• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းနိုင်ငံသို့ MoU ဖြင့် လာသည့် အလုပ်သမား ၇၀ ကျော် အလုပ်လက်မဲ့ဖြစ်နေ

by ဧရာဝတီ
1 November 2022
in သတင်း
A A
ထိုင်းနိုင်ငံ၊ AAC မဟာမိတ်ရုံးတွင် ခေတ္တ ခိုလှုံနေသော အလုပ်မရသေးသည့် MoU မြန်မာလုပ်သားများ / AAC

ထိုင်းနိုင်ငံ၊ AAC မဟာမိတ်ရုံးတွင် ခေတ္တ ခိုလှုံနေသော အလုပ်မရသေးသည့် MoU မြန်မာလုပ်သားများ / AAC

5.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံသဘောတူညီမှုစာချုပ် (MoU) စနစ်ဖြင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှ ရောက်ရှိလာသည့် အနက်မှ မြန်မာလုပ်သား ၇၀ ကျော်မှာ အလုပ်အကိုင်ရရှိခြင်းမရှိဘဲ အလုပ်လက်မဲ့ဖြစ်နေကြောင်း အဆိုပါ အလုပ်သမားများက ဧရာဝတီသို့ ပြောသည်။

အဆိုပါ မြန်မာလုပ်သားများမှာ Ruby Dawai အေဂျင်စီနှင့် စာချုပ်ချုပ်ဆို၍ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပြီး အလုပ်အကိုင်ရရှိခြင်းမရှိဘဲ လုပ်ငန်းခွင် တခုပြီးတခုသို့ ရွှေ့ပြောင်းခံနေရကြောင်းသိရသည်။

လတ်တလောတွင် အဆိုပါ အလုပ်သမားများသည် စားသောက်နေထိုင်ရန် ခက်ခဲနေသည့်အတွက် စမွတ်ပရာကန်ရှိ ထိုင်းအခြေစိုက် အလုပ်သမားအရေးကူညီပေးနေသည့် AAC မဟာမိတ် ရုံးနေရာတွင် ခေါ်ယူထားကြောင်း သိရသည်။

AAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတဦးက “အခုလောလောဆယ် ကျနော်တို့ရုံးမှာ လူပေါင်း ၇၀ ကျော်လောက်ရှိတယ်။ မြန်မာနိုင်ငံက Ruby Dawai အေဂျင်စီပေါ့။ အဲဒီက အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်နေတယ်။ အလုပ်သမားသံရုံးကို ဆက်သွယ်တော့လည်း လုံးဝကူညီပေးတာမရှိဘူး။ ကျနော်တို့ကလည်း အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေနဲ့ ညှိပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ထားရတယ်။ ဘာဆက်လုပ်ရမလဲမသိဘူးကို ဖြစ်နေတာ” ဟု ပြောသည်။

ထိုင်းနိုင်ငံ ပထုံဌာနီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင် အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၉၈ ဦးသည် Ruby Dawei အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြသော်လည်း စာချုပ်ချုပ်ဆိုထားသည့် လုပ်ငန်းခွင်တွင် အလုပ်မရရှိခဲ့ကြောင်း ဆိုသည်။

MoU မြန်မာလုပ်သား ကိုအောင်ကျော်လတ်က “ကျနော်တို့က ထိုင်းနိုင်ငံမှာ အလုပ်ကို ချောချောမွေ့မွေ့လုပ်ချင်လို့ ယုံကြည်ပြီးအပ်တာ။ သူတို့တောင်းသလောက်ကိုပေးတယ်။ ဒီရောက်တော့ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ လိမ်စားတဲ့သဘောဖြစ်နေတယ်။ ဒီကိုရောက်နေတာ တပတ်ရှိနေပြီ။ အခုဟာက ကျနော်တို့မှာ စာချုပ်ချုပ်လာတာကို အဲဒီအတိုင်းမသွားဘဲနဲ့ ဟင်းရွက်ကန်စွန်းလို လိုက်ရောင်းနေတဲ့သဘောမျိုးဖြစ်နေတယ်” ဟု ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

Ruby Dawai အေဂျင်စီဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်မရှိသည့်အတွက် ဘန်ကောက်မြို့အနီးရှိ စက်ရုံတခုသို့ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါစက်ရုံမှ တဆင့် စမွတ်ပရာကန်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထိုမှတဆင့် တခြားသော တနေရာရှိ စက်ရုံတရုံတွင် ၁၄ ရက်ရက် အလုပ်ခိုင်းစေကာ လုပ်ခလစာမရှင်းပေးသည့်အတွက် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခဲ့ရကြောင်း ၎င်းကရှင်းပြသည်။

MoU အလုပ်သမားများအတွက် အေဂျင်စီဝန်ဆောင်ခအား မြန်မာအလုပ်သမားဝန်ကြီးဌာနမှ ငွေကျပ် ၃ သိန်းသတ်မှတ်ထားပြီး Work Permit ၊ ဆေးစစ်ခအပါအဝင် တခြားသောကုန်ကျစရိတ်များအတွက် ဘတ် ၅၅၀၀ ဝန်းကျင်ခန့်သာကုန်ကျမည်ဖြစ်သော်လည်း ယခုလက်ရှိ လာရောက်ကြသည့် မြန်မာလုပ်သား တဦးလျှင် အနည်းဆုံးငွေကျပ် ၁၆ သိန်းမှ သိန်း ၂၀ အထိ အေဂျင်စီကို ပေးခဲ့ရကြောင်း အဆိုပါ အလုပ်သမားများက ပြောသည်။

MoU အလုပ်သမားတဦးကလည်း “ကျနော်တို့လည်း ပြေလည်လို့လာခဲ့ကြရတာ မဟုတ်ဘူး။ ရွာမှာ အိမ်ပေါင်ခြံပေါင် လယ်ပေါင်နဲ့ လာရတာ။ မရှိတဲ့လူက သူများဆီက အတိုးကြီးကြီးနဲ့ယူပြီး လာခဲ့ကြရတယ်။ ဒီဘက်ကိုလာပြီဆိုရင် ဒီမှာအလုပ်လုပ်ရတာ မလုပ်ရတာကို အကြွေးရှင်ကထည့်မတွက်ဘူး။ သူတို့ရဖို့ပဲတွက်တော့ ကျန်ခဲ့တဲ့မိသားစုက တက်လာတဲ့အတိုးတွေကို ဖြေရှင်းနေရတယ်“ ဟု ပြောသည်။

ထိုကဲ့သို့ မြန်မာလုပ်သားများ အခက်အခဲကြုံတွေ့နေရသည်များနှင့် ပတ်သက်၍ Ruby Dawai agency နှင့် ထိုင်းနိုင်ငံ၊ အလုပ်သမားသံအရာရှိရုံးသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

တရားဝင် နှစ်နိုင်ငံသဘောတူစာချုပ်ဖြင့် လုပ်သားခေါ်ယူမှုစတင်စဉ်ကတည်းက လုပ်ငန်းခွင်၊ လုပ်ငန်းအမျိုးအစား၊ လုပ်ငန်းရှင်အတည်တကျရှိရမည်ဖြစ်ပြီး လုပ်သားများအနေဖြင့်လည်း ၂ နှစ်သက်တမ်းထိ အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်း ပါရှိသည့်အတွက် တစုံတရာမှားယွင်းပါက အေဂျင်စီနှင့် လုပ်ငန်းရှင်များမှ တာဝန်ယူဖြေရှင်းရမည်သာဖြစ်ကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံမှ တခြားသောနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေ ၅ သန်း ရှိသည့်အနက် ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်သူ ၃ ဒဿမ ၅ သန်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားသည်။

မြန်မာ-ထိုင်းနပ်စပ် မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားနှင့် ကော့သောင်း-ရနောင်း ရေလမ်း ခရီးတို့မှ တဆင့် ယခုနှစ် မေလမှ စတင်ကာ အောက်တိုဘာလ ၁၆ ရက်နေ့ အထိ ထိုင်းနိုင်ငံအတွင်းသို့ MoU မြန်မာလုပ်သား ၅၇,၀၅၉ ဦးတို့ကို ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများဖြင့် ချိတ်ဆက်စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် လုပ်ငန်းလိုအပ်ချက်များကြောင့် မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို မှ လုပ်သား ၄ သိန်းမှ ၈သိန်းထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရကကြေညာထားပြီး ထိုအထဲမှ မြန်မာလုပ်သား ၁ သိန်းကျော် ခေါ်ယူမည်ဖြစ်သည်။

You may also like these stories:

တိုက်ပွဲကြောင့် မြဝတီ- ကော့ကရိတ်လမ်းမကြီးတွင် MoU လုပ်သားများ ပိတ်မိနေ

စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို

တပတ်ကျော်အတွင်း ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ ၇၀၈ ဦး ဖမ်းခံရ

Your Thoughts …
Tags: MOURuby Dawaiစာချုပ်မြန်မာလုပ်သားအလုပ်သမားသံရုံးအလုပ်အကိုင်အေဂျင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

PV PJ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ရန်ကုန်လေဆိပ်တင်းကျပ်

by ဧရာဝတီ
7 August 2024
6.2k

ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အကြောင်းအမျိုးမျိုးဖြင့် အိမ်ပြန်လာသူများကို စစ်ကောင်စီက ပြည်ပပြန်ထွက်ခွင့် ပိတ်လိုက်ခြင်းကြောင့် ဩဂုတ် ၁ ရက်တွင် အလုပ်သမား ၄၀ ကျော် ရန်ကုန်လေဆိပ်မှ ပြန်လှည့်ခဲ့ရကြောင်း

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

ပြည်ပအလုပ်အကိုင် ခေါ်ယူမှု ခေတ္တရပ်နား

by ဧရာဝတီ
14 February 2024
6.2k

လတ်တလော စေလွှတ်ရန် ပြင်ဆင်နေသော အလုပ်သမားများကိုမူ ပုံမှန်အတိုင်း စေလွှတ်နိုင်ပြီး အလုပ်ခေါ်စာ အသစ်တင်ပြမှုများကိုသာ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း

H&M  မြန်မာပြည်က ထွက်ခွာသွားသော အခါ

H&M မြန်မာပြည်က ထွက်ခွာသွားသော အခါ

by ဧရာဝတီ
31 August 2023
4.6k

ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်များသည် မြန်မာနှင့် အဆက်အဆံ မရှိတော့ခြင်းသည် နိုင်ငံအတွင်းရှိ အလုပ်သမားဘဝများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုကြသည်

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

by ဧရာဝတီ
12 July 2024
4.3k

စေလွှတ်လိုက်သည့် လုပ်သားဦးရေအလိုက် ၃ လအတွင်း မိသားစုလွှဲပို့ငွေ ပေးပို့ခြင်း ရှိ/မရှိ စာရင်း တင်ပြရမည်ဖြစ် ကြောင်းနှင့် တရားဝင်ဘဏ်များမှတဆင့် ငွေပြန်လွှဲကြရန် အလုပ်သမားများရှိရာသို့ သွားရောက် စည်းရုံးရေးတို့ကို

လစာတိုးပေးသော အလုပ်ရှင်များအား မြန်မာပြည်တွင် ဖမ်းနေသည်

လစာတိုးပေးသော အလုပ်ရှင်များအား မြန်မာပြည်တွင် ဖမ်းနေသည်

by Richard C. Paddock
3 July 2024
4.1k

အလုပ်သမားများကို လစာတိုးပေးသည်ဆိုသည့် သတင်းများ ပျံ့နှံ့ပြီးနောက် အဖမ်းခံရသည့် စီးပွားရေးလုပ်ငန်းရှင် အနည်းဆုံး ၁၀ ဦး ဖြစ်သည်။

Next Post
ဘင်္ဂလားဒေ့ရှ်ရှိ စစ်ရုံးချုပ်တွင် အောက်တိုဘာ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဖူဒင် အာမက်နှင့် စစ်ကောင်စီ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တွေ့ဆုံစဉ်  / ISPR

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာ ဗိုလ်ချုပ်ကြီးကို လက်ခံတွေ့

လေကြောင်းရန်ကို စိတ်ဓါတ်နဲ့ပဲ ခုခံနေရတဲ့ စစ်ကိုင်းတိုင်း (ရုပ်/သံ)

လေကြောင်းရန်ကို စိတ်ဓါတ်နဲ့ပဲ ခုခံနေရတဲ့ စစ်ကိုင်းတိုင်း (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved