ဒုတိယကမ္ဘာစစ်၏ ပဲ့တင်ထပ်သည့် ဖြစ်ရပ်များ ၂၁ ရာစု မြန်မာတွင် ရှိသည်ဆိုလျှင် ထိုဖြစ်ရပ်များသည် ၁၉၄၅ ခုနှစ်၊ ဧပြီလက အခြေအနေမျိုး မရောက်သေးပေ။ ထိုစဉ်က ချေမှုန်းခံရသော ဂျာမန်စစ်တပ်မှ သွေးရူးသွေးတန်း ဖြစ်နေသော စစ်ဦးစီးချုပ်သည် မရှိတော့သည့် တပ်မများကို မြို့တော် အပျက်အစီးများအကြား မြေအောက် ကတုတ်ကျင်းအတွင်းမှ ညွှန်ကြားနေခဲ့သည်။
သို့သော် ထိုဖြစ်ရပ်များသည် ၁၉၄၄ ခုနှစ်၊ သြဂုတ်လက အခြေအနေတခုနှင့် တူနိုင်သည်။ ထိုစဉ်က D-Day ကမ်းတက် တိုက်ခိုက်မှုအပြီး နှစ်လအကြာဖြစ်ပြီး ဂျာမန်တပ်များကို နော်မန်ဒီ ကမ်းခြေမှ Falaise Pocket နယ်မြေတွင် အင်အားချိနဲ့စေသော အချိန်ကာလ အနည်းငယ်အကြာ ဖြစ်သည်။ နာဇီ စစ်ဌာနချုပ်သည် မဟာမိတ်တပ်များ ဂျာမနီသို့ အလုံးအရင်းဖြင့် ချီတက်လာမည့် အလားအလာကို ရင်ဆိုင်နေခဲ့ရသည်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များသည် နေပြည်တော်မှ စစ်ရုံးတွင် ဘောင်ကျဉ်းနေသော ၎င်းတို့၏ Falaise Pocket အချိန်ကာလကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုကာလသည် လွန်ခဲ့သော နှစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတခွင်မှ ခုခံတော်လှန်ရေး ထိုးစစ်ပုံစံဖြင့် ပေါ်ပေါက်လာသည်။
အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်ခြင်းကို အစွဲပြုခေါ်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် အနည်းဆုံး ၂၀၁၄ ခုနှစ်က စတင်ပြီး အတူတကွ လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသုံးခုဖြင့် ဖွဲ့စည်းထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ညှိနှိုင်းတိုက်ခိုက်မှု ပြုလုပ်ကြသည်။
ထိုသုံးဖွဲ့တွင် ပြည်နယ် အရှေ့မြောက်ဖျား ကိုးကန့်ဒေသနှင့် ထိုဒေသ ပတ်ဝန်းကျင်တွင် စစ်ဆင်ရေးများ လုပ်နေသည့် အဓိကအားဖြင့် တရုတ်လူမျိုးစုများပါဝင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ အနောက်မြောက်ဘက် တောင်တန်းများကို ထိန်းချုပ်ပြီး မန္တလေး-မူဆယ် လမ်းတလျှောက်တွင် လှုပ်ရှားသည့် ပလောင်လူမျိုးစု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေ ရခိုင်ပြည်နယ်တွင် အခြေစိုက်သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း မဟာမိတ်များတွင် စစ်အင်အား ၁,၅၀၀ ခန့်ထားရှိသည့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များသည် နေပြည်တော်မှ စစ်ရုံးတွင် ဘောင်ကျဉ်းနေသော ၎င်းတို့၏ Falaise Pocket အချိန်ကာလကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုကာလသည် လွန်ခဲ့သော နှစ်ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတခွင်မှ ခုခံတော်လှန်ရေး ထိုးစစ်ပုံစံဖြင့် ပေါ်ပေါက်လာသည်။
စစ်ဆင်ရေး ပထမ နှစ်ပတ်အတွင်း ညီနောင်မဟာမိတ်တပ်များသည် အရေးပါသော ချင်းရွှေဟော်နှင့် နမ့်ခမ်းအပါအဝင် တရုတ်နယ်စပ်မှ မြို့အများအပြားကို သိမ်းပိုက်ပြီး စစ်စခန်း များစွာနှင့် လက်နက်နှင့်ခဲယမ်း အများအပြား သိမ်းဆည်းမိသည်။
လာမည့်နေ့များ၊ ရက်သတ္တပတ်များတွင် မြန်မာစစ်ခေါင်းဆောင်များသည် ထိုအကျပ်အတည်းအား မည်သို့ တုံ့ပြန်မည်နည်းဆိုသည့် ကိစ္စကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ ထို့ပြင် ကြည်းတပ် စစ်ဦးစီး ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အကြီးအကျယ် အဂတိလိုက်စားမှုဖြင့် မကြာသေးမီက ဖြုတ်ချပြီးနောက် ဖြစ်လာသည့် ထူးခြားသော်လည်း အလုပ်မဖြစ်သော အခြေအနေကြောင့် ထိုသို့ တုံ့ပြန်ရန် လွယ်ကူမည် မဟုတ်ပေ။
သို့သော် သေနင်္ဂဗျူဟာအရ ဆိုပါက လက်နက်ကိုင်တပ်များ ဌာနချုပ်သည် ရွေးချယ်စရာ သုံးခုကို ရင်ဆိုင်နေရပြီး ထို သုံးခုလုံးသည် သဘောကျစရာ မရှိသလို ၎င်းတို့ ရှုံးနိမ့်သည်မှာ ထင်ရှားလာသော စစ်ပွဲ၏ အန္တိမ လမ်းကြောင်းကို ပြောင်းလဲသွားစေမည့် အလားအလာ မရှိပေ။
ရွေးချယ်စရာ ပထမ တခုမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမှ စစ်ကောင်စီ ထိန်းချုပ်ထားသည့် တရုတ် နယ်စပ်ကုန်သွယ်ရေး အချက်အချာ မူဆယ်ကို ဆက်သွယ်ထားသည့် စီးပွားရေး အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်သိမ်းယူရန် အဓိကကျသည့် တန်ပြန် ထိုးစစ်ဆင်ခြင်း ဖြစ်သည်။
ဒုတိယ ရွေးစရာတခုမှာ ဒေသဆိုင်ရာမြို့တော်နှင့် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးတွင် အခြေစိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း အမာခံဒေသများကို ထိန်းသိမ်းထားရန် ကြိုးစားကာ အချိန်ဆွဲ တိုက်ခိုက်ရန် ဖြစ်သည်။
သေနင်္ဂဗျူဟာအရ ဆိုပါက လက်နက်ကိုင်တပ်များ ဌာနချုပ်သည် ရွေးချယ်စရာ သုံးခုကို ရင်ဆိုင်နေရပြီး ထို သုံးခုလုံးသည် သဘောကျစရာ မရှိသလို ၎င်းတို့ ရှုံးနိမ့်သည်မှာ ထင်ရှားလာသော စစ်ပွဲ၏ အန္တိမ လမ်းကြောင်းကို ပြောင်းလဲသွားစေမည့် အလားအလာ မရှိပေ။
တတိယ ရွေးချယ်စရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ သေနင်္ဂဗျူဟာအရ ဆုတ်ခွာရန် ရဲရင့်စွာ ဆုံးဖြတ်ကာ တပ်များနှင့်၊ ဖြစ်နိုင်လျှင် လက်နက်ခဲယမ်းများနှင့်တကွ ဆုတ်ခွာရန် ဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှလည်း ဆုတ်ခွာကောင်း ဆုတ်ခွာရနိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနှင့် ခံတပ်မြို့ နေပြည်တော်ကို ခုခံကာကွယ်ရေး တောင့်တင်းအောင် လုပ်ရမည့်အချိန် ဖြစ်သည်။
ထိုရွေးချယ်စရာ သုံးခုလုံးတွင် ကောင်းကျိုး ဆိုးကျိုးများ ရှိနေသည်။ စစ်ပွဲတွင် ယနေ့အထိ အနည်းငယ်သာ ပြင်ဆင်ထားသော မန္တလေးကို လွှမ်းမိုးထားသည့် တောင်တန်းများမှ ပြင်ဦးလွင်တပ်မြို့အား အခြေခံပြီး လေကြောင်းနှင့် လက်ရှိအချိန်အထိ အနည်းငယ်သာ ဖြန့်ကြက်ရသေးသော သံချပ်ကာတပ်များ ထောက်ကူသည့် တန်ပြန်ထိုးစစ်သည် တရုတ်နှင့် ကုန်သွယ်ရေး စီးဆင်းမှုကို ပြန်လည်ထိန်းသိမ်းနိုင်စေမည်ဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် နေပြည်တော်အနေဖြင့် နယ်စပ်စခန်းများကို ထိန်းသိမ်းနိုင်ဆဲဖြစ်ပြီး ညီနောင်မဟာမိတ်များကို အားကိုးခြင်းသည် မှားယွင်းသော အလောင်းအစားဖြစ်ကြောင်း တရုတ်ကို ပြသရာရောက်သည်။ စစ်တပ်၏ သိက္ခာကို အဖတ်ဆယ်ရာရောက်ပြီး အပြင်းအထန် ထိခိုက်နေသည့် စိတ်ဓာတ်ကိုလည်း ပြန်လည် ထိန်းသိမ်းရာရောက်သည်။
သို့သော် မြန်မာစစ်တပ်၏ မွေးရာပါ ရန်လိုသော ဗီဇကဖြစ်စေသည့် ထိုသို့သော ယူဆချက်များကို အခြား အချက်အလက်များက အားပျော့ ပျက်ပြယ်စေသည်။
ပထမဆုံးအချက်မှာ ထိုသို့ တန်ပြန်ထိုးနှက်ချက်လုပ်ရာတွင် အန္တရာယ်များသည့် ကျဉ်းမြောင်းသော အခြေခံ ချီတက်ရေးလမ်းကြောင်း လုပ်ရမည်ဖြစ်သည်။ ပြင်ဦးလွင်မှ နောင်ချို၊ ကျောက်မဲ၊ သီပေါမှ လားရှိုးသို့ သွားပြီးနောက် လားရှိုးမှ သိန္နီ၊ ကွတ်ခိုင်နှင့် မြောက်ဘက် မူဆယ် နယ်စပ်အထိ သွားရမည်ဖြစ်သည်။
နာဇီ၏ တိုက်ခိုက်ရေးတပ် Waffen SS နှင့် အလားတူသည့် နေပြည်တော်၏ ခြေမြန်တပ်မ တိုက်ခိုက်ရေးတပ်ဖွဲ့များက ဦးဆောင်ပြီး သံချပ်ကာနှင့် လေကြောင်းအင်အားဖြင့် စုစည်းထောက်ကူသည့် ကနဦး ချီတက်မှုသည် အဝေးပြေး လမ်းတလျှောက် တောင်တန်းများတွင် ပြန့်ကြဲနေသည့် TNLA တပ်များကို မှန်းကြည့်လျှင် လွယ်ကူစွာ ချိုးဖောက်နိုင်သည်။
သို့သော် ပြင်းထန်သော ခုခံတော်လှန်ရေး တိုက်ခိုက်မှုအကြား ကီလိုမီတာ ၄၀၀ နီးပါးရှည်သည့် အဝေးပြေးလမ်းကို ဖွင့်ရန်မှာ ထိုလုပ်ငန်းတခုလုံး၏ ပေးဆပ်ရမည့် တန်ဖိုးအဖြစ် ယာဉ်နှင့် လူအင်အား ဆုံးရှုံးမှုကို မေးစရာ ဖြစ်စေလိမ့်သည်။
ထို တန်ပြန်ထိုးစစ်တွင် တပ်မအဆင့်ရှိ အထူးတပ်ဖွဲ့ဝင် အနည်းဆုံး ၂၀၀၀ မှ ၃၀၀၀ အထိ ထုတ်နုတ်စုစည်းရန် လိုအပ်မည်ဖြစ်သည်။ စစ်တပ်သည် အကြီးအကျယ် ပြန့်ကြဲနေပြီး အခြားအဓိက စခန်းများမှ ကာကွယ်ရေးကို မလွှဲသာမရှောင်သာ အားနည်းသွားစေမည် ဖြစ်သည်။
ထို့နောက် အရေးကြီးသည့် အခြားအချက်တခုမှာ ထိုသို့သော ထိုးစစ်သည် စစ်မြေပြင်မှ ကွပ်ကဲနိုင်စွမ်းနှင့် စိတ်ဓာတ်ကျနေသော တပ်များကို စိတ်အားတက်ကြွအောင် လုပ်ပေးနိုင်စွမ်းရှိသည့် “တိုက်ခိုက်ရေး ဗိုလ်ချုပ်တဦး” ၏ ဦးဆောင်မှုအပေါ် လွန်စွာမူတည်မည် ဖြစ်သည်။
ဗိုလ်မှူးကြီးအဆင့်အထက် အရာရှိများက စစ်မြေပြင်တွင် တိုက်ခိုက်ရေးတပ်များကို ဦးဆောင်ခဲလှပြီး အကျင့်ပျက်ခြစားမှု များပြားသည့် စစ်တပ် ဗျူရိုကရေစီစနစ်တွင် ထိုသို့ စွမ်းရည်ရှိသည့် စစ်မြေပြင်အဆင့် တပ်မှူးများ ကင်းမဲ့နေသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီ ဖြစ်သည်။
ပြင်းထန်သော ခုခံတော်လှန်ရေး တိုက်ခိုက်မှုအကြား ကီလိုမီတာ ၄၀၀ နီးပါးရှည်သည့် အဝေးပြေးလမ်းကို ဖွင့်ရန်မှာ ထိုလုပ်ငန်းတခုလုံး၏ ပေးဆပ်ရမည့် တန်ဖိုးအဖြစ် ယာဉ်နှင့် လူအင်အား ဆုံးရှုံးမှုကို မေးစရာ ဖြစ်စေလိမ့်သည်။
ယနေ့တွင် ထိုသို့သော စစ်ဗိုလ်ချုပ်သည် ကြည်းတပ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ခြေမြန်တပ်မ ၁၀ ခုမှ တပ်မမှူးများအတွင်း ပေါ်ပေါက်ရန် လိုအပ်နေသည်။ စိုးဝင်းသည် “စစ်သားပီသသော စစ်သား” ဖြစ်သည်ဟု ကျော်ကြားသော်လည်း ယခုအခါ တနိုင်ငံလုံး ကျယ်ပြန့်သည့် တာဝန်များကို ယူထားရသည်။ တပ်မမှူး၏ တာဝန်များမှာ ၎င်းတို့ တပ်မကိုသာ ကွပ်ကဲရန် ဖြစ်နေသည်။
စစ်ပညာနောက်ခံရှိသည့် လက်ရှိ အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးသည် ထိုသို့သောလူ မဖြစ်နိုင်ဘဲ ထိုအခန်းကဏ္ဍကို တာဝန်ယူနိုင်သူ ရှိသည်ဆိုလျှင်ပင် ထိုသူသည် ရှေ့သို့ ထွက်မလာသေးပေ။
နောက်ဆုံးအနေဖြင့် ဆိုရပါက ညီနောင်မဟာမိတ်များ သိမ်းပိုက်ထားသည်ဟု သတ်မှတ်ရမည့် မူဆယ်ကို သိမ်းပိုက်ရေး အန္တိမရည်ရွယ်ချက်ဖြင့် အဆိုပါ ထိုးစစ်တွင် သိန္နီကဲ့သို့သော မြို့များကို ဖြတ်သန်းချီတက်ရခြင်း ပါဝင်သည်။ သိန္နီမှ အဓိကကျသည့် တံတားတခုကို ၁၀၂၇ စစ်ဆင်ရေး အစတွင် ဖောက်ခွဲချိုးဖျက်ပြီး ဖြစ်သည်။ ထို့ကြောင့် အလွန်ကြီးမားသော တန်ဖိုးပေးဆပ်ရဖွယ်သည့် မြို့ပြစစ်ပွဲသည် တရုတ်နယ်စပ်တွင် လိုအပ်နေသည့် သဘောဖြစ်သည်။
ထိုအချက်များ အားလုံးက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သေနင်္ဂဗျူဟာကျသည့် တန်ပြန်ထိုးစစ်ကို တားဆီးနေသည်။
ဒုတိယ ရွေးချယ်စရာဖြစ်သည့် ဒေသတွင်းမှ အမာခံဒေသများကို ကာကွယ်ခြင်းသည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ဖြစ်လာသည့် တုံ့ပြန်မှုကို အားဖြည့်ပေးနိုင်သည်။
ထိုသို့ လုပ်ဆောင်ရာတွင် ရန်ကုန်၊ မိတ္ထီလာနှင့် မန္တလေး ကဲ့သို့သော လုံခြုံသောနေရာများမှ တပ်များကို လားရှိုးသို့ လေကြောင်းမှ ပို့ဆောင်ခြင်း ပါဝင်ပြီး ထိုနောက်တွင် ပိုမိုသေးငယ်သော မြို့များ၊ စခန်းများသို့ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်တင်းခြင်း ပါဝင်ကာ အချိန်ဆွဲပြီး ၁၀၂၇ စစ်ဆင်ရေး အရှိန်အဟုန် လျော့ကျသွားသောအခါ ထိုးစစ်စစ်ဆင်ရေး အသေးစားများ ပြုလုပ်ခြင်းဖြစ်သည်။
သို့သော် သေနင်္ဂဗျူဟာအရ ရှုံးနိမ့်နေသည့် တိုက်ပွဲသို့ လွန်စွာ လိုအပ်နေသည့် ရင်းမြစ်များကို ဖြန့်ကြက်ခြင်းမှာ အန္တရာယ်များသည်။ ရှမ်းပြည်နယ် အရှေ့မြောက်စွန်းမှ ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်ရန် အလားအလာ မရှိသလောက်ဖြစ်နေပြီး ဒေသမြို့တော် လောက်ကိုင် ကျဆုံးခြင်းသည် အချိန်တန်လျှင် ဖြစ်လာမည်မှာ သေချာသလောက် ဖြစ်နေသည်။
လားရှိုးတောင်ဘက်နှင့် မြောက်ဘက် အဝေးပြေးလမ်းများကို တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်မှု တင်းကျပ်လိုက်ပါက ထိုမြို့သည်လည်း အဝိုင်းခံရမည်ဖြစ်ပြီး တဖြည်ဖြည်း ပိတ်ဆို့ခံရာက လေကြောင်းမှ ပို့ထားသည့် တပ်များ ပိတ်မိနိုင်သည်။ လားရှိုး လေဆိပ်ကို အမြောက်ဖြင့် ပစ်ခတ်ပိတ်ဆို့နိုင်ပါက ရှမ်းပြည်နယ်သည် ဗီယက်နမ်မှ ဒိန်ဗင်ဖူး တိုက်ပွဲကဲ့သို့ သိမ်းပိုက်ခံရမည့် ကံကြမ္မာကို ရင်ဆိုင်ရမည်။
သေနင်္ဂဗျူဟာအရ ရှုံးနိမ့်နေသည့် တိုက်ပွဲသို့ လွန်စွာ လိုအပ်နေသည့် ရင်းမြစ်များကို ဖြန့်ကြက်ခြင်းမှာ အန္တရာယ်များသည်။ ရှမ်းပြည်နယ် အရှေ့မြောက်စွန်းမှ ကိုးကန့်ဒေသကို ပြန်လည်သိမ်းပိုက်ရန် အလားအလာ မရှိသလောက်ဖြစ်နေပြီး ဒေသမြို့တော် လောက်ကိုင် ကျဆုံးခြင်းသည် အချိန်တန်လျှင် ဖြစ်လာမည်မှာ သေချာသလောက် ဖြစ်နေသည်။
ရှမ်းပြည်မြောက်ပိုင်းကို အင်အားမဖြည့်ဘဲ ဆုတ်ခွာမည့် လုံးဝကွဲပြားသည့် သေနင်္ဂဗျူဟာလည်း ရှိနေသည်။ ထိုရွေးချယ်စရာနည်းလမ်းတွင် လူအင်အားနှင့် ပစ္စည်းကိရိယာများကို မဆုံးရှုံးစေရေးအရ အဓိပ္ပာယ်ပြည့်ဝသည်။ အထူးသဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တိုင်းစစ်ဌာနချုပ် နှစ်ခုဖြစ်သည့် ကျိုင်းတုံမှ တြိဂံဒေသတိုင်းနှင့် ကျိုင်းတုံ-တောင်ကြီး အဝေးပြေးလမ်းပေါ်ရှိ ခိုလမ်မှ အရှေ့အလယ်ပိုင်းတိုင်းတို့ကို ဆုတ်ခွာလျှင် ပိုမို လူအင်အားနှင့် ပစ္စည်းကိရိယာ ချွေတာနိုင်မည်ဖြစ်သည်။
မန္တလေးကို ကာကွယ်ရန် အမာခံဒေသဖြစ်သည့် ပြင်ဦးလွင်သို့ ဆုတ်ခွာခြင်းနှင့် နေပြည်တော်ကို ကာကွယ်သည့် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးသို့ ဆုတ်ခွာခြင်းသည် ထိုအရေးပါသည့် မြို့များကို ကာကွယ်ရန် တပ်အင်အားထောင်ချီ ရလာစေမည်ဖြစ်သည်။
သို့သော် ဆိုးကျိုးများလည်း ရှိသည်။ အဆင့်တခုတွင် သေနင်္ဂဗျူဟာအရ ဆုတ်ခွာခြင်းသည် စစ်တပ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အချုပ်အခြာအာဏာ တည်မြဲရေးနှင့် ပြည်ထောင်စု မပြိုကွဲရေး ကတိပြုထားသည့် မြန်မာတနိုင်ငံလုံးဆိုင်ရာ စစ်တပ်ဆိုသည့် အဖွဲ့အစည်း ရည်မှန်းချက်ကို စွန့်ပစ်လိုက်ရာရောက်သည်။
လက်တွေ့ကျကျ ပြောရပါက ထိုသို့လုပ်ခြင်းသည် ရှမ်းပြည်နယ် သံလွင်မြစ်အရှေ့ခြမ်းကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) လက်သို့ အပ်လိုက်ရာလည်း ရောက်သည်။ ထိုအဖွဲ့သည် နေပြည်တော်နှင့် အပစ်အခတ်ရပ်စဲရေး တံတိုင်းနောက်မှ ထွက်လာပြီး ရက်ပိုင်းအတွင်း တရုတ်နယ်စပ် ဝ ပိုင်နက်နှင့် ထိုင်းနယ်စပ် ရှမ်းပြည်တောင်ပိုင်းမှ ၎င်းတို့ ထိန်းချုပ်ထားသည့် သီးခြားဒေသကို ပေါင်းစပ်လိုက်မည် ဖြစ်သည်။
ထိုလက်ခံနိုင်ဖွယ် မရှိသည့် စဉ်းစားသုံးသပ်ချက်များ၏ ရလဒ်မှာ အပေးအယူလုပ်သည့် သေနင်္ဂဗျူဟာဖြစ်သည်။ လက်တွေ့တွင် ထိုသို့ လုပ်ခြင်းသည့် သေနင်္ဂဗျူဟာ သိပ်မဆန်ဘဲ ရုတ်တရက် မလှုပ်ရှားနိုင်သည့် တုံ့ပြန်မှုသာ ဖြစ်သည်။
လားရှိုးနှင့် မူဆယ်ကို ရေရှည် ကာကွယ်ရေး ကြိုးစားရန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တတ်နိုင်သလောက် အင်အားဖြည့်တင်းရမည် ဖြစ်သည်။ ကျိုင်းတုံနှင့် ခိုလမ်မှ တိုင်းစစ်ဌာနချုပ် နှစ်ခုမှ လူနှင့် လက်နက်အင်အားကို မြန်မာနိုင်ငံအလယ်ပိုင်းမှ ဖြစ်ရပ်များအတိုင်း ရင်ဆိုင်ရန်နှင့် UWSA သို့ အညံ့ခံရမည့် သိက္ခာကျဆင်းစရာ အလားအလာကို ရင်ဆိုင်ရန် ထားရှိမည်ဖြစ်သည်။
မြန်မာဗိုလ်ချုပ်များ ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အချက်မှာ လာမည့် ရက်သတ္တပတ်များတွင် ရှမ်းပြည်တိုက်ပွဲသည် သီးခြားဖြစ်နေသော တိုက်ပွဲမဟုတ်တော့ဆိုသည့် အချက်ဖြစ်သည်။
ရခိုင်ပြည်နယ်မှ အင်အားကြီးမားလှသော AA နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်းသည် အနောက်ဘက်ကမ်းခြေ ရခိုင်ပြည်နယ်ကို ကာကွယ်ရန် ထားသည့် အရေးပါသော ခြေမြန်တပ်သား ထောင်ပေါင်းများစွာ၏ လှုပ်ရှားမှုကို ကန့်သတ်လိုက်မည် ဖြစ်သည်။
အလားတူစွာပင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဦးဆောင်သည့် ကယား (ကရင်နီ) ပြည်နယ်မှ ခုခံတော်လှန်ရေး အင်အားစုများ၏ ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းရန် လက်ရှိအားထုတ်မှုအတွက် အာရုံစိုက်ရန်နှင့် ထောက်ပံ့မှုများလည်း လိုအပ်နေသည်။
မြန်မာဗိုလ်ချုပ်များ ရင်ဆိုင်နေရသည့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အချက်မှာ လာမည့် ရက်သတ္တပတ်များတွင် ရှမ်းပြည်တိုက်ပွဲသည် သီးခြားဖြစ်နေသော တိုက်ပွဲမဟုတ်တော့ဆိုသည့် အချက်ဖြစ်သည်။
တချိန်တည်းတွင် ကချင်ပြည်နယ်နှင့်နယ်စပ် စစ်ကိုင်းတိုင်း ဧရာဝတီမြစ်ပေါ်ရှိ ထီးချိုင့်မြို့နယ်မှ တိုက်ပွဲသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တနိုင်ငံလုံးစစ်ပွဲ၏ အနာဂတ်အပေါ် အဆုံးအဖြတ်ကျသော ရိုက်ခတ်မှု ရှိနိုင်သည်။
မြို့တွင်းတွင် တိုက်ခိုက်နေသော ကချင်လွတ်မြောက်ရေး တပ်မတော် (KIA), AA နှင့် PDFs ဒေသဆိုင်ရာ မဟာမိတ်များလက်သို့ ထီးချိုင့်နှင့် သေနင်္ဂဗျူဟာကျသည် မြစ်ကူးတံတားကျသွားပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်တပ်နှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းကို ထိရောက်စွာ ဖြတ်တောက်လိုက်မည် ဖြစ်သည်။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ထောက်ပံ့ခြင်းကို လေကြောင်း သယ်ယူပို့ဆောင်ရေး အားကိုးရမည်ဖြစ်ပြီး အလယ်အလတ် ကာလအတွင်း ရေရှည်ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။
လာမည့် ပွင့်လင်းရာသီလများ သို့မဟုတ် ထို့ထက် ပိုမိုစောစီးသော ကာလအတွင်း ရှမ်းပြည်နယ်တွင် ရှုံးနိမ့်ရန် အမှန်တကယ် ဖြစ်နိုင်ခြေနှင့် ရခိုင်၊ ကယား၊ ကချင်ပြည်နယ်ကို ဆုံးရှုံးခြင်းနှင့် အပြိုင်ဖြစ်နေသည်။ နေပြည်တော်မှ စစ်ရေးစီမံသူများအတွက် ပိတ်မိသည့် အခြေအနေဖြစ်စေပြီး ဆင်ခြင်တုံတရားရှိသည့် စစ်ရေးဆောင်ရွက်ချက်ကို နိဂုံးချုပ်စေနိုင်သည်။
လာမည့် ပွင့်လင်းရာသီလများ သို့မဟုတ် ထို့ထက် ပိုမိုစောစီးသော ကာလအတွင်း ရှမ်းပြည်နယ်တွင် ရှုံးနိမ့်ရန် အမှန်တကယ် ဖြစ်နိုင်ခြေနှင့် ရခိုင်၊ ကယား၊ ကချင်ပြည်နယ်ကို ဆုံးရှုံးခြင်းနှင့် အပြိုင်ဖြစ်နေသည်။
ထိုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြီးကြပ်မှုအောက်တွင်ဖြစ်စေ သို့မဟုတ် သူ ရာထူးစွန့်ရပြီး နောက်တွင်ဖြစ်စေ အပစ်အခတ်ရပ်စဲရေးနှင့် ညှိနှိုင်းဆွေးနွေးမှုများ နေပြည်တော်မှ ထွက်ပေါ်လာမည်ဟု မျှော်လင့်စရာရှိသည်။
မြန်မာမှ အကွဲကွဲအပြားပြား ဖြစ်နေသော အတိုက်အခံက ထိုသို့သော ခြွင်းချက်မရှိ လက်နက်ချ အလံဖြူထောင်ခြင်း မပါဝင်သည့် အစီအစဉ်ကို မည်သို့ တုံ့ပြန်မည်မှာ တိုင်းပြည်၏ ပဋိပက္ခလွန် အနာဂတ်အတွက် လွန်စွာအရေးပါမည် ဖြစ်သည်။
(Asia Times ပါ Anthony Davis ၏ No good options for Myanmar’s mortally wounded regime ကို ဘာသာပြန်သည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories:
ရှမ်းမြောက် စစ်ကောင်စီ တန်ပြန်ထိုးစစ် ဘာလဲ ဘယ်လဲ
မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ
ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်
တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု