• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

by ဧရာဝတီ
25 May 2022
in ဆောင်းပါး
A A
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ပုဂံရှိ ထီးလိုမင်းလိုဘုရားတွင် ထီးတော်တင်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဆင်နေစဉ်  / ဧရာဝတီ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလက ပုဂံရှိ ထီးလိုမင်းလိုဘုရားတွင် ထီးတော်တင်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဆင်နေစဉ် / ဧရာဝတီ

18.6k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်တွေအုပ်စိုးတဲ့ မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် စစ်ဗိုလ်ချုပ်တွေ တသမတ်တည်း လုပ်တဲ့အရာသုံးခုက ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တာ၊ အဂတိလိုက်စားတာနဲ့၊ ဘုရားတည်ကျောင်းဆောက်တာတွေပဲ ဖြစ်ပါတယ်။

မေ ၁၄ ရက်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ စစ်ကောင်စီတပ်တွေက မြန်မာနိုင်ငံနေရာ အတော်များများမှာ ပြည်သူတွေကို သတ်ဖြတ်၊ ရွာတွေကို မီးရှို့ဖျက်ဆီးနေပေမယ့် မင်းတို့စံပျော်နေပြည်တော်မှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ဘာသာရေးအခမ်းအနားတွေနဲ့ စည်ကားနေခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ သူ့အစိုးရအဖွဲ့က ဒက္ခိဏသီရိမြို့နယ်မှာ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျောက်စာတွေ စတင်ရေးထိုးပူဇော်တဲ့ အခမ်းအနားကို ကျင်းပနေချိန်မှာ သမ္မတဟောင်းဦးသိန်းစိန်ကလည်း စစ်တက္ကသိုလ်တပတ်စဉ်တည်းဆင်း သူငယ်ချင်းဖြစ်တဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းဦးပိုင်ဥက္ကဋ္ဌ နဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း၊ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေးနဲ့အတူ ဥတ္တရသီရိမြို့နယ်မှာ ဘုရားထီးတင်ပွဲ လုပ်နေခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ မေလ ၁၄ ရက် ကဆုန်လပြည့်နေ့တွင် မဟာဝိဇယမုနိစေတီတော် ထီးတော်တင်ရန် သမ္မတဟောင်း ဦးသိန်းစိန် ပင့်ဆောင်လာစဉ်

ဘုရားတည်ကျောင်းဆောက်တာကို ဘုန်းကြီးတွေနဲ့ မြန်မာလူမျိုးတွေက နှစ်သက်ကြတာမို့ စစ်ခေါင်းဆောင်တွေ အဖို့တော့ သူတို့အာဏာတည်မြဲဖို့ ခေတ်အဆက်ဆက် ဘာသာရေးဟာ ခုတုံးလုပ်စရာဖြစ်နေပါတယ်။ သူတို့ကိုယ် သူတို့တော့ သာသနာပြုမင်းကောင်းမင်းမြတ်တွေ သဖွယ် ကုသိုကောင်းမှုတွေ လုပ်ပြနေကြတာဖြစ်ပါတယ်။

အာဏာရှင်ဦးနေဝင်းဟာ မဟာဝိဇယစေတီကို တည်သလို ဦးသန်းရွှေကလည်း အင်းစိန်ကျောက်တော်ကြီးဘုရား၊ နေပြည်တော်ဥပ္ပါသန္တိစတဲ့ စေတီတွေကို တည်ခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးဗိုလ်ချုပ်ခင်ညွန့်ကလည်း ဦးသန်းရွှေနဲ့အတူရွှေတိဂုံထီးတော်သစ်တင်တာ၊ ပုဂံက ဓမ္မရာဇကစေတီထီးတင်တာ၊ စွယ်တော်ဘုရားတည်တာနဲ့ အခြားစေတီပုထိုးအတော်များများကို ထီးတော်တင်တာ မွမ်းမံတာတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအာဏာသိမ်းခဲ့တဲ့ အာဏာရှင်ဦးနေဝင်းဟာ သူ့ကိုဆန့်ကျင်တဲ့ အလုပ်သမားအရေးခင်း၊ ဦးသန့်အရေးခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေကို အကြမ်းဖက်သတ်ဖြတ်ဖြိုခွင်းခဲ့ပြီး ဗိုလ်ကြီးအုန်းကျော်မြင့်၊ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး စသူတွေကို ရက်ရက်စက်စက်ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်။

သူ့လက်ထက်မှာ တိုင်းပြည်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်ခဲ့ပေမယ့် သူနဲ့သူ့သြဇာခံစစ်ဗိုလ်လူတန်းစားကတော့ ချမ်းသာကြွယ်ဝခဲ့ကြပါတယ်။ သည့်နောက်မှာ ဦးနေဝင်းရဲ့သမီး၊မြေးတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာပြီး လက်ရှိမှာ မင်းအောင်လှိုင်နဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ ကြိုးပမ်းနေကြပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်နှင့် သူ၏ စစ်တက္ကသိုလ် တပတ်တည်းဆင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးတင်အေးတို့ ဥတ္တရသီရိမြို့နယ်တွင် ဘုရားအနေကဇာ တင်နေကြစဉ်။

၁၉၈၀ ခုနှစ်မှာ အာဏာရှင်ဦးနေဝင်းဟာ ရွှေတိဂုံဘုရားတောင်ဘက်မုခ်နားမှာ မဟာဝိဇယစေတီကို တည်ခဲ့ပါတယ်။ အဲဒီနှစ်မှာ သာသနာတော် သန့်ရှင်းရေးနဲ့ စည်းလုံးညီညွတ်ရေး သံဃမဟာနာယကအဖွဲ့ကြီးကို ဖွဲ့စည်းနိုင်လို့ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအောင်မြင်ခြင်း အထိမ်းအမှတ်နဲ့ တည်တာဖြစ်ပါတယ်။ နေဝင်းဘုရားလို့ အများခေါ်ကြတဲ့ မဟာဝိဇယစေတီဟာ ကမ္ဘာကျော်ရွှေတိဂုံဘုရားနားမှာရှိပေမယ့် လူအသွားအလာနည်းတဲ့ စေတီတဆူဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေထဲမှာ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုတဲ့ ပြည်သူတွေကို ဖိနှိပ်ညှဉ်းပန်းရာမှာ တက်ညီလက်ညီ ရှိခဲ့ကြပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီခေတ်တွေမှာ ထောင်နဲ့ချီတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့နိုင်ငံရေးသမားတွေဟာ စစ်ထောက်လှမ်းရေးအဖွဲ့ရဲ့ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခံရပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံရတာ၊ အကျဉ်းထောင်တွေ၊ စစ်ကြောရေးစခန်းတွေမှာ သေဆုံးခဲ့ရတာတွေ အများအပြားရှိခဲ့ပါတယ်။ တဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်သယံဇာတ၊ ပြည်သူဘဏ္ဍာတွေကို ဝေစားမျှစား ခိုးဝှက်စုဆောင်းခဲ့ကြလို့ နိုင်ငံဆင်းရဲသလောက် သူတို့ကတော့ သန်းကြွယ် သူဌေးတွေဖြစ်ကုန်ကြပါတယ်။

ဒီတော့ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လိုဘဲ သွေးစွန်းတဲ့လက်နဲ့ ဘုရားတည်ကျောင်းဆောက်တာတွေ လုပ်ပြီး သာသနာပြုမင်းဘွဲ့ ခံယူကြပြန်ပါတယ်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်ရဲ့အောက်ခြေသိမ်းစီမံမှုနဲ့ သန်းရွှေဟာ ၁၉၉၉ ခုနှစ်မှာ ရွှေတိဂုံဘုရားကို ထီးတော်သစ်တင်လှူခဲ့သလို၊ ၂၀၀၂ မှာလည်း ကျောက်တော်ကြီးဘုရားဒါယကာဘွဲ့ကို ခံယူခဲ့ပါတယ်။ စစ်ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်ကလည်း ပုဂံက ဓမ္မရာဇကဘုရားကို ထီးတော်တင်လို့ ခင်ညွန့်ဘုရားရယ်လို့ ပုဂံမှာ အပြောများခဲ့ပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ကို ၂၀၀၉ ခုနှစ်၊ မတ်လက ဘာသာရေးအခမ်းအနားတွင် တွေ့ရစဉ် / ဧရာဝတီ

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြစ်တော့ ဘုရားဒါယကာ၊ကျောင်းဒါယကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့အပေါင်းအပါ စစ်ဗိုလ်ချုပ်တွေဟာ ရဟန်းသံဃာတွေကို လမ်းမတွေပေါ်မှာသာမက ကျောင်းတိုက်တွေထဲအထိ စစ်တပ်နဲ့စီးနင်းပြီး ရက်ရက်စက်စက် ရိုက်နှက် ပစ်ခတ် ချေမှုန်းခဲ့ပါတယ်။ ဒီဖြိုခွင်းမှုတွေမှာ လက်ရှိ ယာယီသမ္မတဖြစ်နေတဲ့ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ လက်ရှိစစ်ကောင်စီမှာ လဝကဝန်ကြီးဖြစ်နေတဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့လည်း ပါဝင်ခဲ့ပါတယ်။

ဆရာထက်တပည့်လက်စောင်းထက်တာကတော့ ယနေ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူအာဏာသိမ်းတဲ့ ၁ နှစ်ကျော်အတွင်းမှာ သူ့ကိုဆန့်ကျင်တဲ့ပြည်သူ ၁၉၀၀ နီးပါးကို လမ်းမတွေပေါ်မှာ၊ ရပ်ကွက်တွေအိမ်တွေထဲအထိပါ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မြို့တွေကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ ရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့ပါတယ်။ တိုင်းပြည်ပျက်သွားပေမယ့် မင်းအောင်လှိုင်မိသားစုဟာ နိုင်ငံပိုင်ပစ္စည်း င့ါပစ္စည်းလုပ်တာ၊ အခွင့်ထူးခံစီးပွားရေးသောင်းကျန်းတာတွေကြောင့် လက်ရှိမြန်မာနိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင်နေပြီလို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာ NUG အစိုးရက မင်းအောင်လှိုင်ရဲ့ အင်းယားလမ်း၊ခြံအမှတ် ၁၄ နေအိမ်ကို ဒေါ်လာ ၁၀ သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်နဲ့ရောင်းချနေပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ကို ၂၀၀၉ ခုနှစ်၊ မတ်လက ဘာသာရေးအခမ်းအနားတွင် တွေ့ရစဉ် / ဧရာဝတီ

အချိန်တိုအတွင်း သန်းကြွယ်သူဌေးကြီးဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကမ္ဘာ့အမြင့်မားဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဗုဒ္ဓဥယျာဉ်ကို နေပြည်တော်မှာ တည်ပါတယ်။ ရန်ကုန်၊ မကွေးနဲ့ ရှမ်းအရှေ့က ဘုရားသုံးဆူကို တဆူပြီး တဆူ ထီးတင်ပြီး ဘုရားဒကာဘွဲ့ ခံပါသေးတယ်။ လူတွေကတော့ မင်းအောင်လှိုင် ယတြာချေတယ်လို့ပဲ ယူဆကြပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် ကတော့ မင်းအောင်လှိုင် လောက် အဂတိလိုက်စားတယ်လို့ နာမည်မထွက် ပေမယ့် သူ့ကြံ့ခိုင်ရေးအစိုးရအဖွဲ့ဌာနအဆင့်ဆင့်ရဲ့အဂတိလိုက်စားမှုကိုတော့ မတိုက်ဖျက်နိုင်ခဲ့ပါဘူး။ သူ့အစိုးရအဖွဲ့ဝင်အတော်များများဟာ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး နာမည်ဆိုးနဲ့ကျော်ကြားခဲ့ကြပါတယ်။ ဦးသိန်းစိန်ကြံ့ခိုင်ရေးအစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီးတွေအပါအဝင်တချို့ပုဂ္ဂိုလ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို အာဏာလွှဲခါနီးအထိတောင် နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို အဂတိလိုက်စားမှုတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် ရွှေတိဂုံစေတီတော်တွင် ထီးတော်တင်နေစဉ်

နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီခေတ်မှာ အတွင်းရေးမှူး ၁၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသာညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌစတဲ့ ဦးသန်းရွှေအလိုကျ ရာထူးကြီးတွေထမ်းဆောင်ခဲ့ပြီး စစ်အာဏာရှင်စနစ်တည်မြဲဖို့ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဦးသိန်းစိန်ဟာ သူ့ဆရာ အာဏာရှင်ဟောင်းဦးသန်းရွှေနေထိုင်တဲ့ နေပြည်တော်က အိမ်နားမှာဘဲ နေထိုင်လျက်ရှိပါတယ်။ သူဟာ ပြီးခဲ့တဲ့ မတ် ၂၇ တပ်မတော်နေ့ တပ်မတော်အငြိမ်းစားအရာရှိကြီးများ ပူဇော်ကန်တော့ပွဲမှာ သူ့ကို လက်အုပ်ချီကန်တော့တဲ့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို သြဝါဒစကားပြောခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျိုင်းတုံတွင် မဟာမြတ်မုနိဘုရားကို စိန်ဖူးတော်တင်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ အခါတော်ပေး ဝစီပိတ်ဆရာတော် ဦးကောဝိဒ

လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ သူ့ရှေ့က ဦးနေဝင်း၊ ဦးသန်းရွှေအစရှိတဲ့ အာဏာရှင်တွေရဲ့ ပြည်သူကို ဖိနှိပ်သတ်ဖြတ်၊ တိုင်းပြည်ဘဏ္ဍာကို ခိုးဝှက်၊ သာသနာ့ဒါယကာဘွဲ့ခံယူ စတဲ့ အစဉ်အလာကို အချိန်တိုအတွင်း အပြည့်အဝ ခံယူကျင့်သုံးခဲ့ပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့အသိအမှတ်ပြုထောက်ခံမှုကို အခုထိ မရသေးသလို အုပ်ချုပ်မှုယန္တရားကလည်း အပြည့်အဝ မလည်ပတ်နိုင်သေးပါဘူး။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
147
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
105
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
ထီးတော်တင်ပွဲတခုတွင် တွေ့ရသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေမျိုးတစု / ကြေးမုံ

နေပြည်တော်မှာ သူတည်နေတဲ့ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမယ့် မာရဝိဇယ ထိုင်တော်မူရုပ်ပွားတော်ကြီး ပြီးတဲ့အထိ သူ အာဏာကို မတရားဆက်ဆုပ်ကိုင်ထားနိုင်မလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပါတယ်။

You may also like these stories:

ရန်ကုန်ရှိ စစ်ခေါင်းဆောင်၏ အိမ် ၄ လုံးနှင့် စစ်အုပ်စုပိုင် အိမ်ခြံမြေများ NUG ရောင်းမည်

ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး

ဒေါ်စုကို မင်းအောင်လှိုင် ဘာကြောင့်ကြောက်သလဲ

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ဘာတာဝန်ဆက်ယူမလဲ

အာဏာသိမ်း စစ်ခေါင်းဆောင် အရူးမီးဝိုင်း ဖြစ်တော့မည်

Your Thoughts …
Tags: ဗိုလ်ချုပ်ကြီး ခင်ညွန့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘာသာရေးရွှေဝါရောင်တော်လှန်ရေးဦးနေဝင်းဦးသိန်းစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.5k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

by ဧရာဝတီ
25 July 2024
18.6k

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်ဟောင်းများ၏ နေအိမ်များကို စောင့်ကြည့်ရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ညွန်ကြားခဲ့သည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

Next Post
KNLA တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ကျောက်ကြီးနှင့်မုန်းတွင် အုပ်ချုပ်ရေးအားကောင်းရန် KNU ကြိုးပမ်းလာ

အိမ်မီးရှို့ခံရဖို့ ကြိုပြင်နေကြရတဲ့ အညာဒေသခံတွေဘဝ (ရုပ်/သံ)

အိမ်မီးရှို့ခံရဖို့ ကြိုပြင်နေကြရတဲ့ အညာဒေသခံတွေဘဝ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved