• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

by ဧရာဝတီ
29 October 2025
in Politics, သတင်း
A A
စစ်အုပ်စု ရွေးကောက်ပွဲအတုအကြို ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲ စတင်

အောက်တိုဘာ ၂၈ ရက် နေပြည်တော် ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲသို့ တက်ရောက်လာသူများ/USDP

291
VIEWS
Share on FacebookShare on Twitter

စစ်တပ်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည်ကို တရားဝင်မှုပေးရန် သိသာသော အားထုတ်မှုအဖြစ် ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချသည့် ရွေးကောက်ပွဲ မတိုင်မီ စစ်အုပ်စု အုပ်ချုပ်သည့် မြန်မာတွင် မဲဆွယ်ပွဲများ စတင်သည်။

စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) က ထိုအခမ်းအနားများကို မြို့တော် နေပြည်တော်နှင့် နိုင်ငံ၏ အကြီးမားဆုံးမြို့ ရန်ကုန် မဲဆွယ်ပွဲ စတင်ခြင်းဖြင့် ကျင်းပသည်။

စောင့်ကြည့်ရေး အဖွဲ့များက အတုအယောင်ဟု ရှုတ်ချပြီး ဥရောပ ကော်မရှင်က လွတ်လပ်တရားမျှတမှုမရှိဟုပြောကာ လေ့လာသူ မစေလွတ်သည့် ထိုရွေးကောက်ပွဲတွင် မဲပေးခြင်းကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

အတိုက်အခံပါတီများ ဖျက်သိမ်းခံရ

RelatedPosts

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
226
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
25
ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

10 January 2026
33

အာဏာသိမ်း မြန်မာစစ်အုပ်စုက ထိုရွေးကောက်ပွဲသည် ၎င်းတို့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် အကွဲကွဲအပြားပြား ဖြစ်နေသော ပြည်တွင်းစစ်တွင် ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းဖြစ်သည်ဟု အမွှမ်းတင်သည်။ ထိုစစ်အာဏာသိမ်းမှုတွင် လွန်ခဲ့သော ရွေးကောက်ပွဲ ၂ ခုတွင် တောင်ပြိုကမ်းပြို အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး ထောင်ချထားသည်။

ထိုရွေးကောက်ပွဲများကို မဲဆန္ဒနယ် ၇ ခုလျှင် တခုတွင်သာ ကျင်းပမည်ဖြစ်သည်။ မဲဆန္ဒနယ် အများအပြားသည် စစ်ဇုန်များဖြစ်နေပြီး NLD အပါအဝင် ဒါဇင်ပေါင်းများစွာသော အတိုက်အခံ ပါတီများသည့် စစ်တပ်ကခန့်သည့် ရွေးကောက်ပွဲတောက်မရှင်က ဖျက်သိမ်းခံရပြီး ပါဝင်မည် မဟုတ်ပေ။

လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအပါအဝင် အတိုက်အခံအဖွဲ့အများအပြားက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုသည်။

ထိုရွေးကောက်ပွဲသည် မြန်မာတွင် မတည်ငြိမ်မှုပိုမိုဖြစ်စေနိုင်သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ကပြောပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က လေ့လာသူများ မစေလွှတ်ဟု ပြောပြီး နောက်တနေ့တွင် မဲဆွယ်ပွဲစတင်ခြင်းဖြစ်သည်။ ထိုသို့ပြောဆိုမှုများကြောင့် စစ်အုပ်စုက နိုင်ငံတကာ တရားဝင်မှုရရှိရေး ထိုးနှက်ခံရသည်။

ထိုရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီ ၅၇ ခုမှတ်ပုံတင်ထားသော်လည်း NLD သို့မဟုတ် ယုံကြည် လက်ခံနိုင်လောက်သော နိုင်ငံလုံးဆိုင်ရာ အတိုက်အခံ မပါဝင်သောကြောင့် USDP သည် နေရာ အများစုကို နိုင်မည်ဟု မျှော်လင့်ရသည်။

အောက်တိုဘာ ၂၈ ရက် နေပြည်တော် ကြံ့ဖွံ့ပါတီ မဲဆွယ်ပွဲသို့ တက်ရောက်လာသော ဦးခင်ရီ/USDP

ရွေးကောက်ပွဲသည် မည်သည့် အဓိပ္ပါယ်မျှမရှိ

နေပြည်တော်နှင့် ရန်ကုန်တွင် ပြုလုပ်သည့် USDP မဲဆွယ်ပွဲများတွင် သေးငယ်သော လူအုပ်စု ရောက်ချိန်တွင် အခြားသူများက ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း ပြောသည်။

“အဲဒီရွေးကောက်ပွဲဟာ ကျနော်နဲ့ ဘာမှမဆိုင်ဘူး” ဟု ရခိုင်ပြည်နယ် စစ်တွေမှ အသက် ၆၀ အရွယ်ရှိ အမျိုးသားတဦးက AFP သတင်းဌာနသို့ ပြောသည်။ “ဒါဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ ဘယ်သူမှလည်း ထောက်ခံတာ ကျနော်မတွေ့ဘူး” ဟုလည်း သူပြောသည်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ မန္တလေးသို့ ထွက်ပြေးလာသည့် အခြားသူ တဦးကလည်း သူ မဲပေးဖွယ် မရှိကြောင်း AFP သို့ ပြောသည်။ “ကျနော်တို့ သိပ်စိတ်မဝင်စားဘူး။ ကျနော်တို့ အိမ်ကိုပဲ ပြန်ချင်တယ်” ဟု ပြောသည်။

ကိုးကား။ ။ Aljazeera နှင့် အေဂျင်စီသတင်းများ

You may also like these stories:

မဲထွက်မပေးလို့ ဘယ်ဥပဒေနဲ့မှ အရေးယူလို့မရဘူး (ရုပ်/သံ)

တရုတ်လုပ် ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေး

ရွေးကောက်ပွဲ စောင့်ကြည့်သူ ASEAN စေလွှတ်မည် မဟုတ်

ပြိုင်ဘက်မရှိ၍ အလိုအလျောက်ကိုယ်စားလှယ်ဖြစ်မည့်သူ ၃၁ ဦးထဲ ကြံ့ဖွံ့ ၂၆ ဦး ပါဝင်

ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ဇာတ်သဘင်ကို စကမ အသုံးချ

Your Thoughts …
Tags: USDPကြံ့ဖွံ့ပါတီစစ်အုပ်စုမဲဆွယ်ပွဲရွေးကောက်ပွဲအတုဦးခင်ရီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မဲဆွယ်ခွင့် မစမီ စစ်အုပ်စုဝန်ကြီးချုပ် ကိုကိုးကျွန်းမှာ မဲဆွယ်

မဲဆွယ်ခွင့် မစမီ စစ်အုပ်စုဝန်ကြီးချုပ် ကိုကိုးကျွန်းမှာ မဲဆွယ်

ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ဃ မိုင်းခွဲခံရ

ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ဃ မိုင်းခွဲခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved