• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

ကွမ်းလုံအခြေချဗျူဟာကို MNDAA နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ် / The Kokang

18.7k
VIEWS
Share on FacebookShare on Twitter

အောက်တိုဘာလ ၂၇ ရက်နေ့ အရုဏ်မတက်မီတွင် အသံတိတ် လက်နက်ကိုင်အဖွဲ့တဖွဲ့သည် အမှောင်ထုကို အသုံးချကာ မြန်မာ-တရုတ် နယ်စပ် ချင်းရွှေဟော်တံတားဆီသို့ ချဉ်းကပ်လာကြသည်။ တံတားအနီး စစ်တပ်စခန်းတွင် အစောင့်တဦး အိပ်ငိုက်နေပြီး ကျရောက်တော့မည့် အန္တရာယ်ကို သတိမထားမိပေ။

အော်တိုမက်တစ်ရိုင်ဖယ် ရုတ်တရက် ပစ်ခတ်သံများနှင့် မော်တာကျည် ပေါက်ကွဲမှုများသည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေး အဓိကစခန်းတခုကို သိမ်းပိုက်ရန် ရည်ရွယ်သည့် ကိုးကန့်အဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၏ ရှောင်တခင် တိုက်ခိုက်မှုကို ကြေညာလိုက်ခြင်းပင် ဖြစ်သည်။ သို့သော် အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီစခန်းများအား တိုက်ခိုက်မှုကို MNDAA တဖွဲ့တည်းက လုပ်ဆောင်ခြင်း မဟုတ်သလို ချင်းရွှေဟော် တံတားသည်လည်း ထိုတိုက်ခိုက်မှု၏ တခုတည်းသော ပစ်မှတ် မဟုတ်ပေ။

လက်တွေ့တွင် ထို MNDAA တိုက်ခိုက်မှုသည် မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အဓိက လက်နက်ကိုင် အင်အားစုများက စစ်တပ်ကို အရှေ့မှအနောက်၊ မြောက်မှတောင်အထိ ၃၆၀ ဒီဂရီ တိုက်ခိုက်မှုအတွက် လွန်ခဲ့သောနှစ်အတွင်း ညှိနှိုင်းထားသည့် သေနင်္ဂဗျူဟာကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ နိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်တပ်အကြား သီးခြားစီ တိုက်ပွဲများဖြစ်စေသော၊ တခါတရံ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲများဖြစ်စေသော မြန်မာဗိုလ်ချုပ်များ၏ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် သေနင်္ဂဗျူဟာသည် နောက်ဆုံးတွင် ထိပ်တိုက်ရင်ဆိုင်ခံရပြီ ဖြစ်သည်။

နိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်တပ်အကြား သီးခြားစီ တိုက်ပွဲများဖြစ်စေသော၊ တခါတရံ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲများဖြစ်စေသော မြန်မာဗိုလ်ချုပ်များ၏ ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သည့် သေနင်္ဂဗျူဟာသည် နောက်ဆုံးတွင် ထိပ်တိုက်ရင်ဆိုင်ခံရပြီ ဖြစ်သည်။

အပိုင်း နှစ်ခုပါသော ဆောင်းပါး၏ ပထမပိုင်းဖြစ်သော ယခုဆောင်းပါးသည် ၁၀၂၇ စစ်ဆင်ရေးက ပုံဖော်ပေးသည့် မြန်မာမှ စစ်မြေပြင် လက်ရှိအခြေအနေကို ဖော်ပြမည်ဖြစ်သည်။ မကြာမီ ဖော်ပြမည့် ဒုတိယဆောင်းပါးတွင် ကျယ်ပြန့်လာသော ပဋိပက္ခ၏ လက္ခဏာများနှင့် ရှေ့ကြုံရမည့် စိန်ခေါ်မှုများကို သရုပ်ခွဲလေ့လာမည် ဖြစ်သည်။

ညှိနှိုင်းမှုနှင့် ကြိုတင်ပြင်ဆင်မှု

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ကိုးကန့်မှ ငွေကြေးလိမ်လည်သော လုပ်ငန်းများအား နှိမ်နင်းသည့် ရည်မှန်းချက်ကို ထောက်ခံသည့် အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးတွင် တရုတ်သည် အဓိကကျသည့် အခန်းမှ ပါဝင်သည်ဆိုသော ပြောဆိုချက်များ ရှိသော်လည်း လက်တွေ့တွင် ထိုအချက်သည် အဓိက မောင်းနှင်အား မဟုတ်ပေ။

မိမိတို့တွေ့နေရသည့် ထိုးစစ်သည် စစ်မျက်နှာအားလုံးတွင် စစ်ကောင်စီကို တိုက်ခိုက်ရန် ရည်မှန်းသည့် အဓိကကျသော ခုခံတော်လှန်ရေးအင်အားစုများ လွန်ခဲ့သောနှစ်အတွင်း ဖော်ထုတ်ခဲ့သည့် ညှိနှိုင်းထားသော သေနင်္ဂဗျူဟာ၏ နိဒါန်းဖြစ်သည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုသည် စစ်ကောင်စီကို မြေပြင်တွင် တိုက်ခိုက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု ယန္တရားအများအပြား ဖွဲ့စည်းတည်ထောင်ထားသည်ကို စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခကို အနီးကပ် စောင့်ကြည့်နေသည့် လေ့လာသူများ သတိထားမိမည်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများပြ မြေပုံ

ထိုယန္တရားများတွင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ၏ လုပ်ငန်းများကို ညှိနှိုင်းရန် ဖွဲ့စည်းထားသည့် ဗဟိုကွပ်ကဲညှိနှိုင်းရေးကော်မတီ (C3C) နှင့် ပူးတွဲ ကွပ်ကဲညှိနှိုင်းရေးကော်မတီ (J2C) တို့ ပါဝင်သည်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း MNDAA, ရက္ခိုင့်တပ်တော် (AA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့ အပါအဝင် လွတ်လပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် မဟာမိတ်ဆက်ဆံရေး ကော်မတီ (ARC) ကိုလည်း ဖွဲ့စည်းထားသည်။

၂၀၂၂ ခုနှစ် နှစ်လယ်မှ စတင်ပြီး NUG, ARC အဖွဲ့ဝင်များသည် ညီနောင် မဟာမိတ်အဖွဲ့နှင့် မကြခဏတွေ့ဆုံသည်။ ညီနောင်မဟာမိတ်အဖွဲ့သည် PDFs များနှင့် အခြားဘုံရည်မှန်းချက် တူညီသော လက်နက်ကိုင်အဖွဲ့အစည်းများကို စစ်သင်တန်းပေးနေသည်။

NUG နှင့် ညီနောင်မဟာမိတ်အကြား ပူးတွဲစစ်သေနင်္ဂဗျူဟာအတွက် ညှိနှိုင်းမှုများသည် ၂၀၂၃ ခုနှစ် အစောပိုင်းက အင်တိုက်အားတိုက် စတင်ခဲ့ပုံရသည်။ ထိုစဉ်က ညီနောင်မဟာမိတ်အဖွဲ့သည် ခုခံတော်လှန်ရေး အင်အားစုများကို ထောက်ခံသည့် သတင်းစကား စတင်ထုတ်ဖော်ပြောဆိုလာသည်။ အတွင်းသတင်း ရင်းမြစ်များ၏ အဆိုအရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် ညှိနှိုင်းသေနင်္ဂဗျူဟာအတွက် ညီနောင် မဟာမိတ်များနှင့် တိုက်ရိုက်တွေ့ဆုံရန် နိုင်ငံမြောက်ပိုင်းသို့ လပေါင်းများစွာ သွားရောက်ခဲ့သည်။

အတွင်းသတင်း ရင်းမြစ်များ၏ အဆိုအရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် ညှိနှိုင်းသေနင်္ဂဗျူဟာအတွက် ညီနောင် မဟာမိတ်များနှင့် တိုက်ရိုက်တွေ့ဆုံရန် နိုင်ငံမြောက်ပိုင်းသို့ လပေါင်းများစွာ သွားရောက်ခဲ့သည်။

ညီနောင်မဟာမိတ်များထံတွင် စစ်သင်တန်းတက်ခဲ့သည့် ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (BPLA) နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကဲ့သို့သော အခြားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှု မဟာမိတ်နှင့် သေနင်္ဂဗျူဟာ ရည်မှန်းချက် ချိန်ညှိရာတွင် အဓိကကျသောအခန်းမှ ပါဝင်ကြသည်။

၁၀၂၇ စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို အချိန်မတိုင်မီ တနှစ်ကျော်က ပြုလုပ်သည်။ ထိုစဉ်က MNDAA သည် ဗမာအပါအဝင် အခြားလူမျိုးစု အများအပြားနှင့် AA, NUG/PDFs, ကရင်နီအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDF), BPLA, PLA နှင့် အခြားအဖွဲ့များမှ စစ်သားများဖြင့် တပ်မဟာ ၆၁၁ ကို MNDAA ကွပ်ကဲမှုအောက်တွင် ဖွဲ့စည်း လက်နက်တပ်ဆင်ပေးသည်။

တပ်မဟာ ၆၁၁ ကို အဓိကအားဖြင့် လားရှိုးနှင့် မူဆယ်အကြား၊ လားရှိုးနှင့် ချင်းရွှေဟော် / လောက်ကိုင် အကြားတွင် ဖြန့်ကြက်ထားပြီး တရုတ်နယ်စပ် ကိုးကန့်သို့ စစ်တပ်၏ သေနင်္ဂဗျူဟာလမ်းကြောင်းကို ပိတ်ဆို့ထားသည်။ အခြားဒေသများရှိ ခုခံတော်လှန်ရေး အင်အားစုများမှ ဒရုန်းကျွမ်းကျင်သူများကိုလည်း ၂၀၂၂ ခုနှစ်မှ စတင်ပြီး ရှမ်းပြည်နယ်တွင် တွေ့လာရသည်။

စစ်အာဏာသိမ်းမှုအလွန် လမ်းကြောင်း၏ တိုးတက်မှုကို ရှင်းရှင်းလင်းလင်း သရုပ်ခွဲလေ့လာခြင်း မရှိဘဲ အချို့သူများက ၁၀၂၇ စစ်ဆင်ရေးသည် ညှိနှိုင်းတိုက်ခိုက်မှု မဟုတ်ဘဲ ညီနောင်မဟာမိတ်အဖွဲ့က NUG နှင့် ကြိုတင် မတိုင်ပင်ဘဲ လုပ်သည့် စစ်ဆင်ရေးဟု အလွယ်တကူ ကောက်ချက်ချကြသည်။

သို့သော် တအာင်း TNLA အထွေထွေအတွင်းရေးမှူးက NUG နှင့် ကျယ်ပြန့်သော ညှိနှိုင်းမှုနှင့် ၁၀၂၇ စစ်ဆင်ရေးတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ တပ်များ ပါဝင်ကြောင်း ထုတ်ဖော် ကြေညာလိုက်သောအခါ ညှိနှိုင်းဆောင်ရွက်မှု အတိုင်းအတာကို ရှင်းလင်းစွာသိလာရပြီး ထိုထိုးစစ်သည့် အလိုအလျောက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ပိုမိုကျယ်ပြန့်သည့် ခုခံတော်လှန်ရေး လှုပ်ရှားမှုနှင့် နှစ်ချီ ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အထင်အရှားတွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေး

တရုတ်နယ်စပ် ကိုးကန့်မှ စစ်တပ်အမာခံစခန်းများကို တိုက်ခိုက်မှုကို စတင်သည့် ရက်စွဲအရ ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားပြီး အခြား ခုခံတော်လှန်ရေးအင်အားစု အများအပြားနှင့် ညှိနှိုင်းကာ ညီနောင်မဟာမိတ်အဖွဲ့က ဦးဆောင်သည်။

ချင်းရွှေဟော်ကို တိုက်ခိုက်ပြီးနောက် တရုတ် နယ်စပ်တလျှောက် ကွမ်းလုံ၊ မုန်းကိုး၊ လားရှိုး၊ ဟိုပင်နှင့် နမ့်ခမ်းတို့ကိုလည်း အလျင်အမြန် တိုက်ခိုက်သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ထိုမဟာမိတ်အဖွဲ့သည် ထိုမြို့များနှင့် ၎င်းတို့ပတ်ဝန်းကျင်မှ အရးပါသည့် အခြေစိုက် စခန်းများအပါအဝင် စစ်စခန်း ၂၀၀ ကျော်ကို သိမ်းပိုက်လိုက်ပြီး နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးကို ထိထိရောက်ရောက် ပိတ်ဆို့လိုက်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ကွမ်းလုံကို သိမ်းပိုက်ပြီးနောက် ညီနောင်မဟာမိတ်အဖွဲ့များကို တွေ့ရစဉ် / The Kokang

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၁ လကြာသောအခါ ညီနောင်မဟာမိတ်အဖွဲ့က ထိုစစ်ဆင်ရေး နောက်တဆင့်ဖြစ်သည့် တနိုင်ငံလုံးမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် စစ်ပွဲအဖြစ် အရှိန်မြှင့်တင်ကြောင်း ကြေညာသည်။

PDFs များနှင့် အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း မြောက်ပိုင်းတွင် ကချင်ပြည်နယ်၊ အလယ်ပိုင်းတွင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်း၊ အနောက်ပိုင်းတွင် ချင်းနှင့် ရခိုင်ပြည်နယ်၊ အရှေ့ပိုင်းတွင် ကယား (ကရင်နီ)၊ တောင်ပိုင်းတွင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်တပ်စခန်းများကို တိုက်ခိုက်ကြသည်။

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက်တိုက်ခိုက်မှုကို ခံရသည်။ ထိုအဖွဲ့များသည် သမားရိုးကျစစ်မှ ပြောက်ကျားစစ်၊ လျှို့ဝှက်စစ်ဆင်ရေးမှ ဗြောင်ကျသော စစ်ဆင်ရေးအထိ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ၁၂ ခုတွင် တိုက်ခိုက်ကြသည်။

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက်တိုက်ခိုက်မှုကို ခံရသည်။ ထိုအဖွဲ့များသည် သမားရိုးကျစစ်မှ ပြောက်ကျားစစ်၊ လျှို့ဝှက်စစ်ဆင်ရေးမှ ဗြောင်ကျသော စစ်ဆင်ရေးအထိ မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်း ၁၄ ခုအနက် ၁၂ ခုတွင် တိုက်ခိုက်ကြသည်။ ကံဆိုးမိုးမှောင်ကျနေသည့် စစ်ကောင်စီကို ပူးပေါင်းတပ်များက တနိုင်ငံလုံး ညှိနှိုင်းဆောင်ရွက် ထိုးစစ်ဆင်သည့် အထောက်အထားသည် သေချာခိုင်မာလာသည်။

တော်လှန်ရေးထိုးစစ်များ တနိုင်ငံလုံးတွင် အလုံးအရင်းဖြင့် ပေါ်ပေါက်လာ

မန္တလေးသို့ ထိုးဖောက်ခြင်း ။ ။ ၁၀၂၇ စစ်ဆင်ရေးက ဖန်တီးပေးလိုက်သည့် အခွင့်ကောင်းကို ပထမဆုံး အသုံးချသည့် အုပ်စုသည် NUG ကွပ်ကဲမှုအောက်မှ မန္တလေး PDF ဖြစ်ပြီး ထိုတပ်ရင်း ၇ ရင်းကို TNLA က ၂၀၂၁ ခုနှစ်ကပင် လေ့ကျင့် လက်နက်တပ်ဆင်ပေးထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲနှင့် နောင်ချိုတွင် အဓိကအားဖြင့် လှုပ်ရှားပြီး မန္တလေးတိုင်းကို အရှေ့ဘက်မှ သိမ်းယူရန် ရည်မှန်းထားသည်။ ထိုတပ်များသည် ၁၀၂၇ စစ်ဆင်ရေးတွင် TNLA နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးဒေသများမှ စစ်တပ်စခန်းများကို တိုက်ကာ ရှမ်းပြည်မြောက်ပိုင်းသို့ စစ်တပ်က တပ်ကူပို့ခြင်းကို ပိတ်ပင်လိုက်ပြီး မန္တလေးတိုင်းအတွင်းမှ ၎င်းတို့၏ ပစ်မှတ်ဒေသများသို့ ထိုးဖောက် ဝင်ရောက်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းသို့သွားသည့် လားရှိုး-မန္တလေး အဝေးပြေးလမ်းကို စစ်တပ်က မသုံးနိုင်စေရန် ဆက်လက် ပိတ်ပင်ပြီး မန္တလေး PDF စစ်တပ်က အကြီးအကျယ် ကာကွယ်ထားသည့် မန္တလေးတိုင်းအတွင်း မတ္တရာမှ ဒေသများသို့ စတင်စိမ့်ဝင်ကြသည်။ ထိုအဖွဲ့သည် မန္တလေးကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် “ရွှေပြည်စိုး စစ်ဆင်ရေး” ကို မကြာသေးမီက ကြေညာခဲ့သည်။

ကရင်ပြည်နယ် ။ ။ ၁၀၂၇ စစ်ဆင်ရေး စတင်သည့် နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) သည် ကရင်ပြည်နယ် ကော့ကရိတ်ကို တိုက်ခိုက်သည်။ တောင်ပိုင်းတွင် မြောက်ပိုင်းထက် လက်နက်ခဲယမ်း အကန့်အသတ်ရှိသောကြောင့် ခုခံတော်လှန်ရေး အင်အားစုများသည် အဓိကကျသည့် မြို့နယ်များ၊ မြို့များကို သိမ်းပိုက်ခြင်း မရှိပေ။

RelatedPosts

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
3.5k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.3k
ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

7 January 2026
1.6k

မြို့များ၊ စခန်းများကို သိမ်းပိုက်မည့်အစား ၎င်းတို့သည် မြို့များကို ဝိုင်းပတ်ပြီး ထောက်ပံ့ရေး လမ်းကြောင်းများကို လွှမ်းမိုးကာ စစ်တပ်အတွက် ရိက္ခာနှင့် လူအင်အား ဖြည့်ဆည်းခြင်းကို ဖြတ်တောက်သည်။

မြို့များကို သိမ်းပိုက်သည်ဟု မကြေညာသော်လည်း ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ခုခံတော်လှန်ရေး အင်အားစုများသည် ကော့ကရိတ်နှင့် ဖာပွန်ကဲ့သို့သော မြို့များနှင့် ပတ်ဝန်းကျင်ဒေသများကို အကြီးအကျယ် ထိန်းချုပ်ထားရုံသာမက ကော့ကရိတ်-မြဝတီနှင့် ရေး-ထားဝယ် အဝေးပြေးလမ်းကဲ့သို့သော သေနင်္ဂဗျူဟာကျသည့် လမ်းကြောင်းများကိုလည်း လွှမ်းမိုးထားသည်။ တိုးတက်မှု နှေးကွေးသော်လည်း KNLA သည် စစ်တပ်ရင်ဆိုင်ရသည့် ဖရိုဖရဲများအကြားတွင် စစ်ရေးအောင်မြင်မှုများ ရှေ့တန်းတင်ရန် အခွင့်အလမ်းကို စွန့်လွှတ်မည့် အလားအလာ မရှိပေ။

ပဲခူးတိုင်း ။ ။ တောင်ပိုင်းစစ်မျက်နှာတွင် KNLA နှင့် PDFs များသည် စစ်တောင်းမြစ်ကို ဖြတ်ကူးပြီး ပဲခူးတိုင်းကို ထိုးဖောက်ရန် အမြဲမပြတ် ကြိုးစားသည်။ ပဲခူးဒေသတွင်းသို့ ခုခံတော်လှန်ရေး အင်အားစုများ ချီတက်လာသည်ကို ဟန့်တားရန် စစ်တပ်က ခံစစ်ကြောင်း သုံးခု ထူထောင်ထားသည်။

စစ်တပ်၏ တိုက်ခိုက်မှုများ ရှိစေကာမူ ခုခံတော်လှန်ရေး အင်အားစုများသည် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများကြား အောင်မြင်စွာ စစ်ဆင်နိုင်ပြီး ဒုတိယ ကာကွယ်ရေးစည်းကို ချိုးဖောက်ကာ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် စစ်တောင်းမြစ်အကြား လွတ်လပ်စွာ လှုပ်ရှားနေသည်။ ရန်ကုန်နှင့် နေပြည်တော် မြို့ကြီးများကို ခြိမ်းခြောက် ဖြတ်တောက်နိုင်မည့် အလားအလာ ရှိနေသည်။

ရန်ကုန်နှင့် နေပြည်တော်အကြား အဝေးပြေး လမ်းဟောင်းနှင့်လမ်းသစ်အကြားတွင် အကြီးအကျယ် ကာကွယ်ထားသော်လည်း ခုခံတော်လှန်ရေး တပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေးနှင့် ချိန်ကိုက်ပြီး ထိုဒေသတွင် မကြာမီ တိုက်ခိုက်ပြုလုပ်ရန် တာဆူနေသည်။

ရန်ကုန်နှင့် နေပြည်တော်အကြား အဝေးပြေး လမ်းဟောင်းနှင့်လမ်းသစ်အကြားတွင် အကြီးအကျယ် ကာကွယ်ထားသော်လည်း ခုခံတော်လှန်ရေး တပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေးနှင့် ချိန်ကိုက်ပြီး ထိုဒေသတွင် မကြာမီ တိုက်ခိုက်ပြုလုပ်ရန် တာဆူနေသည်။

ကချင်ပြည်နယ် ။ ။ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီသည် မြောက်ပိုင်းမှ PDFs များအတွက် အထောက်အပံ့များကို တားမြစ်ရန် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ထိုးစစ်ဆင်နေသည်။ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားသောကြောင့် စစ်တပ်သည် ၎င်းတို့၏ အကန့်အသတ်ရှိသော တပ်ရင်းများကို ပဋိပက္ခ နယ်ပယ်သစ်များသို့ ပြန်လည် ခေါ်ယူရသည်။ ထိုအခါ KIA သည် ရှမ်းပြည်နယ် မြောက်ပိုင်းမှ မိုင်းတုံရှိ စစ်တပ်စခန်း တခုနှင့် ကန်တော်-ဗန်းမော်လမ်းပေါ်ရှိ စစ်စခန်းတခုကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် သိမ်းပိုက်ပြီး စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် စစ်ဆင်ရေးများ ဆက်လက် ပြုလုပ်နေသည်။

စစ်ကိုင်းနှင့် မကွေးတိုင်း ။ ။ နိုဝင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်များတွင် NUG / PDFs များသည် ဒေသ ကာကွယ်ရေး တပ်များ၊ မဟာမိတ် EAOs များနှင့် ပူးပေါင်းကာ စစ်ကိုင်းနှင့် မကွေးတိုင်းမှ စစ်တပ်စခန်းများ၊ ရဲစခန်းများနှင့် ထောင်များကို တိုက်ခိုက်ကာ ၁၀၂၇ စစ်ဆင်ရေးကို အားဖြည့်လိုက်သည်။

နိုဝင်ဘာလ ၆ ရက်နေ့ ရောက်သောအခါ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) က စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့ကို ထိန်းချုပ်လိုက်ကြောင်း ကြေညာပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် အိန္ဒိယနယ်စပ်မှ ခါမ်းပါတ်ကို သိမ်းပိုက်ကြောင်း ကြေညာသည်။

ခုခံတော်လှန်ရေးတပ်များသည် ခါမ်းပါတ်နှင့်အတူ တမူးကိုပါ သိမ်းပိုက်နိုင်ပါက အိန္ဒိယနယ်စပ် ကဘော်ချိုင့်ဝှမ်းဒေသ တခုလုံးကို ထိန်းချုပ်နိုင်တော့မည်ဖြစ်သည်။ ၎င်းတို့သည် “က သုံးလုံး” ဒေသများဟုခေါ်သည့် ကောလင်း၊ ကသာနှင့် ကန့်ဘလူကို ထိန်းချုပ်မှု ခိုင်မာအောင်လုပ်ရန် ရည်ရွယ်ထားပြီး ထိုမြို့များမှ ကျေးလက်ဒေသများတွင် အမာခံနယ်မြေများ ထူထောင်ထားပြီး ဖြစ်သော်လည်း စစ်စခန်း အားလုံးကို မတိုက်ခိုက်ရသေးပေ။ ထိုနေရာမှ စတင်ပြီး ညှိနှိုင်းခုခံတော်လှန်မှုသည် အလယ်ဗဟို ဒေသမှ မြို့ပြဒေသများနှင့် စစ်စခန်းများကို သိမ်းပိုက်ရန် အာရုံစိုက်ပုံရသည်။

ချင်းပြည်နယ် ။ ။ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) က ၎င်းတို့သည် ချင်းပြည်နယ် ဒေသအများအပြားမှ စစ်တပ်ကို ရင်ဆိုင်ရန် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်မှုကို လက်ခံမည်ဖြစ်ကြောင်း ကြေညာသည်။

ချင်း ခုခံတော်လှန်ရေး အင်အားစုများသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်ကို သိမ်းပိုက်နိုင်ပြီး မတူပီမှ လိုင်လင်းပီ၊ ရေဇွာမြို့များနှင့် စစ်စခန်းများကို ဆက်လက် သိမ်းပိုက်သည်။ တောင်ထူထပ်ပြီး ဝေးကွာသော ဒေသဖြစ်သည့် ချင်းပြည်နယ်သည် စစ်တပ်အတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်စေသည်။ ခုခံတော်လှန်ရေး လှုပ်ရှားမှုအနေဖြင့် ပြည်နယ်အတွင်း ထိန်းချုပ်မှု ပိုမိုရစေကာ အကြီးအကျယ် ခံစစ်ဆင်ထားသည့် စစ်တပ်စခန်းများကို ဝိုင်းပတ် အထီးကျန်စေသည်။ နိုင်ငံ၏ အခြားဒေသများမှ စစ်တပ်ကို ဆန့်ကျင်သည့် အရှိန်အဟုန်သည် CNF အတွက် အကျိုးကျေးဇူး ဖြစ်စေမည် ဖြစ်သည်။

ရခိုင်ပြည်နယ် ။ ။ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အင်အားကြီးမားသော ရက္ခိုင့်တပ်တော် (AA) သည် ညီနောင်မဟာမိတ် အဖွဲ့ဝင်အဖြစ် တရုတ်နယ်စပ်တွင် မြန်မာစစ်တပ်ကို အောင်ပွဲများရပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ စစ်တပ်စခန်းများကို စတင်တိုက်ခိုက်ပြီး ပြည်နယ်အတွင်း တနှစ်ကြာ အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်သည်။

AA သေနင်္ဂဗျူဟာသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ လမ်းကြောင်းများဖွင့်ကာ ရခိုင်ပြည်သူများအတွက် ရိက္ခာရရန်နှင့် ရခိုင်ပြည်နယ်အတွင်း လမ်းကြောင်းများကို ပိတ်ဆို့မည့် အစီအစဉ်ကို ဟန့်တားရန် စီစဉ်သည့် သေနင်္ဂဗျူဟာဖြစ်ပုံရသည်။

နယ်စပ်မှ စစ်တပ်နှင့် ရဲစခန်းများကို အာရုံစိုက် တိုက်ခိုက်ပြီးနောက် AA သည် ရသေ့တောင်နှင့် မောင်တောမှ စခန်းအများအပြားကို သိမ်းပိုက်ကာ ထိုသေနင်္ဂဗျူဟာသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသို့ လမ်းကြောင်းများဖွင့်ကာ ရခိုင်ပြည်သူများအတွက် ရိက္ခာရရန်နှင့် ရခိုင်ပြည်နယ်အတွင်း လမ်းကြောင်းများကို ပိတ်ဆို့မည့် အစီအစဉ်ကို ဟန့်တားရန် စီစဉ်သည့် သေနင်္ဂဗျူဟာဖြစ်ပုံရသည်။

AA ၏ စစ်ဆင်ရေးများသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အခြားဒေသများသို့ အလျင်အမြန် ပျံ့နှံ့နေပြီး မကြာသေးမီ ကာလအတွင်း ပေါက်တော၊ မြေပုံနှင့် ပလက်ဝတို့တွင် တိုက်ပွဲများ ပြင်းထန်လာသည်။

ကရင်နီပြည်နယ် ။ ။ ရှမ်းပြည်နယ် တောင်ပိုင်းတွင်လည်း ၁၀၂၇ စစ်ဆင်ရေးသည် ကရင်နီ ခုခံတော်လှန်ရေး အင်အားစုများဖြစ်သည့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသား လွတ်မြောက်ရေးတပ်ဦး (KNLF)၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ PDFs နှင့် အခြားအုပ်စုများ အနေဖြင့် စစ်တပ်ကို ဆန့်ကျင်သည့် စစ်ဆင်ရေးကို စတင်စေပြီး အစောပိုင်းတွင်ပင် ထိုင်းနယ်စပ်မှ မယ်စဲ့ကို အပြည့်အဝ ထိန်းချုပ်လိုက်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ၎င်းတို့သည် နေပြည်တော်မှ ကီလိုမီတာ ၁၁၀ ခန့် (၆၈ မိုင်ကျော်) တွင်ရှိသော ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်ကို သိမ်းပိုက်ရန် ရည်ရွယ်သည့် ၁၁၁၁ စစ်ဆင်ရေးကို ကြေညာလိုက်ပြီး ထိုစစ်ဆင်ရေးသည် စစ်ကောင်စီဌာနချုပ်ကို ခုခံတော်လှန်ရေးအင်အားစုများ အလွယ်တကူ ချဉ်းကပ်နိုင်မည့် နည်းလမ်းဖြစ်သည်။

မြန်မာနိုင်ငံအနှံ့ ပဋိပက္ခဖြစ်ပွားရာပြ မြေပုံ

ကရင်နီ တော်လှန်ရေး အင်အားစုများသည် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမှ စစ်တပ်စခန်းများကို သိမ်းပိုက်မှုသည် စစ်ကောင်စီတပ်များ အနေဖြင့် လွိုင်ကော်ကို ကာကွယ်ရန် တပ်များကို အကြီးအကျယ် ပြန်လည်ဖြန့်ကြက်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေးကို တုံ့ပြန်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ တပ်များကို ပြန်လည်ချထားရေးအား အတားအဆီး ဖြစ်စေသည်။

ကရင်နီပြည်နယ်မှ အောက်ခြေတပ်များသည် အလုံးအရင်းနှင့် ဘက်ပြောင်းခြင်း၊ တိုက်ခိုက်ရန် ငြင်းဆန်နေခြင်းတို့ကြောင့် စစ်ကောင်စီသည် လွိုင်ကော်ကို လေကြောင်းမှ တိုက်ခိုက်နေရပြီး ရှမ်းပြည်နယ်နှင့် ထိုင်းနယ်စပ်သို့ လူအများအပြား နေရပ်စွန့်ခွာမှုကို ဖြစ်စေသည်။

ကရင်နီတပ်များသည် လွိုင်ကော်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသော်လည်း ပုံမှန်တိုးတက်မှုများ ဆက်ရှိနေသည်။ သေနင်္ဂဗျူဟာကျသည့် တည်နေရာကြောင့် လွိုင်ကော်ကို သိမ်းပိုက်ခြင်းသည် အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတခုလုံးကို ပြောင်းလဲသွားစေနိုင်သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် တနိုင်ငံလုံး ကျယ်ပြန့်သည့် ပဋိပက္ခကို လေ့လာသုံးသပ်မှုများအရ အဓိကတွေ့ရှိချက် သုံးခု ရှိသည်။

ပထမအချက်မှာ အမျိုးမျိုးသော စစ်မျက်နှာများမှ စစ်ဆင်ရေးများသည် ဆက်စပ်လာသည်။ ဒုတိယ အချက်မှာ တနိုင်ငံလုံးမှ နေရာအများအပြားသည် ၃၆၀ ဒီဂရီ ချိန်ကိုက်ထားသည့် စစ်တပ်ကို တိုက်ခိုက်မှုသည် ခုခံတော်လှန်ရေး အင်အားစုများအကြား ကြိုတင်ညှိနှိုင်းမှု မြင့်မားသည့် အဆင့်အတန်းကို ဖော်ပြနေသည်။

သမိုင်းက တနေ့တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် နိုင်ငံကို ကျဆုံးစေသည့် အာဏာကို စစ်တပ်က ဆယ်စုနှစ်များစွာကြာ ချုပ်ကိုင်မှုအတွက် သေလောက်သော ထိုးနှက်ချက်ဖြစ်စေသည့် နိုင်ငံတဝန်းမှ အစိုးရမဟုတ်သည့် အမျိုးမျိုးသော လက်နက်ကိုင်များ ဘုံအကျိုးစီးပွားအတွက် ဘုံရပ်တည်ချက်ကို ရှာဖွေနိုင်မည်ဖြစ်သည်။

တတိယအချက်မှာ စစ်ကောင်စီသည် အဓိကကျသည့် စစ်မျက်နှာ အနည်းငယ်တွင် အကန့်အသတ်ရှိသော လက်ကျန် တပ်အင်အားကို ခိုင်မာအောင် လုပ်ရမည်ဖြစ်သည်။

သမိုင်းက တနေ့တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုသည် နိုင်ငံကို ကျဆုံးစေသည့် အာဏာကို စစ်တပ်က ဆယ်စုနှစ်များစွာကြာ ချုပ်ကိုင်မှုအတွက် သေလောက်သော ထိုးနှက်ချက်ဖြစ်စေသည့် နိုင်ငံတဝန်းမှ အစိုးရမဟုတ်သည့် အမျိုးမျိုးသော လက်နက်ကိုင်များ ဘုံအကျိုးစီးပွားအတွက် ဘုံရပ်တည်ချက်ကို ရှာဖွေနိုင်မည်ဖြစ်သည်။ သို့သော် စစ်ပွဲသည် မပြီးဆုံးသေးဘဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အင်အားစုအတွက် များပြားသော စိန်ခေါ်မှုများ ရှိသေးသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ရဲမျိုးဟိန်း၏ Charting the Shifting Power Balance on Myanmar’s Battlefields ကို ဘာသာပြန်သည်။ ရဲမျိုးဟိန်းသည် ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာမှ သုတေသီဖြစ်သည်။ ယခုဆောင်းပါးသည် ၎င်း၏အမြင်သာဖြစ်ပြီး စင်တာနှင့် အမေရိကန် အစိုးရကို ကိုယ်စားမပြုပါ။)

You may also like these stories:

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေး၁၁၁၁ စစ်ဆင်ရေးAAC3CEAOJ2CMNDAAMODNUGPDFSliderTNLAကာကွယ်ဝန်ကြီးဌာနကိုးကန့်ခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံနယ်စပ်ကုန်သွယ်ရေးမန္တလေးလေကြောင်း တိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရအိန္ဒိယ
ရဲမျိုးဟိန်း

ရဲမျိုးဟိန်း

ရဲမျိုးဟိန်းသည် ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာမှ သုတေသီဖြစ်သည်။ ယခုဆောင်းပါးသည် ၎င်း၏အမြင်သာဖြစ်ပြီး စင်တာနှင့် အမေရိကန် အစိုးရကို ကိုယ်စားမပြုပါ။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved