• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
in သတင်း
A A
ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

မီးရှို့ဖျက်ဆီးခံရတဲ့ စီပါကျေးရွာ / Budalin Mobile Team

9.6k
VIEWS
Share on FacebookShare on Twitter

ဒု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီ စိုးဝင်း၏ စစ်ကိုင်းတိုင်း မုံရွာရှိ ခရီးစဉ်အပြီး စစ်တပ်နှင့် ပျူစောထီးတို့က ကပ်လျှက်ရှိ သည့် ဘုတလင်နယ် စီပါရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ၆ ဦးကို ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရက်ရက်စက်စက်သတ်ဖြတ်မှု ဖြစ်ခဲ့့သည်။

အောက်တိုဘာ လဆန်းကတည်းက စစ်တပ်နှင့် ပျူစောထီးတို့ ဘုတလင်နယ်သို့ ဝင်ရောက်ကာ စိုင်ပြင်လေး၊ စီပါ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ ဆင်သေချာင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝကျေးရွာများသို့ ဝင်ရောက်ပြီး မီးရှို့ ဖျက်ဆီးသကဲ့သို့ နှစ်ပတ်ကျော်အတွင်း ရွာသား ၂၄ဦးကို သတ်ဖြတ်ကာ ၅၀ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
3
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
798
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
223

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တခြားသော စစ်အရာရှိကြီးများနှင့်အတူအောက်တိုဘာ ၁၄ ရက်က အနောက်မြောက် တိုင်း စစ်ဌာနချုပ်သို့ ရောက်လာပြီးနောက် ရပ်ကွက်ကျေးရွာအလိုက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့ များ ဖွဲ့ထားပြီး အကြမ်းဖက်သမားများ စိမ့်မှု မရှိစေရေး လုံခြုံသတိဖြင့် စောင့်ကြည့်ရန် ပြောဆိုခဲ့ပြီးနောက် ၎င်း၏ ခရီးစဉ် အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် ဘုတလင်ဒေသခံ ၆ ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့က ဘုတလင်မြို့နယ် စီပါကျေးရွာကို စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်း ဝင်ရောက်စီးနင်းကာ ညအိပ် တပ်စွဲခဲ့ပြီးနောက် အသက် ၈၀ အရွယ် တဦး အပါအဝင် ဒေသခံ ၆ ဦးကို ဦးခေါင်းနှင့် ကိုယ်လက်အင်္ဂါများအား ဖြတ်တောက်၍ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သလို ဦးခေါင်း ၃ လုံးကို ခြံစည်းရိုးတွင် ချိတ်ဆွဲထားခဲ့ပြီး အိမ်ခြေ ၃၀၀ ခန့်မှာလည်း မီးလောင်ပျက်စီးခဲ့ရသည်။

ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း (Budalin Mobile Team) မှ ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က “အသတ်ခံရတဲ့ ၆ ဦးမှာ အမျိုးသမီးလို့ယူဆရတာ တယောက်ပါတယ်။ စစ်ကြောင်း မရှိလောက်တော့ဘူးအထင်နဲ့ ဝင်သွား တဲ့သူတွေ သတ်ခံ ရတာမျိုးလို့ သိရတယ်။ အမျိုးသား ၃ ယောက်ရဲ့ခေါင်းတွေကို ဖြတ်ပြီး ခြံစည်းရိုးတိုင်တွေမှာ ချိတ်ထားခဲ့တာ။ အသက် ၈၀ ကျော်အရွယ်တဦးက ဘုန်းကြီးကျောင်းက ကပ္ပိယကြီးပါ။ မပြေးနိုင်လို့ ကျန်ခဲ့တာ။ နောက်တဦးက အသက် ၅၀ အရွယ် ပေါ့။ ကျန်သူတွေက ဘယ်သူဆိုတာ အတည်ပြုလို့ မရသေးဘူးဗျ။ ရွာကလည်း အိမ်ခြေ ၃၀၀ လောက်ထိ မီးလောင်ထား တာရယ်၊ သူတို့က ရက်ရက်စက်စက်ကို လုပ်ထားကြတာတွေရယ်ဆိုတော့ ရွာသားတွေလည်း အခုအချိန်ထိ ရွာထဲကို ပြန်မဝင်ရဲဘူး ဖြစ်နေကြတယ်” ဟု ပြောသည်။

မီးရှို့ဖျက်ဆီးခံရတဲ့ စီပါကျေးရွာ / Budalin Mobile Team

စီပါကျေးရွာသို့ တက်လှိုင်းရွာမှတဆင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ အောက်တိုဘာ ၁၈ ရက်တွင် စီပါရွာမှ ဆယ်ဝ ရွာဘက်သို့ စစ်ကြောင်းထွက်ခွာသွားစဉ် ဒေသခံအချို့ ရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ခေါင်းဖြတ်သတ်ခံထားရသည့်၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံထားရသည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဆရာဇော်က “အလောင်းတွေက ခေါင်းတွေ ဖြတ်ထားတဲ့အပြင် ကိုင်လို့မရတော့တဲ့ အခြေအနေဆိုတော့ အားလုံးစုပုံပြီး မီးရှို့မှပဲ အဆင်ပြေမယ်။ သူတို့ စိတ္တဇဆန်ဆန်တွေကို လုပ်ထားကြတာ။ တော်တော်ဆိုးဆိုးရွားရွားပါပဲ။ အခုက လိုင်းတွေမကောင်းတာရော၊ သူတို့ ထွက်သွားတဲ့ရွာတွေကို နယ်မြေရှင်းလင်းရေး ကောင်းကောင်းမလုပ်နိုင် ကြသေး တာများတယ်။ ရှင်းလင်းရေးလုပ်နိုင်တဲ့ရွာတွေဆိုရင်လည်း ချိတ်ဆက်ရတာ ခက်ခဲနေတော့ အခြေအနေ အသေးစိတ်ကို မသိကြရသေးဘူး” ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး စီပါရွာရှိ ပြည်သူအချို့ကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက စစ်တပ်သတင်းပေး “ဒလန်” ဟုဆိုကာ ရက်ရက်စက်စက် အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ဘုတလင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းထိုးနေသော်လည်း ဒေသခံများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်းမရှိဘဲ နေအိမ် မီးလောင်ရခြင်းများမှာ တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့၌ ထုတ်ပြန်သည်။

ဒေသခံတဦးက “သူတို့မလုပ်ပါဘူးလို့ ငြင်းတာကတော့ ထုံစံတခုလိုဖြစ်နေပါပြီ။ လက်ရှိမြေပြင်မှာက ရွာတွေ တော်တော် များ များ ပြေးနေကြရတာတွေအပြင် အခုလို ရက်ရက်စက်စက် သတ်ဖြတ်တယ်ဆိုတာ ဘယ်သူတွေ လုပ်တယ်ဆိုတာ ပြည်သူတွေအားလုံးအသိမို့ အများကြီးတော့ ပြောစရာမရှိပါဘူး။ သူတို့က အငြိုးနဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်ဆိုတာ လုပ်ရပ်တွေက သက်သေပါပဲ” ဟု ဆိုသည်။

မီးရှို့ဖျက်ဆီးခံရတဲ့ စီပါကျေးရွာ / Budalin Mobile Team

ထို့ပြင် အောက်တိုဘာ ၁၉ ရက်ကလည်း ညောင်ကန်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၁၉၊ ၂၀ ရက်များ၌ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ဘုတလင်မြို့နယ်အတွင်း ကျေးရွာများသို့ ဟောင်ဝစ်ဇာ လက်နက်ကြီး အလုံး ၂၀ ကျော်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

ယနေ့တွင် အဆိုပါစစ်ကြောင်းသည် စိုင်ပြင်လေးရွာ၌ အထိုင်ချတပ်စွဲထားကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ဘုတလင်မြို့နယ်တွင်းသို့ အောက်တိုဘာ ၄ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အောက်တိုဘာ ၂၀ ရက်ထိ နှစ်ပတ်ကျော်အတွင်း ဒေသခံပြည်သူ ၂၄ ဦးကို သတ်ဖြတ်ကာ ၅၀ ကျော်အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်၍ လူသားဒိုင်းအဖြစ် အသုံးပြုလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

စိုင်ပြင်လေး၊ စီပါ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ ဆင်သေချာင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝကျေးရွာများမှ နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကြောင်းထိုးနေမှုနှင့်အတူ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက် ပြုလုပ်နေသောကြောင့် ဘုတလင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာပေါင်း ၂၀ ခန့် မှ ဒေသခံပြည်သူ ၅ သောင်းခန့်ထိ စစ်ဘေးရှောင်နေကြရပြီး နေထိုင်ရေးနှင့် စားနပ်ရိက္ခာများလိုအပ်လျက်ရှိကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

ဘုတလင်မြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်၌ စစ်ကြောင်းတခုလုံး ပြုတ်သည်အထိ တော်လှန်ရေးအင်အားစု များက တိုက်ခိုက်ခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက်မှစတင်ကာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့ပြီး မုံရွာ-ဘုတလင် လမ်းတလျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ် နေခြင်း ဖြစ်သည်။

You may also like these stories:

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်‌တိုက်ပွဲ

စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်ဒေသခံ ၃ သောင်းကျော် ထွက်ပြေးနေရ

ဘုတလင်၌ စစ်တပ် ကြားဖြတ်တိုက်ခံရပြီး သေဆုံး၊ ဖမ်းဆီးခံရမှုများ

Your Thoughts …
Tags: စစ်တပ်စီပါကျေးရွာဒုစစ်ခေါင်းဆောင်ပျူစောထီးဘုတလင်သတ်ဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

by ဧရာဝတီ
28 July 2023
17k

ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.5k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

Next Post
ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ)

ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှု အရေးယူပေးဖို့ တရုတ်တောင်းဆို (ရုပ်/သံ)

ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် ငါန်းမြာကြီးကို စစ်တပ်ပြန်သိမ်း

ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် ငါန်းမြာကြီးကို စစ်တပ်ပြန်သိမ်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate