• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
in သတင်း
A A
ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲအတွင်း လေကြောင်းမှ တိုက်ခိုက်မှု (ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး)

7.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေး တော်လှန်ရေး တပ်ပေါင်းစုက နိုဝင်ဘာ ၇ ရက်ကတည်းက တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်းမှ တုန့်ပြန်တိုက်ခိုက်မှုကြောင့် တပတ်အတွင်း အရပ်သား ၁၀၀ ကျော် သေဆုံးကြောင်း သိရသည်။

ကောလင်းတိုက်ပွဲအပြီး ကချင်လွတ်လပ်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)အပါအဝင် ဒေသကာကွယ်ရေးတပ်ပေါင်းစုများက ထီးချိုင့်မြို့ကို ထိုးစစ် ဆင်နွှဲနေခြင်းဖြစ်ပြီး မြို့တွင်းနေရာ တော်တော်များများကို ထိန်းချုပ်ထားသည်ဟု ကာကွယ်ရေးတပ် များဘက်မှ ပြောသည်။

ABSDF မှ အရာရှိတဦးက “မြို့က ဗုံးကြဲတာကြောင့် တော်တော်များများ ပျက်စီးသွားပါပြီ၊ ဒေသခံတွေ ၁၀၀ ကျော်ထိ သေဆုံးတာတွေ ရှိတယ်၊ အလောင်းတွေကိုလည်း မကောက်နိုင်ကြသေးဘူး၊ ရွာတွေဘက် ကိုလည်း လေကြောင်းပစ်ခတ် မှုတွေ ဆက်တိုက်လုပ်နေကြတယ်၊ ပြန့်ကျဲနေသလိုဖြစ်နေတော့ သေဆုံးအရေအတွက် အတိအကျ ပြောဖို့ခက်တယ်”ဟု ဆိုသည်

နိုဝင်ဘာ ၈ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု လုပ်ခဲ့ရာ ‌ဒေသခံ ၃ သောင်းကျော် စစ်ရှောင် နေရ သလို မွေးကင်းစ ကလေးငယ်နှင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုနှင့် ရဟန်းသံဃာများ အပါအဝင် လူ ၁၀၀ ကျော် သေဆုံးကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်များအတွင်း ပုန်းအောင်းနေသော ပြည်သူအများစုမှာ ဆိုးရွားစွာ သေဆုံးခဲ့ရသလို လမ်းမများပေါ်တွင်လည်း လူသေအလောင်းများ ပြန့်ကျဲနေလျက်ရှိကြောင်း သိရသည်။

၎င်းက ဆက်လက်၍ “တမြို့လုံး သိမ်းမိတဲ့ အခြေအနေအထိတော့ မရှိသေးဘူးဗျ။ သူတို့က မြသိန်းတန်ကုန်းကနေ ခံနေ ကြတာ၊ ဘန်ကာ အခိုင်အမာ ဆောက်ထားပြီး နေရာကလည်း ကုန်းဆိုတော့ မသိမ်းနိုင်သေးတာ၊ တောင်ပေါ်ကို ကျနော် တို့က တက်ဝိုင်းရင် သူတို့က လေကြောင်းပစ်ကူပေးနေတာမို့ ကြန့်ကြာနေတာ၊ အဓိကတော့ ခဲယမ်းပြဿနာပေါ့၊ မြို့ထဲမှာ အနည်းအကျဉ်းလောက်နဲ့ မြသိန်းတန်ဘန်ကာမှာ အခိုင်အမာ ကျန်နေတာပေါ့၊ ကျန်တာတွေကတော့ ကျနော်တို့ စိုးမိုး ထားနိုင်ပါတယ်”ဟု ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
56

စစ်ကောင်စီတပ်များသည် မြသိန်းတန်ဘုရားကုန်း၊ မြစ်ကူးတံတားထိပ် ဘန်ကာနှင့် ထီးချိုင့်မြို့ တဖက်ကမ်းရှိ မြတောင်ရွာ တောင်ကုန်းပေါ်တို့မှ ခုခံလျက်ရှိသလို ယနေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ခြင်းမရှိဘဲ လက်နက်ကြီးဖြင့်သာ အပြန်အလှန်ပစ်ကြ ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့် နေအိမ်များ ပျက်စီးနေပုံ/ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး

ထီးချိုင့်မြို့ခံတဦးက “သူတို့နေတဲ့ တောင်ကုန်းကတော့ စီးလို့မရသေးဘူးလို့ သိရတယ်၊ လေယာဉ်နဲ့ စားနပ်ရိက္ခာ ပို့တာ တွေ လုပ်နေတယ်၊ လမ်းပန်းဆက်သွယ်ရေးကလည်း တကောင်းအောက်ဘက်ကနေ ဖြတ်ထားတော့ လက်ရှိမှာ ကုန်ဈေး နှုန်းတွေ အကုန်ထိုးတက်ကုန်တယ်၊ ဒီဇယ်က ၅ သိန်း ၇ သောင်းလောက်ကနေ အခု ၇ သိန်းကျော်သွားပြီ၊ လိုသလောက် ဝယ်လို့မရဘူး၊ တောင်သူတွေလည်း ဘာဆက်လုပ်ရမလဲ မသိ ဖြစ်ကုန်ကြပြီ”ဟု ပြောသည်။

ယနေ့ထုတ် စစ်ကောင်စီ၏ မြန်မာ့အလင်းသတင်းစာတွင် ထီးချိုင့်မြို့ တိုက်ပွဲများနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက “စစ်ကိုင်းဘက်မှာတော့ ထီးချိုင့်မြို့ကို ပြန်လည်ထိန်းသိမ်းနိုင်တဲ့ အခြအနေမှာရှိတယ်၊ ထီးချိုင့်အနီးတဝိုက်မှာ ဆုတ်ခွာ သွားတဲ့ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေ ရှိနေနိုင်တယ်။ ဒါတွေကိုတော့ လိုက်လံ ချေမှုန်းလျက်ရှိပါတယ်”ဟု ပြောသည်။

KIAနှင့် PDF အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားကြသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်နှင့် ပတ်ဝန်းကျင် တဝိုက်ကို လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး KIAနှင့် PDF အဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊အလောင်းများကို သိမ်းဆည်း ရမိသည်ဟု ဆိုသည်။

ABSDF အရာရှိက “ကျနော်တို့က စကတည်းက ပြန်ဆုတ်တာမျိုးမှ မဟုတ်တာ၊ စတိုက်ပြီဆိုကတည်းက ဝိုင်းထားပြီး သားလေ၊ ကျနော်တို့မှာ ဆုတ်တာမရှိဘူး၊ တက်တယ်ဆိုတာပဲ ရှိတယ်၊ ထီးချိုင့်မှာ သူတို့အင်အား အများဆုံးရှိတာက မြသိန်းတန်တောင်ကုန်းမှာပဲလေ၊ လက်ရှိ တိုက်ပွဲနားနေတာမျိုးပဲ ရှိပါတယ်၊ ကျနော်တို့ ပြန်ဆုတ်တယ်ဆိုတာ မဟုတ်ဘူး ဒီနေ့ကတော့ အကြီးတွေနဲ့ပဲ ပစ်ပြီး စောင့်ကြည့်နေတဲ့အခြေအနေမျိုးပါပဲ၊ သိပ်မကြာခင်မှာ အောင်မြင်မှုတွေ ရလာ မှာပါ”ဟု ပြောသည်။

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက်စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွားမည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်းကြောင်းမှထိုးစစ် မဆင်နိုင်သဖြင့် နိုဝင်ဘာလ ၈ရက်မှ စ၍ ရဟတ်ယာဉ်များ၊ YAK-130 အမျိုးအစား တိုက်လေယာဉ်များ သုံးကာ Thermobaric ဗုံးများ၊ ပေါက်ကွဲအားပြင်းသော ရုရှားလုပ် KAB-500 ဗုံးများဖြင့် တစ်ရက်လျှင် ပျမ်းမျှ ၈ကြိမ်အထက် လေကြောင်းတိုက်ခိုက်မှုများ လုပ်နေကြောင်း၊ မပေါက်ကွဲဘဲ ကျန်ရှိ နေသော ဗုံးများအားလည်း တွေ့ထားကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့် နေအိမ်များ ပျက်စီးနေပုံ/ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထီးချိုင့်မြို့နှင့် ကျေးရွာအချို့တွင် နေအိမ်များ မီးလောင်ပျက်စီးမှုရှိသလို ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေရသည်။

ထီးချိုင့်ဒေသခံတဦးက “ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရှောင်ကြရတာပေါ့၊ ကျနော်တို့ရဲ့ ကျောက်ထုံးကြီးတို့၊ သပြေပင်တို့ဘက်ကို အများဆုံး ရှောင်လာကြတာပါ၊ လက်နက်ကြီးတွေလည်း ဆက်တိုက် ပစ်နေကြတာ၊ အိမ်တွေပါ တုန်ခါနေတာ၊ မြို့တွင်းကို ဗုံးကြဲတော့ အရပ်သားတွေပါ ထိပြီး သေတာတွေ ရှိတယ်၊ တိုက်ပွဲဖြစ်နေတာကတော့ နေ့တိုင်း နီးနီးပဲ”ဟု ပြောသည်။

လက်ရှိတွင် သရက်မှော်၊ နော်အောင်ဗန္ဓုလ၊ လက္ခုပ်ပင်၊ စံပြ၊ မြို့မဈေး၊ တရုတ်တန်း၊ နဝဒေး၊ ဝိသာခါ၊ အရှေ့ရပ်၊ သိုက်ကုန်း၊ ဥယျာဉ်ကုန်း၊ ကမ်းနားနှင့် ကြက်သွန်ခင်းမှာ လုံးဝ ပျက်စီးသွားပြီး အမှတ် ၄၊ ဈေးကုန်းနှင့် ကျန်ရှိနေသော မြို့ပေါ် အိမ်များအား စစ်ကောင်စီမှ လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများကြောင့် နေအိမ်များ ပျက်စီးနေပုံ/ထီးချိုင့်-ပြည်သူ့ကာကွယ်ရေး

စစ်ဘေးရှောင်ကူညီနေသူတဦးက “ဒီနေ့မနက်ပိုင်းကအထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတာပဲ၊ အသံတွေကတော့ ကြားနေရတယ်၊ မြို့ထဲမှာ အိမ်တွေလည်း မီးလောင်လို့ ကုန်သလောက်ဖြစ်သွားပြီ၊ လေယာဉ်နဲ့ပစ်တာရယ်၊ လက်နက် ကြီးတွေ ပစ်တာကြောင့် မြို့ကပျက်သလို ဖြစ်နေပြီ၊ တိုက်ပွဲကတော့ မပြီးသေးဘူး၊ ဆက်ဖြစ်နေတုန်းပဲ၊ လက်ရှိမှာ တော့ ပြည်သူတွေက ကိုယ့်ရွာ ကိုယ့်ဒေသမှာ ဆက်နေလို့ မလုံခြုံတော့ဘူးဆိုတာမျိုး ဖြစ်ပြီးတော့ လမ်းဘေးတွေမှာပဲ ဒီအတိုင်း ဘယ်ကိုသွားရမလဲဆိုတဲ့ ဦးတည်ချက်မဲ့နေတာမျိုးတွေ ဖြစ်နေကြတယ်”ဟု ပြောသည်။

ထီးချိုင့်မြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကိုပါ ပစ်ခတ် သောကြောင့် မြို့နယ်တွင်းရှိ ပြည်သူများအနေဖြင့် လေယာဉ်သံကြားလျှင် သတိပြု၍ ရှောင်တိမ်းနေထိုင်ကြရန်လည်း ထီးချိုင့်တော်လှန်ရေးတပ်ဖွဲ့ (Tigyaing Revolution) က ထုတ်ပြန်ထားသည်။
ထီးချိုင့်တွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် တကောင်း– အင်းတော်– ထီးချိုင့် လမ်းပိုင်းအား စစ်ရေးအခြေနေအရ ပိတ် ထားရာ ခရီးသွားပြည်သူ ၅၀၀ ဝန်းကျင်ခန့်ထိ ပိတ်မိနေသလို တော်လှန်ရေးအင်အားစုများကလည်း အဆိုပါလမ်းပိုင်းကို ရက်အကန့် အသတ်မရှိပိတ်ထားမည်ဟု နိုဝင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။

You may also like these stories:

ထီးချိုင့်တွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေ

ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ

ကလေး- တမူးလမ်းပေါ်ရှိ ခါမ်းပါတ်မြို့ကို PDF သိမ်း

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

Your Thoughts …
Tags: ABSDFKIAPDFစစ်ရှောင်ထီးချိုင့်လေကြောင်းတိုက်ခိုက်မှုအရပ်သား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

Next Post
စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ

လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved