• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

by ဧရာဝတီ
8 October 2022
in ဆောင်းပါး
A A
ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်

11k
VIEWS
Share on FacebookShare on Twitter

ပါတီတွင်း အားပြိုင်မှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့တတိယအကြိမ် ညီလာခံ အပြီးမှာတော့ လဝက ဝန်ကြီးဟောင်း၊ ရဲချုပ်ဟောင်း ဦးခင်ရီဟာ မူလကတည်းက ရေပန်းစားနေသလို ပါတီဥက္ကဌသစ် ဖြစ်လာခဲ့ပါတယ်။

ဦးခင်ရီ ပါတီဥက္ကဌသစ် ဖြစ်လာတာရဲ့နောက်ကွယ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စွက်ဖက်ချယ်လှယ်မှုတွေနဲ့အတူ မိုးကျရွှေကိုယ် စစ်တပ်အငြိမ်းစား အရာရှိတွေက ပါတီရဲ့အရေးပါတဲ့ ခေါင်းဆောင်နေရာတွေမှာ နေရာ ဝင်ယူမယ့် သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဦးခင်ရီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ဆိပ်ကြီး-ခနောင်တိုမြို့နယ် ပြည်သူလွှတ် တော်ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက ဦးတင်ထွန်းနိုင်ကို ရှုံးနိမ့်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အခါမှာ တော့ စစ်ကောင်စီ၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

သို့သော် ပြီးခဲ့တဲ့ ဩဂုတ်လမှာပဲ စစ်ကောင်စီ ဝန်ကြီးနေရာက အနားယူလာခဲ့ပြီး ကြံ့ခိုင်ရေးပါတီကို ယာယီ ဥက္ကဌအဖြစ် ရုံးတက်ကာ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဦးသန်းဌေး ဥက္ကဌ ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။

ဦးခင်ရီဟာ ဦးသန်းဌေးထက် ပိုပြီး ပါးနပ်တာ၊ ကောက်ကျစ်တာ၊ လုပ်ရဲကိုင်ရဲ ရှိတယ်ဆိုတဲ့ အားသာချက်၊ အားနည်းချက် တွေနဲ့အတူ ပါတီကို ပြန်လည် စည်းရုံးပြီး ရွေးကောက်ပွဲ အနိုင်ရရှိရေး လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်။

ဦးခင်ရီဟာ ဦးသန်းဌေးထက် ပိုပြီး ပါးနပ်တာ၊ ကောက်ကျစ်တာ၊ လုပ်ရဲကိုင်ရဲ ရှိတယ်ဆိုတဲ့ အားသာချက်၊ အားနည်းချက် တွေနဲ့အတူ ပါတီကို ပြန်လည် စည်းရုံးပြီး ရွေးကောက်ပွဲ အနိုင်ရရှိရေး လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်။

ဦးခင်ရီဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့စေခိုင်းချက်အရ ပါတီဥက္ကဌဖြစ်လာတယ်လို့ သုံးသပ်သူတွေရှိသလို တဖက်မှာလည်း ဦးခင်ရီဟာ အလွန်လာဘ်စားသူဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုတွေကြောင့် ရာထူးက ဖယ်ရှားခံရတာဖြစ်တယ်လို့ ပြောဆိုသုံးသပ်သူတွေလည်း ရှိနေပါတယ်။

ရဲတပ်ဖွဲ့ အငြိမ်းစားရဲမှူးကြီးတဦးကတော့ ဦးခင်ရီနဲ့ ပတ်သက်ပြီး “သူက အနံ့မကောင်းဘူး” လို့ ခပ်ပြတ်ပြတ်ပဲ ပြောပါ တယ်။ တကယ်လည်း ဦးခင်ရီဟာ လာဘ်အလွန်စားသူတစ်ဦး ဖြစ်ပြီး ရဲချုပ်ဘဝ၊ လဝက ဝန်ကြီးဘဝတွေမှာ အတောင်းကြမ်းသူ ဖြစ်တာကြောင့် အခု တော်တော်လေး ချမ်းသာနေပြီလည်း ဖြစ်ပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးခင်ရီဟာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီးတဲ့နောက် ၁၉၇၂ ခုနှစ်မှာ ပြင်ဦးလွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၁၇ ကိုတက်ရောက်ခဲ့ပါတယ်။

စစ်တပ်မှာ ဒုဗိုလ်အဆင့်နဲ့ ပုသိမ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ ၃၈)မှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(စစ်တွေ)မှာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရာထူး၊ စစ်ဆင်ရေး ကွပ်ကွဲရေးမှူး ဗိုလ်မှူးချုပ်ရာထူးတွေ အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။

ဦးခင်ရီဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်နည်းတူ မုန်းတီးသူတဦး ဖြစ်ပြီး နောက်ကွယ်မှာ ပုတ်ခတ်စော်ကားပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။

“သမ္မတဦးဝင်းမြင့်ကို သူက ဆယ်အိမ်ခေါင်းက သမ္မတဖြစ်နေတော့ တိုင်းပြည်က ဒီလိုဖြစ်နေတာပေါ့။ သမ္မတကို အဲ့ ကောင်လို့ကို သုံးပြီး ပြောတာ”လို့ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

“ဒီမိုကရေစီနဲ့ ပတ်သက်ရင် ဦးသန်းဌေးကမှ အထာရှိသေးတယ်၊ ဦးခင်ရီက လုံးဝလေးစားမှုကို မရှိဘူး။ သူလုပ်ခဲ့တဲ့ ဌာနတွေလည်း ကြည့်ဦး၊ အဂတိလိုက်စားမှုနဲ့ နာမည်အပျက်ဆုံးဌာနတွေ”

၎င်းက ဆက်လက်ပြီး “ဒီမိုကရေစီနဲ့ ပတ်သက်ရင် ဦးသန်းဌေးကမှ အထာရှိသေးတယ်၊ ဦးခင်ရီက လုံးဝလေးစားမှုကို မရှိဘူး။ သူလုပ်ခဲ့တဲ့ ဌာနတွေလည်း ကြည့်ဦး၊ အဂတိလိုက်စားမှုနဲ့ နာမည်အပျက်ဆုံးဌာနတွေ”လို့လည်း ဝေဖန်ခဲ့ပါတယ်။

စစ်တပ်မှာ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ယူခဲ့တဲ့ ဦးခင်ရီဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေလက်အောက်မှာ ရဲချုပ်ရာထူးနဲ့ ပြည်ထဲရေး ဒုဝန်ကြီးရာထူး ခန့်အပ်ခံခဲ့ရသလို စစ်တပ်က အသွင်ထားတဲ့ ကြံ့ခိုင်ရေးပါတီ အစိုးရခေတ်မှာလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန(လ.ဝ.က)ရဲ့ဝန်ကြီးဖြစ်လာခဲ့ပါတယ်။

ဦးခင်ရီတာဝန်ယူခဲ့တဲ့ ရဲဌာနရော၊ လ.ဝ.က ရောဟာ လာဘ်ပေးလာဘ်ယူအများဆုံးသော အစိုးရဌာနတွေဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့တဲ့ ကာလတွေမှာလည်း လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဖြစ်တဲ့ ဦးခင်ရီဟာ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အထူးသဖြင့် ဒေသတွင်းနေထိုင်တဲ့သူတွေဟာ နိုင်ငံသားဖြစ်မှုနဲ့သက်ဆိုင်တဲ့ အချက်အလက်ဖြည့်သွင်းတာတွေမှာ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုတဲ့ ရိုဟင်ဂျာအမည်နာမကို ထည့်သွင်းခွင့်မရဘဲ ဘင်္ဂလီဟုသာ ဖြည့်သွင်းခဲ့ကြရပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေဟာ ကလေးနှစ်ဦးသာ မွေးဖွားခွင့်ရှိတယ်ဆိုတဲ့ ဖိနှိပ်ကန့်သတ်မှုကိုလည်း ဦးခင်ရီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရဲချုပ်ဘဝမှာလည်း ဦးခင်ရီအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်ရိုက်နှက်ဖိနှိပ်ခဲ့ကြတဲ့ “စွမ်းအားရှင်”အဖွဲ့တွေကို ဖန်တီးခဲ့ပြီး အကြမ်းဖက်မှု ကျူးလွန်တာတွေမှာ အသုံးချခဲ့ပါတယ်။

ထင်ရှားတဲ့ အကြမ်းဖက်မှုတွေအနေနဲ့ ၂၀၀၃ ခုနှစ်က ဒီပဲယင်းမြို့နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃအရေးအခင်းတွေမှာ စွမ်းအားရှင်လို့ခေါ်တဲ့ အရပ်သား လက်နက်ကိုင်အကြမ်းဖက်သူတွေဟာ လူသတ်မှုတွေအထိ ကျူးလွန်ခဲ့ကြပါတယ်။

စွမ်းအားရှင်တွေကို စခန်းသွင်းလေ့ကျင့်ပေးတဲ့အပြင် တခါတရံ လက်နက်ကိုင်ဆောင်စေခဲ့ကြောင်း ရဲချုပ်ခင်ရီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားကို ပြောကြားခဲ့တယ်

၂၀၀၉ ခုနှစ်က ပေါက်ကြားခဲ့တဲ့ ရန်ကုန်ရှိ အမေရိကန်သံရုံးရဲ့လျှို့ဝှက်ကြေးနန်းတစောင်မှာလည်း စစ်အစိုးရ လက်ထက်မှာ စွမ်းအားရှင်တွေကို စခန်းသွင်းလေ့ကျင့်ပေးတဲ့အပြင် တခါတရံ လက်နက်ကိုင်ဆောင်စေခဲ့ကြောင်း ရဲချုပ်ခင်ရီက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားကို ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာလည်း ဦးခင်ရီဟာ တကြော့ပြန်အနေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အခြေခံ လူတန်းစား အချို့ကို စုရုံးပြီး အစိုးရ ဆန့်ကျင်ရေးနဲ့ တပ်မတော်ထောက်ခံပွဲတွေကို ဦးဆောင်ဖန်တီးခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းရဲ့ စာအုပ်မှာ အတိအကျဖော်ပြရေးသားခဲ့ပြီး ဦးခင်ရီအနေနဲ့ ရမ်းကား ရိုင်းစိုင်းတဲ့ တပ်ထောက်ခံပွဲတွေကို ရန်ကုန်မြို့မှ စစ်တပ်အာဏာမသိမ်းခင်က ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ၊ စုစုပေါင်း ၂၂ ပွဲကို ကြိုးကိုင်စီစဉ်ခဲ့တယ်လို့ ပြောပြထားပါတယ်။

ဦးခင်ရီစီစဉ်တဲ့ စစ်တပ်ထောက်ခံသူ ဆန္ဒပြလူစုဟာ တုတ်၊ ဓားလက်နက်တွေကိုင်ဆောင်ကြသလို့ ရန်ကုန်မြို့လယ် လူမြင်ကွင်းမှာပင် ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြတာကိုလည်း လူထုက မျက်မြင်တွေ့ခဲ့ရပါတယ်။

ဒီလိုလှုံ့ဆော်မှုနဲ့ ပတ်သက်လို့လည်း ဦးခင်ရီက“လူဘယ်နှစ်ယောက်ကို လမ်းပေါ်ခေါ်ထုတ်ပေးမရလဲ၊ ကြိုက်သလောက် ခေါ်ထုတ်လို့ ရတယ်”လို့ ဝင့်ကြွားပြောဆိုခဲ့ဖူးပါတယ်။

ဦးခင်ရီအနေနဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဖြစ်လာတဲ့အပေါ်မှာ အမျိုးသားရေးလို့ အမည်ခံထားတဲ့ အစွန်း ရောက် မဘသတွေ၊ မျိုးချစ်ဆိုသူတွေဟာ အောင်ပွဲခံခဲ့ကြသလို ကြံ့ခိုင်ရေးပါတီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေကနေလည်း “ခြင်္သေ့တွေ ဟိန်းချိန်တန်ပြီ”လို့ ဟစ်ကြွေးနေကြပါတယ်။

လက်ရှိမှာလည်း ဦးခင်ရီအနေနဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဖြစ်လာတဲ့အပေါ်မှာ အမျိုးသားရေးလို့ အမည်ခံထားတဲ့ အစွန်း ရောက် မဘသတွေ၊ မျိုးချစ်ဆိုသူတွေဟာ အောင်ပွဲခံခဲ့ကြသလို ကြံ့ခိုင်ရေးပါတီရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေကနေလည်း “ခြင်္သေ့တွေ ဟိန်းချိန်တန်ပြီ”လို့ ဟစ်ကြွေးနေကြပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
493
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
803

ဒီအတွက် ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ကြံ့ခိုင်ရေးပါတီဟာ အကြမ်းဖက်လုပ်ရပ်တွေ ပိုပြီး ဗြောင်ကျကျ ပါဝင်ပတ်သက်ဖွယ် ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့က ပြောပါတယ်။

ဒီလိုလုပ်ရပ်တွေကပဲ ကြံ့ခိုင်ရေးပါတီကို လုံးဝပြိုကွဲသွားစေလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အငြိမ်းစား အရာရှိတဦးက သုံးသပ်ပါတယ်။

၎င်းက“ဦးသန်းဌေးလက်ထက်မှာ USDP က သူ့ရဲ့ ယှဉ်ပြိုင်ဘက် NLD ရဲ့ အလဲထိုးတာခံခဲ့ရတယ်။ ပါတီကြီးတခုအနေနဲ့ ပရမ်းပတာလုပ်ရပ်တွေ တော်တော်များများ လုပ်ခဲ့တာကိုတွေ့ရတယ်။ ဥပမာ မဘသတွေ၊ မျိုးချစ်တွေကို မြောက်ပေးပြီး တော့မှ လုပ်ပွဲတွေ အများကြီးဖန်တီးခဲ့တာပေါ့။ အဲဒါတွေက သမိုင်းမှာ အရုပ်ဆိုးစေခဲ့တယ်။ ခိုင်ခိုင်မာမာ ပါတီကြီးတခု အဖြစ်ကနေ လျော့လျော့ရဲရဲ ပါတီတခု ဖြစ်သွားတယ်။ ဦးခင်ရီခေတ်မှာတော့ လုံးဝ မျိုးတုန်းပျောက်ကွယ်သွားမယ့် ပါတီ တခု ဖြစ်သွားလိမ့်မယ်လို့ မြင်ပါတယ်။ စစ်တပ်ရဲ့မိတ်ဖက်ဖြစ်သလို အဓိကထောက်တိုင်ဖြစ်နေတဲ့အတွက် လက်ရှိ တော်လှန်ရေးထဲမှာကိုပဲ တစစီပြိုကွဲသွားပြီးတော့ ပျောက်ကွယ်သွားလိမ့်မယ်လို့ပဲ မြင်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဦးခင်ရီအနေနဲ့ အဖွဲ့အစည်းတခုတွင် ခေါင်းဆောင်ဆိုသည်ထက် နောက်လိုက်ကောင်းအနေနဲ့ ပေးတဲ့ အမိန့်တာ ဝန်ကို ကျေပွန်အောင် လုပ်အောင်နိုင်သည့် အဆင့်သာရှိတယ်လို့လည်း ၎င်းက ဝေဖန်ပါတယ်။

“သူက ခေါင်းဆောင်ဆိုတာထက် အစေခံ၊ အမှုထမ်းအလုပ်ကို သစ္စာရှိရှိလုပ်တတ်တဲ့ သဘောရှိတယ်။ အင်မတန်တန်ခိုးထွားခဲ့တဲ့ ဦးခင်ညွှန့်ကို ရဲရဲဝင့်ဝင့် သွားရောက်ဖမ်းဆီးထိန်းချုပ်တာမျိုးတွေ လုပ်ခဲ့တယ်။ သူက ပေးတဲ့အမိန့်၊ အလုပ်ကို သစ္စာရှိရှိ စွမ်းစွမ်းတမံလုပ်တတ်တဲ့ သဘာဝပဲရှိတော့ အခုလည်းပဲ ဒီပုံစံပဲ ရှိပါလိမ့်မယ်။ ခိုင်းတဲ့အမိန့်အတိုင်း လုပ်ဖို့က လွဲလို့ ထူးထူးခြားခြားဖြစ်လာဖို့တော့ မရှိပါဘူး”

“သူက ခေါင်းဆောင်ဆိုတာထက် အစေခံ၊ အမှုထမ်းအလုပ်ကို သစ္စာရှိရှိလုပ်တတ်တဲ့ သဘောရှိတယ်။ အင်မတန်တန်ခိုးထွားခဲ့တဲ့ ဦးခင်ညွှန့်ကို ရဲရဲဝင့်ဝင့် သွားရောက်ဖမ်းဆီးထိန်းချုပ်တာမျိုးတွေ လုပ်ခဲ့တယ်။ သူက ပေးတဲ့အမိန့်၊ အလုပ်ကို သစ္စာရှိရှိ စွမ်းစွမ်းတမံလုပ်တတ်တဲ့ သဘာဝပဲရှိတော့ အခုလည်းပဲ ဒီပုံစံပဲ ရှိပါလိမ့်မယ်။ ခိုင်းတဲ့အမိန့်အတိုင်း လုပ်ဖို့က လွဲလို့ ထူးထူးခြားခြားဖြစ်လာဖို့တော့ မရှိပါဘူး”လို့လည်း သုံးသပ်ပါတယ်။

လက်ရှိကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်တဲ့ (မင်းကင်း) ဦးမောင်မြင့်ကတော့ ဦးခင်ရီအနေနဲ့ စစ်ဖက်ရော၊ အရပ်ဖက်ဝန်ကြီးဌာနတွေမှာပါ အတွေ့အကြုံကောင်းတွေရှိတဲ့အတွက် ပါတီဥက္ကဌအနေနဲ့ အကောင်းဆုံး လုပ်နိုင်မယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။

“သူက(ဦးခင်ရီ) တပ်မတော်မှာ တပ်မမှူး၊ ဒကစမှူးလုပ်ခဲ့တာပေါ့။ ပြီးမှ ရဲချုပ်အဖြစ်နဲ့လည်း အကြာကြီး လုပ်ခဲ့တာပေါ့။ သူကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သူ့ရဲ့ခေါင်းဆောင်မှုက တကယ်လို့ သိပ်ပြီးတော့ အမှန်တရားနဲ့ဝေးကွာတယ်လို့ ယုံကြည်တယ်ဆိုရင်တော့ အချက်အလက်နဲ့ ထောက်ပြရမှာပေါ့”လို့ (မင်းကင်း) ဦးမောင်မြင့်က ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။

You may also like these stories:

စစ်ဗိုလ်ချုပ်ကြီးများနှင့် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ

စစ်ကောင်စီနှင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ် ဦးခင်ရီပြော

ခေါင်းဆောင်ပိုင်းရာထူးအချို့ ခန့်အပ်နိုင်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီညီလာခံ ပြီးဆုံး

အာဆီယံကနေ မြန်မာနုတ်ထွက်နိုင်သလား

Your Thoughts …
Tags: ကြံ့ခိုင်ရေး ပါတီရဲချုပ်ဥက္ကဌဦးခင်ရီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

by ဧရာဝတီ
19 July 2023
12.2k

ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

ငါးထောင်စားတွေ ကြံ့ဖွံ့ပါတီ ပွဲထုတ်လာပြန်

ငါးထောင်စားတွေ ကြံ့ဖွံ့ပါတီ ပွဲထုတ်လာပြန်

by ဧရာဝတီ
6 August 2025
3.3k

ရွေးကောက်ပွဲနီးလာချိန်မှာ မိတ်ဆွေများလို့ ခေါင်းစဉ်တပ်ပြီး အနုပညာရှင်တွေ၊ မိတ်ဖက်နိုင်ငံရေးပါတီတွေနဲ့ ဆက်တိုက်တွေ့ဆုံမှုတွေလုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီတယောက် ငါးထောင်စားလို့ လူအများခေါ်ကြတဲ့ အမျိုးသားရေးအမည်ခံ လူတစုကိုလည်း ပြန်လည်ပွဲထုတ်လာခဲ့ပါတယ်။

စစ်တပ်မဲနဲ့ အရွေးခံမယ့် အာဏာရှင်၏ ဒေါက်တိုင် ၃ ဦး

စစ်တပ်မဲနဲ့ အရွေးခံမယ့် အာဏာရှင်၏ ဒေါက်တိုင် ၃ ဦး

by ဧရာဝတီ
29 October 2025
1.4k

ဒုသမ္မတလောင်းတဦးသာ တင်ခွင့်ရှိတဲ့ ပြည်သူ့လွှတ်တော်မှာ လက်ရှိ စစ်ကော်မရှင်ဝန်ကြီးချုပ်ဖြစ်သူ ဦးညိုစော လည်းရှိနေလို့ ဦးခင်ရီရဲ့ အနာဂတ်ဟာ စစ်ခေါင်းဆောင်နဲ့ သူ့အကြား အပေးအယူတွေနဲ့လည်း သက်ဆိုင်နေ ပါတယ်

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ဘာတာဝန်ဆက်ယူမလဲ

by ဧရာဝတီ
4 May 2022
10.5k

ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီး "မူလစစ်ဖက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန်" စစ်ကောင်စီက မေလ ၂ ရက်နေ့တွင် အမိန့်ထုတ်လိုက်သည်။

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

by ဧရာဝတီ
21 February 2023
10.2k

အခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

by ဧရာဝတီ
29 October 2025
291

နေပြည်တော်နှင့် ရန်ကုန်တွင် ပြုလုပ်သည့် USDP မဲဆွယ်ပွဲများတွင် သေးငယ်သော လူအုပ်စု ရောက်ချိန်တွင် အခြားသူများက ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း ပြောသည်။

Next Post
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌသစ် ဦးခင်ရီ

တပတ်အတွင်း သတင်းစုံ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

မြန်မာ့အရေး အာဆီယံတဖွဲ့ထဲကပဲ ဆောင်ရွက်လို့ မရဘူး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved