ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည့် သြဇာကြီးမားသော ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တ ကုမာရာဘိဝံသ၏ အန္တိမ အဂ္ဂိဈာပနကို ကျင်းပသောအခါ လေးနက်သောမျက်နှာထားနှင့် မင်းအောင်လှိုင်သည် အခေါင်းထမ်းသူများတွင် ပါဝင်ပြီး သူ့ကိုယ်သူ ဗုဒ္ဓဘာသာအများစုမြန်မာတွင် သာသနာကို ကာကွယ်သူအဖြစ် ဆက်လက် သရုပ်ဆောင်သည်။
ယခင်ကလည်း သူ၏လက်ထောက် စိုးဝင်းနှင့်အတူ မင်းအောင်လှိုင်သည် ဝါရင့်ဆရာတော်ကြီးဖြစ်သော နေပြည်တော်၊ ပျဉ်းမနားမှ ဈေးကုန်းဆရာတော် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် စစ်လေယာဉ်ပျက်ကျ ပျံလွန်တော်မူပြီးနောက် ထိုဆရာတော်၏ အန္တိမဈာပနတွင်လည်း အခေါင်းထမ်းသည်။
ဗန်းမော်ဆရာတော်ကြီးသည် သက်တော် ၉၄ နှစ်တွင် မေလ ၂၅ ရက်နေ့က ပျံလွန်တော်မူသည်။ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ၏ နဝမမြောက်ဥက္ကဋ္ဌ ဖြစ်သည်။ ဗုဒ္ဓစာပေ ပါရဂူအဖြစ် လူသိများသော ဆရာတော်သည် သက်တော်ထင်ရှားရှိစဉ် ဘွဲ့များစွာရသည်။
ဗုဒ္ဓဘာသာ မဟုတ်သူများကို ဆန့်ကျင်သည့် အမုန်းစကား ဖြန့်ချိရာတွင် အမည်ဆိုးကျော်ကြားသော အမျိုးသားရေးအဖွဲ့ မဘသကို ၂၀၁၇ ခုနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအောက်တွင် ဗန်းမော်ဆရာတော်သည် မဟနဥက္ကဋ္ဌအဖြစ် မတရားသင်း ကြေညာခဲ့သည်။
ဗန်းမော်ဆရာတော်ကြီးသည် သက်တော် ၉၄ နှစ်တွင် မေလ ၂၅ ရက်နေ့က ပျံလွန်တော်မူသည်။ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) ၏ နဝမမြောက်ဥက္ကဋ္ဌ ဖြစ်သည်။
ဆရာတော်သည် ရန်ကုန်ကမ္ဘာအေးမှ သာသနာ့မြေ ၇ ဧကကို စစ်တပ်က သိမ်းယူထားသည်ကိုလည်း ပြန်လည်ရယူခဲ့သည်။ ” သာသနာ့မြေအဖြစ် လှူဒါန်းထားသောမြေကို အခြားကိစ္စတွင် အသုံးပြုလျှင် ထိုသူသည် လက်ရှိဘဝတွင်သာမက နောင်သံသရာတွင်ပါ မကောင်းသောအကျိုးဆက်များ ခံစားရမည်” ဟု ဆရာတော်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံပေးပို့သောစာတွင် ဖော်ပြခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာမသိမ်းမီ ရက်အနည်းငယ်အလိုတွင် ထိုပါဠိပါရဂူဆရာတော်က စစ်အာဏာသိမ်းမှု မလုပ်ရန် စစ်တပ်ကို မေတ္တာရပ်ခံခဲ့သည်။
ဗန်းမော်ဆရာတော်၏ စကားကို လျစ်လျူရှုသော်လည်း မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဘာသာတရား ကိုင်းရှိုင်းသူအဖြစ် ပုံဖော်ပြီး ဆရာတော်၏ ဂုဏ်သိက္ခာကို သူ့နိုင်ငံရေး အမြတ်ထုတ်ရန် အသုံးချသည်။
မင်းအောင်လှိုင်သည် ဆရာတော် ပျံလွန်တော်မူပြီးသည့်တိုင် ဆရာတော်၏ ပုံရိပ်ကို ဆက်လက်အသုံးချနေသည်။ သူသည် ဆရာတော်၏ ဦးခေါင်းကို ရွှေချစေပြီး ဆရာတော်၏ ဗုဒ္ဓ ဓမ္မအပေါ် ဉာဏ်ပညာကြီးကျယ်မှုကို အသိအမှတ်ပြုလေးစားခြင်း ဖြစ်သည်ဟု ပြောသည်။
မင်းအောင်လှိုင်သည် ဆရာတော်၏ဦးခေါင်းကို ရွှေချစေပြီး ဆရာတော်၏ ဗုဒ္ဓ ဓမ္မအပေါ် ဉာဏ်ပညာကြီးကျယ်မှုကို အသိအမှတ်ပြုလေးစားခြင်း ဖြစ်သည်ဟု ပြောသည်။
ဆရာတော်၏ အခေါင်းကိုထမ်းသူများတွင် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် စစ်ကောင်စီတွဲဖက် အတွင်းရေးမှူး ရဲဝင်းဦးလည်း ပါဝင်သည်။ ထိုသူသည် စစ်ကောင်စီ ငရဲခန်းများကို တာဝန်ခံသူဖြစ်ပြီး ထိုငရဲခန်းများတွင် အရပ်သားများနှင့် သံဃာတော်များကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေသည်။ ဆရာတော်၏ အခေါင်းကိုထမ်းသည့် အခြားသူတဦးမှာ ကျောင်းများ၊ စစ်ရှောင်စခန်းများနှင့် ကျန်းမာရေး အဆောက်အအုံများကို အသေအကျေ လေကြောင်းတိုက်ခိုက်မှုများကို ကြီးကြပ်သူ လေတပ်ခေါင်းဆောင် ထွန်းအောင် ဖြစ်သည်။
မြန်မာစစ်ခေါင်းဆောင် အဆက်ဆက်သည် အလားတူ အာဏာငမ်းငမ်းတက်သော်လည်း မင်းအောင်လှိုင်သည် ၎င်းတို့အားလုံးတွင် သူတော်ကောင်းဟန်အဆောင်ဆုံး ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး နှစ်အနည်းငယ်မျှသာ အုပ်ချုပ်ခဲ့သော စောမောင်မှလွဲပြီး မင်းအောင်လှိုင်၏ ယခင်က အာဏာရှင်များဖြစ်သော နေဝင်းနှင့် သန်းရွှေတို့သည် အခေါင်းထမ်းခဲ့ခြင်း မရှိပေ။
လွန်ခဲ့သော နှစ်နှစ်အတွင်း မင်းအောင်လှိုင်သည် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကို နေပြည်တော်တွင် တည်စေပြီး ရုရှားမြို့တော် မော်စကိုမှ ဘုရားတဆူအပါအဝင် ဘုရားအများအပြားကိုလည်း အနေကဇာတင်ကာ ဆရာတော်ကြီးများကိုလည်း မကြာခဏလှူဒါန်းမှုများ ပြုလုပ်သည်။ တချိန်တည်းတွင် သူသည် သူ့ကိုဆန့်ကျင်သည့် အရပ်သားများနှင့် သံဃာတော်များကို သတ်ဖြတ်ရန် အမိန့်ပေးနေပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး အတွင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို သွေးချောင်းစီး နှိမ်နင်းသည့် သန်းရွှေ၏ ခြေရာလိုက်သည်။
မင်းအောင်လှိုင်၏ ဘာသာရေး ဆောင်ရွက်ချက်များသည် ရန်သူကို အောင်နိုင်ရန်နှင့် သူ၏အုပ်ချုပ်ရေး ရှည်ကြာစေမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ယတြာချေခြင်းဖြစ်ကြောင်း မြန်မာပြည်သူများ သိသည်။
မင်းအောင်လှိုင်၏ ဘာသာရေး ဆောင်ရွက်ချက်များသည် ရန်သူကို အောင်နိုင်ရန်နှင့် သူ၏အုပ်ချုပ်ရေး ရှည်ကြာစေမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် ယတြာချေခြင်းဖြစ်ကြောင်း မြန်မာပြည်သူများ သိသည်။ ယခင် အာဏာရှင်များ၏ ခြေရာကိုနင်းပြီး မင်းအောင်လှိုင်သည် ပတ္တမြားနှင့် ဆင်ဖြူများ သုံးကာ သူ၏ အုပ်ချုပ်ရေးအတွက် ဝါဒဖြန့်သည်။ စစ်ဗိုလ်ချုပ်များသည် အခြားထူးဆန်းသော အရာများအပြင် ပတ္တမြားကြီးများနှင့် ဆင်ဖြူများတွေ့ခြင်းကို ၎င်းတို့ ရှေးဘုန်းကံကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းတို့ မင်းအဖြစ် ထိုက်တန်သည်ဟု ပြသတတ်သည်။
ထိုနှစ် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသည့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းက မင်းအောင်လှိုင်သည် သူ၏ ဗေဒင်အခါတော်ပေး ဝစီပိတ်ဆရာတော်၏ လမ်းညွှန်ချက်အရ ပုဂံမှ ရှေးဟောင်း ထီးလိုမင်းလိုဘုရားတွင် ထီးတင်သည်။ ထိုဘုရားဘွဲ့တော်မှာ မြန်မာဘုရင်များ၏ အရေးပါသော သင်္ကေတဖြစ်သည့် ထီးနှင့် ဘုရင်အဖြစ် တောင်းခံသည့် သဘောဖြစ်သည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖျက်ဆီးခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင်တရက်အလို မေလ ၁၃ ရက်နေ့တွင် မင်းအောင်လှိုင်သည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ရမည့်အစား ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဘုရားတဆူကို အနေကဇာတင်နေသည်။
လွန်ခဲ့သော နှစ်နှစ်အတွင်း မင်းအောင်လှိုင်သည် တနိုင်ငံလုံးတွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ ဖြစ်နေသည့်ကြားမှ ဘုန်းကံတက်စေရန် ဘုရားများကို ဆက်လက် အနေကဇာတင်ပြီး မော်စကိုသို့ပင် သွားကာ ဘုရားတဆူကို ထီးတင်သည်။
သူသည် အနေကဇာတင်သည့် အခမ်းအနားများတွင် ဘာသာရေးအခမ်းအနားများ အောင်မြင်သော အထိမ်းအမှတ်အဖြစ် သုံးသည့် “အောင်ပြီ” ဆိုသည့် စကားကို သုံးကြိမ် အော်ဟစ်သည်။ သို့သော် မင်းအောင်လှိုင်၏ ပါးစပ်တွင် ထိုစကားသည် ယတြာအဖြစ် သူ၏ရန်သူများကို အောင်မြင်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် အော်ဟစ်ခြင်းဖြစ်ကြောင်း ပြည်သူများ သိသည်။
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖျက်ဆီးခဲ့သည့် မိုခါဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင်တရက်အလို မေလ ၁၃ ရက်နေ့တွင် မင်းအောင်လှိုင်သည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုတင်ပြင်ဆင်ရမည့်အစား ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဝစီပိတ်ဆရာတော် တည်ထားသည့် ဘုရားတဆူကို အနေကဇာတင်နေသည်။ ဆယ်စုနှစ်များစွာအတွင်း မြန်မာကို တိုက်ခတ်ခဲ့သည် မုန်တိုင်းများအနက် အပြင်းထန်ဆုံးမုန်တိုင်းကို အသက်ပေါင်းများစွာ ရင်ဆိုင်နေရခြင်းအား လျစ်လျူရှုပြီး သူသည် သူ့အကျိုးအတွက် ယတြာချေနေခြင်းဖြစ်ကြောင်း ပြည်သူများသိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Why Myanmar’s Junta Chief Turns Himself Into a Pallbearer at Monks’ Funerals ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ
အမြန်ဆုံး ညှိနှိုင်းရန် မဟန ဆရာတော်ကြီးများ အကြိမ်ကြိမ် မေတ္တာရပ်ခံ