• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွိုင်ကော် တိုက်ပွဲ ပြင်းထန်၊ အရပ်သား ထောင်နှင့်ချီ ထွက်ပြေးနေရ

by ဧရာဝတီ
30 September 2021
in သတင်း
A A
ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ  / Loikaw PDF

ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ / Loikaw PDF

24.3k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအနီး အာဏာသိမ်း စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးတပ် များကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ခိုက်မှုများကြားတွင် ဒေသခံများ ထောင်နှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရ သည်ဟု သတင်း ရရှိသည်။

စစ်ကောင်စီတပ်များသည် ကယားပြည်နယ်တွင်းသို့ အင်အားဖြည့်တင်းရန်အတွက် ကားအစီး ၄၀၊ အင်အား ၃၀၀ နှင့်အထက် ရှိသည့် စစ်ကြောင်းက ရှမ်းပြည်နယ်၊ ကလော-ပင်လောင်း -ဖယ်ခုံမှ တဆင့် ဝင်ရောက်လာရာ ကယား ပြည်နယ်အဝင် ကုန်းသာကျေးရွာအနီးတွင် ကရင်နီ တော်လှန်ရေးတပ်များက ပိတ်ဆို့ တိုက်ခိုက်နေရာမှ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကုန်းသာကျေးရွာအနီး တိုက်ခိုက်မှုများမှာ စက်တင်ဘာ ၂၉ ရက်၊ မနက်ပိုင်းတွင် စတင်ခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲ ပြင်းထန်နေသဖြင့် ကုန်းသာကျေးရွာ၌ နေထိုင်သည့် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

ကုန်းသာကျေးရွာမှ ဒေသခံတဦးက “ကျမတို့ ကုန်းသာရွာက လူဦးရေ ၄၀၀၀ နဲ့ ၅၀၀၀ ဝန်းကျင်မှာ ရှိတယ်။ ကျမတို့ ရွာမှာ ရပ်ကွက်က ၄ ရပ်ကွက် ရှိတယ်။ မနေ့က တိုက်ပွဲစဖြစ်တော့ တချို့က လူကြီးတွေ တောင်ယာထဲ ရောက်နေ တုန်း အိမ်မှာ သားသမီးပဲ ကျန်တယ်။ အဲဒီလိုနဲ့ တကွဲတပြားစီ ပိတ်မိနေပြီး ဒီမနက် ပစ်ခတ်တာ နည်းနည်းငြိမ်တော့ ကျမတို့က ထွက်ပြေးတယ်။ ရွာထဲ ကလေးကျန်ခဲ့တဲ့ မိဘတွေက တောင်ယာကနေ ရွာကို ပြန်ဝင်တော့ သူတို့က တခါ ပြန်ပိတ်မိနေတာတွေ ရှိတယ်” ဟု ပြောသည်။

ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ (ဓာတ်ပုံ- Loikaw PDF)

စစ်ကောင်စီတပ်များသည် ကုန်းသာကျေးရွာ၏ အပြင်ဘက်ရှိ တောင်ကုန်းပေါ်တွင် စခန်းချထားပြီး အပေါ်မှနေ ရွာတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း ပြုလုပ်သဖြင့် ရွာတွင်း အိမ် ၁၀ အိမ်ထက် မနည်း ပြိုကျပျက်စီးခြင်း၊ လက်နက်ကြီးကျည်များ ထိမှန်ခြင်းများ ဖြစ်ပွားထားသည်ကိုလည်း ထွက်မပြေးခင် အချိန်တွင် မြင်ခဲ့ရသည်ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

၎င်းက “မနေ့ကဆို ကျမတို့ အိမ်ထဲပိတ်မိနေတုန်းမှာ သေဖို့ပဲ တွေးထားလိုက်တယ်။ လက်နက်ကြီးတွေ ရွာထဲကို အသားကုန် ကျတယ်။ ဘုရားလက်ထဲပဲ ရှိတော့တယ်ဆိုပြီး ပုံအပ်ထားလိုက်တာ။ မနေ့က အနေအထားဆို လုံးဝ ကူကယ်ရာမဲ့ပဲ။ ဒီမနက်လည်း မိုးလင်းတာနဲ့ ကျမတို့ ကိုယ့်ခွန်ကိုယ့်အားနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ကို ထွက်လာ ရတာ။ ညကတည်းက ပစ္စည်းတွေ သိမ်းထားပြီး မိုးလင်းလို့ သူတို့ ခဏ အပစ်ရပ်တာနဲ့ ကျမတို့ တန်းထွက် ပြေးလာ တာ” ဟု ပြောသည်။

ကုန်းသာကျေးရွာတွင်း ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသည့်သူများလည်း ကျန်ရှိနေပြီး ရွာအတွင်းရှိ ဘိုးဘွားရိပ်သာ ကျောင်းတွင်လည်း ရိပ်သာကို စောင့်ကြပ်ကြည့်ရှုသည့် ခရစ်ယာန်သီလရှင်ကြီးများနှင့် အဘိုးအဘွား ၆ ဦးခန့် ကျန်ရှိ နေခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ကုန်းသာကျေးရွာသည် မေ ၂၃ ရက်ကလည်း တိုက်ပွဲများကြောင့် ရွာလုံးကျွတ် တောထဲသို့ ထွက်ပြေးခဲ့ရသည့် ရွာကြီး ဖြစ်သည်။

ကရင်နီ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျေးရွာမှ ရပ်မိရပ်ဖများ၊ လူငယ်များ စုပေါင်းကာ ကိုယ်ထူကိုယ်ထ အစီအစဉ် ဖြင့် တောတွင်း၌ ဒုက္ခသည်စခန်းတခုကို ဖွင့်လှစ်ကာ နေထိုင်ခဲ့ကြပြီး တိုက်ပွဲများ ငြိမ်သက်သည့် ဇူလိုင်နှင့် သြဂုတ်လ တို့အတွင်း ဒေသခံအများစုသည် နေရပ်သို့ ပြန်လာနေထိုင်ကြခြင်း ဖြစ်သည်။

ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ (ဓာတ်ပုံ- Loikaw PDF)

အချို့သည်လည်း ရွာသု့ိ ပြန်မလာရဲသဖြင့် တောတွင်းရှိ ဒုက္ခသည်စခန်းထဲတွင် ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ပြီး ယခုအခါ ပြန်လာသည့် သူများမှာ ထပ်မံထွက်ပြေးကြရခြင်း ဖြစ်သည်။

ကုန်းသာကျေးရွာအနီး စစ်ကောင်စီဘက်မှ အင်အားများပြားသဖြင့် ကရင်နီ တော်လှန်ရေး တပ်များဘက်က ကရင်နီ တပ်မတော် (KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ လွိုင်ကော်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ် (PDF) ၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေး (PDF) တို့ ၅ ဖွဲ့ စု ပေါင်း၍ တိုက်ခိုက်နေရသည်ဟု သိရသည်။

ကယားပြည်နယ်ဘက်သို့ အင်အားဖြည့်တင်းမည့် စစ်ကောင်စီ၏ စစ်ကြောင်းကို စက်တင်ဘာ ၂၇ ရက်က ပင်လောင်း မြို့နယ်မှတဆင့် ဖယ်ခုံမြို့နယ်တွင်း စဝင်ကတည်းက ဖယ်ခုံ PDF နှင့် မိုးဗြဲPDF က လမ်းတလျှောက် ပိတ်ဆို့ကာ တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၂၉ ရက်တွင် ကယားပြည်နယ်အဝင်၊ လွိုင်ကော်မြို့နယ်သို့ စဝင်လာရာတွင် ကုန်းသာကျေးရွာ အနီး၌ ကရင်နီ တော်လှန်ရေးတပ်များက ပိတ်ဆို့ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲတွင်း စစ်ကောင်စီဘက်မှလည်း ထိခိုက်သေဆုံးမှုများ ရှိပြီး ကရင်နီတော်လှန်ရေးတပ်များဘက်ကလည်း ဖယ်ခုံ PDF မှ တပ်ဖွဲ့ဝင် ၄ ဦး၊ KNDF မှ တပ်ဖွဲ့ဝင် ၁ ဦး တိုက်ပွဲတွင်း ဆုံးပါးခဲ့သည်။

ယနေ့ တိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ KNDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ တားထား တယ်။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တယ်။ အိမ်တွေထဲလည်း တပ်စွဲတယ်။ ကုန်းသာရွာကို လည်း မီးရှို့တယ်။ မနေ့ညက နေအိမ် ၅ လုံး လောင်ပါတယ်။ ဒီမနက်မှာလည်း ၅ လုံးလောက် သူတို့ ထပ်ရှို့သွား တယ်။ ဒီနေ့မှာပဲ နွားလဝိုးဘက်ကနေ ကုန်းသာဘက်ကို အင်အားထပ်ဖြည့်နေတယ် အလုံးအရင်းနဲ့ကို။ ဒါက ကျနော် တို့ ကြုံနေရတဲ့ စစ်မြေပြင် အခြေအနေပါ” ဟု ပြောသည်။

ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ (ဓာတ်ပုံ- Loikaw PDF)

မြေပြင်၌ လှုပ်ရှားနေသည့် ကရင်နီ တော်လှန်ရေး တပ်များထံမှ ရရှိသည့် သတင်းအချက်အလက်များအရ စစ်ကောင် စီတပ်များသည် ကုန်းသာကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ရွာအတွင်း ကျန်ရှိနေသည့် ဒေသခံများကို ရွာမှ ထွက်သွားရန် မောင်းထုတ်ခြင်းများ ပြုလုပ်ကြောင်း၊ တိုက်ပွဲကြောင့် ကုန်းသာအပြင် ကယန်းသာယာ ကျေးရွာ အတွင်းမှ ဒေသခံများလည်း ထွက်ပြေးနေကြရသည်ဟု KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ကယန်းသာယာ ကျေးရွာသည်လည်း မေ ၂၃ ရက်က တိုက်ပွဲများကြောင့် တောတွင်းသို့ ဒေသခံများ ရာနှင့်ချီ၍ ရွာလုံးကျွတ် ထွက်ပြေးခဲ့သည့် ရွာဖြစ်သည်။

တောတွင်းသို့ ထွက်မပြေးခင် ဘုရားကျောင်းဝန်း အတွင်း၌ ခိုလှုံနေကြစဉ် စစ်ကောင်စီဘက်က ဘုရားကျောင်းကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့သည့် ရွာလည်း ဖြစ်သည်။

သြဂုတ်လအတွင်း တောတွင်းမှ ဒေသခံဦးရေ ၅၀ ခန့်သည် ကယန်းသာယာကျေးရွာသို့ပြန်လာနေထိုင်ကြသော်လည်း ရွာတွင်း စစ်ကောင်စီနှင့် ကယန်း နယ်ခြားစောင့်တပ်များက ဝင်ရောက် စခန်းချထားသဖြင့် စစ်ကောင်စီတပ်များနှင့် ရွာတွင်း ယှဉ်တွဲ နေထိုင်ခဲ့ကြရသည်။

ယခုအခါ တိုက်ပွဲများကြောင့် ထပ်မံ၍ ထွက်ပြေးကြရခြင်း ဖြစ်သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ကုန်းသာကျေးရွာအနီး တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ပေးနေသည့် ဖယ်ခုံ PDF တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက “အခု ညနေအခြေအနေက စစ်ကောင်စီက ဆောင်ကန်းရွာဘက်ကနေ မိုးဗြဲ ၄၂၂ တပ်ဘက်ကို ပြန်ဆုတ်နေပါတယ်။ ကယားဘက်ကို ဆက်တိုးလို့ မရလို့ ပြန်ဆုတ်နေတာပါ။ သူတို့ မနေ့က တက်သွားတာ ဖယ်ခုံ-လွိုင်ကော်လမ်း အတိုင်း၊ အခု ပြန်ဆုတ်တာက လွိုင်ကော်-တောင်ကြီးဘက်သွားတဲ့ ဆောင်ကန်း လမ်းခွဲကနေ ပြန်ဆုတ်နေတာ။ သူတို့ လူလည်း ကုန်းသာတိုက်ပွဲမှာ တော်တော်လျော့သွားတယ်” ဟု ပြောသည်။

စစ်ကောင်စီ၏ စစ်ကြောင်းများက မိုးဗြဲဘက်သို့ ပြန်ဆုတ်လာသည့် လမ်း၌ ဖြတ်သန်းလာရသည့် ဆောင်ကန်းရွာကို မီးရှို့သွားသည်ဟု ဖယ်ခံ ုPDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဧရာဝတီမှ ဒေသခံများကို ဆက်သွယ်မေးမြန်းရာ ဆောင်ကန်းကျေးရွာအတွင်းမှ မီးခိုးလုံးများ တက်လာသည်ကို သာ တွေ့ရပြီး ကျေးရွာတွင်း အိမ်မည်မျှ မီးလောင်သွားသည်ကို မသိရသေးကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် ရှမ်း- ကယား နယ်စပ်၌ စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးတပ်များကြား စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သည်။

ရှေ့တန်းတွင် လှုပ်ရှားနေကြသည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ်များ (ဓာတ်ပုံ- Loikaw PDF)

စစ်ကောင်စီသည် ကယားပြည်နယ်တွင်း စစ်အင်အားများကို ရာနှင့်ချီ တိုးမြှင့်ကာ စစ်ဆင်ရေးများ ပြုလုပ်နေသော် လည်း တဖက်တွင် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ အပစ်ရပ်ဆိုင်း ပေးပါမည်ဟု ကြေ ညာချက် ထုတ်ထားသည်။

သို့သော် အပစ်ရပ်ဆိုင်းရာတွင် ခြွင်းချက်မရှိ ရပ်ဆိုင်းခြင်း မဟုတ်ဘဲ ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားနှင့် လုံခြုံရေးများ ကို ထိခိုက်မှုများ ရှိခြင်းမှ အပသာ စစ်ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမည်ဟု ကြေညာထားသည်။

စစ်ကောင်စီသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆက်ဆွေးနွေးမည်ဟု ဆိုကာ ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ကို အရှိန်မြင့်လုပ်ဆောင်မည်ဟု ကြေညာထားသော်လည်း PDF များကို အကြမ်းဖက်ဟု ဆိုကာ စစ်ဆင်ရေးများ လုပ်ဆောင်လျက် ရှိသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) သည်လည်း စစ်ကောင်စီ၏ ယန္တရားများကို ဖြုတ်ချရန်အတွက် စစ်ကောင်စီ၏ ဒေါက်တိုင်များ၊ အုပ်ချုပ်ရေးယန္တရားများကို PDF များ အနေဖြင့် ဝင်ရောက်စီးနင်းကာ သိမ်းဆည်းထားကြရန်၊ တိုက် ခိုက်ကြရန် စက်တင်ဘာ ၇ ရက်က ကြေညာချက် ထုတ်ထားသည်။

လက်ရှိတွင် ကယားပြည်နယ်တွင်း စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေး တပ်များထဲတွင် KA သည် စစ်တပ်က အာဏာမသိမ်းခင်အချိန်ထိ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ကျန် PDF တပ်ဖွဲ့များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ လှုပ်ရှားသည့် အဖွဲ့များ ဖြစ်သည်ဟု ကြေညာထားသည်။

စစ်ကောင်စီသည် ဇူလိုင်နှင့် သြဂုတ်အတွင်းကလည်း ကယားပြည်နယ်တွင်းသို့ အင်အား ၁၅၀၀ ကျော် ရှိသည့် တပ်မ ၆၆ နှင့် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများကို အင်အားတိုးချဲ့သည့် အနေဖြင့် ပို့ဆောင်ကာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲ နှင့် ဖရူဆိုမြို့နယ်တို့တွင်း စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။

ကရင်နီတော်လှန်ရေးတပ်များသည် စစ်ကောင်စီကို ဖြုတ်ချနိုင်ရေးဟူသည့် ရည်မှန်းချက်ဖြင့် မေ ၂၀ ရက်မှစ၍ စစ်ကောင်စီတပ်များ၊ ရဲကင်းစခန်းများကို တိုက်ခိုက်လျက် ရှိသည်။

မေလမှစ၍ ယနေ့ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကယားပြည်နယ်တွင်း လူဦးရေ တသိန်းခွဲသည် နေရပ်စွန့် ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေရသည်ဟု ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီ (KSCC) က ဧရာဝတီကို အတည်ပြုပြောဆိုထားသည်။

ကယားပြည်နယ်သည် ၂၀၁၉ ခုနှစ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ လူဦးရေ ၂ သိန်း ၈ သောင်း ဝန်းကျင်ရှိသည့် ပြည်နယ်ဖြစ်ရာ ယခုအခါ ပြည်နယ်လူဦးရေ၏ တဝက်သည် နေရပ်စွန့်ခွာ ထွက်ပြေး နေရသည်။

You may also like these stories:

ဒီးမော့ဆိုမြို့အတွင်းရှိ အိမ်အလုံး ၅၀ ကို စစ်ကောင်စီ ဖျက်ဆီး

အင်အားဖြည့်တင်းလာသည့် စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

Your Thoughts …
Tags: ကုန်းသာရွာစစ်ကောင်စီစစ်ဘေးရှောင်တိုက်ပွဲလွိုင်ကော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စက်တင်ဘာ ၂၉ ရက် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့် NUG နိုင်ငံခြားရေးဝန်ကြီးတို့ အွန်လိုင်းမှ တဆင့် ဆွေးနွေးသည်

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခြင်း သံတမန်ရေးရာ တိုးတက်မှုဟု NUG ပြော

၂၀၂၁ ဇန်နဝါရီလအတွင်းက တွေ့ရသည့် တာမွေမြို့နယ်ရှိ ယုဇနပလာဇာ  / ဧရာဝတီ

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved