• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ

by ဧရာဝတီ
6 December 2021
in သတင်း
A A
ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက် လူစုခွဲမှု အပြီးတွင် တွေ့ရစဉ်  / CJ

ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက် လူစုခွဲမှု အပြီးတွင် တွေ့ရစဉ် / CJ

8.9k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူငယ်များကို ကားဖြင့် တိုက်သတ်ကာ အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးတို့က ရှုတ်ချကြကြောင်း ထုတ် ပြန်ထားသည်။

အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်ထဲတွင် “ရန်ကုန်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာ သေဆုံးရသည့် သတင်းများကြောင့် မိမိတို့ ထိတ်လန့်တုန်လှုပ်မိပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးပါသည်။ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာ အကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သောဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိ‌ရေး အတွက် အရေးတကြီး လိုအပ်နေသည့်အကြောင်း မီးမောင်းထိုးပြနေပါသည်” ဟုဖော်ပြထားသည်။

ထို့အတူ “လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့အတူတကွ ရပ်တည်နေပြီး အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါသည်” ဟုလည်း ဆိုထားသည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမပေါ် ၌ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ဆန္ဒပြနေသော လူငယ်များကို စစ်တပ်က ကားဖြင့် တိုက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်မှုများကြောင့် လူငယ် ၅ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးခန့် ဖမ်းဆီးခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ဆန္ဒပြတွင် ပါဝင်သူများ၏ ပြောဆိုချက်များအရ သိရသည်။

ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက် လူစုခွဲမှု အပြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ramanathan Balakrishnan ၏ ထုတ်ပြန်ချက်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့များ၏ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ဖော်ပြထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
72
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
83

ထို့အတူ မြန်မာနိုင်ငံတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားသော အရပ်သား အစိုးရထံက စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းယူခဲ့ပြီး စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

ပြင်သစ်သံရုံး (ရန်ကုန်) ကလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် တိုက်ခိုက်မှု မှတ်တမ်း ဓာတ်ပုံများ၊ သက်သေခံချက်များနှင့် ဝမ်းနည်းဖွယ်ရာ ဓာတ်ပုံများ မြင်တွေ့ခဲ့ရပြီး စစ်တပ်၏ အကြမ်းဖက် လုပ်ဆောင်မှုအပေါ် ရှုတ်ချကြောင်း ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ပြင်သစ်သံရုံး ထုတ်ပြန်ချက်ထဲတွင် “ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့မှ အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ပုံရိပ်များ၊ သက်သေခံချက်များနှင့် ရလဒ်များကို ကြားသိရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် တမင်တကာလုပ်ရပ်များအတွက် ဥပဒေအရအရေးယူ အပြစ်ပေးရမည်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက် လူစုခွဲမှု အပြီးတွင် တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူများရှိကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း စစ်ကောင်စီကမူ ဒဏ်ရာ ရရှိသူ ၃ ဦးရှိပြီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်းနှင့် လူ ၁၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သတင်း ထုတ်ပြန် ထားသည်။

ထို့ပြင် ကားဖြင့် တိုက်သည့် ဖြစ်စဉ် မှတ်တမ်းများ ရိုက်ကူးခဲ့သည့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကိုလည်း ရှာဖွေဖမ်းဆီး လျက်ရှိကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)၏ ဘုံသဘောတူညီချက် ၅ ချက်တွင် ပထမဆုံး အချက်ဖြစ်သော အကြမ်းဖက်မှုများကို ချက်ချင်းရပ်ရန် တောင်းဆိုချက်ကို စစ်ကောင်စီဘက်က လက်ရှိအချိန် အထိ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်သည်။

You may also like these stories:

ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို

သေနတ်ပျောက်သည့် စွပ်စွဲချက်ဖြင့် ကော့မှူးမှ ပြည်သူအချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံရ

Your Thoughts …
Tags: UNကားဖြင့်တိုက်သတ်စစ်တပ်ဆန္ဒပြလူငယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22.1k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် အမှု ၁၁ မှုထပ်ရင်ဆိုင်ရဦးမည်

၂၀၁၈ ခုနှစ် ကမ္ဘောဒီးယား အထွေထွေ ရွေးကောက်ပွဲတွင် မဲထည့်နေသည့် မစ္စတာ ဟွန်ဆန်  / AFP

စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ဖိတ်ခွင့်ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved