• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဆန့်ကျင်သူများ ကွပ်မျက်ရေး ဆရာတော်များ ဝစီပိတ်နေ

by ဧရာဝတီ
20 June 2022
in သတင်း
A A
စစ်အာဏာသိမ်းပြီး တလကျော် အကြာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တွေ့ရသည့် သီတဂူဆရာတော်နှင့် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်  / Sitagu Facebook

စစ်အာဏာသိမ်းပြီး တလကျော် အကြာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် တွေ့ရသည့် သီတဂူဆရာတော်နှင့် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် / Sitagu Facebook

14.8k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီဆန့်ကျင်ရေးတွင် ထင်ရှားသော ခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ကွပ်မျက်မည့် စစ်ကောင်စီ၏ ဆုံးဖြတ်ချက်သည် ကျယ်ပြန့်သော ပြည်တွင်းပြည်ပ ဆန့်ကျင်ရှုတ်ချမှုများကို ဖြစ်ပွားစေသည်။

သို့သော် သီတဂူဆရာတော်နှင့် ဓမ္မဓူတ အရှင်ဆေကိန္ဒနှင့် နိုင်ငံတော် သံဃ မဟာ နာယကအဖွဲ့ အပါအဝင် ထင်ရှားသော ဆရာတော်ကြီးများသည် ဝစီပိတ်နေကြဆဲ ဖြစ်သည်။ သံဃမဟာ နာယကအဖွဲ့သည် အစိုးရ ကျောထောက်နောက်ခံပြု အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတွင် အမြင့်မားဆုံး ဗုဒ္ဓဘာသာ အာဏာပိုင်ဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့၏ အချစ်ဆုံး သာဝကဖြစ်ပြီး ဘာသာရေး အခမ်းအနားများတွင် မကြာခဏ တွေ့ဆုံသောကြောင့် အဆိုပါ ဆရာတော်တို့သည် ထိုကွပ်မျက်မည့် အစီအစဉ်ကို သူနှင့် ဆွေးနွေးရန် အခွင့်အလမ်းများစွာ ရသည်။

မြန်မာ့အတိတ်သမိုင်းမှ ဘုရင်များခေတ်တွင် သေဒဏ်ကျခံနေရသူများကို ဇီဝိတဒါနအဖြစ် ခွင့်လွှတ်ပေးရန် ဆရာတော်ကြီးများက အောင်မြင်စွာ တောင်းဆိုနိုင်ခဲ့သည့် သာဓကများလည်း ရှိသည်။ ထို့နောက် ကိုလိုနီခေတ်တွင်လည်း ဆရာတော်ကြီးများက အာဏာပိုင်များကို တောင်းဆိုသောကြောင့် တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ရာညွန့်ကို သေဒဏ်ချထားရာမှ တသက်တကျွန်းသို့ ပြောင်းလဲပေးခဲ့သည်။

မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြားခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်မှုကို စီစဉ်သူ ဂဠုန်ဦးစောကို သေဒဏ်ပေးသောအခါတွင်ပင် ဆရာတော်ကြီးများက သူ့အသက်ကို ချမ်းသာပေးရန် အနည်းဆုံး အချိန်ကာလတခုအထိ ချမ်းသာပေးရန် မေတ္တာရပ်ခံခဲ့ကြသည်။

ထိုဆရာတော်များသည် အစည်းအဝေးတခု ကျင်းပပြီး ဦးစောအနေဖြင့် မသေမီ ကုသိုလ်ကောင်းမှုများ လုပ်နိုင်ရေးအတွက် ကွပ်မျက်မှုကို နှစ်လ သို့မဟုတ် သုံးလ ဆိုင်းငံ့ထားရန် မေတ္တာရပ်ခံကြသည်။ ထိုသို့ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ပါက သူ့အနေဖြင့် နောင်ဘဝတွင် ဒုက္ခများကို ရှောင်ရှားနိုင်မည်ဟု ဗုဒ္ဓဘာသာဝင်များ ယုံကြည်ကြသည်။

၂၀၂၂ ခုနှစ်၊ မေလက နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ ဗုဒ္ဓဥယျာဉ်တွင် တိပိဋက ကျောက်စာ ဖွင့်ပွဲ၌ တွေ့ရသည့် စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗန်းမော်ဆရာတော်နှင့် သီတဂူ ဆရာတော် / MWD

သို့သော် ယနေ့တွင်မူ သြဇာကြီးမားသည့် ဆရာတော်များသည် စစ်ကောင်စီ ဗိုလ်ချုပ်များနှင့် စိတ်တူကိုယ်တူ ဖြစ်နေကြောင်း အထင်အရှား တွေ့နေရသည်။

သီတဂူဆရာတော်နှင့် ဓမ္မဓူတ အရှင်ဆေကိန္ဒတို့သည် ဗုဒ္ဓဆင်းတုတော်တခု တည်ဆောက်ရေးအတွက် လွန်စွာ အလုပ်များနေသောကြောင့် ထိုကွပ်မျက်ရန် အမိန့်ကို သတိမပြုခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ထိုဆင်းတုသည် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်ဖြစ်ပြီး မင်းအောင်လှိုင် တည်ဆောက်နေသော ဆင်းတုတော် ဖြစ်သည်။

လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှု အပြီးတွင် စစ်ကောင်စီက ဆန္ဒပြသူများကို ပစ်သတ်သော အခါတွင်လည်း သီတဂူဆရာတော်သည် ရေငုံနှုတ်ပိတ်နေခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံလာရသော အခါမှသာ လက်နက်မဲ့ အရပ်သားများကို သတ်ဖြတ်မှု ရပ်ရန် မတ်လအစောပိုင်းတွင် တောင်းဆိုခဲ့သည်။

သို့သော် ထိုသို့တောင်းဆိုခြင်းသည်ပင် သူတဦးက ကြေညာချက်ထုတ်ပြန်ခြင်း မဟုတ်ပေ။ ရွှေကျင်ဂိုဏ်းက တောင်းဆိုသော ကြေညာချက်တွင် ထိုဂိုဏ်း၏ ဒုဥက္ကဋ္ဌအဖြစ် လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။

ထိုနောက်ပိုင်းတွင် မည်သည့်ဝေဖန်သော စကားကိုမျှ မပြောတော့ဘဲ နောက်တနှစ်ကြာသောအခါ မင်းအောင်လှိုင်ကို ပညာ၊ သဒ္ဓါနှင့် ပြည့်စုံသော ဘုရင်အဖြစ် ချီးကျူးသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ၊ ဇနီး မျိုးရတနာထိုက်နှင့် မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်တို့ ကျိုက်ဒေးဝိ စေတီအတွက် ဓမ္မဓူတ အရှင် ဆေကိန္ဒထံ စေတီငှက်မျက်နားတော် လှူဒါန်းစဉ် / MWD

ထိုအချိန်သည် ထောင်ပေါင်း များစွာသော ပြည်သူများသည် ဖြိုခွဲတိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့်သေဆုံးနေရပြီး စစ်ကောင်စီတပ်များက မီးရှို့တိုက်ခိုက်ခြင်းကြောင့် နောက်ထပ် လူပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် သီတဂူဆရာတော်သည် စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်းနှင့်အတူ ရုရှားသို့ လိုက်ပါသွားပြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ မိသားစုများ၏ အလှူငွေဖြင့် မော်စကိုတွင် တည်ဆောက်ထားသော ဘုန်းကြီးကျောင်းတွင် လအတန်ကြာ သီတင်းသုံးခဲ့သည်။

အာဏာသိမ်းပြီးနောက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ဓမ္မဓူတ အရှင်ဆေကိန္ဒ ဘွဲ့တံဆိပ်ရသည်။ ဓမ္မဓူတ အရှင်ဆေကိန္ဒသည်လည်း မင်းအောင်လှိုင်ဘုရားများ အနေကဇာတင်သောအခါ တက်ရောက်သူ ဖြစ်သည်။ သူသည် ရန်ကုန်ရှိ နိုင်ငံတကာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ဌာနမှူးမှ ခေတ္တပါမောက္ခချုပ် ရာထူးသို့ တိုးမြှင့်ပေးခံရသူ ဖြစ်သည်။

ဗန်းမော်ဆရာတော် ဦးဆောင်သည့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့သည်လည်း မင်းအောင်လှိုင်ထံမှ အလှူငွေများလက်ခံ၊ အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ဟောင်းများ လှူသည့် ဆွမ်းကိုစားပြီး အလုပ်များနေသောကြောင့် တရားမျှတမှုကင်းမဲ့စွာ သေဒဏ်ချမှတ်ခံထားရသောသူများ၏ အသက်ကို ချမ်းသာပေးရေး တောင်းဆိုရန် မေ့လျော့နေပုံရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
106
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
28

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
49

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့ကို ကွပ်မျက်ရန် အမိန့်ကို စစ်ကောင်စီက ဆက်လုပ်ပါက ထိုကိစ္စသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးကွပ်မျက်မှု ဖြစ်လာမည် ဖြစ်သည်။

You may also like these stories:

ပညတ်သွားရာ ဓာတ်သက် မပါခဲ့လေသလား

အတိုက်အခံများကို ကွပ်မျက်မှာ ရပ်ပေးပါ

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

စစ်ကောင်စီ စီစဉ်သည့် ဘာသာရေးပွဲများ သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း

Your Thoughts …
Tags: ဂဠုန်ဦးစောဇီဝိတဒါနဓမ္မဓူတ အရှင်ဆေကိန္ဒဗိုလ်ချုပ် အောင်ဆန်းဘာသာရေးသံဃာ့မဟာ နာယကသီတဂူဆရာတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်

by Dominic Faulder
27 March 2024
14k

"စစ်တပ်ကိုယ်တိုင်နဲ့ သူတို့ရဲ့ ခရိုနီတချို့ကလွဲပြီး တခြားတယောက်ယောက် ဒီအိမ်ကို လာဝယ်မှာ မဟုတ်သလို ဘယ်သူမဆို လက်ရှောင်မှာပဲ"

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.8k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

by မောင်ကဝိ
21 March 2024
13.8k

သမ္မတဖြစ်ချင်တဲ့အတွက် ဘုရားတွေကို ပြုပြင် ထီးတင်တာတွေကို မင်းအောင်လှိုင် လုပ်နေကျဖြစ်ပါတယ်။

Next Post
၂၀၁၈ ခုနှစ်က ရန်ကုန်ရှိ Pullman Yangon Centerpoint Hotel တွင် Mytel ဖွင့်ပွဲကို တက်ရောက်လာသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  / Senior General Min Aung Hlaing

စစ်သားများကို ခြေရာခံရန် စစ်ကောင်စီက Mytel ဆင်းမ်ကဒ်များကို သုံးနေ

လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံ လုပ်ငန်းခွင်တခု  / ဧရာဝတီ

မြန်မာ့အထည်ချုပ်လုပ်ငန်း ပုံမှန်နီးပါး ပြန်လည်ပတ်နေဟုဆို

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

15 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved