ဒီမိုကရေစီလိုလားသော အင်အားစုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို ထောင်ချသော၊ သတ်ဖြတ်သော ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်၊ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများကို ဗုံးကြဲရန် လက်မရွံ့သည့် အာဏာရူးဖြစ်သည်။
မဂ္ဂနီကျု ၇.၇ ရှိ ဖျက်အားပြင်းသည့် မတ်လ ၂၈ ရက်နေ့ ငလျင်ဒဏ်ခံရသည့် တော်လှန်ရေးအင်အားစုထိန်းချုပ် မြို့များရွာများကိုပင် ချမ်းသာမပေးပေ။ နိုင်ငံမှ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုကို “ပြည်နှင်ဒဏ်ပေးပြီး ဖိနှိပ်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအတွက် သူ့တွင် ရာဇဝတ်တာဝန်ရှိသည်” ဟု “ယုံကြည်ရသည့် ကျိုးကြောင်းခိုင်လုံသော အကြောင်းရင်း” ရှိသောကြောင့် နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မှ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုထားသည်။
လွန်ခဲ့သော လေးနှစ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံကို အုပ်ချုပ်နေသည့် မင်းအောင်လှိုင်သည် နိုင်ငံတကာတွင် ယခုထက် ပိုမိုဆိုးရွားသည့် ဂုဏ်သတင်း မရှိနိုင်တော့သလို ပြည်တွင်း ပြည်ပမှ မြန်မာပြည်သူများကလည်း စက်ဆုတ်မုန်းတီးကြသည်။
စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။ စစ်ခေါင်းဆောင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏အဆိုအရ သူသည် လူမျိုးစုနှင့် နိုင်ငံရေး ခုခံတော်လှန်မှုကို မချေမှုန်းနိုင်သောကြောင့် တပ်တွင်း မကျေနပ်မှုရှိနေကြောင်း သိရသည်။ ထို့ကြောင့် ပိုမို လက်ဆပြင်းသူတဦး လိုအပ်နေသည်။ စစ်တပ်သည် ၎င်းတို့အချင်းချင်းကြား အကွဲအပြဲကို မဖော်ပြလိုသောကြောင့် သူ့ကို မဖြုတ်ချနိုင်ပေ။
သူ့ကို ဘေးဖယ်ထုတ်ထားနိုင်သည်။ စစ်ကောင်စီက ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် သူ့ကို “အရပ်သား” သမ္မတရာထူးပေးပြီး စစ်တပ်မှ နုတ်ထွက်ရန် ပြောနိုင်သည်။ ထိုရွေးကောက်ပွဲများသည် မည်မျှ အပြစ်အနာအဆာ မကင်းသည်ဖြစ်စေ စစ်တပ်က လိုချင်နေသည့် တရားဝင်မှုကို ဒေသတွင်းတွင် အနည်းဆုံးရနိုင်မည်ဖြစ်သည်။
သို့သော် သူ့ကို ဘေးဖယ်ထုတ်ထားနိုင်သည်။ စစ်ကောင်စီက ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် သူ့ကို “အရပ်သား” သမ္မတရာထူးပေးပြီး စစ်တပ်မှ နုတ်ထွက်ရန် ပြောနိုင်သည်။ ထိုရွေးကောက်ပွဲများသည် မည်မျှ အပြစ်အနာအဆာ မကင်းသည်ဖြစ်စေ စစ်တပ်က လိုချင်နေသည့် တရားဝင်မှုကို ဒေသတွင်းတွင် အနည်းဆုံးရနိုင်မည်ဖြစ်သည်။
၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဖြစ်လာသည့် ယခင်စစ်အုပ်စု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေါင်းဆောင် ဦးသန်းရွှေ အငြိမ်းစားယူပြီး ပိုမို ဖွဲ့စည်းပုံအခြေခံပဒေဆန်သည့် အစိုးရပုံစံကို ခွင့်ပြုရန် ဆုံးဖြတ်သောအခါ မင်းအောင်လှိုင် နာမည်ထွက်လာသည်။
၁၉၉၂ ခုနှစ်တွင် အာဏာရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ့ယခင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်အောက်တွင် မြန်မာသည် ဆိုးရွားသော လူ့အခွင့်အရေးမှတ်တမ်းကြောင့် နိုင်ငံတကာအသိုက်အဝန်းတွင် အထီးကျန် ဖြစ်လာသည်။ ၁၉၈၈ ခုနှစ်တွင် နအဖကို ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်သောအခါ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကို ပစ်သတ်သည်။ အမည်သစ်ပြောင်းလိုက်သော်လည်း စစ်အုပ်စုသည် အလားတူ ဆက်လက်ဖိနှိပ်နေပြီး တရုတ်သည် အနီးစပ်ဆုံး ပြည်ပမိတ်ဆွေဖြစ်ကာ အနောက်တိုင်းက အရေးယူပိတ်ဆို့ သပိတ်မှောက်ကြသည်။
သို့သော် တရုတ်အပေါ် မှီခိုမှုသည် အလွန်ကြီးမားလာပြီး ထိုကိစ္စအတွက် တစုံတခုလုပ်ရမည်ကို စစ်ခေါင်းဆောင် သန်းရွှေ သဘောပေါက်သည်။ စစ်တပ်၏ကြီးကြပ်မှုဖြင့် ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို လူထုဆန္ဒခံယူပွဲလုပ်ပြီး ၂၀၀၈ ခုနှစ်တွင် အတည်ပြုသည်။ ထိုလူထုဆန္ဒခံယူပွဲသည် အတုအယောင် ဖြစ်သည်ဟု ပြင်ပကမ္ဘာက ပယ်ချသည်။ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြီး စစ်တပ်သည် ထိုရွေးကောက်ပွဲတွင် ၎င်း၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အကြီးအကျယ် အနိုင်ရစေရန် ပြုလုပ်သည်။
ထိုစဉ်က အသက် ၇၈ နှစ်ရှိပြီဖြစ်သော စစ်ခေါင်းဆောင် သန်းရွှေသည် အငြိမ်းစားယူရန် အသင့်ဖြစ်လာသည်။ သို့သော် သူသည် သူ့ယခင် စစ်ခေါင်းဆောင် နေဝင်းနှင့် စောမောင်ကဲ့သို့ စော်ကားခံရမှုများကို ရင်မဆိုင်လိုပေ။ ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်ပြီး ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလတွင် သေဆုံးသည်။ သူသေဆုံးကြောင်းကို စစ်တပ်က မကြေညာဘဲ သူ့နာရေးသို့ အရာရှိလက်တဆုပ်စာသာ ပို့ဆောင်သည်။
ထို့နောက် ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ နဝတခေါင်းဆောင်ဖြစ်ခဲ့သူ စောမောင်အလှည့်ရောက်ပြီး စိတ်ကျန်းမာရေး မကောင်းဘဲ စိတ်မတည်မငြိမ်ဖြစ်လာသောကြောင့် ရာထူးမှ နုတ်ထွက်ခိုင်းခံရသည်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် မထင်မရှားဘဝဖြင့် အသက် ၆၈ နှစ်တွင် နှလုံးရောဂါကြောင့်ဟုဆိုကာ သေဆုံးသည်။
သူ၏အစဉ်အလာကို ထိန်းသိမ်းရန်နှင့် သူ့မိသားစုအနာဂတ် လုံခြုံရေးအတွက် ဦးသန်းရွှေသည် သူ့ကို ဆက်ခံမည့်သူအား တဦးတည်းမခန့်ဘဲ သုံးဦးခန့်သည်။ နအဖ အတွင်းရေးမှူး သိန်းစိန်သည် စစ်ရာထူးမှ နုတ်ထွက်ပြီး ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံ၏ သမ္မတသစ်ဖြစ်လာသည်။
ထိုနေ့တွင်ပင် မင်းအောင်လှိုင်ကို သူ့ထက်ဝါရင့်သူ အများအပြားကိုကျော်ပြီး မြန်မာ့လက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ်ခန့်သည်။ အသစ်ရွေးချယ်ထားသည့် လွတ်တော်နှစ်ခု၏ ဥက္ကဋ္ဌရာထူးကို သူရဦးရွှေမန်းသို့ ပေးသည်။ ဦးသန်းရွှေ၏ လူယုံတဦးဖြစ်သော သူရဦးရွှေမန်းသည် စစ်အုပ်စုခေါင်းဆောင်နှင့် ၂၀၁၁ ခုနှစ်၊ မတ်လတွင် အနားယူသည့် ဒုစစ်ခေါင်းဆောင် မောင်အေးပြီးလျှင် နအဖတွင် တတိယ သြဇာအကြီးမားဆုံးဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ မေလတွင် သူရဦးရွှေမန်းကို ဦးသိန်းစိန်၏ USDP ဥက္ကဋ္ဌရာထူးတွင် အစားထိုးပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် စီစဉ်ထားသည့် နောက်ရွေးကောက်ပွဲအပြီးတွင် သမ္မတဖြစ်လာရန် စီစဉ်ခဲ့သည်။
ထို့နောက် အမှန်တကယ် အံ့သြစရာဖြစ်လာသည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများသဖွယ် လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးသည်။
ထို့နောက် အမှန်တကယ် အံ့သြစရာဖြစ်လာသည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများသဖွယ် လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးသည်။
၁၉၆၂ ခုနှစ်တွင် ပထမဆုံး စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလွတ်လပ်ခွင့် ပထမဆုံး စတင်ကျင့်သုံးပြီး အမည်ပျက်စာရင်းသွင်းထားသည့် နိုင်ငံခြားသတင်းထောက်များကိုပင် နိုင်ငံတွင်း ဝင်ခွင့်ပြုသည်။ ထိုသို့လုပ်ခြင်းသည် အလုပ်ဖြစ်ပြီး ညတွင်းချင်းနီးပါးတွင် မြန်မာသည် နိုင်ငံတကာအပယ်ခံဘဝမှ အနောက်တိုင်း၏ သဘောကျဖြစ်လာသည်။ အနောက်တိုင်းခေါင်းဆောင်များသည် ထူးခြားသော အပြောင်းအလဲများကို ၎င်းတို့ကိုယ်တိုင်ကြည့်ရန် မြန်မာသို့လာကြပြီး တရုတ်သည် အရှုံးသမားဖြစ်သွားပုံရသည်။
ကနဦးတွင် အရာရာသည် စီစဉ်ထားသည့်အတိုင်းဖြစ်ပုံရသည်။ သို့သော် ထိုစဉ်က ပြည်ပလေ့လာသူများ ရေးသားကြသည့်အတိုင်း ဦးသိန်းစိန်သည် လွတ်လပ်စွာ လုပ်ကိုင်နေသည့် “မြန်မာ ဂေါ်ဘာချက်ဗ်” မဟုတ်ပေ။ သူသည် ဦးသန်းရွှေနှင့် အနီးကပ်ဆုံးလူများ ၂၀၀၈ ခုနှစ် ဆန္ဒခံယူပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ကပင် သေချာရေးဆွဲခဲ့သည့် မဟာစီမံကိန်းအတိုင်း လုပ်ကိုင်နေခြင်းဖြစ်သည်။
ဦးသိန်းစိန်သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စစ်တပ်၏ မူဝါဒများကို ထောက်ခံပြီး မြန်မာနိုင်ငံသည် ပိုင်နက်၊ အမျိုးဘာသာ ခြိမ်းခြောက်မှု ခံနေရကြောင်းပြောကာ နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် “နိုင်ငံကိုကာကွယ်မည့်” ကိုယ်စားလှယ်လောင်းများကို မဲပေးရန် ပြောသောအခါ သူ၏စစ်မှန်သော အတွင်းသရုပ်ကိုလည်း ပြသသည်။
စစ်အာဏာသိမ်းပြီးနောက်တွင် စစ်တပ်ဒလန်ဖြစ်သည်ဆိုသည် သံသယကြောင့် သတ်ဖြတ်ခံရသူများ၊ ဒဏ်ရာရသူများ၏ မိသားစုများအတွက် ဦးသိန်းစိန်က ငွေလှူသည်။ ပြောစရာမလိုသည့်ကိစ္စမှာ သူသည် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသောကြောင့် စစ်တပ်နှင့်ရဲက ပစ်သတ်ခံရသူများ၏ မိသားစုများအတွက် မည်သည့်လှူဒါန်းထောက်ပံ့မှုမှ မလုပ်ခြင်းဖြစ်သည်။
ပိုမိုပွင့်လင်းသောကာလ ၂၀၁၁ မှ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သည်များသည် ထိုစဉ်က ပြည်ပလေ့လာသူများ ယူဆသကဲ့သို့ “ဒီမိုကရေစီ အသွင်ကူးပြောင်းရေး” နိဒါန်းမဟုတ်ပေ။ သို့သော် မြန်မာ့လူ့အဖွဲ့အစည်းကို အပြောင်းအလဲဖြစ်စေပြီး စစ်တပ်က နားမလည်သည့် စုစည်းအားနှင့် ကျယ်ပြန့်မှုရှိခဲ့သည်။ ပြည်သူများသည် ၎င်းတို့ယခင်က မခံစားဖူးသည့် လွတ်လပ်မှုတွင် ကျင့်သားရလာသည်။ ပြည်သူများသည် အခွင့်အရေးရသောအခါ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတို့တွင် NLD ကို အကြီးအကျယ်မဲပေးကြသည်။
ဦးသန်းရွှေက သူ့ကိုဆက်ခံရန် ရွေးချယ်ခဲ့သည့် ဗိုလ်ချုပ် သုံးဦးအနက် တဦးဖြစ်သူ ဦးရွှေမန်းသည် ထိုအလျဉ်နှင့်မျောပါပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်များနှင့် စတင် ပူးပေါင်းဆောင်ရွက်သည်။ သို့သော် ထိုကိစ္စသည် ပိတ်ပင်ထားသည့်ကိစ္စဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ဦးရွှေမန်းကို USDP မှ အခြားဝါရင့်အဖွဲ့ဝင် ၁၇ ဦးနှင့်တူ ထုတ်ပယ်လိုက်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် NLD ဦးဆောင်သည့်အစိုးရ ပေါ်ပေါက်စေခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သောကြောင့် တီထွင်ထားသည့် ရာထူးဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ဒေါ်အောင်ဆန်းစုကြည် “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” အဖြစ် NLD ဦးဆောင်သည့်အစိုးရ ပေါ်ပေါက်စေခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်သောကြောင့် တီထွင်ထားသည့် ရာထူးဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက အနီးကပ်ဆွေမျိုးများ နိုင်ငံခြားသားဖြစ်သည့်သူကို နိုင်ငံအကြီးအကဲရာထူး ရယူခွင့် ပိတ်ပင်ထားပြီး သူ၏သား နှစ်ဦးသည် မြန်မာနိုင်ငံသားများ မဟုတ်ပေ။ စစ်တပ်က ထိုအခြေအနေကို လက်ခံသော်လည်း ၂၀၂၀ ပြည့်နှစ်တွင် NLD ဒုတိယအကြိမ် တောင်ပြိုကမ်းပြိုနိုင်သောအခါ ဗိုလ်ချုပ်များက တော်သင့်ပြီဟု ဆုံးဖြတ်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံလွှတ်တော် ခေါ်ယူခါနီးတွင် မင်းအောင်လှိုင်၏ တပ်များနှင့် သံချပ်ကာယာဉ်များ နေပြည်တော်နှင့် နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ဝင်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် NLD အဖွဲ့ဝင် ရာပေါင်းများစွာ ဖမ်းဆီးခံရသည်။
စစ်အာဏာရှင်စနစ်၏ ထုံးစံဖြစ်သည့် အတိတ်နေ့ရက်များ ပြန်လာသည်ကို ပြည်သူများ မမြင်တွေ့လိုကြောင်း မကြာမီ ထင်ရှားလာသည်။ ကနဦးတွင် ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သော်လည်း ပစ်သတ်ခံရသည်။ ထို့နောက်တွင် အဓိကအားဖြင့် လူငယ်တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းမျာစွာက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကြပြီး မြန်မာနယ်စပ်တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကြသလို အချို့ကလည်း လွတ်လပ်စွာ လှုပ်ရှားကြသည်။
၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက် မြန်မာသည် ပြည်တွင်းပဋိပက္ခကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲနေသော်လည်း ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်လာသည့် တိုက်ပွဲ၏ အတိုင်းအတာသည် လတ်တလောသမိုင်းတွင် မကြံစဖူး ဖြစ်သည်။
မင်းအောင်လှိုင်ကို ဦးသန်းရွှေက စစ်ဦးစီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်မှာ မင်းအောင်လှိုင်သည် သြဇာသိပ်မရှိဘဲ အာဏာရှင်ဟောင်းဖြစ်သည့် သူ့ကို မခြိမ်းခြောက်နိုင်သောကြောင့် ဖြစ်သည်။ ယခုအခါ မိမိတို့သည် ထိုအကျိုးဆက်များကို မြင်တွေ့နေရခြင်းဖြစ်သည်။
မင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က မကွေးတိုင်း၊ မင်းဘူးတွင် မွေးဖွားသည်။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ လေ့လာနေစဉ် တတိယအကြိမ်မြောက် ကြိုးစားပြီးနောက် ၁၉၇၄ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ခွင့်ရသည်။ သူသည် ထူးခြားသော ဗိုလ်လောင်းမဟုတ်ဘဲ အပတ်စဉ်တူသူများက သူ့ကိုရှောင်ရှားကြပြီး ၁၉၇၇ ခုနှစ်တွင် သင်တန်းဆင်းသည်။
စစ်အာဏာသိမ်းပြီးနောက် BBC က ဖော်ပြသည့် အတ္ထုပ္ပတ္တိအရ သူသည် သာမာန်ခြေလျင်စစ်အရာရှိ ဖြစ်သော်လည်း အဆင့်ဆင့်တက်နိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အထူးစစ်ဆင်ရေးအဖွဲ့ ၂ ၏ အဖွဲ့မှူး ဖြစ်လာသည်။ ထို့ကြောင့် သူသည် ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်မှ စစ်ဆင်ရေးများကို ကြီးကြပ်ကာ လူသောင်းပေါင်းများစွာကို တရုတ်ပြည်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးအောင် လုပ်သည်။
BBC ၏ အဆိုအရ “လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများအတွက သူ၏တပ်များကို စွပ်စွဲချက်များရှိသော်လည်း မင်းအောင်လှိုင်သည် ရာထူးဆက်လက် မြင့်တက်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်ဦးစီးချုပ်ဖြစ်လာသည်” ။ ထိုအရည်အချင်းများနှင့် စစ်ခေါင်းဆောင် သန်းရွှေကို သစ္စာခံမှုကြောင့်ပင် ထိပ်ဆုံးရောက်လာသည်ဟု အချို့က ပြောသည်။
BBC ၏ အဆိုအရ “လူသတ်မှု၊ အဓမ္မပြုကျင့်မှုနှင့် မီးရှို့မှုများအတွက သူ၏တပ်များကို စွပ်စွဲချက်များရှိသော်လည်း မင်းအောင်လှိုင်သည် ရာထူးဆက်လက် မြင့်တက်လာပြီး ၂၀၁၀ ပြည့်နှစ်တွင် စစ်ဦးစီးချုပ်ဖြစ်လာသည်” ။ ထိုအရည်အချင်းများနှင့် စစ်ခေါင်းဆောင် သန်းရွှေကို သစ္စာခံမှုကြောင့်ပင် ထိပ်ဆုံးရောက်လာသည်ဟု အချို့က ပြောသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အသက် ၉၂ နှစ်ရှိလာသော ဦးသန်းရွှေသည် မင်းအောင်လှိုင်ကို ကြာကြာ ကာကွယ်ပေးနိုင်တော့မည် မဟုတ်ဘဲ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့ သြဇာကျဆင်းသွားသောကြောင့် အာဏာရှင်ဟောင်း၏ အစဉ်အလာသည် မကြာမီ ကုန်ဆုံးမည်ဖြစ်သည်။
အခြားတဖက်တွင်လည်း မင်းအောင်လှိုင်သည် ထင်ရှားသော အားနည်းချက်များရှိသည့်တိုင် ဒေသတွင်းတွင် ထင်ရှားလာပြီး ထိုသို့ဖြစ်ခြင်းမှာ မတ်လ ငလျင်အပြီး သူ့အခန်းကဏ္ဍကြောင့် ဖြစ်သည်။
အဓိကအားဖြင့် ပြည်ပမှလာသော ကယ်ဆယ်ရေးလုပ်သားများ အပြည့်အဝ ကူညီကယ်ဆယ်ရေး အားထုတ်နေစဉ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာအပါအဝင် တောင်နှင့်အရှေ့တောင်အာရှ ခုနစ်နိုင်ငံ ဆွေးနွေးပွဲဖြစ်သည့် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) ထိပ်သီးဆွေးနွေးပွဲတက်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့သွားသည်။
ထိုခရီးစဉ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပထမဆုံး ဘန်ကောက်ခရီးဖြစ်ပြီး ထုံးစံအတိုင်း အရပ်သားဝတ်စုံဝတ်ပြီး အခြား ခြောက်နိုင်ငံခေါင်းဆောင်များနှင့် ဓာတ်ပုံရိုက်ခွင့်ရသည်။ ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ နီပေါဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ၊ ဘူတန် ဝန်ကြီးချုပ် ရှာရင် တော့ဘ်ဂေး၊ သီရိလင်္ကာဝန်ကြီးချုပ် ဟာရီနီ အမရဆူရီယနှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မူဟာမက် ယူနွတ်တို့နှင့် ဓာတ်ပုံရိုက်ခွင့်ရသည်။
မြန်မာမှ စစ်အုပ်ချုပ်ရေးကို ထိုသို့ လက်ခံခြင်းသည် ငလျင်နှင့် ငလျင်ကြောင့်ဖြစ်လာသည့် ဒေသတွင်းအစိုးရများနှင့် ပြည်သူများ၏ စာနာမှုကြောင့် မဟုတ်လျှင် ဖြစ်လာစရာ မရှိပေ။ စစ်ကောင်စီကို ဗြောင်ကျကျ ထောက်ခံခြင်းကြောင့် ဖြစ်လာမည့် မြန်မာပြည်သူများ၏ ဆန့်ကျင်မှုကို ကနဦးက စိုးရိမ်သော တရုတ်နိုင်ငံသည် သတိကြီးကြီးထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နှစ်ပေါင်းများစွာ ကင်းကင်းနေသည်။
သို့သော် သူသည် ရုရှားနိုင်ငံ၊ မော်စကို၌ ကျင်းပသည့် ရုရှား၏ မေလ ၈ ရက် အောင်ပွဲနေ့အခမ်းအနားအတွင်း မေလ ၉ ရက်နေ့၌ သီးခြား အစည်းအဝေးတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး စစ်ကောင်စီ တရားဝင်သတင်းစာ Global New Light of Myanmar အဆိုအရ ငလျင်အပြီး လူသားချင်းစာနာမှု အကူအညီများအတွက် တရုတ်ကို ကျေးဇူးတင်ကြောင်း ပြောသည်ဟု သိရသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ငလျင်ဒဏ်ခံဒေသများကို မြန်မာလေတပ်က ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် အရေးမပါတော့ပုံရသည်။ တရုတ်သည် မြန်မာစစ်တပ်၏ အဓိကမိတ်ဆွေ ပြန်ဖြစ်လာပြီး ရုရှားတနိုင်ငံတည်းကသာ ပြိုင်ဘက်ဖြစ်နေသည်။
တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ငလျင်ဒဏ်ခံဒေသများကို မြန်မာလေတပ်က ဆက်လက် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် အရေးမပါတော့ပုံရသည်။ တရုတ်သည် မြန်မာစစ်တပ်၏ အဓိကမိတ်ဆွေ ပြန်ဖြစ်လာပြီး ရုရှားတနိုင်ငံတည်းကသာ ပြိုင်ဘက်ဖြစ်နေသည်။
ထိုသို့လက်ခံခြင်း၏ နောက်ထပ်ခြေလှမ်းတခုမှာ လာမည့်ရွေးကောက်ပွဲများ ဖြစ်သည်။ စစ်ကောင်စီ မထိန်းချုပ်နိုင်တော့သည့် နိုင်ငံဒေသ အများအပြားရှိသောကြောင့် ထိုအစီအစဉ်သည် ထင်ယောင်ထင်မှား စိတ်ကူးယဉ်မှုဖြစ်သည်ဟု ဝေဖန်သူများက ပယ်ချသည်။
အနောက်တိုင်း အင်အားကြီးနိုင်ငံ အများစုသည်လည်း ထိုသို့ ယူဆမည်ဖြစ်ပြီး နေပြည်တော်မှ အာဏာရ ဗိုလ်ချုပ်များကို ဆက်လက် ရှောင်ရှားမည်ဖြစ်သည်။ သို့သော် ထိုကိစ္စသည် ဒေသတွင်းတွင် လုံးဝ ကွဲပြားခြားနားသည့် ဇာတ်လမ်းဖြစ်နေသည်။
တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ နိုင်ငံများနှင့် ဂျပန်သည်ပင် ထိုကိစ္စသည် “ဘာမှ မရှိသည်ထက်စာလျှင် ပိုကောင်း” ပြီး “လမ်းကြောင်းမှန်သို့ ခြေလှမ်းတလှမ်း” ဟု စောဒကတက်နိုင်သည်။
မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းသည် ယခင် ဆိုဗီယက်ယူနီယံကို ကရင်မလင်နန်းတော်အရေး စောင့်ကြည့်သူများအတွက် ပွင့်လင်းမှု မရှိသကဲ့သို့ ယနေ့ တရုတ်နှင့် အခြားအာဏာရှင် နိုင်ငံများကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဖြစ်နိုင်သည်မှာ ကြိုမြင်နိုင်သည့် အနာဂတ်တွင် စစ်တပ်သည် တနည်းနည်းဖြင့် အာဏာ ဆက်လက်ရနေမည့် သဘောရှိသည်။
တချိန်တည်းတွင် အချိန်ကို နောက်ပြန်လှည့်၍ ရမည်မဟုတ်ပေ။ တော်လှန်ရေးသည် အလုပ်ဖြစ် ညီညွတ်သည့် အမိန့်ပေးကွပ်ကဲမှု မရှိနိုင်ဘဲ နိုင်ငံလုံးဆိုင်ရာ ပြဿနာများထက် ဒေသဆိုင်ရာ ပြဿနာများအတွက် တိုက်ပွဲအဖြစ် ဆက်လက် ကွဲပြားနေနိုင်သည်။
သို့သော် ထိုအတွင်းပဋိပက္ခများသည် ပျောက်ကွယ်သွားဖွယ်မရှိဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အတိုက်အခံများကို ချေမှုန်းပြီး နိုင်ငံ၏အများစုကို ဗဟိုအစိုးရ ထိန်းချုပ်မှုအောက်တွင် ထားနိုင်သည့် အာဏာရှင် မဟုတ်ပေ။ သူ၏လက်ထောက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် သူ့ထက် ပိုမိုများပြားသည့် တိုက်ပွဲအတွေ့အကြုံရှိပြီး ပိုမိုသဘောထားတင်းမာကာ စစ်တပ်တွင် ထိပ်ဆုံးရာထူးရနိုင်သူအဖြစ် မြင်ကြသည်။
လေ့လာစောင့်ကြည့်သူများနှင့် သုတေသီများသည် စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး တနှစ်ခန့်အတွင်းတွင် သမ္မတ မင်းအောင်လှိုင်နှင့် စစ်ဦးစီးချုပ် စိုးဝင်း ဖြစ်လာနိုင်သည်။ သို့မဟုတ် ဖြစ်မလာနိုင်ကြောင်းလည်း တွေ့ရနိုင်သည်။
မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းသည် ယခင် ဆိုဗီယက်ယူနီယံကို ကရင်မလင်နန်းတော်အရေး စောင့်ကြည့်သူများအတွက် ပွင့်လင်းမှု မရှိသကဲ့သို့ ယနေ့ တရုတ်နှင့် အခြားအာဏာရှင် နိုင်ငံများကဲ့သို့ပင် ဖြစ်သည်။ သို့သော် ဖြစ်နိုင်သည်မှာ ကြိုမြင်နိုင်သည့် အနာဂတ်တွင် စစ်တပ်သည် တနည်းနည်းဖြင့် အာဏာ ဆက်လက်ရနေမည့် သဘောရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Will Myanmar’s Military Replace Its Embattled Leader? ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်
သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ
စိုးဝင်းက မင်းအောင်လှိုင်ကို အာဏာသိမ်းမည် မဟုတ်
သမ္မတဖြစ်ရေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲ စ ဆွယ်
မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ
မင်းအောင်လှိုင် ဘယ်လမ်းရွေးမလဲ
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုံးခန်း ပြောင်းရွှေ့ခံရ
ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်