• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်းနှင့် ဝက်လက်နယ်မှ ဖမ်းဆီးခဲ့သူများကို PDF ဟုဆိုကာ စစ်ကြောရေးပို့

by ဧရာဝတီ
28 April 2023
in သတင်း
A A
စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ မီးရှို့ခံထားရသည့် စစ်ကိုင်းမြို့နယ်၊ မူးသာကျေးရွာ (ဓာတ်ပုံ- CJ)

စစ်ကောင်စီတပ် စစ်ကြောင်းထိုး၍ မီးရှို့ခံထားရသည့် စစ်ကိုင်းမြို့နယ်၊ မူးသာကျေးရွာ (ဓာတ်ပုံ- CJ)

7.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းနှင့် ဝက်လက်မြို့နယ်များသို့ စစ်ကြောင်းထိုး နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းသွားသူများကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ စစ်ကြောရေးသို့ ပို့ဆောင် ခြင်းများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီတပ်သည် ဧပြီ၂၁ ရက်မှ ၂၆ ရက်ထိ စစ်ကြောင်းထိုးစဉ် စစ်ကိုင်းမြို့နယ်၊ အင်းစ၊ မူးသာ၊ ရွာသစ်ကျေးရွာ များမှ ပြည်သူ ၅ ဦးနှင့် ဝက်လက်မြို့နယ် သခွတ်တောကျေးရွာမှ ပြည်သူ ၁၅ ဦးတို့အား ဖမ်းဆီးကာ လက်ရှိအချိန်ထိ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
122
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
130
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
45

စစ်ကိုင်းမြို့နယ်မှ စစ်ဘေးရှာင်ကူညီနေသူတဦးက “ကျနော်တို့နယ်ဘက်ကနေ လူသားဒိုင်းအဖြစ် ဖမ်းသွားတဲ့ ပြည်သူ တွေကို PDF တွေလို့ စွပ်စွဲပြီး စစ်ကြောရေးကို ပို့ထားတယ်လို့ သိရတယ်။ ရွာကို ဝင်စီးပြီး လုယက်တာတွေ လုပ်သွား တဲ့အပြင် လူသားဒိုင်းအနေနဲ့လည်း အသုံးချပြီးမှ အခုလို လုပ်နေတာ တော်တော်များများ ရှိနေပြီ၊ အချို့ဆိုရင် သေ သလား ရှင်သလား မသိရဘဲ ထောင်ချ ခံလိုက်ရတာတွေ ရှိတယ်” ဟု ပြောသည်။

စစ်ကိုင်းမြို့နယ်အတွင်းသို့ မြင်းမူနယ်မှ လာသော တပ်မ ၃၃ လက် အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီးများ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဝင်ရောက် စစ်ကြောင်း ထိုးနေခြင်းဖြစ်ကာ ဝက်လက်နယ်အတွင်းသို့ တပ်မ ၃၃ လက်အောက်ခံ ရွှေဘိုအခြေစိုက် ခလရ ၄၂၊ ရွှေဘိုမြို့ရှိ အမှတ် ၈ လေ့ကျင့်ရေးတပ်နှင့် အမှတ်၂ ထောက်ပို့တပ် ပူးပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးနေခြင်း ဟု သိရသည်။

အဆိုပါ စစ်ကြောင်းများသည် စစ်ကိုင်းမြို့နယ်မှ အင်းစကျေးရွာမှ နေအိမ် ၂၈၈ လုံး၊ တောင်ကြားကျေးရွာမှ နေအိမ် ၁၀ လုံး၊ မူးသာကျေးရွာမှ နေအိမ် ၄၉ လုံး၊ ရွာသစ်ကျေးရွာမှ နေအိမ် ၃၇ လုံး၊ တောင်မြို့ကျေးရွာမှ နေအိမ် ၁၆ လုံး၊ ရွာထောင်ကျေးရွာမှ နေအိမ် ၅ လုံး၊ ဒီပဲယင်း ကွဲကျေးရွာမှ နေအိမ် ၅၃ လုံးတို့ကို ဧပြီ ၂၁ ရက်မှ ၂၅ ထိ စစ်ကြောင်း ထိုး ဝင်ရောက်စဉ် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သွားသည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက် များအရ သိရသည်။

ထို့ပြင် အင်းစကျေးရွာမှ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဒီပဲယင်းကွဲ ကျေးရွာမှ ဓမ္မာရုံ ၁ လုံးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရ သလို ဧပြီ၂၄ ရက်က ဒီပဲယင်းကွဲကျေးရွာမှ အသက် ၄၄ နှစ်အရွယ်ရှိ ကိုထွန်းထွန်း ဆိုသူသည် စစ်ကြောင်း ဝင် ရောက်လာမှုကြောင့် တိမ်းရှောင်ရန် ကြိုးစားစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းခံရပြီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းကွဲ ဒေသခံတဦးက “ဒီပဲယင်းကွဲကို ဝင်စီးတဲ့အချိန်မှာ တိမ်းရှောင်ဖို့ ကြိုးစားရင်း အဖမ်းခံလိုက်ရတဲ့ အရပ် သားတယောက်ကို PDF တွေ ဘယ်မှာလဲဆိုပြီး လိုက်ပြခိုင်းတာကို မရလို့ဆိုပြီး ခြေသည်းလက်သည်းတွေကို အစိမ်း လိုက်ခွာတယ်။ နှာခေါင်းထဲကို ကတ်ကြေးနဲ့ ထိုးတယ်၊ ခေါင်းကို ခွရှင်နဲ့ ရိုက်နှက်တာ ဓားနဲ့ ခုတ်တာတွေ လုပ်ပြီး ခေါင်းဖြတ် သတ်သွားကြတယ်။ ပြီးတော့ သူရဲ့ ငယ်ပါကို ဖြတ်ပြီး ခေါင်းပြတ်က ပါးစပ်ထဲကို ထိုးထည့်သွားကြတယ်” ဟု ပြောသည်။

သတ်ဖြတ်ခံရသူ ကိုထွန်းထွန်းမှာ ဒီပဲယင်းကွဲကျေးရွာမှ သာမန်အရပ်သား ပြည်သူတဦးသာဖြစ်ပြီး အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သည့် တိုက်တလုံး၏ နောက်ကျောဘက်ရှိ ယာခင်းအတွင်းမှာ တွေ့ရှိခဲ့ ရခြင်းဖြစ်ကြောင်း၊ ဒီပဲယင်းကွဲကျေးရွာအရှေ့မြောက်ဘက်တွင် စစ်ဘေးရှောင်ပြည်သူများကို မြင်တွေ့ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံ ပစ်ခတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

ဒီပဲယင်းကွဲကျေးရွာသည် စစ်တပ်က မကြာခဏ ဝင်ရောက်စီးနင်းနေလျက်ရှိကာ ၂၀၂၂ စက်တင်ဘာလ ၂ ရက်တွင် ပထမအကြိမ်၊ ၂၀၂၃ ဇန်နဝါရီ ၆ ရက်တွက် ဒုတိယအကြိမ် စီးနင်းခဲ့ရာ ဒုတိယအကြိမ် ဝင်ရောက်စီးနင်းမှုတွင် ဒီပဲ ယင်းကျေးရွာ၌ သီတင်းသုံးနေသော သီတဂူ ဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်း မဟာဘွဲ့ရ ဆရာတော်အပါအဝင် ဒေသခံ ၄ ဦး သတ်ဖြတ်ခံခဲ့ရပြီး အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းမှ စစ်ရှောင်ကူညီနေသူတဦးက “မြင်းမူဘက်ခြမ်း မူးအနောက်ဘက်ကမ်း မူးမန္တလေးရွာကနေ စစ်ကိုင်းမြို့နယ်ထဲကို ညောင်ပင်ရှည်ရွာကနေ စပြီး စစ်ကြောင်းထိုး ဝင်လာကြတာ။ အင်အား ၁၀၀ ကျော်နဲ့ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဆက်တိုက် မီးရှို့ခဲ့ကြတာ၊ ရွာသားတွေလည်း ဘေးလွတ်ရာကို ပြေးခဲ့ကြရတာ။ အခုတော့ ရွာတွေကို ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်ပြီးလို့ အချို့ကတော့ ရွာထဲကို ပြန်ဝင်နေကြပြီ။ အချို့ကတော့ တောတိုက်တဲ တွေမှာပဲ ဆက်နေကြတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်နေမှုကြောင့် စစ်ကိုင်းမြို့နယ်မှ ညောင်ပင်ရှည်၊ အင်းစ၊ တောင် ကြား၊ မူးသား၊ မကျီကုန်း၊ တလိုင်းကျွန်း၊ ရွာထောင်၊ ညောင်ပင်ရှည်၊ ရွာသစ်၊ တောင်မြို့၊ ဒီပဲယင်းကွဲကျေးရွာများ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့အတူ ဝက်လက်မြို့နယ်တွင်လည်း အောင်ချမ်းသာကျေးရွာမှ နေအိမ် ၁၄၀ ခန့်နှင့် ဘင်တဲကုန်းကျေးရွာမှ နေအိမ် ၂ လုံးနှင့် သခွတ်တောကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးသွားသလို လှတောကျေးရွာမှ အသက် ၃၅ နှစ်အရွယ် အမျိုး သားတဦးကိုလည်း သတ်ဖြတ်ကာ မီးရှို့သွားကြောင်း ဒေသတွင်း ကင်းထောက်အဖွဲ့ Wetlet Informational Network က သိရသည်။

“ဝက်လက်နယ်ထဲက အောင်ချမ်းသာ၊ ဘင်တဲကုန်း၊ သခွတ်တောရွာတွေကို လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်စီး တယ်၊ မီးရှို့တာတွေ လုပ်ခဲ့တဲ့အပြင် သခွတ်တောရွာသား ၁၅ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား တယ်။ ဧပြီ ၂၄ ရက်က ဝက်လက်မြို့က ထွက်လာတဲ့ စစ်ကြောင်းက လှတောရွာအရှေ့ဘက်အရောက်မှာ အသက် ၃၅ နှစ်ခန့်အရွယ် လှတောရွာသားတဦးကို သတ်ဖြတ်ပြီး မီးရှို့ထားခဲ့တယ်” ဟု Wetlet Informational Network က တာ ဝန်ရှိသူတဦးက ပြောသည်။

ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်နေသည့် စစ်ကြောင်းအား ဧပြီ ၂၃ ရက်က အောင်ချမ်းသာကျေးရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦခန့် သေဆုံးခဲ့ သလို ပြည်သူ့ကာကွယ်ရေး အဖွဲ့များကလည်း ထိခိုက်ဒဏ်ရာရသူများရှိကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

အလားတူ ဧပြီ ၂၆ ရက်တွင်လည်း လှတောအထိုင်စခန်းမှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် များက ရွာသာ ကြီးကျေးရွာအား လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြသလို ညပိုင်းအချိန်တွင် ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ တောင်လှတောင်ပေါ်မှ လက်နက်ကြီး ၂ ချက် ပစ်ခတ်ခဲ့မှုကြောင့် ဝက်လက်နယ် ထုံးဘိုကျေးရွာမှ ဒေသ ခံတဦး လက်ဖျံတွင် ဒဏ်ရာရခဲ့သလို နွားတကောင်မှာ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးဆိုတာမှာ ၈၁ မမနဲ့ အများဆုံး ထုနေတာ၊ တခါတလေ ၆၀ မမတွေနဲ့ပါ ထုတယ်။ လက်နက်ကြီးတွေက တောင်လှတောင်မှာကို အထိုင်ချပြီး ဆင်ထားတာ၊ တောင်လှတောင်ဘက်မှာက ရွှေမျောရှိတယ်၊ အဲဒီရွှေမျောကို စစ် တပ်က အကောင်ကြီးကြီးတကောင် ဦးဆောင်ပြီးတော့ လုပ်နေတာကို အထိုင်ချပြီး ကာကွယ်ပေးနေတာမျိုးပဲဗျ၊ မနေ့ ညပိုင်းကလည်း လက်နက်ကြီးနဲ့ထုလို့ ထုံးဘိုရွာက အမျိုးသားတယောက် ဒဏ်ရာရခဲ့သလို နွားတကောင် သေဆုံးခဲ့ ရသေးတယ်” ဟု ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။

တောင်လှတောင်ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမှာ၂ လအတွင်း အကြိမ် ၃၀ အထက်ရှိပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုမှာ ၁၀ ကြိမ်အထက် ရှိကြောင်း သိရသည်။

“တောင်လှတောင်မှာ စစ်တပ်နဲ့ ပျူတွေ တပ်စွဲထားတာ ၂ လလောက်ရှိပြီ။ အဲဒီ ၂ လအတွင်းမှာ ညတိုင်းလိုလို တောင်လှကနေ အနောက်ဘက်နဲ့ တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ထုနေတာ၊ အနောက်ဘက်မှာဆိုရင် ရွှေ ဘိုနယ်ထဲက ပုလဲသွယ်၊ မန်ကျည်းသုံးပင်ရွာတွေက အနီးဆုံးနဲ့ တောင်ဘက်ဆိုရင် ဝက်လက်နယ်ထဲက ထုံးဘိုကုန်း ကျေးရွာက အနီးဆုံးပဲ၊ ပြီးတော့ ဒရုန်းတွေနဲ့ ဝဲပြီးတော့ ဗုံးသီးတွေ ပစ်ချတာမျိုးတွေလည်း လုပ်တယ်” ဟု ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

စစ်ကြောင်း ဝင်ရောက်နေမှုကြောင့် ဝက်လက်နယ်ရှိ အောင်ချမ်းသာ၊ သခွတ်တော၊ ဘင်တဲကုန်း၊ အောင်တက်ကုန်း၊ ရွာသားကြီး၊ သဖန်းကုန်း ကျေးရွာများမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရဆဲဟု သိရ သည်။

You may also like these stories:

ဖမ်းဆီးခံရသည့် သရက်ချောင်းဒေသခံများ ပြန်လွတ်လာ

ထီးချိုင့်အနောက်ခြမ်း တိုက်ပွဲများအတွင်း ကျေးရွာများ မီးရှို့ခံရ

Your Thoughts …
Tags: PDFစစ်ကောင်စီတပ်ဝက်လက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
Cobra စစ်ကြောင်းသို့ ၂၀၂၂ ခုနှစ်အတွင်းက CDM ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သားတချို့ (ဓာတ်ပုံ- Cobra Column )

သင်္ကြန်အပြီး စစ်ကောင်စီတပ်မှ CDM ဝင်သူ များလာ

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် စစ်ရှောင်များ ခိုလှုံရာနေရာများ (ဓာတ်ပုံ - Ye Naung Seven Colour)

ဒီးမော့ဆိုတွင် စစ်ရှောင်များ ဗုံးကြဲတိုက်ခိုက်ခံရ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

5 days ago
5.7k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate