• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

by ယုဇန
9 December 2023
in Human Rights, သတင်း
A A
လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

ကယားပြည်နယ်၊ လွိုင်ကော်တွင် ကိုမြတ်က အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးနေစဉ် / CJ

1.2k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောလတွင် ကယား (ကရင်နီ) ပြည်နယ် မြို့တော်လွိုင်ကော်ကို သိမ်းပိုက်ရန် တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ထွက်ပြေးသည့် ဒေသခံများ ချန်ထားခဲ့သည့် အိမ်မွေးတိရစ္ဆာန်များသည် အစားအသောက်နှင့် ဆက်လက်ရှင်သန်ရေးအတွက် စေတနာ့ဝန်ထမ်းများကို မှီခိုနေရသည်။

သို့သော် လွိုင်ကော်ရှိ ရပ်ကွက် ၁၃ ခုအနက် အချို့သည် ဝင်ရောက်ရန် အလွန် အန္တရာယ်များသောကြောင့် ၎င်းတို့အနေဖြင့် အကန့်အသတ်ဖြင့်သာ လုပ်နိုင်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း နောက်ဆုံးတွင် ထွက်ပြေးသူများနောက်သို့ လိုက်ရနိုင်ကြောင်း စေတနာ့ ဝန်ထမ်းများက ပြောသည်။

ကိုမြတ်နှင့် သူ၏ဇနီးတို့သည် ၎င်းတို့ အိမ်ရှေ့သို့ ခွေးများ စတင်ရောက်လာသည့် လွန်ခဲ့သောလလယ်မှ စတင်ပြီး လူမနေတော့သည့် အိမ်များမှ ခွေးများ၊ ကြောင်များကို စတင် အစာကျွေးခဲ့သည်။

“ကျနော်တို့အိမ်က ခွေး ငါးကောင်ကို အစာကျွေးဖို့ ပြင်ဆင်တော့ ရပ်ကွက်ထဲက တခြားခွေးတွေ အိမ်ရှေ့ကို ရောက်လာတယ်။ ကျနော်တို့က သူတို့ကို သနားပြီး အခု ကျနော်နဲ့ ကျနော့်ဇနီးက တခြား ရပ်ကွက်က ခွေးတွေ ကြောင်တွေကိုလည်း နေ့တိုင်းအစာကျွေးနေတယ်” ဟု ကိုမြတ်က ရှင်းပြသည်။

၎င်းတို့၏ ရပ်ကွက်ဖြစ်သော နန့်ပေါ်ဝန် ရပ်ကွက်သည် တိုက်ပွဲဖြစ်သည့်နေရာနှင့် အနည်းငယ်ဝေးပြီး အခြားနေရာများနှင့် ယှဉ်လျှင် ငြိမ်းချမ်းသောကြောင့် သူနှင့် သူ့ဇနီး မသူ တို့သည် အိမ်တွင် ဆက်လက် နေထိုင်နေခြင်း ဖြစ်သည်။

စေတနာရှင်တဦးက လွိုင်ကော်တွင် စစ်ပြေးရာ၌ ကျန်ရစ်သည့် အိမ်မွေးတိရစ္ဆာန်များကို နိုဝင်ဘာလအတွင်းက အစာကျွေးမွေးစဉ် / CJ

မဟာမိတ် တော်လှန်ရေးတပ်များက ၁၁၁၁ စစ်ဆင်ရေးကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်သောအခါ လွိုင်ကော်တွင် တိုက်ပွဲများ ဖြစ်ပွားသည်။ ၎င်းတို့သည် ကယား (ကရင်နီ) ပြည်နယ် အရှေ့ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် လွိုင်ကော်မှ စစ်တပ်စခန်းများကို တိုက်ခိုက်ခြင်းဖြင့် စစ်ဆင်ရေး စတင်သည်။

စစ်ကောင်စီတပ်များက ၎င်းတို့ နေအိမ်များကို လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ဖြင့် ပစ်ခတ်မှုများ ပြူလုပ်သောကြောင့် လွိုင်ကော်မှ ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးကြသည်။ ဒေသခံအချို့သည် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ဆောင်သွားကြသော်လည်း အချို့က အိမ်မွေးတိရစ္ဆာန်များကို နေအိမ်များတွင်ပင် ထားခဲ့ကြသည်။

၎င်းတို့သည် တနေ့လျှင် ရပ်ကွက် လေးခုမှ ခွေးနှင့်ကြောင် ၃၀ ခန့်ကို အစာကျွေးကြောင်း ကိုမြတ်နှင့် မသူက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ ကျန်ရစ်ခဲ့သည့် အိမ်မွေးတိရိစ္ဆာန်များကို ၎င်းတို့ အစာကျွေးသည့် သတင်းများ အွန်လိုင်းတွင် ပျံ့နှံ့လာသောအခါ လွိုင်ကော်မှ ထွက်ပြေးသွားသည့် အခြားသူများက ၎င်းတို့ချန်ထားခဲ့သည့် အိမ်မွေး တိရိစ္ဆာန်များကို အစာကျွေးပေးရန် မေတ္တာရပ်ခံလာကြသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
13
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
194
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
40
ကယားပြည်နယ်၊ လွိုင်ကော်တွင် ကိုမြတ်က အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးနေစဉ် / CJ

သို့သော် အချို့ အိမ်မွေးတိရိစ္ဆာန်များသည် စစ်မြေပြင်ဖြစ်နေသည့် ရပ်ကွက်များမှ ဖြစ်သောကြောင့် အကူအညီမပေးနိုင် ဖြစ်နေသည်။

မူလက ကိုမြတ်နှင့် မသူတို့သည် တိရိစ္ဆာန်အစားအစာ ဝယ်ရန် ၎င်းတို့ငွေကို သုံးရသော်လည်း ငွေကြေးလှူဒါန်းသည့် စေတနာရှင်များ မကြာမီ ပေါ်ပေါက်လာသည်။

ဒေါ်အုခူ၊ နောင်ယား၊ နာနတ်တော၊ မိန်းလွန်နှင့် နန့်ကွက် အပါအဝင် အချို့ရပ်ကွက်များတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေသောကြောင့် မသွားရောက်နိုင်ပေ။

ကိုမြတ်နှင့် မသူတို့သည် တခါတရံ အချို့ရပ်ကွက်များသို့ မဝင်ရောက်နိုင်ဘဲ ပြန်လာခဲ့ရသည်လည်း ရှိသည်။

ကယားပြည်နယ်၊ လွိုင်ကော်တွင် ကိုမြတ်က အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးနေစဉ် / CJ

“မနေ့က သေနတ်သံတွေကြားလို့ ပြန်ပြေးလာရတယ်” ဟု မသူက ဧရာဝတီသတင်းဌာနသို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။

အချို့ကြောင်များနှင့် ခွေးများသည် အိမ်များအတွင်း ပိတ်မိနေပြီး အစာမစားရသောကြောင့် ပိန်ချုံးနေကြောင်း အခြား စေတနာ့ဝန်ထမ်းတဦးဖြစ်သူ ကိုဝေကြီးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

သူနှင့် သူ့ဇနီးတို့သည် ကြောင်များနှင့် ခွေးများကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင် အစာကျွေးပြီး ယခုအခါ ဒေါမမ၊ နန့်ပေါ်ဝန်၊ ပြည်သာယာနှင့် မင်္ဂလာရပ်ကွက်များမှ အိမ်မွေးတိရိစ္ဆာန် ၄၀ ခန့်ကို အစာကျွေးနေသည်။

အစာကျွေးပေးရန် မေတ္တာရပ်ခံထားသည့် အချို့ရပ်ကွက်များသို့ မသွားရဲကြောင်း ကိုဝေကြီးပြောပြီး “အဲဒီ အိမ်မွေးတိရစ္ဆာန်တွေ အခြေအနေကောင်းမယ်လို့ ကျနော် မထင်ဘူး” ဟု သူက ပြောသည်။

စစ်ဘေးရှောင်ကြရာတွင် ကျန်ရစ်နေခဲ့သည့် အိမ်မွေးတိရစ္ဆာန်များ / CJ

သူနှင့် သူ့ဇနီးတို့ ထို အိမ်မွေးတိရစ္ဆာန်များကို မည်မျှကြာအောင် အစာကျွေးနိုင်မည် ထင်သနည်းဟု မေးသောအခါ ကိုဝေကြီးက သေသေချာချာ မပြောနိုင်ကြောင်းပြောသည်။ တိုက်ပွဲများ ပိုမိုပြင်းထန် လာပါက သူနှင့် သူ့ဇနီးလည်း ထွက်ပြေးရနိုင်ကြောင်း ရှင်းပြသည်။

“ကျနော်တို့ လွိုင်ကော်မှာ ရှိနေသမျှတော့ သူတို့ကို အစာဆက်ကျွေးရမှာပဲ” ဟု ၎င်းကပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ In Myanmar’s War-Torn Loikaw, Volunteers Venture Out to Save Pets Left Behind ကို ဘာသာပြန်သည်။)

You may also like these stories:

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

လွိုင်ကော်ဒေသခံ ၈၀ ရာခိုင်နှုန်း မြို့ကို စွန့်ခွာ

လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ

Your Thoughts …
Tags: ၁၁၁၁ စစ်ဆင်ရေးကရင်နီစစ်ကောင်စီစစ်အာဏာသိမ်းမှုလေကြောင်းတိုက်ခိုက်မှုလွိုင်ကော်အိမ်မွေးတိရစ္ဆာန်
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved