• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

by Bertil Lintner
6 December 2023
in သူ့အတွေး သူ့အမြင်
A A
စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

၂၀၂၃ ခုနှစ်၊ မတ်လက နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနား / AFP

20k
VIEWS
Share on FacebookShare on Twitter

မြန်မာမှ မကြာသေးမီက ဖြစ်ရပ်များသည် မကြုံစဖူးဖြစ်သောကြောင့် ကြိုတင်မျှော်မှန်းထားခြင်း မရှိကြကြောင်း သံသယရှိစရာ မလိုပေ။ ကိုးကန့်အခြေစိုက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင် ရက္ခိုင့်တပ်တော် (AA) တို့ပါဝင်သည့် မြောက်ပိုင်းမှ တိုင်းရင်းသား ခုခံတော်လှန်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့သည် စစ်ကောင်စီစခန်း ၂၀၀ ကျော်နှင့် လွန်စွာများပြားသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းမိသည်။

စစ်ကောင်စီစစ်သားများအကြား စိတ်ဓာတ်လည်း ကျဆင်းနေပြီး လက်နက်ချသူများသာမက ဘက်ပြောင်းလာသူများပင် ရှိနေသည်။ မြောက်ပိုင်းမှ အထက်ပါ မဟာမိတ်အဖွဲ့၏ အောင်မြင်မှုများကြောင့် နိုင်ငံတဝန်းမှ အခြား ခုခံတော်လှန်ရေး အင်အားစုများ ပိုမိုလှုပ်ရှားရန် အားပေးရာရောက်ပြီး စစ်တပ်သည် နေရာတိုင်းတွင် နယ်မြေဆုံးရှုံးနေသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက နေပြည်တော်တွင် အာဏာသိမ်းသည့် စစ်ကောင်စီကို ခုခံတော်လှန်မှုကြောင့် မီးတောက်လောင်နေပုံရသည်။ သို့သော် ထိုဖြစ်ရပ်သည် စစ်ကောင်စီနှင့် စစ်ကောင်စီခန့်အစိုးရ ပြုတ်ကျစေပြီး မြန်မာစစ်တပ်ပြိုကွဲကာ ခုခံတော်လှန်ရေး၏ နောက်ဆုံးပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်စေမည့် လမ်းကြောင်းသို့ နိုင်ငံကို ပို့ဆောင်နိုင်စေမည်လား။

မြန်မာစစ်တပ်ပြိုကွဲကာ ခုခံတော်လှန်ရေး၏ နောက်ဆုံးပန်းတိုင် ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီသို့ ဦးတည်စေမည့် လမ်းကြောင်းသို့ နိုင်ငံကို ပို့ဆောင်နိုင်စေမည်လား။

ဝါရှင်တန်မှ အမျိုးသားစစ်ကောလိပ် ပါမောက္ခ ဇာကာရီ အဘူဇာ အပါအဝင် အချို့က ထိုသို့ ယုံကြည်ပုံရသည်။ ခုခံတော်လှန်ရေး အောင်မြင်သွားသောအခါ မြန်မာစစ်တပ်ကို မည်သို့လုပ်သင့်သည်ကို သူက အဆိုပြုသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့က Nikkei Asia တွင် ရေးသားသောအခါ သူက “ပထမဆုံး အနေနဲ့ ဗမာလွှမ်းမိုးတဲ့ စစ်တပ်ကို ဖျက်သိမ်းပြီး တစစီ ပြန်လည်တည်ဆောက်ရမယ်” ဟု ပြောသည်။

သို့သော် ပါမောက္ခ ဇာကာရီ အဘူဇာသည် ထိုသို့ မြင့်မားသည့် ပန်းတိုင်ကို မည်သို့ အောင်မြင်အောင် လုပ်သင့်သည်နှင့် မည်သူက လုပ်ဆောင်မည်ကို ပြောကြားခြင်း မပြုပေ။ အာဏာသိမ်းမှု နောက်ပိုင်းတွင် ခုခံတော်လှန်ရေး အင်အားစုများက တည်ထောင်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေတ္တသမ္မတ ဒူဝါလရှီးလက ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ ခုခံတော်လှန်ရေး အင်အားစုများသည် နိုင်ငံပိုင်နက် ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) ၃၀၀ ကျော်နှင့် အင်အား ၆၅,၀၀၀ ရှိကြောင်း The Economist က ဇွန်လတွင် ဖော်ပြသည်။ ခန့်မှန်းခြေ အင်အား တသိန်းခန့်ရှိသော မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ခုခံတော်လှန်ရေး အင်အားစုများသည် မကြာမီ မြန်မာစစ်တပ်ထက် အင်အား ပိုမိုကြီးထွားလာမည်ဟု ပြောသည်။ မြန်မာစစ်တပ်၏ အင်အားသည် မကြာခဏ ကိုးကားပြောဆိုနေသည့် စစ်သား ၄ သိန်းမရှိဘဲ ၂ သိန်းခွဲမှ ၂ သိန်းအထိ အင်အားနည်းလာနေကြောင်း သြစတြေးလျမှ လွတ်လပ်သော မြန်မာပညာရှင် အင်ဒရူး ဆက်သ်က ပြောသည်။

မြန်မာစစ်တပ်သည် စစ်မျက်နှာ အများအပြားတွင် ပြန့်ကျဲနေပြီး ခုခံတော်လှန်ရေးကို မနှိမ်နင်းနိုင်သော်လည်း နိုင်ငံတွင် အထိရောက်ဆုံးနှင့် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် စစ်တပ်ဖြစ်သည်။

သို့သော် ဆက်သ် ပြောသည့်အတိုင်းဆိုပါက မြန်မာစစ်တပ်သည် စစ်မျက်နှာ အများအပြားတွင် ပြန့်ကျဲနေပြီး ခုခံတော်လှန်ရေးကို မနှိမ်နင်းနိုင်သော်လည်း နိုင်ငံတွင် အထိရောက်ဆုံးနှင့် လက်နက်အကောင်းဆုံး တပ်ဆင်ထားသည့် စစ်တပ်ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ခါးသီးသောအမှန်တရားမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာသုံးသပ်သူများ ကျေနပ်နေသည့် အကောင်းမြင်သော အမြင်များနှင့် အကြီးအကျယ် ကွဲပြားခြားနားနေခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့တွင်းတွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလအတွင်းက တွေ့ရစဉ် / ဧရာဝတီ

နိုင်ငံတဝန်းတွင် PDFs တပ်ဖွဲ့ ၃၀၀ ခန့်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ် အနည်းဆုံး ၂၀ ရှိပြီး မြန်မာစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းတွင်သာမက ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် အထူးသဖြင့် အနောက်ဘက် စစ်ကိုင်းတိုင်းတွင်ပါ ပိုင်နက်အများအပြား ဆုံးရှုံးသည်။ ကယား (ကရင်နီ) ပြည်နယ်နှင့် ကရင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး မြန်မာစစ်တပ်သည် ခြေလျင်တပ် ပြိုကွဲနေသောကြောင့် လေတပ်ကို အားကိုးနေရပြီး ထိုင်းနယ်စပ်အနီးဒေသများကို ပြန်လည် မထိန်းချုပ်နိုင်တော့ပေ။

သို့သော် အခြေအနေကို မှန်ကန်စွာ အကဲဖြတ်ရန် ထည့်သွင်းစဉ်းစာရမည့် အချက် လေးချက်ရှိသည်။ ပထမ အချက်မှာ PDFs များ၏ အင်အားနှင့် ၎င်းတို့အကြား ညီညွတ်မှုဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းကိုသာ လက်နက်တပ်ဆင်ရသေးပြီး အများစုကိုလည်း ဒေသလုပ် အဆင့်နိမ့် လက်နက်များဖြင့်သာ တပ်ဆင်ထားကြောင်း သိရသည်။

ထို့အပြင် ထိုအဖွဲ့များသည် ၎င်းတို့နှင့် သက်ဆိုင်ရာ ဒေသများကိုသာ ထိန်းချုပ်မည့် ဒေသဆိုင်ရာ ခုခံတော်လှန်ရေး အင်အားစုများ ဖြစ်သည်။ ၎င်းတို့အကြား ညှိနှိုင်းမှု အနည်းငယ်နှင့် ဘုံကွပ်ကဲမှု အနည်းငယ်သာ ရှိပုံရသည်။ ၎င်းတို့သည် တနိုင်ငံလုံး ပါဝင်သည် သေနင်္ဂဗျူဟာအတွက် ကောင်းစွာစဉ်းစား လုပ်ဆောင်ခြင်းလည်း မရှိကြပေ။

ကချင်၊ ပလောင်နှင့် ရှမ်းတပ်များသည် ရှမ်းပြည်မြောက်ပိုင်းမှ တူညီသောဒေသ အနည်းနှင့်အများဆိုသလိုကို ၎င်းတို့ပိုင်နက် ဖြစ်သည်ဟု ပြောပြီး ရှမ်းနှင့် ဝ အကြား၊ ရှမ်းနှင့် ပအိုးဝ်အကြား နယ်နိမိတ် အငြင်းပွားမှုများလည်း ရှိနေသည်။

ဒုတိယအချက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ညီညွတ်မှုဖြစ်သည်။ ကချင်၊ ပလောင်နှင့် ရှမ်းတပ်များသည် ရှမ်းပြည်မြောက်ပိုင်းမှ တူညီသောဒေသ အနည်းနှင့်အများဆိုသလိုကို ၎င်းတို့ပိုင်နက် ဖြစ်သည်ဟု ပြောပြီး ရှမ်းနှင့် ဝ အကြား၊ ရှမ်းနှင့် ပအိုးဝ်အကြား နယ်နိမိတ် အငြင်းပွားမှုများလည်း ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင် တပ်များတွင် အင်အားအကြီးမားဆုံး ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည် MNDAA, TNLA, AA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၏ ရှမ်းပြည်တပ်မတော် (SSA) သို့ လက်နက်များ ထောက်ပံ့ကောင်း ထောက်ပံ့ခဲ့နိုင်သော်လည်း ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် သဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လိုက်နာနေပြီး ခုခံတော်လှန်ရေး အင်အားစုတခုလုံး၏ အစိတ်အပိုင်းအဖြစ် မသတ်မှတ်နိုင်ပေ။

ကချင်ပြည်နယ်တွင် ဒေသခံ ရှမ်းနီစစ်တပ်သည် မြန်မာစစ်တပ်နှင့်ပေါင်းပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို တိုက်ခိုက်နေပြီး KIA သည် ကချင်ပြည်နယ် မြောက်ဘက်စွန်းရှိ လီဆူးနှင့် ရဝမ်များအပေါ် သြဇာမရှိသလောက်ပင် ဖြစ်သည်။

ချင်းပြည်နယ်တွင် ပြိုင်ဘက် ချင်း လက်နက်ကိုင်တပ် အများအပြားရှိပြီး ရှမ်းပြည်နယ် တောင်ပိုင်းတွင် ပအိုးဝ်များသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် တိုက်ပွဲများတွင် ပါဝင်နေသည်။ အခြားတဘက်တွင်လည်း RCSS သည် မြန်မာစစ်တပ်နှင့် ၂၀၁၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေးကို လိုက်နာနေပြီး ထိုအဖွဲ့မှ အချို့ခေါင်းဆောင်များသည် ရှမ်းပြည်တောင်ပိုင်းမှ အိမ်ခြံမြေ လုပ်ငန်းများတွင် အကြီးအကျယ် ရင်နှီးမြှုပ်နှံကြသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
625
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.4k

မြန်မာမှ များပြားလှသော တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် ညီညွတ်သော အင်အားစုဟု မည်သည့်နည်းနှင့်မျှ မဆိုနိုင်သလို ဘုံအကျိုးစီးပွားလည်း မရှိပေ။

မြန်မာမှ များပြားလှသော တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် ညီညွတ်သော အင်အားစုဟု မည်သည့်နည်းနှင့်မျှ မဆိုနိုင်သလို ဘုံအကျိုးစီးပွားလည်း မရှိပေ။

တတိယအချက်မှာ မြန်မာစစ်တပ်၏ ပြိုကွဲနိုင်ဖွယ်ရှိပုံမရသော ညီညွတ်မှုဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ စတင်ပြီး မြန်မာစစ်တပ်သည် တိုက်ရိုက်ဖြစ်စေ၊ နောက်ကွယ်မှဖြစ်စေ အာဏာရနေပြီး ရာထူးဖြုတ်ချ အရေးယူမှုများ ရှိသော်လည်း မည်သည့် အကွဲအပြဲမှ မမြင်ရသလို အုပ်စုဖွဲ့သည်ဟု မြင်နိုင်သည့် မည်သည့် သဘောသဘာဝမှ မတွေ့ရပေ။

စစ်တပ်သည် ၎င်းပိုင် အင်စတီကျူးရှင်းများနှင့် တပ်ဖွဲ့ဝင်များအတွက် အထူးအခွင့်အရေးများနှင့် နိုင်ငံတွင်းတွင် သြဇာကြီးမားသည့် နိုင်ငံငယ်တခု (လှေကြီးပေါ် လှေငယ်ဆင့်) ဖြစ်လာသည်။ ယခု ဖြစ်ပျက်နေသည်များသည် အသစ်အဆန်း မဟုတ်ပေ။ မြန်မာစစ်တပ်သည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေး ရပြီးနောက် မကြာမီ ဖြစ်ပွားသည့် နိုင်ငံ၏ တိုင်းရင်းသားနှင့် ပြည်တွင်းစစ်၏ ရှည်ကြာလှသောသမိုင်းတွင် အကြိမ်ကြိမ်အခါခါ ဝိုင်းပတ်ပိတ်ဆို့ခံခဲ့ရပြီး ဆက်လက် အားထုတ်နိုင်ခဲ့သည်။ ထိုအားထုတ်မှုများတွင် အဓိက အကျဆုံးမှာ နိုင်ငံတွင် အင်အားအကြီးမားဆုံး အင်စတီကျူးရှင်းဖြစ်ရေး ဖြစ်သည်။

စစ်တပ်အတွင်း ပြတ်သားသော အကွဲအပြဲ သို့မဟုတ် ယခုတွေ့မြင်နေရသည်ထက် ကြီးမားသော ဘက်ပြောင်းမှုများကသာ စစ်တပ်အာဏာကို လက်လွှတ်ဆုံးရှုံးစေမည် ဖြစ်သည်။ အနာဂတ်ကို မည်သူမှ ကြိုတင်ဟောကိန်း မထုတ်နိုင်သော်လည်း အရာရှိ အရာခံ အကြပ်တပ်သားများအကြား ၎င်းတို့အချင်းချင်း တိုက်ခိုက်မှုလက္ခဏာများ သို့မဟုတ် ကြီးမားသော သဘောထားကွဲလွဲမှုများကို ယခုအချိန်အထိ မတွေ့ရသေးပေ။ အခြားတဖက်တွင်လည်း မမျှော်မှန်းထားသော ကိစ္စများ ဖြစ်လာနိုင်သောကြောင့် မည်သည့်ကိစ္စမှ မဖြစ်နိုင်ဟု မယူဆနိုင်ပေ။

စတုတ္ထအချက်မှာ တရုတ်ဖြစ်ပြီး ထိုအချက်ကို အများအားဖြင့် မမြင်ကြပေ။ မြန်မာသည် တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်လွယ်ကူစွာ အသုံးပြုခွင့်ပေးနိုင်သည့် တခုတည်းသော အိမ်နီးချင်းနိုင်ငံ ဖြစ်သောကြောင့် သေနင်္ဂဗျူဟာအရ လွန်စွာအရေးပါသည်။

တရုတ်သည် မြန်မာတွင် သယံဇာတ ထုတ်ယူခြင်းနှင့် နိုင်ငံကို သွေးထွက်သံယိုဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကဲ့သို့သော အခြားအကျိုးစီးပွားများလည်း ရှိနေသည်။

ထို့ပြင် တရုတ်သည် မြန်မာတွင် သယံဇာတ ထုတ်ယူခြင်းနှင့် နိုင်ငံကို သွေးထွက်သံယိုဖြစ်စေသည့် နယ်စပ်ဖြတ်ကျော် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကဲ့သို့သော အခြားအကျိုးစီးပွားများလည်း ရှိနေသည်။ MNDAA, TNLA နှင့် AA တို့ပါဝင်သည့် ညီနောင်မဟာမိတ်က ၎င်းတို့၏ ကြေညာချက်တွင် မည်သို့ပြောသည်ဖြစ်စေ ရှမ်းပြည်နယ်မြောက်ပိုင်းမှ မကြာသေးမီက တိုက်ပွဲများသည် ဖက်ဒရယ် ဒီမိုကရေစီအတွက် တိုက်ပွဲထက် ထိုကိစ္စနှင့် ပိုမိုပတ်သက်နေသည်။

ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံသည် တရုတ်မှ စီးထွက်ပြီး ထိုငွေကြေးလိမ်လည်မှု လုပ်ငန်းများသို့ ရောက်ကုန်ကာ တရုတ်ပြည်တွင်းစီးပွားရေး နှေးကွေးနေချိန်တွင် ထိုသို့ ဖြစ်ပွားခြင်းဖြစ်သည်။ အဓိကကျသည့် ငွေကြေးလိမ်လည်မှု လုပ်ငန်းသည် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း UWSA ထိန်းချုပ်ဒေသနှင့် ကိုးကန့်နှင့် မြောက်ဘက် ပတ်ဝန်းကျင်ဒေသများတွင် ရှိနေသည်။

လက်နက်နှင့် အစားအစာအထိ အရာရာတို့နှင့် ကုန်သွယ်ရေးကို အကြီးအကျယ်မှီခိုရသည့် UWSA ကို တရုတ်က ကိုင်တွယ်ဖြေရှင်းနိုင်သည်။ တရုတ်သည် UWSA မှ ထင်ရှားသည့် ခေါင်းဆောင်များကို ဖမ်းဝရမ်း နှစ်စောင်ထုတ်ပြန်ပြီး ခေါင်းဆောင်များကို သတိပေးကာ ထိန်းချုပ်လိုက်သည်။

သို့သော် ကိုးကန့်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြားဒေသများတွင် ထိုကိစ္စသည် တနည်းတဖုံဖြစ်နေသည်။ ထိုဒေသများတွင် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို စစ်ကောင်စီမဟာမိတ် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် လုပ်ငန်းများတွင် တွေ့ရသည်။

ကနဦးတွင် တရုတ်က ထိုကိစ္စကို ကိုင်တွယ်ရန် စစ်ကောင်စီကို ဖိအားပေးသော်လည်း အရေးမပါသူများကို တရုတ်သို့ နယ်နှင်ခြင်းမှအပ အခြားမည်သည်မှ မလုပ်ဆောင်ခဲ့ပေ။ ထိုနောက် တရုတ်သည် အထူးထောက်လှမ်းရေး အရာရှိများကို ကိုးကန့်သို့ စေလွှတ်လိုက်သောအခါ ထိုအရာရှိ အများအပြားကို ပြည်သူ့စစ်များက သတ်ဖြတ်လိုက်သောကြောင့် တရုတ်ကို လွန်စွာဒေါသထွက်စေသည်။

တရုတ်လုံခြုံရေးဌာနများသည် ထိုအစီအစဉ်ကို ကြိုတင်သိပြီး ဟန့်တားခဲ့ခြင်း မရှိဘဲ မဟာမိတ်များက ထိုငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို တိုက်ခိုက် ပိတ်ပင်လိုက်သည်ကို သဘောကျနေသည်မှာ သေချာသည်။

ထို့ကြောင့် တရုတ်လုံခြုံရေး အာဏာပိုင်များသည် ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့ပါသလား။ ထိုသို့ ပြောရန် ခက်ခဲသော်လည်း တရုတ်လုံခြုံရေးဌာနများသည် ထိုအစီအစဉ်ကို ကြိုတင်သိပြီး ဟန့်တားခဲ့ခြင်း မရှိဘဲ မဟာမိတ်များက ထိုငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို တိုက်ခိုက် ပိတ်ပင်လိုက်သည်ကို သဘောကျနေသည်မှာ သေချာသည်။

UWSA က ၎င်းတို့သည် ကြားနေကြောင်း ကြေညာသော်လည်း မဟာမိတ်အဖွဲ့ကို လက်နက်အများစု ထောက်ပံ့လိုက်သည်။ ထိုလက်နက်များသည် တရုတ်မှလာသော လက်နက်များဖြစ်ပြီး ထိုလက်နက်များကို မဟာမိတ်အဖွဲ့သို့ ပေးသည်ကို တရုတ်က သဘောမတူဟု ယုံကြည်ရန် ခက်ခဲသည်။

ညီနောင်မဟာမိတ် အဖွဲ့များကို တရုတ်က နောက်ကွယ်မှ ထောက်ပံ့သည်ဆိုပြီး စစ်ကောင်စီ ထောက်ခံသူများက ရန်ကုန်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက ဆန္ဒပြစဉ်

ထူးခြားသည့်အချက်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန် မြို့တော်ခန်းမနှင့် တရုတ် သံရုံးပြင်ပတွင် မျိုးချစ်သံဃာများကို ဆန္ဒပြပွဲလုပ်ခွင့်ပေးခြင်း ဖြစ်သည်။ နောက်တနေ့တွင် ဖော်ပြသည့် ဧရာဝတီသတင်းအရ ထိုဘုန်းကြီးများက ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များကို အကြီးအကျယ် ချေမှုန်းနေသည့် မဟာမိတ်များကို ထောက်ခံသောကြောင့် တရုတ်ကို ပြစ်တင်ဝေဖန်သည်ဟု သိရသည်။

မျိုးချစ် မြန်မာရဟန်းတော်များ သမဂ္ဂ (ရန်ကုန်) နှင့် မြန်မာအမျိုးသားရေးအသင်းသည် ထိုဆန္ဒပြပွဲတွင် ပါဝင်ပြီး တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်အနီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် PDFs များကို လက်နက်များရောင်းပြီး မြန်မာကို ဖျက်ဆီးသည်ဟု စွပ်စွဲသည်။

ထိုဆန္ဒပြပွဲများကို တရုတ်က မည်သို့ တုံ့ပြန်သည်ကို ရှင်းလင်းစွာ မသိရသော်လည်း ဗိုလ်ချုပ်များသည် တရုတ်ကို မဆန့်ကျင်နိုင်ကြောင်း မကြာမီ သဘောပေါက်သွားသည်။ ထောင်ပေါင်းများစွာသော ဆက်သွယ်ရေး လိမ်လည်သူများကို တရုတ်သို့လွှဲပြောင်းပေးပြီး ဆန္ဒပြပွဲများအပြီး ရက်ပိုင်းအတွင်း စစ်ကောင်စီ ပြောခွင့်ရသူက ဘေဂျင်းနှင့် ခိုင်မာချစ်ကြည်သော ဆက်ဆံရေးရှိကြောင်းနှင့် ထိုဆက်ဆံရေးသည် အချိန်နှင့်အမျှ ကြီးထွားနေမည်ဖြစ်ကြောင်း ကြေညာသည်။

တရုတ်လုံခြုံရေး အာဏာပိုင်များ၏ အခြေခံစည်းမျဉ်းမှာ မြန်မာနိုင်ငံ အင်အားချိနဲ့နေသမျှ ၎င်းတို့သည် မြန်မာ နိုင်ငံအတွင်း တနည်းမဟုတ်တနည်း သြဇာရှိနေမည်ဆိုသည့် အချက်ဖြစ်သည်။

တရုတ်လုံခြုံရေး အာဏာပိုင်များ၏ အခြေခံစည်းမျဉ်းမှာ မြန်မာနိုင်ငံ အင်အားချိနဲ့နေသမျှ ၎င်းတို့သည် မြန်မာ နိုင်ငံအတွင်း တနည်းမဟုတ်တနည်း သြဇာရှိနေမည်ဆိုသည့် အချက်ဖြစ်သည်။ ၎င်းတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ပေးသူ အခန်းမှပါဝင်နိုင်သည့် တချိန်တည်းတွင် နေပြည်တော်မှ မည်သည့်အစိုးရမဆိုထံမှ ၎င်းတို့လိုချင်သည့် အရာမဆို ရရန် ဆုပေးဒဏ်ပေးနည်းကို အသုံးပြုမည်ဖြစ်သည်။

တဖက်တွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အိန္ဒိယသမုဒ္ဒရာကို အသုံးပြုခွင့်နှင့် အခြားတဖက်တွင် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို သွယ်ဝိုက်ထောက်ပံ့ခြင်းတို့ ဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုများ ရည်မှန်းသည့်အတိုင်း မြန်မာသည် ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ဖြစ်လာပါက လက်ရှိအချိန်တွင် တရုတ်က မြန်မာကို သြဇာလွှမ်းမိုးမှု ရှိတော့မည် မဟုတ်ပေ။

သို့သော် တရုတ်သည် နယ်စပ်ဒေသများတွင် အကြီးအကျယ် မတည်မငြိမ်ဖြစ်စေမည့် သို့မဟုတ် နယ်စပ်ကို ဖြတ်ကျော်ပြီး ဒုက္ခသည်များဝင်လာမည့် အခြေအနေကို မလိုလားသောကြောင့် အခြေအနေကို လုံးဝ လက်လွှတ်လိုက်ရခြင်းကိုလည်း မဖြစ်စေလိုပေ။ ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး မကြာမီ တရုတ်တပ်များကို မြန်မာနှင့်နယ်စပ်အနီးသို့ စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ထိုအချက် လေးချက်လုံးကို ပေါင်းစပ်လိုက်သောအခါ ယခုစစ်ပွဲသည် မည်သူမျှ အနိုင်မရသည့် စစ်ပွဲဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးထက် ပိုမိုအဆုံးဖြတ်ကျပြီး မမျှော်လင့်ထားသော အရာမဖြစ်မချင်း အခြေအနေပြောင်းလဲမည် မဟုတ်ပေ။ တချိန်တည်းတွင် ကြားညပ်နေမည်မှာ အရပ်သားပြည်သူများသာဖြစ်ပြီး ထိခိုက်မှု အများဆုံး ခံစားကြရမည် ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Putting the Myanmar Military’s Recent Losses in Perspective ကို ဘာသာပြန်သည်။ )

You may also like these stories:

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

ရှမ်းပြည်မြောက်ပိုင်းအား ထိန်းချုပ်နိုင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAMNDAANUGPDFSliderTNLAခုခံတော်လှန်ရေး အင်အားစုစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံပြည်တွင်းစစ်ဖက်ဒရယ်ဒီမိုကရေစီအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရအွန်လိုင်း ငွေကြေးလိမ်လည်မှု
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved