• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
in ဆောင်းပါး
A A
ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

၂၀၁၉ ခုနှစ်က စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် ဂျက်တိုက်‌လေယာဉ်များ

28.1k
VIEWS
Share on FacebookShare on Twitter

“ဒီဘက် (တော်လှန်ရေးအင်အားစုများ) က အပြစ်ပေးတာခံပြီးရင် ကျနော့်ကလေးတွေ ဖခင်မဲ့မဖြစ်ရအောင် ကျနော့်သားနဲ့ သမီးကို စောင့်ရှောက်မယ်” ဟု လွန်ခဲ့သောလက ကရင်နီ (ကယား) ပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်များ ဖမ်းမိသော စစ်ကောင်စီ လေယာဉ်မှူး ဗိုလ်မှူး ခိုင်သန့်မိုးက သူ့ကိုဖမ်းဆီးထားသူများကို ဗီဒီယိုတခုတွင် ပြောပြီးနောက် ထိုဗီဒီယိုကို အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေကြသည်။

ဖမ်းမိပြီး မကြာမီ တော်လှန်ရေးအင်အားစုများက ကနဦးစစ်မေးချိန်တွင် ၎င်းက အထက်ပါအတိုင်းပြောသည်။ ခိုင်သန့်မိုးသည် မြန်မာလေတပ်တွင် အတွေ့အကြုံ နှစ် ၂၀ ရှိသူဖြစ်သည်။ မြန်မာလေတပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများနှင့် အရပ်သား ရာပေါင်းများစွာကို သွေးချောင်းစီး သတ်ဖြတ်သည့် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
118
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
1.9k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
4.8k

K-8W မောင်းနှင်သော အသက် ၄၃ နှစ်အရွယ် လေယာဉ်မှူး ခိုင်သန့်မိုးနှင့် သူ၏တွဲဖက်လေယာဉ်မှူး ဇာနည်ထက်မောင်တို့သည် ကရင်နီပြည်နယ်မှ တော်လှန်ရေးတပ်များကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တိုက်ခိုက်သည်။ ထိုနေ့သည် ကရင်နီပြည်နယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး ၁၁၁၁ စစ်ဆင်ရေး စတင်သည့် နေ့ဖြစ်သည်။

ဖရူဆိုမြို့နယ်မှ တိုက်ပွဲတခုအတွင်း ဂျက်တိုက်လေယာဉ် တစီးကို ပစ်ချခဲ့ကြောင်း ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDF) နှင့် ကရင်နီတပ်မတော် (KA) တို့က ကြေညာသည်။ ထိုလေယာဉ်မှူး နှစ်ဦးသည် လေထီးဖြင့် ခုန်ထွက်ပြီး ကနဦးတွင် ၎င်းတို့ကို ရှာမတွေ့ပေ။ သို့သော် တပတ်ကြာသောအခါ ခိုင်သန့်မိုးကို ဖမ်းမိပြီး တလခန့် ကြာသောအခါ သူ့ကို ကနဦး စစ်မေးသည့် ဗီဒီယိုသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်။ ဗိုလ် ဇာနည်ထက်မောင်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။

ကရင်နီပြည်နယ်တွင် ဖမ်းမိသည့် စစ်လေယာဉ်မှူး ခိုင်သန့်မိုးကို ကရင်နီတော်လှန်ရေးအဖွဲ့များက စစ်မေးနေစဉ်

သူ့မိသားစုအကြောင်း မေးသောအခါ ခိုင်သန့်မိုးက လေယာဉ်ပစ်ချခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ပြောသည်။ “ကျနော်ပြန်သွားရင် တပ်ကထွက်ပြီး ကျောင်းဆရာလုပ်မယ်” ဟု ထိုဗီဒီယိုတွင် ၎င်းကပြောသည်။ ထို့နောက် သူ့သားသမီးများအတွက် အိမ်သို့ပြန်ပြီး စောင့်ရှောက်မည်ဖြစ်ကြောင်း ပြောသည်။

သူနှင့် သူ့စစ်တပ်သည် တနိုင်ငံလုံးတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ပြီး မိသားစုအများအပြား၏ အချစ်ဆုံး ရင်သွေးငယ်များ အပါအဝင် အရပ်သားအများအပြားကို သေဆုံး၊ ဒဏ်ရာရစေပြီးနောက် အိမ်ပြန်ပြီး မိသားစုနှင့် ပြန်လည်ပေါင်းစည်းရန် မျှော်လင့်နေသော ဖခင်တဦး၏ ဘဝင်မြင့်နေသည့် ပြောကြားချက်ကို ထိုဗီဒီယိုကို ကြည့်ရှုသူများက ဝေဖန်မှတ်ချက်ပေးကြသည်။

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

ခိုင်သန့်မိုးသည် မြန်မာလေတပ်တွင် အတွေ့အကြုံ နှစ် ၂၀ ရှိသူဖြစ်သည်။ မြန်မာလေတပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် တနိုင်ငံလုံးမှ တော်လှန်ရေးအင်အားစုများနှင့် အရပ်သား ရာပေါင်းများစွာကို သွေးချောင်းစီး သတ်ဖြတ်သည့် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

“သူလုပ်ခဲ့တာတွေအတွက် သူပြန်ပေးဆပ်ရမယ်။ မိသားစုဆီကို ပြန်ဖို့သူစဉ်းစားမနေသင့်ဘူး။ သူနဲ့ သင့်လျော်တဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပဲ” ဟု စစ်ကိုင်းတိုင်းတွင် နေထိုင်သူတဦးက ဒေါသတကြီး ရေးသားသည်။

မြန်မာလေတပ်၏ ရက်စက်ကြမ်းကြုတ်မှုများ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူတော်လှန်ရေး အရှိန်မြင့်လာသောအခါ မြန်မာလေတပ်သည် အာဏာသိမ်းချိန်မှ ယခုနှစ် သြဂုတ်လအထိ တနိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှု ၉၀၂ ကြိမ်ပြုလုပ်ပြီး ကလေးများအပါအဝင် အရပ်သား အနည်းဆုံး ၆၈၇ ဦး သေဆုံးစေသည်ဟု စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို လေ့လာစောင့်ကြည့်နေသည့် ဉာဏ်လင်းသစ် သုတေသန၏ အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။

မြန်မာလေတပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေသည် တနှစ်ထက်တနှစ် တိုးလာနေကြောင်း ထိုသုတေသန အဖွဲ့က ဖော်ပြသည်။ ၂၀၂၁ ခုနှစ်တွင် လေကြောင်းတိုက်ခိုက်မှုများကို လေးရက်တကြိမ် ပြုလုပ်သည်။ ၂၀၂၂ ခုနှစ်တွင် မြန်မာလေတပ်သည် တနေ့တကြိမ် လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး ၂၀၂၃ ခုနှစ်တွင် တရက် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်သည်။

ခိုင်သန့်မိုးသည် ပဲခူးတိုင်း တောင်ငူလေတပ်စခန်းမှဖြစ်ပြီး ထိုလေတပ်စခန်းသည် နိုင်ငံတဝန်းရှိ လေတပ်စခန်း ၁၀ ခုအနက် တခုဖြစ်သည်။ တောင်ငူမှ လေယာဉ်များသည် အများအားဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားသို့သော ဝေးသောနေရာများအထိ သွားရောက် တိုက်ခိုက်တတ်သည်ဟု သိရသည်။

“လေယာဉ်တစီးမှာ လောင်စာအပိုပါရင် မြစ်ကြီးနားကနေ တောင်ငူအထိ ပျံလို့ ရတယ်” ဟု လေတပ်မှ ဘက်ပြောင်းလာသော တပ်ကြပ်ကြီးဟောင်း ကိုနောင်ရိုးက ပြောသည်။

ခိုင်သန့်မိုးသည် ပဲခူးတိုင်း တောင်ငူလေတပ်စခန်းမှဖြစ်ပြီး ထိုလေတပ်စခန်းသည် နိုင်ငံတဝန်းရှိ လေတပ်စခန်း ၁၀ ခုအနက် တခုဖြစ်သည်။ တောင်ငူမှ လေယာဉ်များသည် အများအားဖြင့် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားသို့သော ဝေးသောနေရာများအထိ သွားရောက် တိုက်ခိုက်တတ်သည်

စစ်ကိုင်းတိုင်းသည် လေကြောင်းတိုက်ခိုက်မှုဒဏ် အပြင်းထန်ဆုံးခံရသော ဒေသဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာစစ်တပ်၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုများ ခံရသည့်ဒေသဖြစ်သလို ဧပြီလက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုတွင် ကလေး ၃၀ အပါအဝင် လူ ၁၅၇ ဦး သေဆုံးသည်။

ယခုနှစ် မေလမှ သြဂုတ်လအတွင်း စစ်ကိုင်းတိုင်းသည် လေကြောင်းတိုက်ခိုက်မှု ၆၉ ကြိမ်ခံရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အထိခိုက်ဆုံး ပြည်နယ်နှင့်တိုင်းများတွင် ကရင်ပြည်နယ်ပြီးလျှင် ဒုတိယ အဆိုးဆုံးခံရသည့်ဒေသ ဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသည့် မိသားစုများ၏ အသံ

လွန်ခဲ့သောနှစ်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင်း ၇ နှစ်အရွယ် သားငယ်ကို ဆုံးရှုံးခဲ့သည့် မိခင် မသီတာဝင်းက ဖမ်းမိသော ထိုလေယာဉ်မှူးကို အသက်ရှင်ခွင့်မပေးသင့်ကြောင်း ပြောသည်။

လွန်ခဲ့သောနှစ်က လေကြောင်းတိုက်ခိုက်မှု ခံရသည့် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းမှ သေဆုံးသွားသော ကလေးငယ်တဦး / CJ

သူ၏သား မောင်ဘုန်းတေဇနှင့် အခြားကလေး ခြောက်ဦးသည် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာမှ ကလေးဒါဇင်ပေါင်းများစွာ ပညာသင်ယူနေသည့် ကျောင်းတကျောင်းကို စစ်ကောင်စီတပ်က လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်စဉ် သေဆုံးရသူ ၁၃ ဦးတွင် ပါဝင်သည်။ ထိုကျောင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ခိုက်ရေးသမားများ စခန်းချနေသည်ဟု စစ်တပ်က ပြောသည်။

သူသည် သူ၏သားအတွက်သာမက စစ်လေယာဉ်မှူးများက နိုင်ငံတဝန်းမှ အရပ်သားများကို ဆက်လက် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် စစ်လေယာဉ်မှူးများကို မည်သည့်အခါမှ ခွင့်လွှတ်မည် မဟုတ်ကြောင်း မသီတာဝင်းက ပြောသည်။

“သူ (ခိုင်သန့်မိုး) က သူ့မိသားစု မပြိုကွဲချင်ဘူးပြောတယ်။ ဒါဆို ကျမတို့ကရော ဘယ်လိုလဲ။ ကျမတို့ မိသားစုတွေရဲ့ ဘဝတွေက ပြိုကွဲသွားပြီးပြီ” ဟု မသီတာဝင်းက ဒေါသတကြီးပြောသည်။

တော်လှန်ရေး အင်အားစုများ၏ ဖမ်းဆီးခြင်းမခံရပါက ခိုင်သန့်မိုးသည် တနိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်နေမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ခိုင်သန့်မိုး ပြောသည့် စကားများကို ကြားရသောအခါ သူအလွန် ဒေါသထွက်ကြောင်း ပဇီကြီး လေကြောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ညီမငယ်၊ ညီငယ်နှင့် ယောက်ဖ မိသားစုဝင် သုံးဦး ဆုံးရှုံးရသူ ကိုမျိုးက ပြောသည်။

“သူတို့ကြောင့် ဒုက္ခရောက်ရတဲ့သူတွေ အများကြီးရှိတယ်။ သူ့ကိုလည်း ကျနော်တို့လိုပဲ ပြန်ခံစားစေချင်တယ်” ဟု ကိုမျိုးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

တော်လှန်ရေး အင်အားစုများ၏ ဖမ်းဆီးခြင်းမခံရပါက ခိုင်သန့်မိုးသည် တနိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်နေမည်ဖြစ်သည်

ဧပြီလ လေကြောင်းတိုက်ခိုက်မှုနောက်တွင် ပဇီကြီးကျေးရွာ ဖျက်ဆီးခံရပြီး ရှင်ကျန်ရစ်သည့် ဒေသခံများသည် မပြန်ရဲသေးကြောင်း ၎င်းကပြောသည်။

“ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ပြီးတဲ့အခါ သူ့ကို သူ့မိသားစုနဲ့ ပြန်လည် ပေါင်းစည်းပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ကိုမျိုးက နာကျည်းစွာပြောသည်။

လွန်ခဲ့သောနှစ်က လေကြောင်းတိုက်ခိုက်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ လက်ယက်ကုန်းကျေးရွာမှ ဆရာမ ဒေါ်အေးမာက ထိုလေယာဉ်မှူးသည် နောင်တတရား ကင်းမဲ့ပြီး သူ့လုပ်ရပ်များအတွက် နောင်တရပုံ မရှိကြောင်း ပြောသည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုကြောင့် ဆရာအပါအဝင် သေဆုံးသွားသူ ၁၁ ဦးအနက် ကလေးငယ် ရှစ်ဦး / The Chin Journal

“အဲဒီလိုလူတယောက်က ကျောင်းဆရာ ဖြစ်လာမယ်လို့ ကျမ မယုံဘူး။ အဓိပ္ပာယ် မရှိတဲ့ စကားတွေ” ဟု ဧရာဝတီ သတင်းဌာနသို့ ၎င်းကပြောသည်။

ခိုင်သန့်မိုးသည် အမိန့်ကို မျက်ကန်းလိုက်နာပြီး တနိုင်ငံလုံးတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဒုက္ခခံစားရသည့် အရပ်သားများအကြောင်း မစဉ်းစားသည့်ပုံစံမျိုး ဖြစ်သည်ဟု လေတပ်မှ ဘက်ပြောင်းလာသူ ကိုနောင်ရိုး ပြောသည်။

“သူတို့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာကိုတောင် သူတို့သိပုံမရဘူး” ဟု ကိုနောင်ရိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ချစ်ခင်ရသူများ ဆုံးရှုံးရသူများအတွက် အရေးအကြီးအရာမှာ စစ်ကောင်စီ လေယာဉ်မှူးကို သင့်လျော်စွာ အပြစ်ပေးသင့်သည်ဆိုသည့် အချက်ဖြစ်သည်။

“သူ့မိသားစုလည်း ကျမတို့ မိသားစုလို ပြိုကွဲစေချင်တယ်။ ကျမတို့ ဘယ်လောက်ခံစားရတယ်ဆိုတာကို ထင်ဟပ်ဖို့ သူ့ကို အပြစ်ပေးတာ လိုချင်တယ်” ဟု မသီတာဝင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ယုဇန ၏ Captured Myanmar Junta Pilot’s ‘Family’ Comments Anger Air Strike Victims’ Kin ကို ဘာသာပြန်သည်။)

You may also like these stories:

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

ကန့်ဘလူ လေကြောင်းတိုက်ခိုက်မှု နိုင်ငံတကာ ပြစ်တင်ရှုတ်ချ

သူရဲဘောကြောင်သော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

“အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကို ဘာကြောင့် ပိုအားပြုလာသလဲ” (ရုပ်/သံ)

Your Thoughts …
Tags: ၁၁၁၁ စစ်ဆင်ရေးKAKNDFPDFခိုင်သန့်မိုးစစ်ကောင်စီစစ်အာဏာသိမ်းမှုပဇီကြီးကျေးရွာလက်ယက်ကုန်းကျေးရွာလေကြောင်းတိုက်ခိုက်မှု
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

မတ္တရာ NLD လွှတ်တော်အမတ်၏ ဖခင် စစ်ကြောရေး ပို့ခံရ

မတ္တရာ NLD လွှတ်တော်အမတ်၏ ဖခင် စစ်ကြောရေး ပို့ခံရ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

23 hours ago
4.8k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate