• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုဗိုလ်ချုပ်ကြီး သန်းလှိုင် ဘာတာဝန်ဆက်ယူမလဲ

by ဧရာဝတီ
4 May 2022
in သတင်း
A A
ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်

10.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီး “မူလစစ်ဖက်တာဝန်များ ပြန်လည်ထမ်းဆောင်ရန်” စစ်ကောင်စီက မေလ ၂ ရက်နေ့တွင် အမိန့်ထုတ်လိုက်သော်လည်း စစ်ဖက်၌ မည်သည့် တာဝန် ပေးမလဲဆိုသည်က စိတ်ဝင်စားဖွယ်ဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးများအား တာဝန်ပေးသည့် လက်ရှိစစ်ဖက်ရာထူးများထဲတွင် လေ့ကျင့်ရေးအရာရှိချုပ် ရာထူးတခုသာ လစ်လပ်နေပြီး အဆိုပါရာထူးအား ညှိနှိုင်းကွပ်ကဲရေးမှူး ( ကြည်းရေလေ ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပူးတွဲတာဝန်ယူထားသည်။

စစ်တပ်က အာဏာသိမ်းပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ခန့်အပ်သော ရာထူးတာဝန်များထဲတွင် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်အတွက် ပေးခဲ့သော ရာထူးတာဝန်များမှာ ထူးခြားသည်။

အစဉ်အဆက် စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ်ချုပ်ကြီးများအား ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးရာထူးသာ ခန့်အပ်လေ့ရှိပြီး ဗိုလ်ချုပ်အဆင့်တာဝန်ရှိသူများအား ဒုဝန်ကြီးတာဝန်ပေးလေ့ရှိကြသည်။ ထို့အပြင် မြန်မာနိုင်ငံရဲချုပ်ရာထူးအား စစ်တပ်တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ် သို့မဟုတ် ဗိုလ်မှူးချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့သူများကိုသာ တာဝန်ပေးလေ့ရှိခဲ့သည်။

သို့သော် အာဏာသိမ်းစစ်ခေါင်း ဆောင်၏ ယုံကြည်ရသူတဦးဖြစ်သလို ခေါင်းမာဂိုဏ်းသားဟုလည်း ဆိုကြသော ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ( ကစထ-၆ )၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ရဲချုပ် ရာထူးတို့ကို ပူးတွဲတာဝန်ကျခဲ့သည်။

NLD အစိုးရ လက်ထက်တွင် ရဲချုပ်ရာထူးယူခဲ့သူနှစ်ဦးမှာ စစ်တပ်မှ အသွင်ပြောင်းလာသူများ ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမိန့်ကို မလိုက်နာခဲ့ကြောင်း သိရသည်။

NLD အစိုးရလက်ထက်တွင် ရဲချုပ်တာဝန်ယူခဲ့သော ရဲချုပ်အောင်ဝင်းသည် အာဏာသိမ်းစစ်ခေါင်း ဆောင်ခိုင်းသည့်အတိုင်း မလုပ်သည့်အတွက် အာဏာသိမ်းပြီးနောက်တနေ့တွင် အနားပေးကာ အကျယ်ချုပ်ချထားခဲ့သည်ဟု နေပြည်တော်ရှိ ဧရာဝတီသတင်းရင်းမြစ်များကပြောသည်။

ထို့ကြောင့် အဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် သူယုံကြည်သော ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရဲချုပ်တာဝန်ပေးခဲ့သည့်အပြင် စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းခြင်းကို လက်မခံသဖြင့် လက်နက်ကိုင်တော်လှန်လာကြသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား ချေမှုန်းရန် စစ်တိုင်းမှူးအထက်တွင် တာဝန်ယူကြီးကြပ်ရသော ကစထမှူးတာဝန်အား ပူးတွဲလုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူများအား အကြမ်းဖက်နှိမ်နှင်းရာတွင် ရဲချုပ် သန်းလှိုင်သည် တက်ကြွစွာ ပါဝင်ခဲ့သည်။ သူ့ညီအရင်းဖြစ်သူကိုပင် သူ ဦးဆောင်နေသော ရဲတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့သည်။

သို့သော်လည်း စစ်ကိုင်းတိုင်း စစ်ဆင်ရေး မအောင်မြင်သည့်အတွက် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား စစ်ဖက်ရာထူးဖြစ်သော စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ- ၆) ရာထူးမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလဆန်းတွင် အနားပေးခဲ့သည်။ သူနေ့ရာတွင် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးအား တာဝန်ပေးခဲ့သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
56
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
24
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
65

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်သည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများမီးရှို့ခြင်းနှင့် ပြည်သူများအား သတ်ဖြတ်ရာတွင် အမိန့်ပေး ကြီးကြပ်ရသူအဖြစ်ဆောင်ရွက်နေသည်ကို သူ့မိသားစုဝင်များက မကြိုက်နှစ်သက်သည့်အတွက် အလုပ်မှအနားယူရန် ဖိအားပေးခံခဲ့ရသည်ဟု ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

မေလ ၂ ရက် စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်အား မူလစစ်ဖက်တာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်သည်ဟု ဖော်ပြထားသော်လည်း မည်သည့် တာဝန်ပေးထားသည်ကို တိတိလင်းလင်းဖော်ပြထားခြင်း မရှိပေ။

စစ်တပ်တွင် ဒုဗိုလ်ချုပ်ကြီးများအား ကစထမှူး နှင့် အရာရှိချုပ်တာဝန်များသာပေးလေ့ရှိသည်။ ဒုဗိုလ်ချုပ်ကြီးတွေကိုသာ ခန့်အပ်တာဝန်ပေးသည့် စစ်ဖက်ရာထူးများထဲတွင် လေ့ကျင့်ရေးအရာရှိချုပ် နေရာတခုသာ လစ်လပ်နေပြီး ကျန်နေရာမှာ တာဝန် ထမ်းဆောင်သူအပြည့်ရှိနေကြသည်။

မကြာခင်ရက်ပိုင်းအတွင်း ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များသာ သီးသန့်လုပ်သည့် လေးလပတ်အစည်းအဝေး ကျင်းပလိမ့်မည်။ အဆိုပါ အစည်းအဝေးတွင် ရာထူးအပြောင်းအလဲတွေရှိနိုင်ပါသည်။ စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ဆင်း ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ အသက်အားဖြင့် ၅၆ ဝန်းကျင်သာရှိသေးသည့်အတွက် စစ်တပ်တွင် နောက်ထပ် အနည်းဆုံး ၅ နှစ်တာဝန်ထမ်းဆောင်လို့ရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်ကို သဘောကျနေသေးပါက စစ်ဖက်ရာထူးများထဲတွင် အရာရှိချုပ် သို့မဟုတ် ကစထမှူး တနေရာ ပြန်လည်ခန့်အပ်နိုင်သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မနှစ်သက်တော့ပါက စစ်ဖက်တွင် မည်သည့်ရာထူးမှ မပေးတော့ပဲ အရန်အင်အားသွင်းခြင်း သို့မဟုတ် ကလန်ကဆန် လုပ်မည်ထင်လျှင် နေအိမ်အကျယ်ချုပ် ချထားခြင်းမျိုးထိ လုပ်နိုင်ပါသည်။

You may also like these stories:

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရ

ရဲတပ်ဖွဲ့ ပြိုလဲသွားနိုင်သလား

CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်

လုပ်သက်ပြည့် ရဲတပ်ဖွဲ့ဝင်များ နုတ်ထွက်ခွင့်မပေး

စစ်ကောင်စီက တပ်တွင်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထား

Your Thoughts …
Tags: စစ်ကိုင်းတိုင်း စစ်ဆင်ရေးဒုဗိုလ်ချုပ်ကြီး သန်းလှိုင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘာတာဝန်ဆက်ယူမလဲရဲချုပ်အာဏာသိမ်း စစ်ခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.5k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်

ကြံ့ခိုင်ရေးပါတီ ဥက္ကဌသစ်က ဘယ်လိုလူမျိုးလဲ

by ဧရာဝတီ
8 October 2022
11k

ဦးခင်ရီ ဦးဆောင်မှုအောက်မှာ ပါတီဝင်တွေ အသတ်ခံရမှုတွေကို ပြန်လည်တုန့်ပြန်တဲ့ အကြမ်းဖက်လုပ်ရပ် တွေ ပိုမိုများပြားလာဖွယ်ရှိနေတယ်

Next Post
စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ မီးရှို့ခဲ့သည့် ခင်ဦးမြို့နယ်ရှိ အိမ်များ / ခင်ဦးသတင်းမှန် ပြန်ကြားရေး

အရာတော်၊ ရွှေဘို၊ ခင်ဦးမြို့နယ်များတွင် ၄ရက်အတွင်း အိမ် ၁၃၀၀ ကျော် မီးရှို့ခံရ

NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်  / NUG

"1 Billion ဆိုရင် လုံလောက်ပါတယ်"

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved