• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
in သတင်း
A A
နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နေပြည်တော်တွင် လုံခြုံရေးယူထားစဉ် / ဧရာဝတီ

30.3k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီသည် နေပြည်တော်သို့ တပ်အင်အား ၁၄,၀၀၀ ရွှေ့ပြောင်းပြီး ၎င်းတို့၏ ဌာနချုပ်ကို တနိုင်ငံလုံးရှိ ထိုးစစ်မှ ကာကွယ်ရန် ပြင်ဆင်နေကြောင်း နေပြည်တော်မှ သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီသည် အခြားဒေသများမှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွားကို လျှို့ဝှက် ပြန်လည်ခေါ်ယူနေသလို နေပြည်တော်မှ အရပ်သား ဝန်ထမ်းများကိုလည်း အစောင့်တပ်အဖြစ် ဖွဲ့စည်းနေကြောင်း ဒေသခံများ၊ စစ်ကောင်စီဝန်ထမ်းများနှင့် စစ်ဘက်မှ သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ အရာရှိများသည် နေပြည်တော်တွင် အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းကိုလည်း တိုးမြှင့်လုပ်ဆောင် နေသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာလ နှောင်းပိုင်းက စတင်ပြီးနောက် မကြာမီ ထိုပြင်ဆင်မှုများ စတင်ပြီး မြို့များ၊ စခန်းများ၊ တပ်ဖွဲ့များ၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး မကြာမီ ထိုပြင်ဆင်မှုများ စတင်သည်ဟု သတင်းများက ဖော်ပြသည်။

အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကလည်း ထိုခုခံတော်လှန်ရေး ထိုးစစ်တွင် ပါဝင်ကာ တနိုင်ငံလုံးတွင် နယ်မြေတိုးချဲ့လာသည်။

နေပြည်တော်မှ ၅ နာရီ ခရီးသာ ကွာဝေးသည့် ကယားပြည်နယ် မြို့တော် လွိုင်ကော်မှ ပြင်းထန်သော တိုက်ပွဲကြောင့် စစ်ကောင်စီသည် ၎င်းတို့ဌာနချုပ်ကို အင်အားဖြည့်တင်းရန် ပြုလုပ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

တိုက်ခိုက်ရေးတပ်များအပြင် ထိုဒေသများရှိ စခန်းများမှ ကွန်မန်ဒိုတပ်ဖွဲ့ဝင် ၄,၀၀၀ ကိုလည်း ယခုလ ဒုတိယအပတ်တွင် မြို့တော်သို့ ဖြန့်ကြက်သည်ဟု စစ်သားဟောင်း ဦးလွင်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ခြေလျင်တပ် ကွန်မန်ဒိုတပ်ဖွဲ့မှ သတင်းရင်းမြစ်တခုကို ကိုးကား၍ ပြောသည်။

“ကွန်မန်ဒိုတွေရဲ့ စစ်တန်းလျားသစ် အမိုးတွေကို သံမဏိ H ယက်မတွေနဲ့ အားဖြည့်ပြီး ဒရုန်းတိုက်ခိုက်မှု ခံနိုင်အောင် လုပ်ထားတယ်။ စစ်ကောင်စီက နေပြည်တော်မှာ စစ်တန်းလျားအသစ် ၇၀ တည်ဆောက်နေတယ်” ဟုလည်း ၎င်းကပြောသည်။

တချိန်တည်းတွင် စစ်တပ်နှင့် ရဲများသည် နေပြည်တော် ပြည်ထောင်စုနယ်မြေ တခုလုံးတွင် အမြဲတမ်းနှင့် ယာယီ ကတုတ်ကျင်းများ တည်ဆောက်နေသည်ဟု ဧရာဝတီ သတင်းဌာနသို့ စကားပြောခဲ့သည့် နေပြည်တော်မှ အခြား စစ်သတင်းရင်းမြစ်တခုက ပြောသည်။

နေပြည်တော် ရဲစခန်းများကိုလည်း အရေးပေါ် ကာကွယ်ရေးစခန်းများအဖြစ် ဖွဲ့စည်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ရုံးအမှတ် ၁၀ မှ စစ်ဆင်ရေးများအကြောင်း သိသည့် သတင်းရင်းမြစ်များက ပြောသည်။

“အဲဒီလို အခြေအနေမှာ ရဲတွေက သူတို့ရဲ့ နေ့စဉ် ပုံမှန်တာဝန်ဖြစ်တဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးတာတို့၊ ရမ်းကားသူနဲ့ သူခိုးဖမ်းတာတို့ မလုပ်တော့ဘူး။ အဲဒီအစား ရဲစခန်းကို စစ်ကောင်စီအတွက် ကာကွယ်ရေး စခန်းတွေအဖြစ် ပြောင်းလဲလိုက်တယ်” ဟု သတင်းရင်မြစ်များအနက် တခုက ပြောသည်။

နေပြည်တော် ရဲစခန်းများသည် ခုခံကာကွယ်ရေး စခန်းအဖြစ် ပြောင်းလဲရန် လိုအပ်သည့် ကွန်ကရစ် ဘလောက်တုံးများ၊ သဲအိတ်များနှင့် အခြားအရာများကို လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။

“စစ်အင်ဂျင်နီယာ (GE) တပ်ဖွဲ့ဝင်တွေဟာ ပြင်ဆင်မှုတွေအတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးတွေနဲ့ အနီးကပ် လုပ်ဆောင်နေတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်အရ စစ်အင်ဂျင်နီယာတပ်များသည် စစ်တန်းလျားများ၊ ကတုတ်ကျင်းများ၊ လက်နက်တိုက်များနှင့် နေပြည်တော် စစ်စခန်းများမှ အခြားအရေးပါသည့် အဆောက်အအုံများကိုလည်း အဆင့်မြှင့်တင်နေသည်။

အရပ်သားဝန်ထမ်းများ၊ စစ်သားဟောင်းများဖြင့် အရန်တပ်များ ဖွဲ့စည်းမည့် အစီအစဉ်တခု၏ အသေးစိတ်များပါဝင်သည့် နေပြည်တော်ကောင်စီမှ ပေါက်ကြားလာသော စာကိုလည်း ဧရာဝတီ သတင်းဌာနက လေ့လာခဲ့သည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့စွဲတပ်ထားပြီး ကောင်စီအတွင်းရေးမှူး တင်မောင်ဆွေ လက်မှတ်ထိုးသည့် ထိုစာတွင် နေပြည်တော်မှ အုပ်ချုပ်ရေးဌာနများသည် ဌာနတခုလျှင် တပ်ခွဲ နှစ်ခုဖွဲ့စည်းရန်နှင့် တပ်ခွဲတခွဲသည် လိုအပ်ပါက သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးအတွက် ပြင်ပတွင် တာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုတပ်ခွဲများတွင် စစ်သားဟောင်းများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တွင် ၆ လ သင်တန်းတက်ထားသူများ ပါဝင်သင့်ကြောင်း ထိုစာတွင် ဖော်ပြထားသည်။

“ဒါက အရေးပေါ်အခြေအနေမှာ ကူညီဖို့ အစီအစဉ်ဖြစ်တယ်” ဟု တင်မောင်ဆွေက လွန်ခဲ့သော အပတ်တွင် Reuters သတင်းသို့ အတည်ပြုပြောသည်။

သို့သော် ထိုသို့စီစဉ်ထားခြင်း မရှိကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ် မီဒီယာသို့ ပြောသည်။

တချိန်တည်းတွင် အရာရှိများသည် ညဘက်အိမ်ထောင်စု စာရင်းစစ်သည့် လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း နေပြည်တော်မှ ဒေသခံများ ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ဝန်ထမ်းတွေက လက်နက်ကိုင်ရဲတွေနဲ့ ရုံးဖွင့်ရက်တွေ ည ၁၁ နာရီလောက်မှာ အိမ်တွေကို စစ်ဆေးတယ်။ ကျနော်တို့ရပ်ကွက်မှာ အဲဒီလို လုပ်နေတာ နှစ်ပတ်လောက်ရှိပြီ” ဟု နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်း ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

အနီးရှိ ပျဉ်းမနားမြို့နယ်မှ ဒေသခံများကလည်း အရာရှိများသည် အိမ်ထောင်စုစာရင်း စစ်ဆေးခြင်းကို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း မကြာခဏဆိုသလို ရဲများသာမက စစ်သားများပါ လိုက်ပါလာသောကြောင့် လူမှုအသိုက်အဝန်းများကို ထိတ်လန့်စေကြောင်း အတည်ပြု ပြောကြားသည်။

“အိမ်တအိမ်မှာ ဧည့်စာရင်းတိုင်မထားတဲ့ ဧည့်သည်တွေ့ရင် မိသားစုဝင် အမျိုးသားတယောက်ကို ချက်ချင်းဖမ်းပြီး အချုပ်ထဲတည ထည့်ထားလိုက်တယ်” ဟု ပျဉ်းမနား ဒေသခံတဦး ပြောသည်။

စစ်ကောင်စီသည် နေပြည်တော်မှ ဗိုလ်ချုပ်များအတွက် နောက်ဆုံး ခံစစ်စည်းအဖြစ် တပ်များနှင့် ၎င်းတို့မိသားစုများကို ပြန်လည်ဖြန့်ကြက်နေကြောင်း စစ်သားဟောင်း ဦးလွင်က ပြောသည်။

“စစ်ကောင်စီက စစ်သားမိသားစုတွေကို သူတို့နဲ့ အနီးကပ်ထားလိုက်ပြီး သူတို့ကို ခြင်းထဲက ကြက်လို မလှုပ်ရှားနိုင်အောင် လုပ်ထားပြီးပြီ။ မြောက်ပိုင်းမဟာမိတ်ထိုးစစ် နေပြည်တော်ကို ရောက်လာရင် စစ်ကောင်စီက သူတို့ကိုယ်သူတို့ကာကွယ်ဖို့ ရှေ့တန်းစည်းအဖြစ် အဲဒီတပ်တွေကို စတေးလိမ့်မယ်” ဟုလည်း ၎င်းကပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
44
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
210
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime Prepping 14,000 Troops to Defend Naypyitaw: Sources ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်

စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

“အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးPDFကတုတ်ကျင်းကယားပြည်နယ်စစ်ကောင်စီစစ်အင်ဂျင်နီယာစစ်အာဏာသိမ်းမှုတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနေပြည်တော်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရှမ်းပြည်နယ်လက်နက်တိုက်ဧည့်စာရင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

လားရှိုးရှိ မိုင်းကျက်စစ်စခန်းကို TNLA သိမ်းပိုက်

လားရှိုးရှိ မိုင်းကျက်စစ်စခန်းကို TNLA သိမ်းပိုက်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved