• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

by အောင်ခမ်း
17 November 2023
in ဆောင်းပါး
A A
လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့

၂၀၁၉ ခုနှစ်က ၇၂ နှစ်မြောက် တပ်မတော် (လေ) နေ့ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ခိုက်ရေး လေယာဉ်များကို ကြည့်ရှု စစ်ဆေးစဉ်

13.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ အရှေ့မြောက်ဘက် ရှမ်းပြည်နယ် မြောက်ပိုင်းစတင်ပြီး အလယ်ပိုင်း စစ်ကိုင်း၊ မကွေးတိုင်းနှင့် အနောက်ဘက် ရခိုင်နှင့် ချင်းပြည်နယ်တို့အပြင် အရှေ့ဘက် ကရင်နီ (ကယား) တို့အထိ ကျယ်ပြန့်လာသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EROs) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တို့၏ ပူးပေါင်းစစ်ဆင်ရေးများကို ထိန်းချုပ်နိုင်ရန် အာဏာ သိမ်း စစ်ကောင်စီ လေတပ်က ပစ်ကူမလိုက်နိုင်တော့သည်ကို တွေ့မြင်လာရသည်။

စစ်ပွဲကျယ်ပြန့်လာခြင်း၊ လေယာဉ်များ အိုမင်းဟောင်းနွမ်းလာခြင်းတို့အပြင် အမေရိကန်ပြည်ထောင်စုက ချမှတ်ခဲ့သော မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပိတ်ပင်တားမြစ်ခဲ့ခြင်းက စစ်ကောင်စီ အားကိုးနေရသော လေကြောင်းစစ်ဆင်ရေးများနှင့် ပစ်ကူများကို အကန့်အသတ်ဖြစ်လာစေပြီ ဖြစ်သည်။

နိုဝင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီ လက်အောက်ခံ နယ်မြေခံရဲစခန်းတခုကို PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ရာတွင် ထိုစခန်း၌ ခုခံတိုက်ခိုက်နေသော ဒဏ်ရာရ ရဲအရာရှိတဦး၏ အထက်အရာရှိထံ လေကြောင်းပစ်ကူပေးရန် တောင်းဆိုနေ သည့် အသံဖိုင်တခု လူမှုကွန်ရက် Facebook ပေါ်၌ ပျံနှံ့လာခဲ့သည်။

ရဲအရာရှိမှာ အထက်အရာရှိထံ ဒဏ်ရာဖြင့် သေဆုံးသွားချိန်အထိ လေကြောင်းပစ်ကူပေးရန် တောင်းခံနေခဲ့ပြီး အထက်အရာရှိကလည်း လေယာဉ်လာတော့မည်ဟု ကတိပြုနေသော်လည်း လေကြောင်းပစ်ကူ မရောက်လာခဲ့ပေ။

အဆိုပါ ရဲအရာရှိမှာ အထက်အရာရှိထံ ဒဏ်ရာဖြင့် သေဆုံးသွားချိန်အထိ လေကြောင်းပစ်ကူပေးရန် တောင်းခံနေခဲ့ပြီး အထက်အရာရှိကလည်း လေယာဉ်လာတော့မည်ဟု ကတိပြုနေသော်လည်း လေကြောင်းပစ်ကူ မရောက်လာခဲ့ပေ။

ယင်းတိုက်ပွဲသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာနယ်မြေခံရဲစခန်းကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်ပြီး လေကြောင်းပစ်ကူ အသနားခံတောင်းဆိုနေသော ရဲအရာရှိ အပါအဝင် ၆ ဦးသေဆုံးခဲ့ကာ ၁၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုဖြစ်ရပ်မှာ စစ်ကောင်စီလေတပ်သည် နိုင်ငံအနှံ့ ကျယ်ပြန့်လာသော မြို့သိမ်းတိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲများကြောင့် သာမန်စခန်းငယ်များ၊ ရဲစခန်းများအတွက် လေကြောင်းပစ်ကူ မပေးနိုင်တော့ဘဲ အရေးပါသော ဗျူဟာကုန်းများနှင့် မြို့သိမ်းတိုက်ပွဲများကို ခုခံရန်အတွက်သာ ရွေးချယ် ပစ်ကူ ပေးနေရကြောင်း စစ်ရေးလေ့လာသုံးသပ်သူနှင့် CDM အရာရှိများက မှတ်ချက်ပြုကြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ စတင်သော ထို “၁၀၂၇” စစ်ဆင်ရေး၏ ၁၉ ရက်မြောက်နေ့ (နိုဝင်ဘာ ၁၄ ရက်) အထိ စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ မုံးကိုး၊ နမ့်ခမ်း၊ ကွမ်းလုံ၊ စစ်ကိုင်းတိုင်းရှိ ကောလင်းနှင့် ခါမ်းပါတ်မြို့၊ ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ တို့ကို လက်လွှတ်ထားရပြီး ရှေ့တန်းတပ် စခန်းများ၊ ရဲစခန်းနှင့် ဗျူဟာကုန်း စုစုပေါင်း ၁၅၀ ကျော်အထိ ဆုံးရှုံးထားသည်။

စံချိန်မမီတော့သော လေယာဉ်ဟောင်းများ

တနိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်တိုက်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တော်လှန်ရေး အင်အားစုများ၏ ပူးပေါင်းစစ်ဆင်ရေးများအား ထိန်းကွပ်ရန် သက်တမ်းရင့် အိုမင်းဟောင်းနွမ်းသော တိုက်ခိုက်ရေးလေယာဉ် အများစုဖြင့် ဖွဲ့စည်း ထားသော လေတပ်သည် နေရာစုံတိုက်ပွဲများကို အလျင်မီအောင် လေကြောင်းပစ်ကူပေးရန် အကန့်အသတ်များစွာ ရှိနေသည်။

မြေပြင်က စစ်ကူတောင်းတဲ့အခါမှာ စစ်မျက်နှာက ကျယ်နေပြီဖြစ်တဲ့အတွက် သူတို့ မှာ ရွေးချယ်ရတာ များတယ်။ လေယာဉ်မပါရင် မတိုက်တတ်တဲ့ စစ်တပ်က စစ်ကူဝိုင်းတောင်းကြတော့ လေတပ်မှာက လက်ခံရတဲ့ အရေအတွက်က များလာပြီ။ သူတို့ ရိုးရိုးရဲစခန်းလောက်ကို အာရုံမစိုက်နိုင်တော့ဘူး

လေတပ်၏ စစ်လက်နက်ခဲယမ်းတပ်ဖွဲ့တွင် ၉ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သော CDM တပ်ကြပ်ကြီး မောင်ဝိက “မြန်မာ လေတပ်မှာ ရှိနေတဲ့ တိုက်လေယာဉ်တွေမှာက ၁၀ စင်းရှိရင် တကယ့်စစ်ဆင်ရေးဝင်နိုင်တာက ကုန်ကုန်ပြောရင် ၅ စင်းထက် မပိုဘူး။ အဲဒီလိုအခြေအနေမှာ မြေပြင်က စစ်ကူတောင်းတဲ့အခါမှာ စစ်မျက်နှာက ကျယ်နေပြီဖြစ်တဲ့အတွက် သူတို့ မှာ ရွေးချယ်ရတာ များတယ်။ လေယာဉ်မပါရင် မတိုက်တတ်တဲ့ စစ်တပ်က စစ်ကူဝိုင်းတောင်းကြတော့ လေတပ်မှာက လက်ခံရတဲ့ အရေအတွက်က များလာပြီ။ သူတို့ ရိုးရိုးရဲစခန်းလောက်ကို အာရုံမစိုက်နိုင်တော့ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

တိုက်လေယာဉ်၊ ဘက်စုံသုံး တိုက်ခိုက်ရေး ရဟတ်ယာဉ် တစီးသည် နယ်မြေတခုတွင် စစ်ဆင်ရေး ဝင်ရောက်ပါက လက်နက်ခဲယမ်း ဖြည့်တင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများ လုပ်ဆောင်ရသည့်အတွက် တရက်လျှင် ပျမ်းမျှအားဖြင့် ၂ ကြိမ် ထက် ပိုပြီး စစ်ဆင်ရေး လုပ်ဆောင်ရန် အခက်အခဲရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီ လေတပ်သည် လေယာဉ်ပစ်ပုခုံးထမ်း လောင်ချာများနှင့် လေယာဉ်ပစ် စက်သေနတ် ပွိုင့် ၅ များရှိသော တိုင်းရင်းသား လက်ကိုင်တပ်ဖွဲ့များနှင့် ရင်ဆိုင်တွေ့နေရသော လတ်တလော တိုက်ပွဲများတွင် တရုတ်လုပ် K-8W နှင့် ရုရှား လုပ် Yak 130 ၊ MiG 29 အမျိုးအစား ဗုံးကြဲတိုက်လေယာဉ်များကို အဓိက အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

စစ်ကိုင်းနှင့် မကွေးတိုင်းတို့ကိုမူ လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာတွင် တိုက်လေယာဉ်၊ နှင့် ဘက်စုံသုံး တိုက်ခိုက်ရေးရဟတ်ယာဉ် MiG 35 တို့ကို ပူးတွဲ အသုံးပြုသည်။

မြန်မာလေတပ်တွင် Yak 130 ၁၇ စင်း ၊ K-8 ၁၈ စီး ၊ MiG-29 ၂၆ စင်း အထိရှိကြောင်း လွတ်လပ်သော သုတေသန အဖွဲ့ အစည်းတခုဖြစ်သော Myanmar Witness ၏ အဆိုအရ သိရသည်။

ထိုလေယာဉ်အမျိုးအစားတခုချင်းစီတွင် အမှန်တကယ် စစ်ဆင်ရေးဝင်ကာ တိုက်ခိုက်နိုင်သော အရေအတွက်မှာ ၆ စင်းမှ ၈ စင်း ဝန်းကျင်ခန့်သာရှိနိုင်ကြောင်း လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော CDM အရာရှိ စစ်သည်များက ပြောသည်။

ကျန်ရှိသော ထက်ဝက်ခန့်မှာ ပျံသန်းမောင်းနှင်သော နာရီကျော်လွန်နေပြီဖြစ်၍ ပြုပြင်ထိန်းသိမ်းနေရခြင်းနှင့် အမောင်းသင်ရန်အတွက်သာ ရည်ရွည်ထားခြင်းကြောင်း ၎င်းတို့က ပြောပြကြသည်။

MiG 29 ဆိုရင်လည်း သုံးမရတော့တဲ့ အစင်းက တော်တော်များနေပြီ။ တဝက်လောက်ကတော့ သုံးမရတော့ဘူး။ K-8 မှာဆိုရင်လည်း K-8W ဗားရှင်းတွေပဲ သုံးရတော့တယ်။ အဲဒီတော့ တချို့လေယာဉ်တွေက တဝက်နီးပါးလောက်ပဲ သုံးလို့ရတော့တယ်၊ တချို့လေယာဉ်တွေ တဝက် မဟုတ်ဘူး ၃ ပုံ ၂ ပုံလောက်က သုံးမရတော့ဘူး

လေကြောင်းရန် ကာကွယ်ရေးတပ်မှ CDM တပ်ကြပ်ကြီး ဇေယျ က “MiG 29 ဆိုရင်လည်း သုံးမရတော့တဲ့ အစင်းက တော်တော်များနေပြီ။ တဝက်လောက်ကတော့ သုံးမရတော့ဘူး။ K-8 မှာဆိုရင်လည်း K-8W ဗားရှင်းတွေပဲ သုံးရတော့တယ်။ အဲဒီတော့ တချို့လေယာဉ်တွေက တဝက်နီးပါးလောက်ပဲ သုံးလို့ရတော့တယ်၊ တချို့လေယာဉ်တွေ တဝက် မဟုတ်ဘူး ၃ ပုံ ၂ ပုံလောက်က သုံးမရတော့ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းပြင် စစ်ဆင်ရေးဝင်နိုင်ရန် အသင့်ပြင်ထားသော တိုက်လေယာဉ်အမျိုးအစားလိုက် မန္တလေး တံတားဦး၊ ရန်ကုန်တိုင်း မှော်ဘီနှင့် မင်္ဂလာဒုံ၊ မကွေးတိုင်း မိတ္ထီလာ၊ ကချင်ပြည်နယ် မြစ်ကြီးနား လေတပ်စခန်းတို့တွင် ဖြန့်ကျက်ထားလျက်ရှိသည်။

“အာဏာသိမ်းပြီး နောက်ပိုင်းမှာက လေကြောင်းစစ်ဆင်ရေးတွေ အသုံးပြုရတာက အရမ်းကို များတယ်။ အခု ‘၁၀၂၇’ စတဲ့အချိန်မှာဆိုရင် ပိုဆိုးတယ်။ တပတ်ကို လေ့ကျင်တာနဲ့ တခြားလှုပ်ရှားမှု မပါဘဲနဲ့ တိုက်ခိုက်မှုကြီးပဲ အကြိမ် ၂၀၀ နဲ့ ၃၀၀ ကြားမှာရှိတာ။ ဆိုတော့ လေယာဉ်တွေက စက်ပစ္စည်းတွေပဲလေ။ ပုံမှန်လုပ်နိုင်စွမ်းထက် ဝန်ပိနေတဲ့ အနေအထားမှာ ရှိတယ်” ဟု လေကြောင်းရန်ကာကွယ်ရေးတပ်မှ CDM တပ်ကြပ်ကြီး ဇေယျ က ဧရာဝတီသို့ ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာလေတပ်မှ ပညာတတ် အရာရှိ၊ စစ်သည်အများစုသည်လည်း CDM ပြုလုပ်ထားခြင်းကြောင့် လူ့အရင်းအမြစ်များ လျော့နည်းနေချိန် ယခုစစ်ဆင်ရေးများ အပြင်းအထန်လုပ်နေရခြင်းသည် တိုက်လေယာဉ်များအတွက်လည်း လုပ်ဆောင်နိုင်စွမ်း မြန်မြန်ကျဆင်းစေသလို ပင်ပန်းမှုဒဏ်ကြောင့်လည်း လေယာဉ်မောင်းများကိုလည်း စိတ်ဓာတ်ပျက်ပြားစေမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီလေတပ်တွင် တိုက်လေယာဉ်များအပြင် သယ်ယူပို့ဆောင်ရေးလေယာဉ် ATR နှင့် Y8 အမျိုးအစားများသည်လည်း ၄ စင်း ဝန်းကျင်သာရှိခြင်းသဖြင့် စစ်လက်နက်နှင့် စစ်သည် ထောက်ပံ့ပို့ဆောင်ရေးတွင်လည်း ကျယ်ပြန့်လာနေ သော တိုက်ပွဲများကြောင့် အကန့်အသတ်များစွာ ကြုံတွေ့ရလျက်ရှိသည်။

ကယားပြည်နယ် (ကရင်နီ) တိုက်ပွဲတွင် နိုဝင်ဘာ ၁၁ ရက်က လေကြောင်းပစ်ကူပေးသည့် K-8 အပေါ့စား တိုက်လေ ယာဉ်အား ကရင်နီအမျိုးသားများကာကွယ်ရေး တပ်မတော် (KNDF-B01) နှင့် ကရင်နီ တပ်မတော် (KA) တို့မှ ပွိုင့်ဖိုက်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပျက်ကျခဲ့ကာ အပျက်အစီးများကို တောင်ငူခရိုင် KNU တပ်မဟာ ၂ နယ်မြေအတွင်း တွေ့ခဲ့ရသည်။

လေယာဉ်ဆီနှင့် ဘဏ္ဍာရေး ဆန်ရှင်

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်သော လက်နက်ကိုင်ခုခံတော်လှန်မှုများကို လေကြောင်းမှ တိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်များထက် အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများဖြစ်သော ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောင်အဦများကိုသာ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသလို အရပ်သားပြည်သူ ထိခိုက် သေဆုံးမှုလည်း များပြားခဲ့ရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၆၈၇ ဦးနှင့် ဒဏ်ရာရရှိသူ ၄၅၈ ဦးအထိ ရှိခဲ့ပြီး အများစုမှာ ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်က ထုတ်ပြန်လာသော ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီ အရင်ခံစာအရ သိရသည်။

အာဏာသိမ်းမှု ၂ နှစ် ၇ လကျော်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦ ၈၆ ခု ပျက်စီးခဲ့ကာ စာသင်ကျောင်း ၅၄ ခုနှင့် ဆေးရုံ ၂၆ ခု တိုက်ခိုက်ခံခဲ့သည်

အာဏာသိမ်းမှု ၂ နှစ် ၇ လကျော်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦ ၈၆ ခု ပျက်စီးခဲ့ကာ စာသင်ကျောင်း ၅၄ ခုနှင့် ဆေးရုံ ၂၆ ခု တိုက်ခိုက်ခံခဲ့သည်ဟုလည်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ၏ အဆိုးဝါးဆုံးလေကြောင်းတိုက်ခိုက်မှုတခုမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီး ကျေးရွာဖြစ်စဉ်ဖြစ်ပြီး ကလေးငယ် ၄၀ ဦးခန့် အပါအဝင် အရပ်သား ၁၆၀ ကျော် အစုအလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုဖြစ်သည်။

ထိုသို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်ကောင်စီသည် အရပ်သားများအပေါ် ရက်စက် ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေခြင်းကြောင့် အမေရိကန်က မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းမှုကို လုံးဝ ကန့်သတ်ပိတ်ဆို့သော အရေးယူမှုတခု ချမှတ်လိုက်ကြောင်း ၂၀၂၃ ခုနှစ် ဩဂုတ် ၂၃ ရက်က ထုတ်ပြန်လိုက်သည်။

ထိုကြောင့် လတ်တလောတွင် စစ်ကောင်စီသည် ပြင်ပမှ လေယာဉ်ဆီတင်သွင်းရာတွင် တရားဝင် တင်သွင်း၍ မရတော့ဘဲ ရုရှား၊ ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် ချိတ်ဆက်ထားသော မှောင်ခိုပွဲစားများမှ တဆင့် တင်သွင်းနေရသည်။

အမေရိကန်ဆန်ရှင်ကြောင့် လေယာဉ်ဆီတင်သွင်းမှု အားလုံးကို မပိတ်ဆို့နိုင်သေးသော်လည်း စီးပွားရေး ကျဆင်းမှုနှင့် နိုင်ငံခြားအရန်ငွေ လျော့နည်းနေသော စစ်ကောင်စီအတွက် လေယာဉ်ဆီ ဝယ်ယူတင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး ပိုမိုကုန်ကျလာသလို အဆင်မချောတော့ဘဲ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်နေကြောင်း မြန်မာနိုင်ငံအတွက် လောင်စာဆီတင်သွင်း ရောင်းချနေသော ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။

လောင်စာဆီလုပ်ငန်းရှင်တဦးက “စင်ကာပူဆီကနေတော့ လေယာဉ်ဆီက လုံးဝ သွင်းမရတော့ဘူး၊ အဓိကက ထိုင်းလမ်းကြောင်းကနေပဲ တင်သွင်းနေရတယ်။ အဲဒါကလည်း လွယ်လွယ်ကူကူတော့ မဟုတ်ဘူး” ဟု ဆိုသည်။ အသေးစိတ်ကိုမူ ၎င်းက မပြောပေ။

လောင်စာဆီလုပ်ငန်းရှင်တဦးက “စင်ကာပူဆီကနေတော့ လေယာဉ်ဆီက လုံးဝ သွင်းမရတော့ဘူး၊ အဓိကက ထိုင်းလမ်းကြောင်းကနေပဲ တင်သွင်းနေရတယ်။ အဲဒါကလည်း လွယ်လွယ်ကူကူတော့ မဟုတ်ဘူး” ဟု ဆိုသည်။ အသေးစိတ်ကိုမူ ၎င်းက မပြောပေ။

ထိုသို့ လေယာဉ်ဆီတင်သွင်းမှုအတွက် အခက်အခဲများရှိသော်လည်း စစ်ကောင်စီသည် အာဏာသိမ်းမခင်ကတည်းက လေတပ်ကို အဆင့်မြှင့်တင်ခြင်း၊ အင်အားဖြည့်တင်းခြင်းများ တောက်လျှောက် လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဆီသိုလှောင်ထားမှုသည်လည်း အနည်းဆုံး နှစ်ကာလတခုအထိ စစ်ဆင်ရေး အသုံးပြုနိုင်ရန် ပြင်ဆင်ထားကြောင်း CDM တပ်ကြပ်ကြီး မောင်ဝိက ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111

၎င်းက “စစ်တပ်မှာက အရန်ဆီ၊ အရန်ရိက္ခာတို့ ထားထားတွေ ရှိတယ်။ ပြီးတော့ စစ်တပ်မှာက ဘယ်လိုအချိန်အခါမှာပဲ ဖြစ်နေနေ စစ်ဆင်ရေးက ဦးစားပေး နံပတ် ၁ ဖြစ်တယ်။ နောက်ပြီးတော့ လေတပ်ကိုပဲ အားကိုးနေရတာဖြစ်တဲ့အတွက် သူတို့ကလည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒါကို ကြိုပြင်ထားမှာပဲ” ဟု ဆိုသည်။

သို့သော်လည်း တနိုင်ငံလုံးအနှံ့ တိုက်ပွဲများ ကျယ်ပြန့်လာနေချိန် စစ်ကောင်စီအနေဖြင့် လေကြောင်းစစ်ဆင်ရေး အထောက်အပံ့ အပြည့်အဝ ပေးရန် အကန့်အသတ်ရှိလာခြင်းသည် မြေပြင်တွင် ကြည်းတပ်များ တိုက်ပွဲ ရှုံးနိမ့်ခြင်း၊ လက်နက်ချ အညံ့ခံခြင်း၊ ထွက်ပြေးခြင်းများ ဆက်တိုက် ကြုံလာနေရကြောင်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာ ရဲစခန်းမှ ရဲအရာရှိ၏ ဇာတ်လမ်းက သက်သေပင်ဖြစ်တော့သည်။

You may also like these stories:

အကျအဆုံးများနေသည့် စစ်တပ် ဘာသာရေးဖြင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်လာ

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

Your Thoughts …
Tags: Sliderစစ်ကောင်စီတိုက်လေယာဉ်နေရာတိုင်း မပေးနိုင်လေကြောင်းပစ်ကူလေယာဉ်ဆီ
အောင်ခမ်း

အောင်ခမ်း

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved