• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

PDF လက်မှ ဒီပဲယင်း ပြန်ရရန် လေကြောင်းသုံး စစ်ဆင်

by စောလွင်
18 August 2024
in Military, သတင်း
A A
PDF လက်မှ ဒီပဲယင်း ပြန်ရရန် လေကြောင်းသုံး စစ်ဆင်

ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တပ်တချို့/ PDF

4.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့နံနက်ဝင်ရောက် သိမ်းလိုက်ရာ လက်လွှတ်ခဲ့ ရသည့် စစ်ကောင်စီအဖို့ ပြန်လည်ရရှိရေးအတွက် နေ့တွင်းချင်း ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ ထံက သိရသည်။

ယနေ့နေ့လယ်ပိုင်းက Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်သလို Mi 17 ရဟတ်ယာဉ်ဖြင့် ဒီပဲယင်းမြို့အနီး တပ်အင်အားချထားခြင်းများ ပြုလုပ်နေသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “Mi 17 နှစ်စင်းနဲ့ နှစ်ခေါက် လာချထားတယ်။ ၄ စင်းစာဆို အင်အားက ၁၄၀ လောက် ပါမယ်လို့ ယူဆရတယ်။ အဲဒီ အင်အားတွေနဲ့ ဒီဘက်က လက်ကျန်အင်အား နဲ့ပေါင်းပြီး မြို့ထဲ ပြန် ထိုးစစ်ဆင်ဖို့ လုပ်နေတာပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် မြို့နယ်ထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့၌ တပ်စွဲထားသည် ခမရ ၇၀၄ တပ် နှင့် ပျူစောထီးအဖွဲ့ဝင်များကို သြဂုတ် ၁၆ ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်ခဲ့ရာ သြဂုတ် ၁၈ ရက် နံနက် အစောပိုင်းက မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အသိပေး ထုတ်ပြန် ထားသည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ ကြောင်းနှင့် ပျူစောထီး ၂ ဦးလက်နက်ချခဲ့သလို၊ Non CDM ဝန်ထမ်း ၄၁ ဦးနှင့် မိသားစုဝင် ၈၀ ဦးတို့ အလံဖြူထောင် ခဲ့ကြောင်း စစ်ကိုင်း ပကဖက ဆိုသည်။

မြို့ထဲရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်လိုက်နိုင်သည့်အခြေအနေနှင့် ပတ်သက်ပြီး ဒီပဲယင်းမြို့ခံ တဦးက “ဒီပဲယင်းမြို့ ရဲစခန်းနဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းခံလိုက်ရတဲ့အချိန်မှာ ရွှေဇာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင် ၃ ထပ် တိုက်မှာ စုရပ်အနေနဲ့ ပြန်ခိုအောင်းနေတာ။ အဲဒါကို ဆက်ပြီး တိုက်ခိုက်တဲ့အခါ မနေ့က ညဦးယံမှာပဲ ထွက်ပြေးတယ်” ဟု ပြော သည်။

စစ်ကိုင်းတိုင်းအတွင်းမှ တိုက်ပွဲဖြစ်နေသည့် ဒီပဲယင်းမြို့ပြ မြေပုံ (ဧရာဝတီ)

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအနက် ၂၀ ဦးခန့်သည် ဒီပဲယင်းမြို့မြောက်ဘက် မြို့နှင့်တဆက်တည်းရှိ ကံပြား ရွာ ဘုန်းကြီးကျောင်း၌ ခိုအောင်းနေရာမှ ယနေ့တွင် ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီက လေကြောင်းပစ်ကူအပြင် တပ်အင်အားများပါ ချပေး၍ ပြန်လည် ထိုးစစ်ဆင်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ဒီပဲယင်းမြို့သည် စစ်ကောင်စီ၏ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် မိုင် ၄၀ ခန့် ကွာဝေးပြီး မုံရွာ- ရေဦး ကားလမ်းဘေး၌တည်ရှိကာ မြို့သိမ်းနိုင်ရေးအတွက် ပူးပေါင်းတပ်များက လနှင့်ချီ ဝန်းရံ ပိတ်ဆို့ပြီးနောက် ထိုး စစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု PDF တပ်များကို ထောက်ပံ့နေသူ ဒီပဲယင်းဒေသခံတဦးက ပြောသည်။

၎င်းက “မြို့က ကျဉ်းကျဉ်းလေးရယ်။ စခန်းသိမ်းမယ်ဆို အစောကတည်းက သိမ်းလို့ရတယ်၊ မသိမ်းကြတာ မြို့ခံတွေ ရှိနေ လို့။ အကုန်လုံးက PDF ဝိုင်းထားတာ” ဟု ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်များ ဝန်းရံပိတ်ဆို့ထားသည့်အခြေအနေ၌ ဒီပဲယင်းမြို့ပေါ်တွင် စစ်ကောင်စီနှင့် ပျူစောထီးအင် အားမှာ ၁၀၀ ကျော်လောက်သာရှိပြီး ထိုးစစ် မစတင်မီရက်ပိုင်းအတွင်း ရေဦးဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဒီပဲယင်းမြို့ကို မကပ်နိုင်ဘဲ ရေဦးမြို့ထဲ ပြန်ဝင်သွားခဲ့ရသည်ဟု သိရသည်။

စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရေး လေ့လာစောင့်ကြည့်သူတဦးက “စစ်ကိုင်းမှာက မြို့တွေ သိမ်းပြီး မထိန်းနိုင်ဘူး။ ကောလင်းတို့ ကနီ တို့က အဓိက သာဓကပဲ။ ကနီဆို ရက်ပိုင်းအတွင်း ပြန်ဆုတ်ပေးရတာပေါ့။ ဒီလိုအရှေ့မှာလည်း အတွေ့အကြုံတွေ ရှိနေ တော့ အခု ဒီပဲယင်းကိုတော့ MOD (NUG- ကာကွယ်ရေး ဝန်ကြီးဌာန) အနေနဲ့ အကောင်းဆုံးပြင်ဆင်ပြီးမှ လုပ်လာတယ် ဆိုရင်တော့ ထိန်းထားနိုင်မယ့် အခြေအနေ ရှိပါတယ်” ဟု ပြောသည်။

ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တပ်တချို့/ PDF

လက်ရှိ ဒီပဲယင်းမြို့သိမ်း စစ်ဆင်ရေးတွင် ကာကွယ်ရေးတပ်များဘက်မှ အင်အားများ အကောင်းဆုံးပြင်ဆင်ထားကြသည် ဟု ဒီပဲယင်းမြို့နယ် Local PDF တပ်ဖွဲ့ခေါင်းဆောင်တဦးကလည်း ဆိုသည်။

၎င်းက “အခုမြို့သိမ်း ထိုးစစ်မှာက ကျနော်တို့တောင် မပါသေးဘူး။ မပါတာက မလိုသေးလို့ပေါ့နော်။ ဒါပေမယ့် အသင့်ပြင် ထားလို့တော့ တပ်ရင်းတွေဘက်က မှားထားတယ်။ ဒီနေ့တော့ သူတို့နဲ့ သွားပြီး ပူးပေါင်းမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အမှတ် ၁ စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်း မြို့နယ် ပကဖ ဘုတလင်မြို့နယ် ပကဖတို့ ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။

You may also like these stories:

မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

လွိုင်ကော်ကို ထိန်းချုပ်ပြီးနောက် နယ်မြေစိုးမိုးရေး စစ်တပ်ပိုမို လှုပ်ရှား

ကျိန္တလီမြို့ကို AA သိမ်းပိုက်

Your Thoughts …
Tags: PDFစစ်ကိုင်းဒီပဲယင်း
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ထိုင်းမှာ Tesla စက်ရုံတည်ရေး အလားအလာ စာမလာ သတင်းမကြားရသေး

ထိုင်းမှာ Tesla စက်ရုံတည်ရေး အလားအလာ စာမလာ သတင်းမကြားရသေး

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved