အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အညာဒေသမှာ ဒေသခံကျေးရွာတွေဟာ နေ့စဉ်မီးရှို့ခံနေရပြီး နေအိမ်ပေါင်းများစွာဟာ နေ့စဉ်နီးပါး မီးလောင်တိုက်သွင်းခံနေရတာပါ။
စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး တိုင်းတွေမှာရှိတဲ့ အညာဒေသခံတွေဟာ နေ့စဉ်နေ့တိုင်း ကျေးရွာတွေ မီးရှို့ခံနေရတာကြောင့် ဘယ်ချိန်မှာ ငါတို့ရွာ မီးရှို့ခံရမလဲ၊ ငါ့အိမ် ဘယ်နေ့ မီးထဲပါမလဲဆိုတာကို အမြဲ ပူပန်သောကရောက်နေကြရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေကြရပါတယ်။
စစ်ကောင်စီဟာ ကျေးရွာကို အချိန်မရွေး လာနိုင်တယ်ဆိုပြီး လုပ်ငန်းခွင်ဝင်ချိန်မှာတောင် ထွက်ပြေးနိုင်ဖို့ အဝတ်ထုတ် အသင့်ပြင်ထားရတဲ့ ဘဝတွေဖြစ်ပါတယ်။











