• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

by အောင်ခမ်း
18 December 2023
in သတင်း
A A
ရာသီချိန် လုပ်သားခေါ်ယူမှု ကိုရီးယားအစိုးရနှင့် သက်ဆိုင်ခြင်းမရှိဟု ဆို

ကြံ့ခိုင်ရေးရုံးတွင် တောင်ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် သင်တန်းပေးနေပုံ/USDP

2.5k
VIEWS
Share on FacebookShare on Twitter

ကိုရီးယားနိုင်ငံသို့ ရာသီချိန် လုပ်သားစေလွှတ်ရေး ကြော်ငြာနေခြင်းများနှင့် ပတ်သက်၍ မိမိတို့အစိုးရနှင့် သက်ဆိုင်ခြင်း မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးက ဒီဇင်ဘာ ၁၃ရက်ထုတ် စစ်ကောင်စီ၏ သတင်းစာမှ တဆင့် ထပ်မံ ငြင်းဆိုလိုက်ပြန်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု နောက်ဆက်တွဲ နိုင်ငံရေးနှင့် စီးပွားရေး မတည်မငြိမ်မှုကြောင့် ပြည်ပထွက် အလုပ် လုပ် လိုသည် လူငယ်လူရွယ် များပြားနေသည့် အပေါ် အခွင့်ကောင်းယူ၍ နှစ်နိုင်ငံအကြား တရားဝင်အသိအမှတ် ပြုထားခြင်း မရှိသော ရာသီချိန်လုပ်သားစေလွှတ်မည်ဆိုကာ အွန်လိုင်းမှသော်လည်း မြေပြင်တွင်လည်ကောင်း စည်းရုံးဆွဲဆောင်မှုများ ကြောင့် ထိုသို့ ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်သည်။

ထိုသို့ဆွဲဆောင်မှုများကို စစ်ကောင်စီ၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဧရာဝတီက စုံစမ်းသိရပြီး ရာသီချိန် လုပ်သားစေလွှတ်ရေးအတွက် ကြံဖွံ့ ပါတီ၏ နေပြည်တော်ရုံးတွင် လုပ်သားများ စုဆောင်းခြင်း၊ ဘာသာ စကားနှင့် လုပ်ငန်းခွင်အတတ်ပညာ သင်တန်းပေးခြင်း များကို ပြီးခဲ့သည့် စက်တင်ဘာခန့်တွင် စတင်လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ထိုအစီအစဉ်ကို USDP၏ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဦးလှဆွေက ဦးဆောင်ကာ မြန်မာ ဌာနေကုမ္ပဏီ ချန်းခိုင်ကုမ္ပဏီ (Chang Khaing)နှင့် ကိုရီးယားနိုင်ငံဘက်မှာ Pakco (ပါ့ခို) ကုမ္ပဏီတို့ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသတင်းဌာနက ရရှိထားသော ဦးလှဆွေ၏ ကိုရီးယားနိုင်ငံဘက်သို့ ရာသီချိန်လုပ်သား စေလွှတ်နိုင်ရေး တောင်းဆိုစာအရ သိရသည်။

အဆိုပါစာအရ တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းရှိ ဂယုန်းဆန်းမြောက်ပိုင်း၊ ထုန်းယောင်းမြို့ အုပ်ချုပ်ရေးအဖွဲ့အစည်းသို့ မြန်မာနိုင်ငံမှ ရာသီချိန်လုပ်သားများ ပေးပို့နိုင်ရေး USDP ပါတီက တောင်းဆိုခြင်း ဖြစ်သည်။

လုပ်သားစေလွှတ်မည့် ချန်းခိုင်ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် တရားဝင် ကုမ္ပဏီမှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ကုမ္ပဏီ၏ ဒါရိုက်တာများနှင့် မည့်သည့်လုပ်ငန်းများ လုပ်ကိုင်သည်ကို ရှာဖွေ၍ မရသောကြောင့် တရားဝင် ကုမ္ပဏီဟုတ် မဟုတ်ကိုမူ အတည်ပြုနိုင်ခြင်း မရှိပေ။

တောင်ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သားခေါ်ယူမှု စည်းမျဉ်းစည်းကမ်းများအရ သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ အုပ်ချုပ် ရေးအဖွဲ့များက တိုက်ရိုက်ခွင့်ပြုချက် ချထားပေးနိုင်ပြီး လုပ်သားစေလွှတ်လိုသော အခြားနိုင်ငံများမှအဖွဲ့အစည်း၊ အသင်း အဖွဲ့များအနေဖြင့်လည်း ပြည်ပလုပ်သားစေလွှတ်နိုင်သော လုပ်ငန်းလိုင်စင် တင်ပြစရာ မလိုပေ။

ထိုအခြေအနေကို အသုံးချ၍ ကြံ့ခိုင်ရေးပါတီ၊ စစ်မှုထမ်းဟောင်းအဖွဲ့ နှင့် အာဏာသိမ်းစစ်တပ်ကို ထောက်ခံသော အဖွဲ့အစည်းတချို့က မြန်မာနိုင်ငံဆိုင်ရာကိုရီးယားအသင်း (Korea Association in Myanmar) ကဲ့သို့သော တောင်ကိုရီးယားအသင်းအဖွဲ့များအပါအဝင် ကိုရီးယားဘာသာစကား သင် တန်းကျောင်းတချို့ နှင့် ချိတ်ဆက်ကာ လူမှုကွန်ရက်ပေါ်တွင်သာမက မြေပြင်၌ပါ ကျယ်ကျယ်ပြန့်ပြန့် ကြေညာကာ ရာသီချိန်လုပ်သားစေလွှတ်ရန် စီစဉ်ကြ ခြင်းဖြစ်သည်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းရှင်တဦးက “ ကျမတို့ နိုင်ငံရဲ့ ဥပဒေက ပြည်ပကို လုပ်သားစေလွှတ်မယ် ဆိုရင် အေဂျင်စီလိုင်စင်ရှိမှ ရမယ်။ လိုင်စင်မရှိဘဲ စေလွှတ်ရင် တရားမဝင် လူကုန်ကူးမှုပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် သင်တန်းပေးနေပုံ/Seasonal Workers Training and Care Center

ပြည်ပလုပ်သားစေလွှတ်မှုများကို အလုပ်သမားဝန်ကြီးဌာနလက်အောက်မှ ခွင့်ပြုချက်ဖြင့် စေလွှတ်မှသာ မိမိလုပ်သားများ အတွက် ဥပဒေချိုးဖောက်မှု တစုံတရာ ဖြစ်ပေါ်လာပါက အကာအကွယ် ပေးနိုင်မည်ဖြစ်သလို တာဝန်ယူမှု၊ တာဝန်ခံမှု ပိုရှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် ပါတီအနေနှင့်သာမက စစ်ဘက်ဆိုင်ရာအရာရှိဟောင်း ကြံ့ခိုင်ရေးပါတီ၏ ခေါင်းဆောင်များနှင့် လက်ရှိ တိုင်း နှင့် ပြည်နယ် အစိုးရအကြီးအကဲများဖြစ်သူ စစ်တပ်အရာရှိများကြား ထိုကိစ္စကို နားလည်မှုယူကာ မြန်မာနိုင်ငံမှ တိုင်းနှင့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ နှင့် တောင်ကိုရီးယားနိုင်ငံမှ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ကြား သဘောတူညီချက်များချုပ်ဆိုပြီး ရာသီချိန်လုပ်သားစေလွှတ်နိုင်ရန် လုပ်ဆောင်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌လည်း ကြံ့ခိုင်ရေးပါတီသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားအသင်း (Korea Association in Myanmar) တို့နှင့် ပူးပေါင်းကာ ရာသီချိန်လုပ်သား (၁,၀၀၀) ကျော် စေလွှတ်သွားရန်စီစဉ်နေသော စာရွက်စာတမ်းများ ဆိုရှယ်မီဒီယာများသို့ ပြန်နှံ့လာပြီး တရားဝင်ခွင့်ပြုချက် မရှိသေးဘဲ တရားမဝင် လုပ်သား စုဆောင်းခြင်းနှင့် ကြိုတင်ငွေကြေး ကောက်ခံမှုများကြောင့် ဝေဖန်မှုများ ခံခဲ့ရသည်။

ယင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးကလည်း မြန်မာနိုင်ငံမှ ရာသီချိန် အလုပ်သမားများ စေလွှတ် ခြင်းနှင့် ပတ်သက်သည့် အချက်အလက် စာရွက်စာတမ်းများ အင်တာနက်ပေါ်တွင် ဖြန့်ဝေနေကြောင်း တွေ့ရှိခဲ့ပြီး ထို စာရွက် စာတမ်းများသည် ကိုရီးယားအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံ သံရုံးတို့နှင့် သက်ဆိုင်မှု မရှိပါ ကြောင်းနှင့် ကိုရီးယားအစိုးရမှ မြန်မာနိုင်ငံရှိ ရာသီချိန် အလုပ်သမားများနှင့် ပတ်သက်၍ မည်သည့် ကြေညာချက်ကိုမျှ ထုတ်ပြန် ကြေညာထားခြင်း မရှိကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၂၅ ရက်နေ့တွင် ကြံ့ခိုင်ရေးပါတီနှင့် ရာသီချိန်လုပ်သားစေလွှတ်ရေးအတွက် ပူးပေါင်း လုပ် ဆောင်မည့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားအသင်း (Korea Association in Myanmar) က ကိုရီးယား-မြန်မာ အကျိူး အမြတ်ရရှိစေသော ရာသီချိန်လုပ်သား ခေါ်ဆောင်သည့်လုပ်ငန်းကို လုံး၀ ဖျက်သိမ်းလိုက်ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာမှတဆင့် ကြေညာခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယားနိုင်ငံသို့ ရာသီချိန်စေလွှတ်နိုင်ရေးအတွက်ဟုဆိုကာ သင်တန်းသားများ လိမ်လည် ခေါ်ယူမှု များသည် မြေပြင်(offline) နှင့် အွန်လိုင်း(ဝnline) ပေါ်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကြော်ငြာ နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေး လာခြင်းဖြစ်သည်။

တောင်ကိုရီးယားသို့ ရာသီချိန်လုပ်သားစေလွှတ်ရန် သင်တန်းပေးနေပုံ/Seasonal Workers Training and Care Center

တောင်ကိုရီးယားနိုင်ငံက ရာသီချိန်လုပ်သားခေါ်ယူရေးနှင့် ပတ်သက်ပြီး စပ်လျဉ်းသော မည်သည့် ညွှန်ကြားချက်နှင့် ရပ်တည်ချက်ကိုမျှ ကြေညာထုတ်ပြန်ထားခြင်းမျိုး မရှိကြောင်း ထိုကြေညာချက်က ဆိုသည်။

တောင်ကိုရီးယားနိုင်ငံ၏ ရာသီချိန်လုပ်သား ခေါ်ယူမှုသည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက ဖြစ်ပြီး စာချုပ် သက် တမ်းမှာ အချိန် ၈ လဝန်းကျင်သာဖြစ်သည်။ လုပ်အားခအဖြစ် အနိမ့်ဆုံး ၁ နာရီ ဝမ် ၉,၆၀၀ ၊ ၁ ရက် ၈ နာရီ နှင့် တလလျှင် ပျမ်းမျှ ကျပ် သိန်း ၃၀ မှ ၄၀ နီးပါး ရနိုင်ကာ ပညာအရည်အချင်း ကန့်သတ်ချက်မရှိသလို အမျိုးသားရော အမျိုးသမီးပါ သွားရောက် လုပ်ကိုင်နိုင်သော အားသာချက်များရှိကြောင်း သိရသည်။

ရာသီချိန်လုပ်သားစေလွှတ်မှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီထံ လာရောက်လျှောက်ထားသူများကို ပါတီဝင်အဖြစ် မှတ်ပုံတင်ခိုင်းခြင်းနှင့် ဝန်ဆောင်ခအနေဖြင့် လူတဦးလျှင် ကျပ် ၁၅ သိန်းမှ သိန်း ၃၀ ဝန်းကျင်အထိ ကြိုတင်ငွေ ပေးသွင်းခိုင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ စာရင်းသွင်းသူဦးရေမှာ ထောင်ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အေဂျင်စီလုပ်ငန်းရှင်တဦးက “ နှစ်နိုင်ငံ MoU တွေ ထိုးပြီး ခိုင်ခိုင်မာမာဖြစ်ပြီဆိုမှ အေဂျင်စီတွေက လုပ်သား စုဆောင်းခွင့်ရှိတာ။ အခုလုပ်နေတဲ့အဖွဲ့တွေက ဘယ်လိုလုပ်နေကြလဲ မသိဘူး။ ကိုရီးယားဘာသာကို သင်တာ ပြဿနာမရှိဘူး။ အခုဟာက လုပ်သားတွေကို ငွေတွေ ကြိုကောက်ခံတာမျိုးက လုပ်လို့မရဘူး ” ဟု ဆိုသည်။

လတ်တလောတွင် လုပ်သားများထံမှ ငွေကြေး ကြိုတင်ကောက်ခံခြင်းနှင့် တရားမဝင် လုပ်သား စုဆောင်းပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကိစ္စရပ်များ ကျယ်ပြန့်လာခြင်းကြောင့် မြန်မာနိုင်ငံမှ ရာသီချိန် လုပ်သားခေါ်ယူမှုကို ၂ နိုင်ငံ အလုပ်သမားဝန်ကြီးဌာနများကြား သဘောတူစာချုပ် ချုပ် ဆိုပြီးမှသာ ခေါ်ယူမည်ဆိုသော မူဝါဒတချို့ ပြောင်းလဲလိုက်ကြောင်း ပြည်ပသို့ အလုပ်သမားစေလွှတ်သောအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ၏ အလုပ်သမားရေးရာကော်မတီ တာဝန်ခံ ဦးမောင်မြင့် (မင်းကင်း) နှင့် နေပြည်တော်ရုံးချုပ်မှ တာဝန်ရှိသူတဦးဖြစ်သူ ဦးဖိုးသိန်းတို့ကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် မသိရှိကြောင်းနှင့် တစုံတရာ တုံ့ပြန် ပြောကြားလိုခြင်း မရှိသေးကြောင်း ဖြေဆိုကြသည်။

ဦးမောင်မြင့် (မင်းကင်း) က “ကျနော်အနေနဲ့ ဒီကိစ္စကို ဘာမှမသိပါဘူး၊ ကိုင်လည်း မကိုင်တွယ်ပါဘူး။ ဦးလှဆွေကိုပဲ တိုက်ရိုက် မေးလိုက်ပါ။ ကျနော်တော့ မသိပါဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
192
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
147
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

ထို့အတူ ဦးဖိုးသိန်းကလည်း “ ကျနော်တို့ ဒီကိစ္စကို ခွင့်ပြုချက် မရသေးတော့ ဘာမှဖြေကြားလို့မရသေးပါဘူး ” ဟု ဆိုသည်။

မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) နှင့် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာ့အလုပ်သမားအရေးဆောင်ရွက်သူများ၏ အဆိုအရ တောင်ကိုရီးယားနိုင်ငံဘက်မှ ရာသီချိန်လုပ်သား ခေါ်ယူမှုတွင် မြန်မာနိုင်ငံမှ မည့်သည့်အသင်းအဖွဲ့အေဂျင်စီကိုမှ လက်ရှိအချိန်အထိ လက်ခံ ခွင့်ပြုပေးထားခြင်း မရှိသေးကြောင်း သိရသည်။

MOEAF အနေဖြင့် ရာသီချိန်လုပ်သား တရားဝင်စေလွှတ်နိုင်ရေးအတွက် တောင်ကိုရီးယား အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ကြား လာမည့်နှစ်အတွင်း ၂ နိုင်ငံ နားလည်မှု စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစား လုပ်ဆောင်လျက်ရှိသည်။

ဦးလှဆွေ၏ ကိုရီးယားနိုင်ငံဘက်သို့ ရာသီချိန်လုပ်သား စေလွှတ်နိုင်ရေး တောင်းဆိုစာ

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာ့အလုပ်သမားအရေးဆောင်ရွက်သူတဦးက “ကျနော်တို့ စုံစမ်းထားချက်အရ ကိုရီးယားရဲ့ ဘယ်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ကမှ ရာသီချိန်လုပ်သားခေါ်ယူဖို့ သဘောတူညီထားတာ မရှိဘူး။ လာဆွေးနွေးတာတွေ တော့ ရှိတာပေါ့။ မြန်မာပြည်ထဲမှာသာ အဲဒါကြီးကို ရှိပါတယ်၊ ခွင့်ပြုပြီဆိုပြီး လုပ်နေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ လုပ်သားခေါ်ယူမှုကို ကျွမ်းကျင်လုပ် သား E-7 နှင့် EPS-TOPIK စာမေးပွဲဖြေဆိုအောင်မြင်သူများကိုသာ နှစ်နိုင်ငံ အလုပ်သမားဝန် ကြီးဌာနများ၏ သဘောတူညီချက်များဖြင့် လုပ်ဆောင်နေခြင်းရှိကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “အခုလိုတွေ ပြောနေရတာက နည်းနည်းတော့ အန္တရာယ်ကြီးတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒါမဟုတ်ပါဘူးလို့ ပြောပေမယ့် လူတွေက ကိုရီးယားကို အရမ်းသွားချင်ကြတာကို၊ ကျနော်တို့က သူတို့ရဲ့ အခွင့်အရေးကို ဖျက်လိုဖျက်ဆီးပြောတယ်ဆိုပြီး ထင်ကြတာပေါ့။ ဒါပေမယ့် ကျနော်တို့တွေ ဒီကိစ္စကို ပြောနေရတာက ကိုယ့်နိုင်ငံသားတွေ အလိမ်မခံရအောင်၊ ငွေကြေး ဆုံးရှုံးမှု မဖြစ်အောင် ပြောနေကြတာ” ဟု ပြောဆိုသည်။

လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားများစေလွှတ်ရန် အေဂျင်စီလုပ်ငန်း လိုင်စင်မရှိဘဲ အသင်း အဖွဲ့တချို့က လုပ်ဆောင်နေသည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနဘက်ကို တင်ပြ တိုင်ကြားလာခြင်း မရှိသေးကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ပြောသည်။

၎င်းက ဆက်လက်၍ “ လုပ်သားစေလွှတ်မယ်ဆိုရင် ပြည်ပအလုပ်အကိုင်ဥပဒေအရ လုပ်ငန်းလိုင်စင် ရှိရပါမယ်။ လုပ်ငန်း လိုင်စင် မရှိတဲ့ ဘယ်အဖွဲ့အစည်းမဆို လုပ်သားစေလွှတ်ခွင့် မရှိပါဘူး။ လောလောဆယ်မှာ ရာသီချိန်လုပ်သားနဲ့ ပတ်သက် ပြီး ကျနော်တို့ ဘယ်အဖွဲ့အစည်းကိုမှ ခွင့်ပြုပေးထားတာ မရှိဘူး။ ဒါပေမယ့် လုပ်သားစေလွှတ်ဖို့ လာလျှောက်ထားတဲ့ အေဂျင်စီ ၁၁ ခုရှိတယ်” ဟု ဆိုသည်။

ဧရာဝတီသတင်းဌာန၏စုံစမ်းချက်အရ အဆိုပါ အေဂျင်စီ ၁၁ ခုကို တရားဝင်ခွင့်ပြုလိုက်ပြီ ဖြစ်သော်လည်း ကြံ့ခိုင်ရေး ပါတီနှင့် ဆက်နွယ်သော ကုမ္ပဏီပါဝင်ခြင်း မရှိပေ။

ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ ပုဒ်မ ၂၆ အရ မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ထောင်ဒဏ် ၇ နှစ် ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

လက်ရှိတွင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ကြံ့ခိုင်ရေးပါတီအနေဖြင့် နိုင်ငံတွင် တရားဝင် သတ်မှတ်ထား သော ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေအား ကျော်လွန်လုပ်ဆောင်မှုများသည် အာဏာသိမ်းစစ်တပ်၏ ကျောထောက်နောက်ခံပါတီ ဖြစ်နေခြင်းကြောင့် အခွင့်ထူးခံလုပ်ဆောင်နေခြင်းသာ ဖြစ်နေသည်။

ပြည်ပတွင် MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများရရှိသည့် လစာဝင်ငွေထဲမှ ၂၅ ရာခိုင် နှုန်းကို မိသားစုဝင်များထံ လစဉ် သို့မဟုတ် ၃ လစာပေါင်း၍ ၃ လတကြိမ် တရားဝင်လမ်းကြောင်းမှ လွှဲပို့ရမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ပြည်ပသို့ အလုပ်ထွက်လုပ်ခွင့် ၃ နှစ် ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

You may also like these stories:

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

စီးပွားရေးကျပ်တည်းနေချိန် အခွန်တိုးကောက်ရန် စစ်ကောင်စီ ကြိုးပမ်း

စစ်ကောင်စီနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ် ဦးခင်ရီပြော

စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

Your Thoughts …
Tags: ကိုရီးယားကြံ့ခိုင်ရေးပါတီချန်းခိုင်ကုမ္ပဏီရာသီချိန်လုပ်သားဦးလှဆွေ
အောင်ခမ်း

အောင်ခမ်း

Similar Picks:

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

by ဧရာဝတီ
3 August 2023
28.1k

ထို့ပြင် အနားပေးခံရသည့် ၆၆ ဦးထဲတွင် NLD အစိုးရလက်ထက်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများလည်း ပါဝင်သည်

ပြည်သူ့ပါဝါ ထပ်မံအောင်ပွဲခံသည့် ကိုရီးယား

by ဝင်းပေါ်မောင်
21 December 2024
8.7k

ထိုညက လွှတ်တော်တွင်း ပုံရိပ်များသည် အမည်ဆိုး တင်ကျန်ခဲ့သော်လည်း စစ်တပ်သည်ပင် စစ်အုပ်ချုပ်ရေးကို လိုလားဟန် မပြခဲ့ပေ။ နှစ်ပေါင်းလေးဆယ်ခန့် ဒီမိုကရေစီကို စောင့်ရှောက်သော စစ်တပ်အဖြစ် တည်ရှိခဲ့သော ၎င်း၏ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းရန်သာ လိုလားပုံရသည်။

စစ်ဗိုလ်လူထွက်များ ရေးသားခဲ့သည့် သမိုင်းကို ပုံဖျက်သော စာအုပ်များ

စစ်ဗိုလ်လူထွက်များ ရေးသည့် သမိုင်းကို ပုံဖျက်ထားသော စာအုပ်များ

by ဧရာဝတီ
24 June 2022
16.4k

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်မှာလည်း ဒီလိုစာအုပ်တွေ ဆက်လက် ထွက်ရှိနေသလို ဦးသိန်းစိန်အစိုးရလက်ထက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွေမှာလည်း ထွက်ရှိခဲ့တာ တွေ့ရပါတယ်။

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

၂၀၂၅ ရွေးကောက်ပွဲ၌ ပါတီအချို့ လက်နက်ကိုင်၍ လုံခြုံရေးယူမည်

by ဧရာဝတီ
14 December 2024
4.3k

ရွေးကောက်ပွဲ လုံခြုံရေးအတွက် ပြည်သူ့စစ်မှုထမ်း အင်အား၁ သောင်းကိုလည်း အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ထိုအထဲမှ စစ်သင်တန်းဆင်း ၇ ထောင်ကို ကျဉ်စက်နှင့် ရာဘာတုတ်ကဲ့သို့ လုံခြုံရေး လက်နက်များ ကိုင်ဆောင်ခိုင်းမည် ဖြစ်ပြီး ကျန် ၃ ထောင်အား...

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

ဒုဗိုလ်ချုပ်ကြီး သက်ပုံ စစ်ကိုင်းတိုင်းက ဝင်ပြိုင်မည်

by ဧရာဝတီ
12 October 2025
3.6k

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သက်ပုံ သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းအနေဖြင့် စစ်ကိုင်းမြို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကာ

ငါးထောင်စားတွေ ကြံ့ဖွံ့ပါတီ ပွဲထုတ်လာပြန်

ငါးထောင်စားတွေ ကြံ့ဖွံ့ပါတီ ပွဲထုတ်လာပြန်

by ဧရာဝတီ
6 August 2025
3.3k

ရွေးကောက်ပွဲနီးလာချိန်မှာ မိတ်ဆွေများလို့ ခေါင်းစဉ်တပ်ပြီး အနုပညာရှင်တွေ၊ မိတ်ဖက်နိုင်ငံရေးပါတီတွေနဲ့ ဆက်တိုက်တွေ့ဆုံမှုတွေလုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီတယောက် ငါးထောင်စားလို့ လူအများခေါ်ကြတဲ့ အမျိုးသားရေးအမည်ခံ လူတစုကိုလည်း ပြန်လည်ပွဲထုတ်လာခဲ့ပါတယ်။

Next Post
မတ္တရာ NLD လွှတ်တော်အမတ်၏ ဖခင် စစ်ကြောရေး ပို့ခံရ

မတ္တရာ NLD လွှတ်တော်အမတ်၏ ဖခင် စစ်ကြောရေး ပို့ခံရ

မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား

မြန်မာ့ပြည်တွင်းရေး တရုတ်က ဝင်မစွက်ဘူးတဲ့လား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved