• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ

by မောင်ကဝိ
2 June 2025
in သူ့အတွေး သူ့အမြင်
A A
သမ္မတဖြစ်ရေး မင်းအောင်လှိုင် ယတြာခြေနေပြီ
5.6k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကုန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၀၀ ပြည့်နှစ်တွေက တြိဂံဒေသတိုင်း တိုင်းမှူးလုပ်ခဲ့တဲ့ ကျိုင်းတုံကို ထပ်သွားတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်အရှေ့ပိုင်းက အဲဒီမြို့ကို သူသွားတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ အကြိမ်တိုင်းမှာ သူသွားရတဲ့ အကြောင်းရင်းက အတူတူပဲ။ မြန်မာ့နည်း မြန်မာ့ဟန် ဂမ္ဘီရအတတ်နဲ့ ယတြာချေဖို့ ဖြစ်ပါတယ်။

သူ့ရဲ့အခုနောက်ဆုံး ခရီးမှာတော့ မြန်မာဘုရင်တွေရဲ့ အဆောင်အယောင် ငါးခုအနက် တခုဖြစ်တဲ့ ရတနာသရဖူကို လောကသရဖူ ဘုရားမှာ မေလ ၂၄ ရက်နေ့က ဌာပနာတည်တယ်။ သူနဲ့အတူ သူကိုးကွယ်တဲ့ ယတြာ အခါတော်ပေး ဘုန်းကြီးဖြစ်သူ စကားမပြောတဲ့ ဝစီပိတ်ဆရာတော်လည်း ပါလာတယ်။

သူတို့ နှစ်ယောက်ကြားက ဆက်ဆံရေးက မင်းအောင်လှိုင် အဲဒီ စစ်တိုင်းမှာ တိုင်းမှူးလုပ်တဲ့ ၂၀၀၀ ပြည့်နှစ်တွေက စတင်တယ်။ အဲဒီဘုန်းကြီးဟာ အာဏာသိမ်းခေါင်းဆောင်ရဲ့ နက္ခတ်ဗေဒင် အကြံပေးလို့ အများက ယူဆကြပြီး ယတြာအနေနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို ဦးခေါင်းကိုပစ်ဖို့ လုံခြုံရေးတပ်တွေကို အမိန့်ပေးဖို့ အာဏာရှင် မင်းအောင်လှိုင်ကို အခါတော်ပေးသူလို့ စွပ်စွဲခံရတယ်။ (“ခေတ်ကို ပြောင်းဖို့ ခေါင်းကို ပစ်” လို့ လူမှုကွန်ရက်တွေမှာ ကိုးကား ပြောကြတယ်။)

စစ်ကောင်စီရဲ့ ဖြိုခွဲမှု အစောပိုင်းရက်တွေမှာ သတ်ဖြတ်ခံရတဲ့ ဆန္ဒပြသူအများစုဟာ ဦးခေါင်းမှာ ကျည်ဆံဒဏ်ရာနဲ့ သေဆုံးကြတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဝစီပိတ်ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ၂၀၁၅ ခုနှစ်ကတည်းက တည်ထားတဲ့ ကျိုင်းတုံမြို့စွန်က ဗုဒ္ဓဥယျာဉ်မှာလည်း ဘုရားတဆူကို အနေကဇာတင်ခဲ့တယ်။

စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးနေချိန်မှာ အခုအခမ်းအနားကို သူတို့ နှစ်ယောက် ပြုလုပ်တာဖြစ်တယ်။ မြန်မာက ပြည်သူအများအပြားကတော့ အဲဒီရတနာ သရဖူ လှူတာဟာ ယတြာလို့ပဲ မြင်ကြတယ်။ ကံဆိုးမှုတွေကိုရှောင်ပြီး ကံကောင်းခြင်း ဖြစ်စေမယ့် မြန်မာ့ ဘာသာရေး ယတြာပေါ့။

စစ်ခေါင်း‌ဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲလုပ်ဖို့ တွန်းအားပေးနေချိန်မှာ အခုအခမ်းအနားကို သူတို့ နှစ်ယောက် ပြုလုပ်တာဖြစ်တယ်။ မြန်မာက ပြည်သူအများအပြားကတော့ အဲဒီရတနာ သရဖူ လှူတာဟာ ယတြာလို့ပဲ မြင်ကြတယ်။ ကံဆိုးမှုတွေကိုရှောင်ပြီး ကံကောင်းခြင်း ဖြစ်စေမယ့် မြန်မာ့ ဘာသာရေး ယတြာပေါ့။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ကျိုင်းတုံရှိ လောကသရဖူ စေတီတွင် ရတနာခေါင်းပေါင်း သရဖူကို မေလ ၂၄ ရက်နေ့က ကပ်လှူစဉ် / Popular News

မြန်မာဘုရင်တွေ နန်းတက်တဲ့ သရဖူပုံတူကို ဌာပနာတာဟာ သူ သမ္မတဖြစ်ဖို့ အခွင့်အရေးကို ကံတက်စေဖို့လို့ မြန်မာပြည်သူတွေ နားလည်ကြတယ်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ရေး စိတ္တဇအတွက် ကျော်ကြားနေတာ တော်တော်ကြာပြီ။ နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် လအတန်ကြာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းမှာ မင်းအောင်လှိုင်ဟာ ဝစီပိတ်ဆရာတော်ရဲ့ လမ်းညွှန်မှုနဲ့ ပုဂံက ရှေးဟောင်း ထီးလိုမင်းလိုဘုရားမှာ ထီးတော်တင်တယ်။

ရှေးဟောင်းထုံးတမ်း အစဉ်အလာအရ လိုမင်းလိုဘုရားမှာ လှူဒါန်းတဲ့ ဘုရင်တွေဟာ ဘုန်းကံတက်ပြီး ထီးနန်းရှည်ကြာစေတယ်လို့ ယုံကြတယ်။ ဘုရားရဲ့ဘွဲ့တော်က ဗမာဘုရင်တွေရဲ့ အဆောင်အယောင် ထီးနန်းတောင်းတယ်လို့ အဓိပ္ပာယ်ရတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် မျှော်လင့်ချက်တွေဟာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော်နေရာ အနည်းဆုံး ၂၆ ရာခိုင်နှုန်း အနိုင်ရရေးအပေါ် မူတည်ခဲ့တယ်။ အဲဒီ ၂၆ ရာခိုင်နှုန်းရရင် စစ်တပ်ကခန့်တဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းလိုက်ရင် သမ္မတဖြစ်ဖို့ လုံလောက်တဲ့ မဲရပြီ။

ဒါပေမယ့် အဲဒီရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်ပြိုကမ်းပြိုနိုင်တဲ့အခါ သူ့အိပ်မက်ဟာ တစစီ ပြိုကွဲသွားတယ်။ အဲဒီအိပ်မက်ကို ပြန်လည် အသက်သွင်းဖို့ သူ အာဏာသိမ်းပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ နိုင်ငံကို ဖရိုဖရဲဖြစ်စေတယ်။ မြန်မာပြည်သူတွေရဲ့ အမြင်မှာတော့ အခုနောက်ဆုံးလုပ်တဲ့ ဘာသာရေး ဓလေ့ထုံးတမ်းဟာ လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲအတွက် ပြင်ဆင်တဲ့ ယတြာထက် ဘာမှမပိုဘူး။

လောကသရဖူ စေတီတော်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ရတနာခေါင်းပေါင်း သရဖူကို ဝစီပိတ်ဆရာတော်ကို မေလ ၂၄ ရက်နေ့က ဆက်ကပ်စဉ် / Popular News

မတ်လ ၂၈ ရက်နေ့ ငလျင်က စစ်ကိုင်း၊ မန္တလေးနဲ့ သူ့ရဲ့ဌာနချုပ် နေပြည်တော်မှာ အကြီးအကျယ် ပျက်စီးပြီးနောက် စစ်ခေါင်းဆောင်ဟာ သူ့စစ်ကောင်စီအတွက် နိမိတ်မကောင်းဘူးလို့ ယူဆတဲ့ အတွက် ဧပြီလမှာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမှာ ဘုရားအနေကဇာတင်ပြီး တုံ့ပြန်ကာ ကံဆိုးမှုတွေကို ရှောင်ရှားဖို့ ကောင်းမှုကုသိုလ် ရှာတယ်။

သူ့ရဲ့လုပ်ရပ်တွေဟာ အမြဲတမ်းတွေ့နေကျ ပုံစံအတိုင်းပဲ။ မိုခါဆိုင်ကလုန်းမုန်တိုင်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ဖျက်ဆီးမှု မတိုင်မီ တရက်အလို ၂၀၂၃ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဥယျာဉ်ရှိ ဝစီပိတ် ဆရာတော်တည်ထားတဲ့ ဘုရား အနေကဇာတင်ရင်း ကယ်ဆယ်ကူညီရေး အစီအစဉ်တွေကို ရှောင်ရှားခဲ့တယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟ အရမ်းအယူသည်းတယ်လို အမည်ဆိုးကျော်ကြားကြပြီး နက္ခတ်ဗေဒင်၊ ဂမ္ဘီရ၊ ဂဏန်းဗေဒင်၊ အောက်လမ်းနဲ့ ယတြာကို မကြာခဏ အားကိုးကြတယ်။

သူ့အရင် စစ်ခေါင်းဆောင်တွေရဲ့ ခြေလှမ်းကို လိုက်နင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့အုပ်ချုပ်ရေး တရားဝင်စေဖို့ ပတ္တမြားတွေနဲ့ ဆင်ဖြူတွေကို ဂမ္ဘီရအဆောင်အယောင်တွေအဖြစ် သုံးတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အဲဒီလို ရှားပါးပစ္စည်းတွေဖြစ်တဲ့ ကြီးမားတဲ့ ပတ္တမြားတွေ၊ သမင်ဖြူစွဲနေတဲ့ ဆင်ဖြူတွေ တွေ့ရှိတာကို သူတို့ရဲ့ တော်ဝင်မှု၊ မင်း‌ကောင်းမင်းမြတ်အဖြစ် မြင်ကြတယ်။

သူ့အရင် စစ်ခေါင်းဆောင်တွေရဲ့ ခြေလှမ်းကို လိုက်နင်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့အုပ်ချုပ်ရေး တရားဝင်စေဖို့ ပတ္တမြားတွေနဲ့ ဆင်ဖြူတွေကို ဂမ္ဘီရအဆောင်အယောင်တွေအဖြစ် သုံးတယ်။ စစ်ဗိုလ်ချုပ်တွေဟာ အဲဒီလို ရှားပါးပစ္စည်းတွေဖြစ်တဲ့ ကြီးမားတဲ့ ပတ္တမြားတွေ၊ သမင်ဖြူစွဲနေတဲ့ ဆင်ဖြူတွေ တွေ့ရှိတာကို သူတို့ရဲ့ တော်ဝင်မှု၊ မင်း‌ကောင်းမင်းမြတ်အဖြစ် မြင်ကြတယ်။

လောကသရဖူ စေတီတော်အတွက် ရတနာခေါင်းပေါင်း သရဖူကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ မေလ ၂၄ ရက်နေ့က ပင့်ဆောင်စဉ် / Popular News

ဒါပေမဲ့ မင်းအောင်လှိုင်ကတော့ အရင်ဗိုလ်ချုပ်တွေထက် သာလွန်ပြီး အာဏာသိမ်းပြီး တနှစ်လောက်မှာပဲ ကြီးမားတဲ့ ပတ္တမြားကြီးတလုံးနဲ့ ဆင်ဖြူတကောင်တွေ့ကြောင်း ကြေညာတယ်။

လွန်ခဲ့တဲ့ လေးနှစ်အတွင်းမှာ စစ်ခေါင်းဆောင်ဟာ ဘုရားတွေကို ထီးတော်ပြန်တင်ရင်း အလုပ်တွေ များနေခဲ့ပြီး တနိုင်ငံလုံး လက်နက်ကိုင်ပုန်ကန်မှုကို အနိုင်ရဖို့အတွက် ကံကောင်းအောင် ဘုရားတဆူကို ရေသပ္ပာယ်ဖို့ ရုရှားနိုင်ငံ၊ မော်စကိုအထိတောင် သွားတယ်။ ဘုရားအနေကဇာတင်တဲ့ သူ့စိတ္တဇက သူ့မှာ သမ္မတရူး ရူးပြီး ပူလောင်နေကြောင်းပြသတဲ့ အထောက်အထားပဲဖြစ်တယ်လို့ မြင်ကြတယ်။

ဦးနေဝင်းက ရန်ကုန်မှာ မဟာဝိဇယဘုရားတည်ပြီး သူ့ကိုဆက်ခံသူ ဦးသန်းရွှေက စစ်အုပ်စုရဲ့ မြို့တော်သစ်မှာ ရွှေတိဂုံစေတီတော်နဲ့ ပုံစံတူ ဥပ္ပါတသန္တိစေတီတော်ကို အနေကဇာ တင်တယ်။ မင်းအောင်လှိုင်ဟာ သူတို့ခြေရာ လိုက်နင်းပြီး နေပြည်တော်မှာ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဘုရားလို့ခေါ်တဲ့ ဘုရားကို တည်တယ်။

အဲဒီ မာရဝိဇယ ဗုဒ္ဓဆင်းတုဟာ မြန်မာစစ်တပ်ရဲ့ အဆောင်လက်ဖွဲ့ ၉ ဂဏန်းနဲ့ ကိန်းခန်းအရ ဆက်စပ်နေတယ်။ မာရဝိဇယဆိုတဲ့ဘွဲ့ဟာ မာရ (အန္တရာယ်) ကို အောင်နိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင်ဟာ မကွေးတိုင်းက သူမွေးဖွားတဲ့ မင်းဘူးနဲ့ ကီလိုမီတာ ၂၀ လောက်ပဲဝေးတဲ့ ပွင့်ဖြူမြို့နယ်က ကျေးရွာစေတီတော်တဆူကို ပြန်လည်ထီးတော်တင်တယ်။ သူက ဘုရားရဲ့ ဘွဲ့တော်ကို “သက်သာပန်းတောင်း” ကနေ “စကြာပန်းတောင်း” အဖြစ် ပြောင်းခဲ့တယ်။ အခါတော်ပေး နက္ခဗေဒင်ဆရာတွေရဲ့ အဆိုအရ သူဟာ ဘုရင်အားလုံးရဲ့ဘုရင် စကြဝတေးမင်းဖြစ်ဖို့ မျှော်လင့်လို့ ဘုရားဘွဲ့ကို အဲဒီလို ပြောင်းတာလို့ သိရတယ်။

အဲဒီ ထီးတင်ပွဲတွေမှာ စစ်ခေါင်းဆောင်ဟာ အစဉ်အလာ စကားဖြစ်တဲ့ “အောင်ပြီ” လို့ သုံးခါ အော်ပြီး ဘာသာရေးအခမ်းအနား အောင်မြင်စွာပြီးတဲ့ အထိမ်းအမှတ်လုပ်တယ်။ ဒါပေမဲ့ သူ့ပါးစပ်က အဲဒီစကားဟာ ရန်သူတွေကို နိုင်ဖို့မျှော်လင့်ချက်နဲ့ အော်တဲ့ ယတြာလို့ အဓိပ္ပာယ်ရကြောင်း ယူဆကြတယ်။

အဲဒီ ထီးတင်ပွဲတွေမှာ စစ်ခေါင်းဆောင်ဟာ အစဉ်အလာ စကားဖြစ်တဲ့ “အောင်ပြီ” လို့ သုံးခါ အော်ပြီး ဘာသာရေးအခမ်းအနား အောင်မြင်စွာပြီးတဲ့ အထိမ်းအမှတ်လုပ်တယ်။ ဒါပေမဲ့ သူ့ပါးစပ်က အဲဒီစကားဟာ ရန်သူတွေကို နိုင်ဖို့မျှော်လင့်ချက်နဲ့ အော်တဲ့ ယတြာလို့ အဓိပ္ပာယ်ရကြောင်း ယူဆကြတယ်။

လောကသရဖူ စေတီတော်တွင် ရတနာခေါင်းပေါင်း သရဖူကို ကပ်လှူစဉ် / Popular News

သူဖြုတ်ချခဲ့တဲ့ ရွေးကောက်ခံအစိုးရရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို အဓိကကျတဲ့ ဒီမိုကရေစီပါတီတွေကို ဖျက်သိမ်းပြီးနောက် မင်းအောင်လှိုင်ဟာ ဒီတခါမှာတော့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုဘူး။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
41
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.6k

စစ်တပ်လက်ဝေခံ USDP ဟာ ဒီဇင်ဘာရွေးကောက်ပွဲမှာ အများစုနိုင်ပြီး အတုအယောင် လွှတ်တော်ကို လွှမ်းမိုးကာ သူ့ရဲ့ ကာလကြာမြင့်ပြီဖြစ်တဲ့ သမ္မတဖြစ်ရေး ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ လမ်းခင်းပေးမယ့် လမ်းကြောင်းမှာ ရှိနေတယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ သေချာအောင်လုပ်ချင်ပြီး ယတြာဟာ သူ့အတွက် သဘာဝလွန် အသက်အာမခံဖြစ်တယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏
Yadaya: How Myanmar’s Junta Boss Hopes to Hex His Way to Presidency ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ရှမ်း-ကယား နယ်စပ်မှာ ဘာသာရေးမီး ဘယ်သူတွေ မွှေးနေလဲ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

ဘာသာရေးအဆောက်အအုံများကို စစ်ရေးအတွက် စစ်ကောင်စီ အသုံးချနေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆင်ဖြူ တနှစ်ပြည့် မွေးနေ့ကျင်းပ

ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း

Your Thoughts …
Tags: NLDSliderSNLDUSDPငလျင်စစ်ကောင်စီစစ်အာဏာသိမ်းမှုဆိုင်ကလုန်းမုန်တိုင်းဘာသာရေးမင်းအောင်လှိုင်ရွေးကောက်ပွဲဝစီပိတ်ဆရာတော်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် (၂)

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် (၂)

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved