• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

by ဧရာဝတီ
14 November 2023
in သတင်း
A A
စစ်ကောင်စီ၏ ပလက်ဝဗျူဟာတပ်စခန်း ၂ ခု AA တိုက်ခိုက်

AA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

3.6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ အထိုင်ချဗျူဟာတပ်စခန်း နှစ်ခုအား ယနေ့ နံနက် ၆ နာရီခန့်မှ စတင်၍ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဖက်ပစ်ခတ်မှုများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသလို ပလက်ဝအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ မှလည်း လက်နက်ကြီးများ ဖြင့် ပစ်ကူပေးနေကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ဧရာဝတီကို ပြောသည်။

၎င်းက “ဒီနေ့မနက် အရုဏ်တက်ချိန်ကနေပြီးတော့ ပလက်ဝမြို့ နယ်အတွင်းက တရွန်အိုင်ဗျူဟာကုန်းနဲ့ နှုံးဘူးဗျူဟာ ကုန်းတွေကို ကျနော်တို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ရှိပါတယ်။ စစ်တပ်ဘက်ကတော့ ဂျက်ဖိုက်တာတွေနဲ့ လာရောက်ဗုံးကြဲတိုက်နေတာရှိသလို ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ ရှိပါတယ်။ တိုက်ပွဲက အခုအချိန်ထိ ပြင်းထန်နေတုန်းပဲ ရှိပါသေးတယ်” ဟု ဆိုသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တရွန်အိုင်ကျေးရွာသားတချို့ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးမှု ရှိသလို ဒဏ်ရာရရှိသူတချို့လည်းရှိကြောင်း ပလက်ဝဒေသခံများထံမှ သိရသည်။

AA ဝင်တိုက်နေသည့် အထိုင်ချဗျူဟာတပ်စခန်းပြ မြေပုံ / 3 Brotherhood Alliance

ပလက်ဝဒေသခံတဦးက “တရွန်ဗျူဟာကုန်းတိုက်ပွဲ တော်တော်ပြင်းတယ်လို့ပြောတယ်။ တိုက်လေယာဉ် ပထမတကြိမ် ၂ စီးလာပြီး ဗုံးကြဲတယ်။ ဒုတိယတကြိမ် ၃ စီးနဲ့ ဗုံးလာကြဲတာတွေ့တယ်။ အဲဒီမှာ ရွာထဲမှာ ပိတ်မိနေတဲ့ ရွာသားတချို့ သေဆုံးတာ၊ ဒဏ်ရာရတာတွေရှိတယ်လို့ ကြားတယ်။ ရွာသားတွေ တောထဲမှာ အကုန်ဝင်ပြေးသွားလို့ ဖုန်းလိုင်းမမိတော့ သေချာအသေးစိတ် မသိရဘူး” ဟု ဧရာဝတီကို ပြောသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မောင်တော၊ မင်းပြား စသည့်မြို့နယ်များရှိ စစ်ကောင်စီ တပ်စခန်းများကို AA တပ်ဖွဲ့ဝင်များက တပြိုင်တည်းတိုက်ခိုက်ခဲ့ရာ ရသေ့တောင်မြို့နယ်အတွင်းမှ ချိန်ခါလိန် နယ်ခြား စောင့်ရဲစခန်းနှင့် ဒုံးပိုက်နယ်ခြားစောင့်ရဲစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မင်းပြားမြို့နယ်၊ ဖားပြို (ချင်းရွာ) အနီး တိုက်ခိုက်မှု အတွင်း စစ်ကား ၁ စီး မီးလောင်ကာ အရာရှိစစ်သည်တချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရမိကြောင်း၊ အပေါက်ဝရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၂ ဦး လက်နက်များနှင့်အတူ AA ထံ အလင်းဝင်ရောက်ခဲ့ သလို အခြားနေရာ ၂ ခုမှလည်း ရဲ ၆ ဦး လက်နက်ချခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

AA ဝင်တိုက်နေသည့် အထိုင်ချဗျူဟာတပ်စခန်းပြ မြေပုံ / 3 Brotherhood Alliance

ထိုသို့ AA က ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးဖော်ဆောင်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ရထားဘူတာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများ၊ ရသေ့တောင်မြို့နယ်အတွင်းမှ ဥဒေါင်း နယ်ခြားစောင့်ရဲစခန်း၊ ဘူးသီးတောင် မြို့နယ်ရှိ ညောင်ချောင်းရဲစခန်း အပါအဝင် တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်များမှ ရဲကင်းစခန်း ၂၀ နီးပါးအထိ တပ်ဆုတ် ခွာသွားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ကောင်စီသည် မြို့တော် စစ်တွေ အပါအဝင် ပြည်နယ် တခုလုံးရှိ ကုန်းလမ်း၊ ရေလမ်း စသည့် ဆက်သွယ်ရေးလမ်းကြောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထား သည့်အတွက် ဒေသခံ ခရီးသွားပြည်သူများ နေရာဒေသအသီးသီးတွင် ပိတ်မိလျက်ရှိကြောင်း သိရသည်။

You may also like these stories:

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
98
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
44

ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ

ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး

၁၂ ရက်အကြာတွင် ကွမ်းလုံကို အပြီးသိမ်းနိုင်ဟု MNDAA ထုတ်ပြန်

သီပေါ ကျင်တီတံတားတပ်စခန်းကို TNLA သိမ်းပိုက်

Your Thoughts …
Tags: AAစစ်ကောင်စီပလက်ဝအထိုင်ချဗျူဟာတပ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ

လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ

မြန်မာရောက် ဗီယက်နမ် နိုင်ငံသားများအတွက် အကူအညီ တောင်းဆို

မြန်မာရောက် ဗီယက်နမ် နိုင်ငံသားများအတွက် အကူအညီ တောင်းဆို

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved