• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

by ဧရာဝတီ
6 December 2023
in သတင်း
A A
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တွေ့ရသည့် မြန်မာလုပ်သားတချို့ (ဧရာဝတီ)

590
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ နခွန်ရတ်ချ်စီမားခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုသို့ MoU ဖြင့် ရောက်လာသော အလုပ်သမား ၁၇ဦး မှာ အလုပ်ပုံမှန်မလုပ်ရဘဲ အလှည့်ကျဆင်းရသဖြင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

၎င်းတို့ ၁၇ ဦးသည် ထိုင်းနိုင်ငံရှိ CTJ International Group တွင် အလုပ်လုပ်ရန် မြန်မာ အေဂျင်စီ Carrier Worker ကုမ္ပဏီနှင့် ၂ နှစ် စာချုပ်ချုပ်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်က ရောက်လာခြင်းဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်လာပြီးနောက် အလုပ်ပုံမှန်မဆင်းရဘဲ အလှည့်ကျ ၁ ရက်လျှင် ၅ ဦးခန့်ဖြင့် မဲနှိုက်ကာ အလုပ် ဆင်းနေရကြောင်း အလုပ်သမားများက ဆိုသည်။

MoU အလုပ်သမား ကိုစိုးမိုးကျော်က “ကျနော်တို့ မဲဆောက်ကနေ အယုဒ္ဓယ၊ အဲဒီကနေမှ အခု ဒီကိုရောက်လာကြ တာ။ အလုပ်က အဆင်မပြေဘူး။ ဆင်းရတချက် မဆင်းရတချက်နဲ့။ ရောက်တာ ၁၅ ရက်၊ ရက် ၂၀ လောက် ရှိတော့ မယ်။ အလုပ်ဆင်းရတာ ၃/၄ ရက်ပဲ ရှိသေးတယ်။ နေစရာလည်း မရှိဘူး။ အခက်အခဲကတော့မျိုးစုံပဲ။ ကျနော်တို့လာ တာ ဆောက်လုပ်ရေးနဲ့လာတာ။ အခုလုပ်နေရတာက မီးရထားလမ်းလုပ်တဲ့နေရာမှာ လူခွဲပြီး လုပ်နေရတယ်။ ဆောက်လုပ်ရေးနဲ့လာခဲ့ပြီး အခုလမ်းတံတားလုပ်နေရတယ်” ဟု ဧရာဝတီကို ပြောသည်။

ထို့အပြင် ၎င်းတို့အတွက် သီးသန့်နေစရာမရှိသဖြင့် ယခင်အလုပ်သမားဟောင်းများနှင့် တိုက်ခန်း ၁ ခန်းထဲ၌ ၂၅ ဦးထိ စုပေါင်းနေရကြောင်း ၎င်းက ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် မြန်မာအေဂျင်စီအား တဦးလျှင် မြန်မာငွေ ကျပ် ၂၈ သိန်းစီပေးကာ လာရောက် ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းအလုပ်သမားများထံမှ သိရသည်။

လက်ရှိ ၎င်းတို့ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရန် မြန်မာအလုပ်သမားစောင့်ရှောက် ရေးအဖွဲ့ (WAG) ထံ တိုင်ကြားလာသဖြင့် မြန်မာအေဂျင်စီနှင့် ညှိနှိုင်းပေးနေကြောင်း ယင်းအဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဧရာဝတီကို ပြောသည်။

၎င်းက “ကျနော်တို့ကတော့ မြန်မာပြည်က အေဂျင်စီနဲ့ပဲ ညှိနှိုင်းနေရတာပေါ့။ ကုမ္ပဏီဘက်ကလည်း အမြန်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးပါမယ်ပေါ့။ ကျနော်တို့လည်း စောင့်ကြည့်နေတယ်။ တကယ်လို့ ဘာမှမလုပ်ပေးရင် ထိုင်းနိုင်ငံဥပဒေအရ MoU ချိုးဖောက်ခံရတဲ့အတွက် တရားစွဲဖို့ စီစဉ်ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ စောင့် ပေးပါလို့ သူတို့ဘက်က ပြောတယ်” ဟု ဆိုသည်။

မကြာသေးမီ MoU ဖြင့် ထိုင်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်လာသော်လည်း အလှည့်ကျအလုပ်ဆင်း နေရသဖြင့် အခက်အခဲဖြစ်နေသည့် အလုပ်သမားများ/ WAG

အလုပ်သမားများအနေဖြင့် ပုံမှန်အလုပ်မဆင်းရသော်လည်း အလှည့်ကျစနစ်ဖြင့် ဆက်လုပ်နေဆဲဖြစ်ပြီး အေဂျင်စီ ဘက်မှ ဖြေရှင်းပေးမည့်အချိန်ကို စောင့်ကြည့်နေကြောင်း သိရသည်။

ကိုမုန်တိုင်းက “နောက်ထပ်လာမယ့် MoU သမားတွေဆိုရင် အလုပ်သမားအရေးဆောင်ရွက်သူတွေ ပြောထားတာ တွေကိုကြည့်ပါ။ မြန်မာပြည်ကနေ တက်လာမယ်ဆိုရင် ငွေရေးကြေးရေးမနည်းဘူး။ အကုန်ခံရတယ်။ ဆောက်လုပ် ရေးနဲ့ စာချုပ်ချုပ်ပြီး မတက်လာစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောက်ရင် ကန်ထရိုက်အနေနဲ့ ထည့်ပစ်လိုက် တယ်။ အဲဒီကျရင် ငွေရတာမမှန်တော့ဘူး။ ပတ်စ်ပို့သိမ်းတာတွေ ကြုံရတယ်။ MoU နဲ့ တက်လာမယ်ဆိုရင် စက်ရုံ တွေနဲ့ပဲ လာစေချင်တယ်” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများကိစ္စနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် မြန်မာအေဂျင်စီ Carrier Worker ကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ထိုင်းနိုင်ငံသို့ MoU အစီအစဉ်ဖြင့် မြန်မာအလုပ်သမားများအား ၂၀၂၂ မေလတွင် ပြန်လည်စေလွှတ်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း နှစ်နိုင်ငံအေဂျင်စီများ၏ ဥပဒေမလိုက်နာမှု၊ စက်ရုံများဘက်မှ စာချုပ်ချိုးဖောက်မှုများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်းတို့ကြောင့် ထိုင်းရောက် MoU လုပ်သားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လျော်ကြေးမရဘဲ အလုပ်ဖြုတ် ခံရခြင်း စသည့် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း အလုပ်သမားရေးဆောင်ရွက်သူများထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီး ထိုထဲတွင် MoU လုပ်သား ၁၅ သိန်းခန့်ရှိကြောင်း ထိုင်းအစိုးရ၏ ဖော်ပြချက်များအရ သိရသည်။

ထိုင်းအစိုးရ၏ ဥပဒေအရ မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် သတ်မှတ်ထားသည့် စက်ရုံ၊ အလုပ်ရုံ များနှင့် သန့်ရှင်းရေး၊ အိမ်အကူ စသည့် အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ကိုင်ခွင့်ရှိပြီး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်း၊ စားသောက်ဆိုင်၊ ထိုင်းရိုးရာအနှိပ်ခန်း၊ ဆံပင်ညှပ်ဆိုင်လုပ်ငန်း၊ ပွဲစားလုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်း ၂၇ ခုအား လုပ်ကိုင်ခွင့် မရှိပေ။

You may also like these stories:

အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ နစ်နာကြေးရရှိရန် ညှိနှိုင်းနေ

၄ နှစ်ပြည့် MoU လုပ်သားများ မြန်မာပြည် မပြန်လိုကြဟုဆို

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

MoU အလုပ်သမားများ နယ်စပ်တွင် သက်တမ်းတိုးခွင့်ပြု

Your Thoughts …
Tags: Carrier WorkerMOUWAGဆောက်လုပ်ရေးထိုင်းမြန်မာအလုပ်သမားလမ်းတံတား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

Next Post
စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved