပတ်အတွင်း အိမ် ၂ ထောင်ခန့် မီးရှို့ခံရ

Your Thoughts …
Tags: PDFတိုက်ခိုက်သိမ်းပိုက်ရွှေပန်းကုံးရဲစခန်းဝက်လက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မတ္တရာနှင့် ပုသိမ်ကြီးမှ ဒေသခံ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မတ္တရာနှင့် ပုသိမ်ကြီးမှ ဒေသခံ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved