စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ အပိုင်း (၂) မှာ ရန်ကုန်နဲ့ မန္တလေးမြို့ပေါ်က မဲရုံတွေနဲ့ မဲရုံအနီးတဝိုက်မှာစစ်သား၊ ရဲ နဲ့ အရပ်ဝတ် လုံခြုံရေးတွေ အထပ်ထပ်ချထားတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စစ်တပ်နဲ့ ရဲက မဲရုံရဲ့အဝင်အထွက်လမ်းတွေမှာ ဂိတ်ချပြီး ကားတွေကို စစ်ဆေးတာ၊ လက်နက်ကိုင်လုံခြုံရေး ယူတာတွေ ရှိနေတယ်လို့ မြို့ခံပြည်သူတွေက ဧရာဝတီကို ပြောကြပါတယ်။
လုံခြုံရေးတင်းကြပ်ထားတာတွေကို ထည့်သွင်းမဖော်ပြတဲ့ စစ်တပ်ဝါဒဖြန့်သတင်းတွေမှာတော့ ရွေးကောက်ပွဲအပိုင်း (၂) ကိုလည်း မဲပေးသူများပြားတယ်လို့ ထုတ်လွှင့်နေပေမယ့် မြို့ပေါ်မှာ မဲရုံတွေ လိုက်လေ့လာခဲ့သူကတော့ မဲရုံ အများစုမှာ မဲပေးသူက မရှိသလောက်နည်းနေတယ်လို့ ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













