စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်လုံးအနှံ့ ပုန်ကန်တိုက်ခိုက်ခဲ့ကြ၏။ တော်လှန်သူတိုင်းတွင်လည်း အနာဂတ်အိပ်မက်များ ရှိခဲ့ကြ၏။ ထိုအိပ်မက်များ၏ ခြေလှမ်းအဖြစ် မြို့သိမ်းတိုက်ပွဲဆိုသည်ကို ကြွေးကြော်ခဲ့ကြ၏။
သို့သော်လည်း ပြီးခဲ့သော နှစ်နှစ်အတွင်း မြို့သိမ်းတိုက်ပွဲဟု ဆိုသည့်အသံကြားပါက လှောင်ပြုံးများ၊ ခနဲ့တဲ့တဲ့ စကားသံများ၊ သရော်သံများ ကြားရလေ့ရှိ၏။ ယခု သုံးနှစ် မပြည့်သေးသည့်ကာလတွင်ပင် လှောင်ပြောင်သရော်သံများ တိတ်ဆိတ်သွားကြပြီး မယုံနိုင်သည့်မြင်ကွင်းများ တွေ့မြင်ခဲ့ကြ၏။ ၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် မြို့သိမ်းတိုက်ပွဲများကို တမြို့ပြီးတမြို့ မြင်တွေ့လာရသည်မှာ နွေဦးတော်လှန်ရေး၏ ထူးခြားချက်ဖြစ်သည်။
ကရင်နီ (ကယား) ပြည်နယ်
မယ်စဲ့မြို့
မယ်စဲ့မြို့သည် ကရင်နီပြည်နယ်အတွင်းရှိ ထိုင်းနယ်စပ်မှ မြို့နယ်အဆင့်ရှိ မြို့တမြို့ဖြစ်၏။ မြို့နယ်အဆင့် မြို့များထဲမှ တော်လှန်ရေးတပ်ဖွဲ့များ အစောဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်သည့် မြို့ဖြစ်၏။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ပြီးခဲ့သော နှစ်နှစ်အတွင်း မြို့သိမ်းတိုက်ပွဲဟု ဆိုသည့်အသံကြားပါက လှောင်ပြုံးများ၊ ခနဲ့တဲ့တဲ့ စကားသံများ၊ သရော်သံများ ကြားရလေ့ရှိ၏။ ယခု သုံးနှစ် မပြည့်သေးသည့်ကာလတွင်ပင် လှောင်ပြောင်သရော်သံများ တိတ်ဆိတ်သွားကြ၏
သို့သော်လည်း မယ်စဲ့နှင့် ၁၀ ကီလိုမီတာခန့်အကွာရှိ ပန်တိန်းတွင် စစ်တပ်က ပြန်လည် ခြေကုပ်ယူထားခဲ့သဖြင့် မယ်စဲ့အား ခြိမ်းခြောက်ထားနိုင်ခဲ့၏။ သို့သော် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ပန်တိန်းရှိ စစ်တပ်အား ကရင်နီတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခြေမှုန်းနိုင်ခဲ့သည့်အပြင် ပန်တိန်းမှ ဖားဆောင်းသို့ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်များအား လိုက်လံချေမှုန်းနိုင်ခဲ့သဖြင့် မယ်စဲ့တမြို့နယ်လုံး လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။
လွိုင်ကော်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် စတင်သည့် ၁၁၁၁ စစ်ဆင်ရေးဖြင့် ဒီးမော့ဆို၊ မိုးဗြဲ၊ လွိုင်ကော် တဝိုက်ရှိ စစ်စခန်းများအား သိမ်းပိုက်ပြီးနောက် လွိုင်ကော်မြို့တွင်းသို့ ကရင်နီအင်အားစုများ အလုံးအရင်းနှင့် ဝင်ရောက် တိုက်ခိုက်နေသည်ကို တွေ့ရ၏။ စစ်တပ်က စစ်တပ်ဝင်း၊ ထောင်တို့မှ ခုခံနေသည်။ စစ်တပ်က မြို့ကို မထိန်းနိုင်။ လွိုင်ကော်သည် ပထမဆုံး တိုက်ခိုက်ခံရသည့် ပြည်နယ်မြို့တော် ဖြစ်သည်။
ခဏဝင်၍ ပြောက်ကျားပစ်သည့်ပုံစံ မဟုတ်ပေ။ မြို့ထဲသို့ ရက်အတော်ကြာ ဝင်ရောက်စီးနင်းနေခြင်း ဖြစ်၏။ စစ်တပ်က မြေပြင် စစ်ကူမပေးနိုင်။ လေကြောင်းပစ်ကူသာ ပေးနိုင်သည်။ လွိုင်ကော်တွင်ရှိသည့် စစ်တပ်များမှ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်လာသည့် တပ်ရင်း နှစ်ရင်း ချေမှုန်းခံရပြီးနောက် စခန်းပြင် မထွက်တော့ဘဲ စစ်တပ်စခန်းဝင်းများထဲကသာ ခုခံနေသည်ကို တွေ့ရ၏။ မြို့၏ ၈၀ ရာခိုင်နှုန်းအား ကရင်နီအင်အားစုများက ထိန်းချုပ်ထားသည်။
ရှမ်းပြည်နယ်
ချင်းရွှေဟော်
ချင်းရွှေဟော်သည် ကိုးကန့်ဒေသ တရုတ်နယ်စပ်ရှိ မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဖြင့် စည်ကားသောမြို့ဖြစ်၏။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မဟာမိတ်တပ်ဖွဲ့များက ချင်းရွှေဟော် မြို့တွင်းမြို့ပြင် စခန်းများအား ဆက်တိုက် တိုက်ခိုက်ပြီး ၂၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ ကွမ်းလုံ သိမ်းပြီးနောက် ချင်းရွှေဟော်၏ လုံခြုံရေးသည် ခိုင်မာသွား၏။
ကွမ်းလုံမြို့
ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်ဘေးရှိ စစ်ရေးအရ ဗျူဟာကျသည့်မြို့ဖြစ်၏။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အား မြန်မာစစ်တပ်က ခံစစ်ဆင်တိုက်ခိုက်ခဲ့သည့် ကွမ်းလုံရက် ၄၀ တိုက်ပွဲသည် မြန်မာစစ်တပ်အတွက် အံ့မခန်းဂုဏ်ယူစရာတိုက်ပွဲ ဖြစ်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် ပြောင်းပြန်လန်သွားသည်။ ၂၀၂၃ ခုနှစ် စစ်ဆင်ရေးစကတည်းက ကွမ်းလုံနှင့် ချင်းရွှေဟော်ကြား ကောင်းစွာ ဖြတ်တောက်ထားနိုင်ခဲ့သည်ကို တွေ့ရ၏။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ကွမ်လုံမြို့နှင့် စစ်စခန်းများအား ဖြတ်တောက်တိုက်ခိုက်ရာ နိုဝင်ဘာ ၁၂ ရက်နေ့တွင် မဟာမိတ်တပ်များ ကွမ်းလုံကို သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။
ကွမ်းလုံသည် စစ်ရေးအရ ဗျူဟာမြောက်သည့်အတွက် ကွမ်းလုံတွင် အခြေချ စစ်ဗျူဟာရုံး၊ ခြေလျင်တပ်ရင်း (ခလရ) ၁၂၇၊ ခြေမြန်တပ်ရင်း (ခမရ) ၃၁၂၊ အမြောက်တပ် (အမတ) ၃၄၈ တို့အပြင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)၊ ဒုံးတပ်နှင့် သံချပ်ကာနှင့်တင့်ကား တပ်ဖွဲ့များ အခြေစိုက်ထားသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အား မြန်မာစစ်တပ်က ခံစစ်ဆင်တိုက်ခိုက်ခဲ့သည့် ကွမ်းလုံရက် ၄၀ တိုက်ပွဲသည် မြန်မာစစ်တပ်အတွက် အံ့မခန်းဂုဏ်ယူစရာတိုက်ပွဲ ဖြစ်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးတွင် ပြောင်းပြန်လန်သွားသည်။
ထို့သို့ တပ်အများအပြား အခြေချထားပြီး လေကြောင်းမှ စစ်ကူဖြည့်ပေးခဲ့သည့်အပြင် တိုက်ပွဲအတွင်း လေကြောင်းပစ်ကူ အကြိမ် ၂၀၀ ကျော်ခန့် ပေးခဲ့သော်လည်း အချိန်တိုအတွင်းတွင် ကွမ်းလုံမြို့ ကျသွားခဲ့၏။ အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့၏။
ပါစင်ကျော်
နိုဝင်ဘာလ ၁၂ ရက်နေ့ ကွမ်းလုံကို သိမ်းသည်နှင့်တပြိုင်တည်း ချင်းရွှေဟော်နှင့် လောက်ကိုင်ကြား တိုက်နယ်အဆင့်ရှိ ပါစင်ကျော်အား MNDAA က သိမ်းပိုက်နိုင်ခဲ့၏။ ပါစင်ကျော်တွင် ခလရ ၁၂၈ နောက်တန်းဌာနချုပ် အခြေစိုက်သည့်အပြင် ကိုးကန့် ပြည်သူ့စစ် (ပသစ) ခေါင်းဆောင် မင်ရှောက်ချန်း (ကိုယ့်ကိုယ်ကို သတ်သေသူဟု ကြေညာခံရသူ) နှင့်အဖွဲ့ အခြေစိုက်ရာ တိုက်နယ်အဆင့် မြို့ငယ်လေးဖြစ်၏။
မုန်းကိုး
မုန်းကိုးအား မြို့အဆင့် သတ်မှတ်ထားသည်တော့ မတွေ့ရပေ။ သို့သော် မုန်းကိုး၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) စသည့် မြန်မာ-တရုတ် နယ်စပ်တလျှောက်ကို ထိန်းချုပ်ရာတွင် မုန်းကိုးသည် စစ်ရေးအရ အရေးပါ၏။
မုန်းကိုးတွင် စစ်တပ်ဗျူဟာရုံး အခြေစိုက်သည်။ မုန်းကိုးတောင်ဘက် တောင်ကြောပေါ်ရှိ ပန်လုံတွင် တပ်မရုံးအခြေပြုပြီး မုန်းကိုးအား ထိန်းချုပ်ထား၏။ ပန်လုံရော၊ မုန်းကိုးဗျူဟာရုံးပါကျပြီး မုန်းကိုးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့သည်။ မုန်းကိုးသည် စစ်ရေးအရ အရေးပါသကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တခုလည်း ဖြစ်၏။
ပန်ဆိုင်း (ကြူကုတ်)
မူဆယ်အနီး တရုတ်နယ်စပ်မြို့ဖြစ်၏။ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်နှင့်လည်း နီး၏။ ပန်ဆိုင်း (ကြူကုတ်) မှ တရုတ်ပြည်၊ ဝမ်တိန်မြို့နှင့် ကူးသန်းသည့် ဂိတ်နှင့်တံတားရှိ၏။ ထိုမြို့ကို စစ်ဆင်ရေးကာလ အစောပိုင်းကတည်းက တိုက်လိုက် ပြန်ဆုတ်လိုက်လုပ်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်ခဲ့ပြီး ကြူကုတ်-ဝမ်တိန်ဂိတ်တွင် ကိုးကန့်အလံ လွှင့်ထူထားသည်ကို တွေ့ရသည်။
ပန်လုံရော၊ မုန်းကိုးဗျူဟာရုံးပါကျပြီး မုန်းကိုးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မြောက်ပိုင်း ညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့သည်။ မုန်းကိုးသည် စစ်ရေးအရ အရေးပါသကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တခုလည်း ဖြစ်၏။
ပန်ဆိုင်း (ကြူကုတ်)၊ မုန်းကိုး၊ ချင်းရွှေဟော် မြန်မာ-တရုတ်နယ်စပ်ဂိတ် သုံးခုအား MNDAA က သိမ်းပိုက် ထိန်းချုပ်လိုက်နိုင်သည်ကို တွေ့ရ၏။ ကြူကုတ်အား သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကြူကုတ်နှင့် မူဆယ်ကြားရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကိုလည်း မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
သိန္နီ
ရှမ်းပြည်နယ်မြောက်ပိုင်းမှ သမိုင်းအစဉ်အလာရှိသည့် မြို့တမြို့ဖြစ်၏။ ယခင် ရှမ်းပြည်မြောက်ပိုင်းကို အုပ်ချုပ်သည့် သိန္နီစော်ဘွား ဟော်နန်းရှိခဲ့သည့် အုပ်ချုပ်ရေးမြို့ဖြစ်၏။ ယခုလည်း မြို့နယ်အဆင့် မြို့ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး စတင်သည်နှင့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သိန္နီမြို့ရှိ ဂိတ်များ၊ ရဲစခန်း၊ အုပ်ချုပ်ရေးရုံးတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်ထားခဲ့၏။ သိန္နီမြို့ဝင် နမ္မတူမြစ်ကူးတံတားကို ချိုးပြီး မြို့၏တောင်ဘက်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၆ အပါအဝင် စစ်တပ်များအား ဖြတ်တောက်ပိတ်ဆို့ထား၏။
သိန္နီမြို့ကို ညီနောင်မဟာမိတ် သုံးဖွဲ့က ထိန်းချုပ်ထားနိုင်သော်လည်း လွတ်လွတ်ကျွတ်ကျွတ်တော့ မဟုတ်သေးပေ။ စစ်တပ်၏ အနီးကပ် ခြိမ်းခြောက်မှုရှိ၏။ ရှမ်းပြည်နယ်မြောက်ပိုင်း၏ အဓိက ဆက်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိသဖြင့် စစ်ကောင်စီတပ် မလွဲမသွေ ပြန်လည် ထိုးစစ်ဆင်ရမည့်မြို့ဖြစ်၏။ သိန္နီသည် ညီနောင်မဟာမိတ် သုံးဖွဲ့ သိမ်းပိုက်ထားသည့်မြို့ ဖြစ်သကဲ့သို့ စစ်တပ်အတွက် သတ်ကွင်းလည်းဖြစ်၏။
နမ့်ခမ်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှ နာမည်ကြီး မြို့နယ်အဆင့်မြို့ဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေး စကတည်းက နမ့်ခမ်းမြို့ပတ်လည်ရှိ စခန်းများအား တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တဖြည်းဖြည်း တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရဲစခန်း၊ ထွေအုပ်ရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့၏။ နိုဝင်ဘာလ ၇ ရက်နေ့ မြို့လယ်တိုက်ပွဲအပြီး နမ့်ခမ်းမြို့အား TNLA က ထိန်းချုပ်ထားနိုင်ခဲ့၏။
နမ့်ခမ်းမြို့ပေါ်ရှိ စခန်းသစ်ကုန်းတွင် စစ်တပ် တပ်စွဲထားနိုင်သေးသည်။ ထိုစခန်းသစ်ကုန်းမှ နမ့်ခမ်းမြို့အား လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်နိုင်သဖြင့် လွတ်လွတ်ကျွတ်ကျွတ် မထိန်းချုပ်နိုင်သေးဟု ဆို၍ရ၏။ သို့သော် နမ့်ခမ်းမြို့တွင်း၌ စစ်တပ်ရော ရဲပါ မရှိတော့ပေ။
နမ့်ခမ်းမြို့ပေါ်ရှိ စခန်းသစ်ကုန်းတွင် စစ်တပ် တပ်စွဲထားနိုင်သေးသည်။ ထိုစခန်းသစ်ကုန်းမှ နမ့်ခမ်းမြို့အား လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်နိုင်သဖြင့် လွတ်လွတ်ကျွတ်ကျွတ် မထိန်းချုပ်နိုင်သေးဟု ဆို၍ရ၏။ သို့သော် နမ့်ခမ်းမြို့တွင်း၌ စစ်တပ်ရော ရဲပါ မရှိတော့ပေ။
နန့်ဆလပ်
နန့်ဆလပ်သည် သိန္နီ၊ ကွမ်းလုံ ကားလမ်းပေါ်ရှိ အရေးပါသည့် တိုက်နယ်အဆင့် မြို့လေးတမြို့ ဖြစ်၏။ သိန္နီနှင့် ကွမ်းလုံ အလယ်လောက်တွင်ရှိ၏။ သိန္နီနှင့် ကွမ်းလုံကြား စည်ကားသော ရွာကြီးတရွာ၊ စီးပွားရေးကောင်းသော ရွာကြီးတရွာဖြစ်သည့်အပြင် စစ်ရေးအရ အရေးပါသည်။ စစ်ကောင်စီ၏ ခမရ ၅၆၇၊ ခမရ ၅၆၈ တပ်ရင်း နှစ်ရင်း နောက်တန်းဌာနချုပ်များ အခြေစိုက်၏။
မြောက်ပိုင်း ညီနောင်မဟာမိတ်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ခြောက်ရက်အကြာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည်။ နန့်ဆလပ်ကို မြောက်ပိုင်းအဖွဲ့များ ထိန်းချုပ်နိုင်သဖြင့် ကွမ်းလုံအား စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်ရန် ပိုမိုခက်ခဲသွားသည်။
ကုန်းကြမ်း
ကုန်းကြမ်းသည် ဖဆပလ၊ မဆလ အစိုးရ ခေတ်ကတည်းက ယခုတိုင် မြို့နယ်အဆင့် သတ်မှတ်ခံရသည့် ကိုးကန့်ဒေသတွင်းမှ မြို့တမြို့ဖြစ်၏။ လောက်ကိုင်၏ အနောက်မြောက်ဘက် ပေ ၅,၀၀၀ ကျော် မြင့်မားသည့် တောင်ကြောပေါ်တွင်တည်ရှိသည်။

ကုန်းကြမ်းတွင် ခလရ ၁၂၅ အခြေစိုက်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် ခလရ ၁၂၅ တပ်ရင်း မိသားစုဝင်များပါ လက်နက်ချပြီးနောက် ကုန်းကြမ်းမြို့အား MNDAA က ထိန်းချုပ်နိုင်ခဲ့သည်။ ကိုးကန့်ဒေသ ရန့်ခမ် ခေါ် ညန့်ခွမ် အခြေစိုက် ခလရ ၁၂၉ အပြီး ခလရ ၁၂၅ သည် တပ်ရင်းလိုက်၊ မိသားစုလိုက် လက်နက်ချသည့် ဒုတိယမြောက်တပ်ရင်း ဖြစ်လာခဲ့သည်။
စစ်ကိုင်းတိုင်း
ကောလင်းမြို့
ကောလင်းသည် စစ်ကိုင်းတိုင်းအတွင်းမှ ခရိုင်အဆင့်မြို့တမြို့ ဖြစ်သကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်မြို့ ဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေး အရှိန်တက်နေသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီဌာန (MOD) ၏ အမှတ် ၁ စစ်ဒေသဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် PDF များသည် တပြိုင်တည်း စစ်ဆင်ရေးအချို့ ပြုလုပ်ခဲ့ရာ ကောလင်းလည်း အပါအဝင်ဖြစ်ခဲ့၏။ ကောလင်းမြို့အား နိုဝင်ဘာ ၆ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့၏။
ကောလင်းမြို့သို့ ကန့်ဘလူဘက်မှ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အထိနာအောင် တိုက်ခိုက်နိုင်သကဲ့သို့ ဝန်းသိုဘက်မှ စစ်ကူလာသည့် စစ်ကြောင်းများကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဘဏ်နှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားနိုင်ခဲ့၏။ ကချင်ပြည်နှင့် ပြည်မကြားရှိ ဆက်သွယ်ရေးလမ်းကြောင်းတခုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ခါမ်းပါတ်မြို့
ခါမ်းပါတ်သည် ကလေးနှင့်တမူးကြား ဆက်သွယ်ရေး လမ်းကြောင်းပေါ်ရှိ တမူးခရိုင်အတွင်းမှ မြို့တမြို့ဖြစ်သည်။ ကုန်းဘောင်ခေတ် ကာလကတည်းက ခါမ်းပါတ်မြို့အဖြစ် သတ်မှတ်ပြီး ခါမ်းပါတ်မင်းကြီးက အုပ်ချုပ်ခဲ့၏။
ကောလင်းမြို့သို့ ကန့်ဘလူဘက်မှ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အထိနာအောင် တိုက်ခိုက်နိုင်သကဲ့သို့ ဝန်းသိုဘက်မှ စစ်ကူလာသည့် စစ်ကြောင်းများကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။ ဘဏ်နှင့် အုပ်ချုပ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားနိုင်ခဲ့၏။ ကချင်ပြည်နှင့် ပြည်မကြားရှိ ဆက်သွယ်ရေးလမ်းကြောင်းတခုကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ PDF ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် အခြား တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ခါမ်းပါတ်နှင့် အနီးရှိစခန်းများအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့တွင် စခန်းအားလုံး သိမ်းပိုက်နိုင်ပြီး ခါမ်းပါတ်မြို့အား ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ပြင် ကလေးနှင့်တမူးကြား မိုင် ၈၀ ကျော်ရှိသည့် ကားလမ်းပေါ်တွင် ခါမ်းပါတ်က အလယ်တွင်ရှိနေပြီး ခါမ်းပါတ်မှ ကလေးသို့ မိုင် ၃၀ ကျော်၊ ခါမ်းပါတ်မှ တမူးသို့ မိုင် ၃၀ ကျော်၊ စုစုပေါင်း မိုင် ၆၀ ကျော်ခန့် PDF နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ် ထားနိုင်ခဲ့၏။ တမူးနှင့် ကလေးအား ဖြတ်တောက်ထားနိုင်ခဲ့၏။
ရွှေပြည်အေးမြို့
ရွှေပြည်အေးမြို့သည် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင်းမှ မြို့တမြို့ဖြစ်ပြီး ချင်းတွင်းမြစ်ဘေးတွင် တည်ရှိ၏။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် PDF တပ်ဖွဲ့များက ရွှေပြည်အေးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ကျားတက်
ကျားတက်မြို့သည် ဆားလင်းကြီးမြို့နယ်ထဲမှ တိုက်နယ်အဆင့် မြို့ငယ်လေးဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအစပ်တွင် တည်ရှိ၏။ နိုဝင်ဘာလ ၃ ရက်နေ့မှစပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုများတွင် ကျားတက်ရှိ ရဲစခန်းလည်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရဲစခန်း၌ တပ်စွဲသူများ ဆုတ်ခွာသွားခဲ့ရာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျားတက်အား PDF များက သိမ်းပိုက်နိုင်ခဲ့၏။
ချင်းပြည်နယ်
ရိဒ်ခေါဒါရ်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့အား သိမ်းပိုက်ခဲ့သည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်၌ စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူခဲ့သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်၌ စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူခဲ့သည်။
ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂,၅၈၀ အထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံး ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ဖြစ်သည်။ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်ထဲမှ မြို့တမြို့ဖြစ်၏။
လိုင်လင်းပီ
လိုင်လင်းပီမြို့သည် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင်းမှ မြို့တမြို့ဖြစ်ပြီး အိန္ဒိယနယ်စပ်တွင်ရှိ၏။ လေယာဉ်ကွင်း တည်ဆောက်ဆဲမြို့ ဖြစ်၏။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ချင်းတော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်။
ရေဇွာမြို့
မတူပီမြို့နယ်အတွင်းရှိ ရေဇွာမြို့အား ချင်းတော်လှန်ရေး အင်အားစုများက လေးရက်ကြာ တိုက်ခိုက်ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့၏။ ရေဇွာသည် ချင်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်း ဆက်သွယ်သည့် လမ်းကြောင်းပေါ်တွင် တည်ရှိသည်။
ကချင်ပြည်နယ်
အင်ဂျားယန်
အင်ဂျားယန်မြို့မှ စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးရုံးများသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က စွန့်ခွာသွားပြီဖြစ်သဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ထိန်းချုပ်နိုင်လိုက်ပြီဖြစ်သည်။
တပ်ရင်းလိုက် ပျောက်သွားသောတပ်များ
မြို့သိမ်းတိုက်ပွဲများနှင့်အတူ ကွမ်းလုံတွင် အခြေစိုက်သည့် အခြေချစစ်ဗျူဟာ၊ ခမရ ၃၁၂၊ ခလရ ၁၂၇၊ အမတ ၃၄၈၊ နန့်ဆလပ် အခြေချ ခမရ ၅၆၇၊ ခမရ ၅၆၈၊ ပါစင်ကျော်အခြေချ ခလရ ၁၂၈၊ ရန့်ခွမ် ခေါ် ညန့်ခွမ် အခြေစိုက် ခလရ ၁၂၉၊ ကုန်းကြမ်းအခြေစိုက် ခလရ ၁၂၅ တို့အားလုံး ချေမှုန်းခံရပြီး သို့မဟုတ် လက်နက်ချကြပြီး တပ်နံပါတ်ပါ ပျောက်သွားသည်။

ထို့ပြင် ကွမ်းလုံအခြေစိုက် ခမရ ၃၁၂ ဆိုသည်မှာ ၁၉၈၈ နောက်ပိုင်း အမည်ပြောင်းထားခံရသည့် ကချင် သနက ၃ တပ်ရင်း ဖြစ်သည်။ လွတ်လပ်ရေးရပြီး စတင်ဖွဲ့စည်းသည့် ဗမာ့တပ်မတော်၏ အစောဆုံးဖွဲ့စည်းခဲ့သည့် တပ်ရင်းအနည်းငယ်ထဲတွင် အပါအဝင်ဖြစ်၏။ ကွမ်းလုံမြို့သိမ်းတိုက်ပွဲနှင့်အတူ ထိုသံမဏိသက်ရှည်သော တပ်ရင်းနှင့် တပ်ရင်းနောက်တန်းဌာနချုပ်ပါ ပျောက်ကွယ်သွားသည်ကို တွေ့ရ၏။
အုပ်ချုပ်ရေးပျက်သွားသည့် မြို့များ
မြို့များကို သိမ်းပိုက်နိုင်သည့် ဒေသများတွင်ဖြစ်စေ၊ မြို့များသိမ်းနိုင်ခြင်း မရှိသေးသော ဒေသများတွင်ဖြစ်စေ စစ်ကောင်စီ စခန်းများစွာကို သိမ်းပိုက်နိုင်သည်ကို တွေ့ရ၏။ စစ်ကောင်စီစခန်း အတော်များများအား စစ်ကောင်စီကိုယ်တိုင် လက်လွှတ်ခဲ့ရသည်ကိုလည်း တွေ့ရ၏။
ချင်းပြည်နယ်ရှိ ထန်တလန်၊ မင်းတပ်၊ ဟားခါး၊ ကရင်နီပြည်ရှိ လွိုင်ကော်၊ မိုးဗြဲ၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူး၊ ထီးချိုင့်၊ ဝန်းသို၊ တန့်ဆည် စသည့် မြို့များစွာတွင်လည်း မြို့တွင်းတိုက်ပွဲ ဖြစ်နေ၏။
ချင်းပြည်နယ်မှ မကွီအိမ်နူး၊ နှာရိန်း၊ ဝေဘူလ တို့ကိုလည်း တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ပြီဟု သိရ၏။
ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့အများစုနှင့် ကရင်ပြည်နယ်၏ မြို့အချို့တွင် စစ်ကောင်စီ အုပ်ချုပ်ရေး ပျက်နေပြီဆိုသည်ကို တွေ့ရ၏။ ထို့ပြင် ရခိုင်တွင် စစ်ပွဲစပြီဆိုသည်နှင့် မြို့များအားလုံး အဆက်အသွယ် ဖြတ်တောက်ပြီး ရဲစခန်း၊ စစ်တပ်စခန်း အတော်များများ ပေါင်းလိုက်သဖြင့် စစ်ကောင်စီအုပ်ချုပ်ရေး ပျက်ပြားသွားသည်ကို တွေ့ရ၏။
ချင်းပြည်နယ်ရှိ ထန်တလန်၊ မင်းတပ်၊ ဟားခါး၊ ကရင်နီပြည်ရှိ လွိုင်ကော်၊ မိုးဗြဲ၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး၊ ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ မူဆယ်၊ ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူး၊ ထီးချိုင့်၊ ဝန်းသို၊ တန့်ဆည် စသည့် မြို့များစွာတွင်လည်း မြို့တွင်းတိုက်ပွဲ ဖြစ်နေ၏။
နွေဦးတော်လှန်ရေးသည် မထင်မှတ်လောက်အောင် အရှိန်အဟုန် မြန်ဆန်လာသည်ကို တွေ့ရ၏။ နွေဦးတော်လှန်ရေးတွင် ပါဝင်လာကြသည့် တပ်ဖွဲ့များက ရဲဝံ့တက်ကြွကြသကဲ့သို့ တိုက်စိတ်ခိုက်စိတ် မြင့်မား၏။ တီထွင်ဖန်တီးမှု ရှိခဲ့ကြ၏။ အချိန်ယူ ဖွဲ့စည်းတည်ဆောက်ထားခဲ့ကြသည့်၊ လက်နက်ခဲယမ်းတပ်ဆင်မှု ပြည်စုံသည့် ဝါရင့် တိုင်းရင်းသား တပ်ဖွဲ့များကလည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ အခြေအနေကောင်း၊ အခွင့်အခါကောင်းများကို ဖန်တီးနိုင်ကြ၏။
တဖက်ကလည်း တပ်အင်အား မလုံလောက်မှု၊ မြေပြင်စစ်ကူ မပေးနိုင်မှု၊ တိုက်ရည်ခိုက်ရည် ကျဆင်းမှု၊ စစ်ဆင်ရေးကွပ်ကဲမှု ညံ့ဖျင်းမှု၊ ပြည်သူလူထု၏ ထောက်ခံမှု မရှိခြင်းတို့ကြောင့် စစ်ကောင်စီတပ်၏ ဆိုးဝါးလှသည့် အခြေအနေသည်လည်း ဖုံးမရဖိမရ ပေါ်လာနေ၏။
တပ်အင်အား မလုံလောက်တော့သဖြင့် အတိုက်ခံရသောမြို့များ၊ စခန်းများ၏ အများစုအား မြေပြင်မှ စစ်ကူမပေးနိုင်တော့ဘဲ လေကြောင်းပစ်ကူသာ ပေးနိုင်ရာ အောက်ခြေစစ်တပ်များ စိတ်ဓာတ်ကျပြီး အလံဖြူထောင် လက်နက်ချခြင်း၊ စခန်းကို စွန့်ခွာကြခြင်း စသည့် အခြေအနေများအောက်တွင် မြို့သိမ်းတိုက်ပွဲများ မြန်ဆန်စွာ ပေါ်ပေါက်လာခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းပစ်ကူ ပြဿနာ
လက်ရှိကာလတွင် မြန်မာပြည်အရပ်ရပ်ရှိ စစ်မျက်နှာများ၌ စစ်တပ်အား တော်လှန်ရေး အင်အားစုများက ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်နေသည်ကို တွေ့ရ၏။ ထိုသို့ တိုက်ခိုက်နေသည့် စခန်းများကို စစ်ကောင်စီသည် စခန်းအများစုသို့ မြေပြင်မှ စစ်ကူမပေးနိုင်တော့ဘဲ လေကြောင်းပစ်ကူသာ ပေးနိုင်သည်ကို တွေ့ရ၏။ လက်ရှိ စစ်တပ်အခြေအနေမှာ လေတပ် မပါလျှင် သေတာကြာပေါ့ဟု ဆိုရမည်။

၁၂ ရက်တာကြာမြင့်သည့် ကွမ်းလုံတိုက်ပွဲတွင် လေကြောင်းပစ်ကူ အကြိမ် ၂၀၀ ခန့်၊ ၂၈ ရက်ကြာ တိုက်ခိုက်ခဲ့သည့် မုန်းကျက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ အကြိမ် ၁၅၀ ခန့် ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။ တချိန်တည်းတွင် ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ ရခိုင်ပြည်နယ်များ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းများရှိ တိုက်ပွဲများကိုလည်း လေကြောင်းပစ်ကူ ပေးလျက်ရှိသည်ကိုတွေ့ရ၏။
သို့သော် ဤမျှများပြားသည့် လေကြောင်းပစ်ကူ ပေးနေသော်လည်း စခန်းများ၊ မြို့များ တခုပြီးတခု ကျနေပြီး လေကြောင်းပစ်ကူသည် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအား ဟန့်တားနိုင်ခြင်း မရှိပေ။
ထို့ပြင် အကြိမ်ပေါင်းများစွာ လေကြောင်းပစ်ကူပေးနေသည့် စစ်ကောင်စီလေတပ်သည် နိုင်ငံတကာ၏ လေယာဉ်ဆီ ပိတ်ပင်မှုအပြင် လေကြောင်းတိုက်ခိုက်ရာတွင် အသုံးပြုသော ဒုံးကျည်များ၊ ဗုံးများပင် အကန့်အသတ် ရှိလာပုံရ၏။
များပြားသည့် လေကြောင်းပစ်ကူ ပေးနေသော်လည်း စခန်းများ၊ မြို့များ တခုပြီးတခု ကျနေပြီး လေကြောင်းပစ်ကူသည် မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအား ဟန့်တားနိုင်ခြင်း မရှိပေ။
ယနေ့ စစ်မြေပြင်တွင် အချို့နေရာများ၌ လေယာဉ်ပေါ်က ဗုံးမကြဲဘဲ မော်တာကျည်ဆံများ ပစ်ချနေသည်ဆိုသည့် သတင်းကို ရှေ့တန်း တော်လှန်ရေးရဲဘော်များထံမှ ကြားရ၏။ ဤသတင်းကို စစ်တပ်လော်ဘီများကလည်း Y8 လေယာဉ်ပေါ်သို့ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ မော်တာဆံများ အပြည့်တင်ပြီး မိုးရွာချသလို လူကိုယ်တိုင်လက်နှင့် ကြဲချသည့် အလွန်ပြောင်မြောက်သည့် ဗျူဟာဟုပင် အတည်ပြု ပြောဆိုနေသည်။
ထိုစစ်တပ်လော်ဘီများသည် ကချင်ပြည်နယ်ရှိ အနန့်ပါကို ဗုံးကြဲတိုက်ခိုက်စဉ်က စစ်ကောင်စီလေတပ်က ကြဲသောဗုံးများသည် ကွန်ပြူတာဖြင့် ထိန်းချုပ်ပြီး ပစ်မှတ်ကို တိကျစွာမှန်သည့် ဗုံးများဖြစ်သည်ဟု ဆိုခဲ့ကြသူများ ဖြစ်၏။ ပေါင် ၅၀၀ ဗုံး၊ ပေါင် ၁,၀၀၀ ဗုံးများဖြင့် တော်လှန်ရေးအင်အားစုများအား အမှုန့်ကြိတ်မည်ဟု ကြွေးကြော်ခဲ့ကြသူများ ဖြစ်၏။
ယခုတော့လည်း မော်တာကျည်ဆံမျိုးစုံကို လေယာဉ်ပေါ်မှ မကောင်းသူထိပ် ကောင်းသူထိပ် ဗရမ်းဗတာ ကြဲချနေခြင်းကို အားပေးထောက်ခံသည့် အခြေအနေရောက်နေရာ စစ်ကောင်စီလေတပ်တွင် ဗုံးကြဲစရာ ဗုံးသီးများ လုံလောက်မှု မရှိဘဲ အကန့်အသတ်ရှိနေပြီဟူသည့် အဖြေထွက်နေသည်။
စစ်ကောင်စီလေတပ်တွင် လေကြောင်းတိုက်ခိုက်မှုအတွက် ဗုံးသီးများလိုအပ်နေပြီး လာအိုစစ်တပ်ထံမှ ဝယ်ယူရန် ကြိုးစားနေသည်။ ထို့ပြင် မြန်မာပြည်အနှံ့ မရပ်မနား လေကြောင်းတိုက်ခိုက်နေရသည့် လေယာဉ်များ၊ ရဟတ်ယာဉ်များ၏ ကြံ့ခိုင်မှုသည်လည်း မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် လာအိုစစ်တပ် ထောက်ပံ့ပို့ဆောင်ရေးဌာနမှ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ခမ်းဖတ် ဆီဆာနွန် ခေါင်းဆောင်သော အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းလည်း တက်ရောက်သည်ကို တွေ့ရ၏။
ဤသတင်းများကို ဆက်စပ်ကြည့်ပါက စစ်ကောင်စီလေတပ်တွင် လေကြောင်းတိုက်ခိုက်မှုအတွက် ဗုံးသီးများလိုအပ်နေပြီး လာအိုစစ်တပ်ထံမှ ဝယ်ယူရန် ကြိုးစားနေသည်ဟု သုံးသပ်ရ၏။ ထို့ပြင် မြန်မာပြည်အနှံ့ မရပ်မနား လေကြောင်းတိုက်ခိုက်နေရသည့် လေယာဉ်များ၊ ရဟတ်ယာဉ်များ၏ ကြံ့ခိုင်မှုသည်လည်း မေးခွန်းထုတ်စရာ ဖြစ်လာနေသည်။
သို့ဖြစ်ရာ လေကြောင်းပစ်ကူများကို အလွန်အကျွံ သုံးသော်လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများကို မတားဆီးနိုင်သော မြန်မာစစ်တပ်အဖို့ လေယာဉ်ဆီရော၊ ဗုံးသီးများပါ အကန့်အသတ် ရှိလာသည့်အပြင် လေယာဉ်၊ ရဟတ်ယာဉ်တို့၏ ကြံ့ခိုင်မှုပါ အကန့်အသတ် ရှိလာပြီဖြစ်၏။ သို့ဖြစ်ရာ မြေပြင်စစ်ကူ မပေးနိုင်သော စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပါ အကန့်အသတ်ရှိလာပြီဖြစ်ရာ မြို့သိမ်းတိုက်ပွဲများကို ဟန့်တားရန် ပို၍ ခက်ခဲလာပြီဖြစ်၏။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း
ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ
စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့သိမ်းတိုက်ပွဲများ
စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ
လေကြောင်းပစ်ကူကို စစ်ကောင်စီ နေရာတိုင်း မပေးနိုင်တော့














