• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်‌တိုက်ပွဲ

by ဇေယျ (အညာ)
19 October 2024
in ဆောင်းပါး
A A
PDF တွေ အစွမ်းပြခဲ့တဲ့ ဒီပဲယင်းနှင့် ဘုတလင်‌တိုက်ပွဲ

ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တပ်တချို့/ PDF

4.2k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မော်လူးကို သိမ်းပိုက်ထားပြီး အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့်တို့တွင် PDF အမှတ် ၁ စစ်ဒေသမှ အင်အားများ စုစည်းပြီး မြို့သိမ်းတိုက်ပွဲများ တိုက်ခိုက်နေသကဲ့သို့ စစ်ကိုင်းတိုင်း တောင်ပိုင်းတွင်လည်း ရှိသည့်အင်အားကို စုစည်း၍ တိုက်ပွဲငယ်များ တိုက်နေသည်ကိုတွေ့ရ၏။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလတွင်း စစ်ကိုင်းတိုင်းတောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းတိုက်ပွဲနှင့် ဘုတလင်တိုက်ပွဲမှာ လူသိများသည့်၊ အောင်မြင်မှုရသည့် တိုက်ပွဲများဖြစ်ခဲ့သည်။ ၃၅ ကီလိုမီတာခန့်သာဝေးသည့် မြို့နှစ်မြို့၌ တလခွဲအတွင်း အောင်မြင်မှုရသည့် တိုက်ပွဲများဖြစ်ခဲ့၏။ စံနမူနာပြုရမည့် တိုက်ပွဲများဖြစ်၏။

ဒီပဲယင်းတိုက်ပွဲ

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်တွင် ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ပြီး ဒီပဲယင်းမြို့ထဲရှိ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက်တန်းကျောင်း အပါအဝင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာများအား PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြပြီး ဩဂုတ် ၁၈ ရက် နံနက်တွင် ဒီပဲယင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ စတင်ဖြစ်ပွားသောနေ့တွင် ရေဦးမြို့မှ စစ်ကူဝင်ရောက်လာသော ခလရ ၈၉ မှ အင်အား ၆၀ ခန့်အား PDF တို့က အောင်မြင်စွာ ဖြတ်တောက်နိုင်ခဲ့သည်။

ဩဂုတ်လ ၁၆၊ ၁၇၊ ၁၈ ရက်များတွင် စစ်ကောင်စီ လေကြောင်းပစ်ကူများ ပေးသည့်ကြားမှ ဒီပဲယင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၏။ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲတွင် PDF တပ်ဖွဲ့မှ ရဲဘော် လေးဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၈ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာရ၍ ကျန်စစ်ကောင်စီအဖွဲ့ဝင်များမှာ ထွက်ပြေးသွားခဲ့ကြသည်။

ထို့ပြင် ပျူစောထီး နှစ်ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး Non-CDM ဝန်ထမ်း ၄၀ ဦး၊ အချုပ်သား ၂၀ ဦး၊ ပြည်သူ ၇၂ ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်။ စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ ၄,၉၀၀ ခန့်၊ ဗုံးသီးမျိုးစုံ ၅၇ လုံး၊ မိုင်းမျိုးစုံ ၂၀ လုံး၊ ကျည်အိမ် ၈ ခုနှင့် ငွေကျပ် သိန်း ၃၄၀ ကျော် သိမ်းဆည်းရမိသည်။

ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်တွင် စစ်ကောင်စီက MI 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် လေးစင်းဖြင့် အင်အား ၁၀၀ ကျော်ခန့် ဒီပဲယင်းမြို့သို့ စစ်ကူပို့ပေးခဲ့ရာ ဒီပဲယင်းမြို့အား သိမ်းပိုက်ရရှိပြီးနောက် PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြသည်ကို တွေ့ရ၏။

ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်တွင် စစ်ကောင်စီက MI 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် လေးစင်းဖြင့် အင်အား ၁၀၀ ကျော်ခန့် ဒီပဲယင်းမြို့သို့ စစ်ကူပို့ပေးခဲ့ရာ ဒီပဲယင်းမြို့အား PDF တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြသည်ကို တွေ့ရ၏။

စစ်ကိုင်းတိုင်းအတွင်းမှ တိုက်ပွဲဖြစ်နေသည့် ဒီပဲယင်းမြို့ပြ မြေပုံ / ဧရာဝတီ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့တွင် အခြေပြုသည့် ဗိုလ်ကြီး အောင်ဟိန်းဦး ဦးစီးသည့် ခမရ ၇၀၄၊ ခမရ ၇၀၈၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား ၇၉ ဦးရှိသည်။ ၎င်းတို့ကို ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)၊ ဗျူဟာ ၅၃၊ 96 Soldiers, ဒီပဲယင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ပူးပေါင်းတပ်ဖွဲ့တို့က ဩဂုတ်လ ၁၅ ရက်၊ ညနေ ၈ နာရီခွဲမှ စတင်ကာ ဩဂုတ်လ ၁၈ ရက်၊ နံနက် ၄ နာရီအချိန်တွင် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့သည်။

ဘုတလင်တိုက်ပွဲ

အဆိုပါတိုက်ပွဲသည် ဘုတလင်မြို့နယ်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကူတော်ရွာသည် ဘုတလင်မြို့၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာခန့် အကွာတွင်ရှိ၏။ စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် ကူတော်ရွာကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရန် ကြိုးစားနေသည်မှာ သုံးလခန့်ရှိပြီဟု သိရ၏။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့ကစ၍ အပြီးသတ် သိမ်းပိုက်နိုင်ရန် ကြိုးစားခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအပြင် ဗိုလ်မှူး ကျော်တင့် ဦးဆောင်သည့် စစ်ကြောင်းကိုပါ စစ်ကူပေးပို့ခဲ့ခြင်း ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နေ့လယ်ပိုင်းက ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်မြို့သို့ ပြန်လည် ထွက်ခွာလာသည့် စစ်တပ်၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ ခမရ ၁၀၆ မှ ဗိုလ်မှူးတဦး ဦးစီးသည့် စစ်ကြောင်းတကြောင်းအား စီပါရွာ‌၏ အနောက်တောင်ဘက် အရောက်တွင် PDF နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ ၃၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီ၊ ၄၃ မိနစ်မှ ညနေ ၅ နာရီ ၄၀ မိနစ်အထိ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့သည်ကို တွေ့ရပါသည်။

တိုက်ပွဲနှစ်ခု နှိုင်းယှဉ်ချက်

ဒီပဲယင်းတိုက်ပွဲက မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ဘုတလင်တိုက်ပွဲကမူ လှုပ်ရှားစစ်ကြောင်း ချေမှုန်းရေးတိုက်ပွဲ ဖြစ်၏။ ဒီပဲယင်းတိုက်ပွဲသည် မြို့သိမ်းတိုက်ပွဲ ဖြစ်သော်လည်း ရန်သူ စုစုပေါင်း ၇၉ ဦးသာရှိပြီး လေးရက်ခန့်သာ တိုက်ရ၏။

PDF ဘက်က လေးယောက်သာ ကျဆုံးပြီး စစ်ကောင်စီဘက်မှ ၁၈ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ၊ နှစ်ဦးလက်နက်ချ၍ ရန်သူ ၃၀ ခန့် ချေမှုန်ူနိုင်ပြီး လက်နက်မျိုးစုံ ၂၂ လက်နှင့် ခဲယမ်းများရရှိသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ၊ Non-CDM ဝန်ထမ်းများနှင့် လူထုကို ကယ်ထုတ်နိုင်ခဲ့၏။ လေကြောင်းပစ်ကူအပြင် လေကြောင်းမှ စစ်ကူပို့လာ၍ မြို့ကို ဆက်ထိန်းမထားနိုင်သော်လည်း အကျိုးအမြတ်ရှိ၏။

ဘုတလင်တိုက်ပွဲ အင်အား ၈၀ ကျော်ရှိ လှုပ်ရှားစစ်ကြောင်းအား ချေမှုန်းသည့် တိုက်ပွဲဖြစ်၏။ နောက်ဆုံး သတင်းများအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးသေပြီး သုံ့ပန်းအဖြစ် ၄၃ ဦး ဖမ်းမိ၏။ လက်နက်မျိုးစုံ ၅၆ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့၏။ လေကြောင်းပစ်ကူလာ‌သော်လည်း စစ်ကူပို့လာခြင်း မရှိသည့်အတွက် သုံးရက်အကြာတွင် စစ်ကောင်စီအလောင်းများပင် မြှုပ်နှံပေးခဲ့ရ၏။ အကျိုးအမြတ်များသည့် တိုက်ပွဲဖြစ်၏။

PDF အင်အားများ

ဒီပဲယင်းတိုက်ပွဲကို ရွှေဘိုခရိုင် အမှတ် ၁ ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂၊ ရွှေဘိုခရိုင် လှုပ်ရှားစစ်ကြောင်း၊ ရွှေဘိုခရိုင် ပကဖ၊ ဗျူဟာ ၅၃၊ 96 Soldiers, ဒီပဲယင်း LPDF ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ခဲ့သည်။

ဘုတလင်တိုက်ပွဲတွင် မုံရွာခရိုင် အမှတ်၂၀ တပ်ရင်းနှင့်အတူ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦး (ULF) ယင်းမာပင် တပ်ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ (ဘုတလင် မိုဘိုင်းလ်အဖွဲ့ (BMT)၊ FRF, မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆ (တပ်ရင်း ၁၉၊ တပ်ရင်း ၂၁၊ တပ်ရင်း ၂၆)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (‌‌PLA)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ 96 Soldiers, ရွှေဘိုခရိုင် တပ်ရင်း ၉၊ ၁၂၊ ရေဦး၊ ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြို့နယ် ပြည်သူ့လုံခြုံရေး (ပလဖ)၊ KUGF (ခင်ဦး)၊ ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၈၊ Golden Brothers Local, အရာတော်နှင့် မိတ္ထီလာ ဒရုန်းအဖွဲ့များ၊ ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊ UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့် အတူတကွ ပါဝင်တိုက်ပွဲဝင်ကြသည်ဟု သိရ၏။

တိုက်ပွဲနှစ်ခုလုံးတွင် PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့ အရေအတွက် များပြားသည်ကို တွေ့ရ၏။ သို့သော်လည်း ထိုတပ်ဖွဲ့များရှိ အင်အား အားလုံးပါဝင်သည် မဟုတ်ပေ။ PDF တို့၏ အခက်အခဲမှာ တပ်ဖွဲ့များတွင် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း အပြည့်အဝ တပ်ဆင်နိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲနှစ်ခုလုံးတွင် PDF နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့ အရေအတွက် များပြားသည်ကို တွေ့ရ၏။ သို့သော်လည်း ထိုတပ်ဖွဲ့များရှိ အင်အား အားလုံးပါဝင်သည် မဟုတ်ပေ။ PDF တို့၏ အခက်အခဲမှာ တပ်ဖွဲ့များတွင် လူအင်အားရှိသော်လည်း လက်နက်ခဲယမ်း အပြည့်အဝ တပ်ဆင်နိုင်ခြင်း မရှိသေးပေ။

နွေဦးတော်လှန်ရေးတွင် တဟုန်ထိုး ကြီးထွားလာသည့် PDF၊ ချင်းဒေသကာကွယ်ရေးတပ်မတော် (CDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့အပြင် ကျန်နွေဦးတော်လှန်ရေးအင်အားစု အားလုံးပေါင်းပါက ၁ သိန်းခွဲခန့်ရှိရာ အားလုံးကို အချိန်တိုအတွင်း လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ရန် မလွယ်ကူပေ။

လက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ PDF များ၊ ဒေသခံ ပကဖများမှာ လူအင်အား ရှိသော်လည်း လက်နက်အပြည့်အစုံ မရှိကြပေ။ ယခုတိုက်ပွဲများသည် အဆိုပါ PDF တပ်များမှ လက်နက်ခဲယမ်းရှိသည့် အင်အားများကိုသာ ထုတ်နုတ်စုဖွဲ့ပြီး တိုက်ခိုက်ကြခြင်းဖြစ်ကာ ရရှိသည့် လက်နက်ခဲယမ်းများအားလည်း စုပေါင်းခွဲဝေယူကြသည့်စနစ် ဖြစ်ပုံရ၏။

သို့ဖြစ်ရာ တိုက်ပွဲနှစ်ခုလုံးမှာ PDF များ၏ စည်းလုံးညီညွတ်မှုကို ပြသကဲ့သို့ စုစည်းထားသော အင်အားများကို အမိန့်ပေးစနစ်တခု တည်ဆောက်ပြီး စည်းစည်းလုံးလုံး တိုက်ခိုက် အောင်ပွဲခံခဲ့ခြင်း ဖြစ်ပုံရ၏။

စံပြုရမည့် တိုက်ပွဲဟု ဆိုရခြင်းမှာ PDF တပ်ရင်းတပ်ဖွဲ့ငယ် တခုချင်းရှိ လက်နက်ခဲယမ်း အင်အားအရ တဖွဲ့ချင်း တိုက်နေပါက ရန်သူ ဤမျှအင်အားကို ချေမှုန်းရန် မလွယ်ကူပေ။ အင်အားများ စုစည်းပြီး တစုတစည်းသော အမိန့်ပေးစနစ်အောက်တွင် တိုက်ခိုက်ခြင်းကြောင့် ဤသို့ အောင်မြင်မှု ရရှိခြင်းကြောင့်ဖြစ်၏။

စစ်ကောင်စီအင်အား

ဒီပဲယင်းနှင့် ဘုတလင်တိုက်ပွဲ နှစ်ခုလုံးတွင် တွေ့ရသည့် စစ်ကောင်စီတပ်မှာလည်း စုပေါင်းစပ်ပေါင်း ဖြစ်သည်။ ဒီပဲယင်းတိုက်ပွဲတွင် တွေ့ရသည့် စစ်ကောင်စီအင်အား ၇၉ ဦးတွင် စကခ ၄ လက်အောက်ခံ ဖူးကြီးအခြေစိုက် ခမရ ၇၀၄၊ တိုက်ကြီးအခြေစိုက် ခမရ ၇၀၈ တပ်ရင်း၊ ဒီပဲယင်းမြို့မှ ရဲနှင့်ပျူစောထီးတို့ ပါဝင်သည်ကို တွေ့ရ၏။ တပ်ရင်းတရင်းလျှင် အင်အား ၂၀၊ ၃၀ ခန့်၊ ရဲနှင့်ပျူစောထီးက ၂၀ ဝန်းကျင်ခန့်ကို စုပေါင်းထားပုံရ၏။

ဘုတလင်တွင် ချေမှုန်းခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းမှာလည်း အင်အား ၈၀ ကျော်ခန့် ရှိသည်။ တပ်မ ၇၇ လက်အောက်ခံ ထောက်ကြံ့အခြေစိုက် ခမရ ၁၀၆၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ ကသာ အခြေစိုက် ခမရ ၃၀၉၊ မုံရွာ အခြေစိုက် ခမရ ၁၆၊ ခန္တီးအခြေစိုက် ခလရ ၂၂၉၊ နမခ တိုင်းလက်ရုံးတပ် ထုတ်နုတ်၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား ၈၅ ဦးခန့် ပါဝင်သည်။ တပ်ရင်းတရင်းမှ လူ ၁၅ ဦးခန့် ထုတ်နုတ်ပြီး စုပေါင်းစပ်ပေါင်း ဖွဲ့စည်းထားပုံရ၏။ နမခ တိုင်းဥပဒေရုံးက ထုတ်နုတ်အင်အားပင် ပါသေးသည်။ တပ်ရင်းနံပါတ် လေးခု၊ လက်ရုံးတပ်၊ ရဲနှင့် ပျူစောထီးပါ မပါမဖြစ် ပေါင်းမှ ၈၅ ဦးခန့်သာ ရှိသည်။

PDF က လူအင်အားရှိသော်လည်း လက်နက် မလုံလောက်သဖြင့် PDF တပ်ရင်းတပ်ဖွဲ့များမှ လက်နက်ရှိသူများကို ထုတ်နုတ်၍ စုပေါင်းတိုက်ခိုက်ကြရ၏။ စစ်ကောင်စီတပ်ကမူ ပြောင်းပြန်ဖြစ်ပြီး လက်နက်ခဲယမ်း ပြဿနာမရှိ။ သို့သော် တပ်နံပါတ်တွေများပြီး လူအင်အား မရှိပေ။ တပ်ရင်းတပ်ဖွဲ့တခုလျှင် ၁၀ မှ ၁၅ ယောက်ကြား စုစည်းပြီး စစ်ကြောင်းဖွဲ့ရပုံရသည်။

တိုက်ပွဲနှစ်ခုလုံးတွင် ပြသနေသည့် စစ်တပ်အခြေအနေကို ကြည့်ပါက တပ်ရင်းအလိုက်၊ ဗျူဟာအလိုက်၊ တပ်မအလိုက် စစ်ဆင်ရေး ဆောင်ရွက်နိုင်ခြင်း မရှိတော့ပေ။ ဘုတလင်နှင့် ဒီပဲယင်းတွင်သာမက နိုင်ငံအနှံ့ စစ်ကြောင်းတိုင်းသည် တပ်နံပါတ်ပေါင်းစုံနှင့် ဖြစ်နေသည်။

ဘုတလင်၌ စစ်တပ် ကြားဖြတ်တိုက်ခံရပြီး သေဆုံး၊ ဖမ်းဆီးခံရမှုများ

တပ်ပေါင်းစုံမှ အင်အားများ ထုတ်နုတ်၍ စစ်ကြောင်းဖွဲ့နေရသည်။ စစ်ကူ‌ပို့သည့် စစ်ကြောင်းများလည်း အလားတူဖြစ်၏။ စစ်ဆင်ရေးများတွင် တပ်ရင်းအလိုက်၊ တပ်မအလိုက် စစ်ဆင်ရေးတာဝန် ယူခိုင်းနိုင်ခြင်း မရှိတော့ပေ။ စစ်အင်အား မလုံလောက်သဖြင့် ဟိုတပ်ဒီတပ်မှ တပ်အင်အား အနည်းငယ်စီ ထုတ်နုတ် စုဆောင်းပြီး လိုအပ်သည့်နေရာများကို ဖြည့်တင်းနေရ၏။

သို့ဖြစ်ရာ ကွပ်ကဲမှုပြဿနာ၊ ပေါင်းစပ်မှုပြဿနာများဖြစ်နေသည့်အပြင် တိုက်စိတ်ခိုက်စိတ် ကျဆင်းနေကြသဖြင့် စည်းကမ်းလိုက်နာမှု၊ တက်ကြွမှု မရှိကြပေ။ အဆိုပါ စစ်ကြောင်းချေမှုန်းရေး မတိုင်မီ မူးယစ်ဆေးသုံးစွဲပြီး တပ်နှင့်ကွဲနေသည့် ထိုစစ်ကြောင်းမှ တပ်သားသုံးဦးအား PDF များက ဖမ်းဆီးရမိထားသည်ဟု သိရ၏။

ဘုတလင်၊ ဒီပဲယင်းတိုက်ပွဲများမှ တွေ့ရသည့် စစ်တပ်၏ စစ်အင်အားနှင့် စစ်ကြောင်းဖွဲ့စည်းမှုပုံစံသည် စစ်တပ် နာလန်မထူဘဲ ရှုံးပွဲဆက်နေရသည့် အဓိက အကြောင်းအချက်တခု ဖြစ်၏။ တပ်အင်အား မလုံလောက်ဘဲ တပ်များကို ထုတ်နုတ် စုပေါင်းစပ်ပေါင်း စစ်ဆင်ရေးလုပ်နေရသည်။ တပ်မအလိုက်၊ ဗျူဟာအလိုက် မဆိုထားနှင့် တပ်ရင်းလိုက်ပင် စစ်ဆင်ရေးပြုလုပ်နိုင်သည့် အခြေအနေ မရှိပေ။

ဘုတလင်၊ ဒီပဲယင်းတိုက်ပွဲများမှ တွေ့ရသည့် စစ်တပ်၏ စစ်အင်အားနှင့် စစ်ကြောင်းဖွဲ့စည်းမှုပုံစံသည် စစ်တပ် နာလန်မထူဘဲ ရှုံးပွဲဆက်နေရသည့် အဓိက အကြောင်းအချက်တခု ဖြစ်၏။ တပ်အင်အား မလုံလောက်ဘဲ တပ်များကို ထုတ်နုတ် စုပေါင်းစပ်ပေါင်း စစ်ဆင်ရေးလုပ်နေရသည်။ တပ်မအလိုက်၊ ဗျူဟာအလိုက် မဆိုထားနှင့် တပ်ရင်းလိုက်ပင် စစ်ဆင်ရေးပြုလုပ်နိုင်သည့် အခြေအနေ မရှိပေ။

PDF များအဖို့ပြောလျှင် တပ်အင်အားရှိသော်လည်း လက်နက်ခဲယမ်း မပြည့်စုံသေးသည့် ပြဿနာကို ဒီပဲယင်း၊ ဘုတလင်တိုက်ပွဲ သင်ခန်းစာများအရ တပ်ရင်းအသီးသီးမှ လက်နက်ရှိသည့် အင်အားများကို စုစည်းပြီး ဒီပဲယင်းကဲ့သို့ မြို့ငယ်များ၊ လှုပ်ရှားစစ်ကြောင်းများကို ဖြတ်တောက်တိုက်ခိုက်ပြီး အောင်ပွဲများ ရယူနိုင်သည်။ အကျိုးအမြတ်ရှိသည့် တိုက်ပွဲများ တိုက်ခိုက်နိုင်သည်။ စစ်ကိုင်းတိုင်းအတွင်း ရန်သူ့စစ်ကြောင်းများ ထင်သလို လှုပ်ရှားရမ်းကားခြင်း မပြုနိုင်အောင် ဟန့်တားထားနိုင်၏။

ဧရာဝတီအရှေ့ခြမ်း တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့များနှင့် မတ္တရာနယ်တွင်းမှ စခန်းများကို PDF များက သိမ်းပိုက်ထားစဉ် မန္တလေးတောင်ပိုင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်နယ်မြေထဲမှ ပြောက်ကျား လှုပ်ရှားမှုများနှင့် ပေါင်းစပ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အား ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့၏။

ယခု စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်မြို့များတွင် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေစဉ် စစ်ကိုင်းတိုင်းတောင်ပိုင်းမှ ဒီပဲယင်းတိုက်ပွဲနှင့် ဘုတလင်တိုက်ပွဲသည် နမခ စစ်တိုင်းကို ကောင်းစွာ ဒုက္ခပေးနိုင်ခဲ့၏။

ထို့ပြင် ဒီပဲယင်းတိုက်ပွဲ၊ ဘုတလင်တိုက်ပွဲတို့သည် ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်၊ သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲများကဲ့သို့ အဓိက စစ်အင်အားများ စုစည်းတိုက်သည့် တိုက်ပွဲမျိုး မဟုတ်သော်လည်း ပြောက်ကျားတပ်ဖွဲ့များကို စုစည်း၍ တိုက်ခိုက်သည့် PDF တို့၏ စံနမူနာမြောက်သည့် ချေမှုန်းရေး တိုက်ပွဲများဖြစ်ရာ ထိုကဲ့သို့ တိုက်ပွဲမျိုးများကို စနစ်တကျ ဆက်လက် ဖော်ဆောင်သွားရမည် ဖြစ်၏။

စုပေါင်းစပ်ပေါင်း ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေသည့် ရန်သူများကို ကောင်းစွာ အနိုင်ယူတိုက်ခိုက်နိုင်ပြီး PDF တပ်ဖွဲ့များ၏ သွေးစည်းညီညွတ်မှုကို ဆက်လက်ပြသရပေမည်။

တိုက်ပွဲနှစ်ခုလုံးတွင် ရန်သူအင်အား ၈၀ ခန့်ကို တိုက်ခိုက် အနိုင်ယူခဲ့သည်ဖြစ်ရာ ရှေ့လာမည့်ကာလတွင် ရန်သူသည် စစ်ကိုင်းတိုင်း အောက်ပိုင်းတွင်လည်း အင်အား ၈၀၊ ၁၀၀ ခန့်ဖြင့် လှုပ်ရှားရဲ၊ ခံစစ်ယူရဲတော့မည် မဟုတ်ပေ။ အင်အားနှစ်ဆခန့် စုစည်းလှုပ်ရှားတော့မည်ဖြစ်ရာ ရန်သူသည် အင်အားများကို မဖြန့်ခွဲဘဲ စုစည်းရမည်ဖြစ်၍ တဖက်က ဟာကွက်များ ပေါ်လာမည်။ တဖက်ကလည်း ပို၍အင်အားများသော ရန်သူကို ရင်ဆိုင်ရန် PDF တို့ ပြင်ဆင်ကြရပေမည်။

(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)

You may also like these stories:

PDF လက်မှ ဒီပဲယင်း ပြန်ရရန် လေကြောင်းသုံး စစ်ဆင်

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.1k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
447

စစ်ကြောင်းထိုးလာသဖြင့် ဒီပဲယင်းဒေသခံ ၁၅၀၀၀ ကျော် အရေးပေါ် ရှောင်တိမ်းရ

ဘုတလင်တွင် ဒေသခံ ၄၀ ခန့်ကို စစ်တပ်ကဖမ်း၍ ဓားစာခံအဖြစ် သုံးနေ

ဒီပဲယင်းတွင် တိုက်ပွဲ ပြင်းထန်သဖြင့် လေကြောင်းပစ်ကူခေါ်ရ

စစ်ကြောင်းတခုလုံးပြုတ်ခဲ့တဲ့ ဘုတလင်မှာ စစ်တပ်ကတကြော့ပြန် ဝင်ရောက်သတ်ဖြတ်နေ (ရုပ်/သံ)

Your Thoughts …
Tags: LPDFPDFSliderစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်သုံ့ပန်းစစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုဒီပဲယင်းနွေဦးတော်လှန်ရေးပကဖပလဖပျူစောထီးပြောက်ကျားတပ်ဖွဲ့ဘုတလင်မြို့သိမ်းတိုက်ပွဲလေကြောင်းပစ်ကူ
ဇေယျ (အညာ)

ဇေယျ (အညာ)

ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဟားခါးနှင့် ထန်တလန်ကြား တပ်စခန်းများ စစ်တပ် ပြန်သိမ်း

ဟားခါးနှင့် ထန်တလန်ကြား တပ်စခန်းများ စစ်တပ် ပြန်သိမ်း

စာပေနိုဘယ်ဆုရတဲ့ “အသား လုံးဝ မစားချင်တဲ့ မိန်းမတယောက်အကြောင်း”

စာပေနိုဘယ်ဆုရတဲ့ "အသား လုံးဝ မစားချင်တဲ့ မိန်းမတယောက်အကြောင်း"

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved