• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
in ဆောင်းပါး
A A
(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

22.5k
VIEWS
Share on FacebookShare on Twitter

ခေတ်သစ်တပ်မတော်ကို တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းက ဒီလက်နက်ကိုင်တပ်ဟာ ပြည်သူ့တပ်မတော်ဖြစ်ပါစေလို့ မိန့်ဆို ပျိုးထောင်ခဲ့ပေမယ့် ဒီနေ့မှာတော့ မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်း a bunch of butchers အဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

လက်ရှိ အချိန်မှာလည်း စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ရက်ရက်စက်စက်ပစ်သတ်တာ၊ အနောက်ကနေ ကားနဲ့တိုက်သတ်တာ၊ အရှင်လတ်လတ်မီးရှို့သတ်ပစ်တာ စတဲ့ ရက်စက်မှုတွေကို ကျူးလွန်နေတာဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီး ကတည်းကဆို ၁၀ လကြာပြီဖြစ်ပါတယ်။

ရလဒ်ကတော့ စစ်တပ်ကို ပြည်သူက တူးတူးခါးခါး ရွံမုန်းသွားတာဘဲ ဖြစ်တယ်။ တိုင်းပြည် ကာကွယ်ဖို့ စစ်တပ် ရှိဖို့ လိုအပ်တာကို လက်ခံကြပေမယ့် ပြည်သူကို နှိပ်စက်တဲ့ စစ်သားတွေ ပါတဲ့ အစုအဖွဲ့ကိုတော့ ဘယ်သူကမှ မလိုလားပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းရယ်၊ တပ်ကစောစော အနားယူသွားတဲ့ ကရင်တိုင်းရင်းသား ဗိုလ်ချုပ်စမစ်ဒွန်းရယ်ကလွဲရင် အာဏာရှင်ဗိုလ်ချုပ်နေဝင်းနဲ့ သူ့နောက်လိုက်ကာချုပ်တွေဟာ တပ်မတော်ကို မြန်မာပြည်သူတွေ မုန်းတဲ့တပ်မတော်၊ ကမာ္ဘမှာ သိက္ခာမရှိဘဲ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တပ်မတော်ဖြစ်အောင် ဆွဲချခဲ့ကြတာပါ။

တကယ်တော့ မြန်မာနိုင်ငံမှာ တပ်မတော် စတင်တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စတဲ့ တပ်မတော် ခေါင်းဆောင် ၉ ဦးရှိခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းရယ်၊ တပ်ကစောစော အနားယူသွားတဲ့ ကရင်တိုင်းရင်းသား ဗိုလ်ချုပ်စမစ်ဒွန်းရယ်ကလွဲရင် အာဏာရှင်ဗိုလ်ချုပ်နေဝင်းနဲ့ သူ့နောက်လိုက်ကာချုပ်တွေဟာ တပ်မတော်ကို မြန်မာပြည်သူတွေ မုန်းတဲ့တပ်မတော်၊ ကမာ္ဘမှာ သိက္ခာမရှိဘဲ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ တပ်မတော်ဖြစ်အောင် ဆွဲချခဲ့ကြတာပါ။

ဒါကြောင့် အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စတဲ့ ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၆ ယောက်ကိုတော့ ဒီနေ့နိုင်ငံနဲ့ လူမျိုးဆင်းရဲမွဲတေနေအောင်၊ တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ကျူးလွန်ပြီး ပြည်သူ အော့ကျောလန် စစ်တပ်ဖြစ်အောင် ဖျက်ဆီးခဲ့တဲ့ သမိုင်းတရားခံတွေပဲ လို့ မှတ်တမ်းတင်ရပါမယ်။

တပ်မတော်ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်မှုနဲ့ တပ်မတော်ဟာ နယ်ချဲ့အင်္ဂလိပ်၊ ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့လေးစားချစ်ခင်အားထားမှုကို ရရှိခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း တရုတ်ဖြူကူမန်တန်ကျူးကျော်ရန်တွေကို တပ်မတော်က ရွပ်ရွပ်ချွံချွံတိုက်ထုတ်ပေးနိုင်ခဲ့လို့ တပ်မတော်ရဲ့သိက္ခာဟာ ပိုလို့တောက်ပြောင်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်နေဝင်းက ဒီမိုကရေစီနည်းကျရွေးကောက်ခံ ဝန်ကြီးချုပ်ဦးနုအစိုးရကို လက်နက်အားကိုးနဲ့ဖြုတ်ချခဲ့ပြီးနောက် တပ်မတော်ရဲ့ဂုဏ်သိက္ခာဟာ ပွန်းပဲ့ကျဆင်းသွားခဲ့ရပါတယ်။ ဗိုလ်ချုပ်နေဝင်းကို နောက်ပိုင်းဆက်ခံတဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ လက်ထက်မှာ တပ်မတော်ရဲ့ဂုဏ်သိက္ခာဟာ လုံးဝပျက်စီးပျောက်ကွယ် သွားခဲ့ရပါတော့တယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ဗိုလ်ချုပ်နေဝင်းဟာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စတဲ့ရာထူးတွေနဲ့ ၂၆ နှစ်ကြာ တကိုယ်တော်အာဏာရှင်အဖြစ် မြန်မာနိုင်ငံကို ဖိနှိပ်အုပ်ချုပ်သွားခဲ့ပါတယ်။

သူ့လက်ထက်မှာ သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖျက်ဆီးပစ်တာ ၊ ပြည်သူတွေသုံးစွဲနေတဲ့ ငွေစက္ကူတွေကို တရားမဝင်ကြေညာခဲ့တာ၊ ပြည်သူပိုင်သိမ်းတာ၊ တိုင်းပြည်စီးပွားရေးကိုချွတ်ခြုံကျစေပြီး ကမာ္ဘ့အဆင်းရဲနိုင်ငံစာရင်းဝင်စေခဲ့တာ၊ သူ့အုပ်ချုပ်မှုကိုဆန့်ကျင်ရာကဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်း၊ အလုပ်သမားအရေးအခင်းတွေမှာ ကျောင်းသားပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်ရာမှာ စစ်တပ်ကို ခုတုံးလုပ် အသုံးချခဲ့တာတွေကြောင့် အတိတ်ကပြည်သူချစ်ခင်တဲ့တပ်မတော်ဟာ ပြည်သူမုန်းတဲ့တပ်မတော်ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်ခံတဲ့ ဗိုလ်ချုပ်ကြီးစန်းယု၊ လက်ရှိစစ်တပ်ရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်မောင်မောင်ကျော်ရဲ့ဖခင် ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့ဟာလည်း ဗိုလ်ချုပ်နေဝင်းရဲ့အကြွင်းမဲ့သစ္စာခံ ရုပ်သေးရုပ်တွေသာ ဖြစ်ခဲ့ပါတယ်။ ပြည်သူ့မျက်နှာထက် အာဏာရှင်ဗိုလ်ချုပ်နေဝင်းမျက်နှာကို ကြည့်ခဲ့သူတွေဖြစ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဆက်ခံတဲ့ ဗိုလ်ချုပ်ကြီးစန်းယု၊ လက်ရှိစစ်တပ်ရဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်မောင်မောင်ကျော်ရဲ့ဖခင် ဗိုလ်ချုပ်ကြီးသူရကျော်ထင်တို့ဟာလည်း ဗိုလ်ချုပ်နေဝင်းရဲ့အကြွင်းမဲ့သစ္စာခံ ရုပ်သေးရုပ်တွေသာ ဖြစ်ခဲ့ပါတယ်။ ပြည်သူ့မျက်နှာထက် အာဏာရှင်ဗိုလ်ချုပ်နေဝင်းမျက်နှာကို ကြည့်ခဲ့သူတွေဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးစန်းယုနဲ့ဗိုလ်ချုပ်ကြီးသူရကျာ်ထင်ရဲ့ကြားမှာ ၁၉၇၄ ကနေ ၁၉၇၆ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့တဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကကြီး ဦးတင်ဦးကတော့ တပ်တွင်းထောက်ခံမှုများလာလို့ အာဏာရှင်ဗိုလ်ချုပ်နေဝင်းရဲ့ဖြုတ်ချမှုကို ခံခဲ့ရသူပါ။ မဆလထိပ်တန်းခေါင်းဆောင်တွေကို လုပ်ကြံဖို့ကြံစည်ကြိုးစားရင်း ကြိုးပေးခံသွားရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့်ဟာ သူရဦးတင်ဦးကို ရာထူးပြန်တင်ချင်သူတဦးဖြစ်ပါတယ်။ သူရဦးတင်ဦးဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပြည်သူ့ဘက်ကရပ်တည်ခဲ့တာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တောက်လျှောက် လက်တွဲလုပ်ကိုင်ခဲ့တာ၊ သူတပ်ချုပ်အဖြစ် တာဝန်ယူစဉ်မှာ ဖြစ်ပွားခဲ့တဲ့ ဦးသန့်အရေးအခင်း၊ အလုပ်သမားအရေးခင်းတွေနဲ့ပတ်သက်ပြီး ပြန်တောင်းပန်ခဲ့တာတွေကြောင့်သာ နာမည်ဆိုးမကျန်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်

၁၉၈၅ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သူရကျော်ထင်ရဲ့နေရာကို ဆက်ခံသူကတော့ ဗိုလ်ချုပ်နေဝင်းပြောသမျှကို တသွေမတိမ်းလိုက်နာတဲ့ နောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ဖြစ်လာမယ့် ဗိုလ်မှူးချုပ်စောမောင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူချိန်မှာ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်ပွားခဲ့ပြီး စစ်တပ်ကသတ်ဖြတ်လို့ လူပေါင်း ၃ ထောင်လောက်သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေဟာ “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာပြည်သူတွေကိုသတ်ဖို့ မဟုတ်ဘူး”လို့ နာကြည်းစွာ ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ဟာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်လို့ ကမာ္ဘသိ အကြိမ်ကြိမ်ကတိပေးခဲ့ပေမယ့် ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးခဲ့လို့ ကတိမတည် နာမည်ပျက်ခဲ့ရသူလည်း ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်ဟာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်လို့ ကမာ္ဘသိ အကြိမ်ကြိမ်ကတိပေးခဲ့ပေမယ့် ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးခဲ့လို့ ကတိမတည် နာမည်ပျက်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ သူယုံကြည် စိတ်ချခဲ့တဲ့ အတွင်းရေးမှူး ၁ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးသန်းရွှေတို့ပေါင်းပြီး သူ့ကိုဖြုတ်ချတာကို ခံလိုက်ရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၁ မတ်လ မြန်မာနိုင်ငံကို ၁၉ နှစ်ကြာ အာဏာရှင်အဖြစ် ဆက်အုပ်ချုပ်ခဲ့ပြန်ပါတယ်။ သူ့လက်ထက်မှာ အတိုက်အခံနိုင်ငံရေးသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာ၊ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်တဲ့ ဒီပဲရင်းလုပ်ကြံမှုကြီးဖြစ်ခဲ့တာ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကြီးကို အကြမ်းဖက်ဖြိုခွင်းတာ၊ နာဂစ်မုန်တိုင်းတိုက်လို့ လူ ၁သိန်းခွဲလောက်သေဆုံးနေချိန်မှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ သူ့စိတ်တိုင်းကျ အချိန်ယူရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအတင်းအတည်ပြုတာတွေဟာ အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၂၀၁၁ ခုနှစ်မှာ သူ့ရဲ့ဆက်ခံသူအဖြစ် ရွေးချယ်တာဝန်ပေးသွားခဲ့ပါတယ်။ မင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူနေချိန်မှာပဲ နဝတ၊ နအဖစစ်အစိုးရခေတ်တွေမှာ အကျယ်ချုပ် ၃ ကြိမ်ကျခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၅ ပါတီစုံအထွေထွေရွေး ကောက်ပွဲမှာ အပြတ်အသက်အနိုင်ရလို့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက် နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပထမဆုံး အရပ်သားအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်ထပ်နိုင်ရရှိသွားချိန်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးတွေရဲ့အာဏာသိမ်းတဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲသမာဘူးလို့စွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပါတယ်။

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွေမှာပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်ထပ်နိုင်ရရှိသွားချိန်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးတွေရဲ့အာဏာသိမ်းတဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲသမာဘူးလို့စွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကြောင့် အာဏာသိမ်းပြီးတဲ့ ၁၀ လအတွင်း ပြည်သူ ၁၃၂၉ ယောက်သေဆုံးခဲ့တာ၊ သိန်းနဲ့ချီပြီး စစ်ပြေးဒုက္ခသည်တွေ ဖြစ်သွားတာကြောင့် တပ်မတော်ရဲ့သိက္ခာဟာ အဖတ်ဆယ်စရာကို မရှိတဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ အခိုင်မာဆုံးအင်စတီကျူးရှင်းလို့ ကြွားဝါပြောတဲ့ တပ်မတော်ဟာ မြန်မာပြည်သူတွေရဲ့ အမုန်းဆုံးအင်စတီကျူးရှင်းတခုလည်း ဖြစ်လာခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်သားတွေ သေဆုံးရင် ဝမ်းနည်းတဲ့သူ မရှိသလောက်ဖြစ်ရုံမက ဒီလောက်ပဲလားလို့ မေးတဲ့ အနေအထားကို ရောက်လို့နေခဲ့ပါပြီ။

You may also like these stories:

အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ဦးနှောက်ချို့ယွင်းသော ရောဂါ ခံစားနေရ

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
133
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.7k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
405

တပ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးများ စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ

ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ

Your Thoughts …
Tags: ဗိုလ်ချုပ်ကြီးနေဝင်းဗိုလ်ချုပ်မှူးကြီးစောမောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြန်မာ့တပ်မတော်သိက္ခာမဲ့သော တပ်ချုပ်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.4k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ လုပ်မည်

by နွေနေ
16 December 2025
5k

ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုရွေးကောက်ပွဲပြီးလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ တာဝန်ထမ်းဆောင်မည်ဟု ဖြေသည်။

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်

by ဧရာဝတီ
1 August 2024
2.7k

ရွေးကောက်ပွဲအား ဒေသအလိုက် လုံခြံရေးအပေါ်မူတည်ကာ ကျင်းပနိုင်သည့်နယ်မြေများတွင် အရင်ကျင်းပမည်ဖြစ်ပြီး ကျန်နယ်မြေများအား လုံခြုံရေးကောင်းမွန်အောင် ဆောင်ရွက်ပြီးမှသာ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း

၂၀၁၈ ဖေဖော်ဝါရီလတွင် ပြုလုပ်သော ဆင်ဖြူရှင်စစ်ဆင်ရေးတွင် တွေ့ရသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် / AFP

လေးနှစ်ပြည့်တဲ့ ဗိုလ်ချုပ်ကြီးတိုင်း မနားရပါ

by ပေါ်ထွန်း
17 January 2022
16.2k

စစ်တပ်တွင် တာဝန်ထမ်းဆောင်သော ဗိုလ်ချုပ်ကြီးတိုင်း လုပ်သက် လေးနှစ်ပြည်သည်နှင့် မဖြစ်မနေ အနားယူရတာ မဟုတ်ပေ။

Next Post
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆန္ဒပြပွဲ မြင်ကွင်း  / ဧရာဝတီ

အာဏာသိမ်းမှုကို ဝေဖန်သော်လည်း တောင်ကိုရီးယား ကုမ္ပဏီများ စစ်ကောင်စီနှင့် တွေ့ဆုံ

အိုမီခရွန်မျိုးကွဲကို 3D ပုံဖြင့် မြင်ရစဉ် /  Getty Images

အိုမီခရွန်အကြောင်း နောက်ဆုံး သိရသမျှ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

2 hours ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved