• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာ ဗိုလ်ချုပ်ကြီးကို လက်ခံတွေ့

by Muktadir Rashid
1 November 2022
in သတင်း
A A
ဘင်္ဂလားဒေ့ရှ်ရှိ စစ်ရုံးချုပ်တွင် အောက်တိုဘာ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဖူဒင် အာမက်နှင့် စစ်ကောင်စီ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တွေ့ဆုံစဉ်  / ISPR

ဘင်္ဂလားဒေ့ရှ်ရှိ စစ်ရုံးချုပ်တွင် အောက်တိုဘာ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဖူဒင် အာမက်နှင့် စစ်ကောင်စီ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တွေ့ဆုံစဉ် / ISPR

5.9k
VIEWS
Share on FacebookShare on Twitter

ဆက်ဆံရေးတိုးတက်စေရန်နှင့် ဒေသတွင်းလုံခြုံရေးမြှင့်တင်ရန် မြန်မာဗိုလ်ချုပ်တဦးသည် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ရှဖူဒင် အာမက်ကို ဒါကာတွင် လာရောက် တွေ့ဆုံခဲ့သည်။

စစ်ကောင်စီ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ်က မြန်မာနိုင်ငံအခြေအနေနှင့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းပြီး ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းရန် မည်သို့ လုပ်ဆောင်နေသည်ကို လာရောက် ရှင်းပြကြောင်း ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်နေ့ညတွင် ထုတ်ပြန်ကြေညာသည်။

ဗိုလ်ချုပ်ကြီး အာမက်က စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ရေး၊ တပ်မှူးများ တွေ့ဆုံဆွေးနွေးရေးနှင့် လေ့ကျင့်မှု ဖလှယ်ရေးတို့ကို ဆွေးနွေးသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

ဒေသတွင်း လုံခြုံရေးနှင့် ရိုဟင်ဂျာများကို အမြန်ဆုံး ပြန်ပို့နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီး အာမက်က တောင်းဆိုကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကလည်း ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး ပြဿနာများကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ဖြေရှင်းရေး စိတ်အားထက်သန်ကြောင်း ပြောသည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အတာအူ ဟာခင် ဆာဝါ ဟက်ဆန်နှင့်လည်း တွေ့ဆုံပြီး လေ့ကျင့်မှုဖလှယ်ရေးနှင့် ပညာရပ်ဆိုင်ရာ တိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသည်။

မြန်မာစစ်ကောင်စီသည် ထိုကိစ္စကို အောက်တိုဘာ ၂၈ ရက်နေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိပေ။

ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်စဉ် မြန်မာစစ်တပ်က နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှု မရပ်ဆိုင်းပါက တုံ့ပြန်မည်ဟု ဗိုလ်ချုပ်ကြီး အာမက်က ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြောသည်။

နယ်စပ်ရှိ ဘန်ဒါဘန် တောင်တန်းဒေသတွင် အမြောက်နှင့် ပစ်သောကြောင့် ရိုဟင်ဂျာတဦး သေဆုံးပြီး အခြားသူများ ဒဏ်ရာရပြီးနောက် ထိုသို့ လက်နက်ကြီးငယ်များ နယ်စပ်ဖြတ်ကျော် ပစ်ခတ်ခြင်း၊ ဂျက်လေယာဉ်နှင့် ဒရုန်းများ ကျူးကျော်ခြင်းနှင့် ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ပြင်းထန်သော သတင်းစကားပေးပို့ခဲ့ကြောင်း သူကပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးတွင် AA ကို တိုက်ခိုက်နေသည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
17
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
41
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
972

ဂျက်တိုက်လေယာဉ်နှင့် ဒရုန်းများ ပိုင်နက်ကျူးလွန်ခြင်း၊ လက်နက်ကြီးငယ်များ နယ်စပ်ဖြတ်ကျော် ကျရောက် ပေါက်ကွဲခြင်းတို့အတွက် သြဂုတ်လမှစတင်ပြီး ဘင်္ဂလားဒေ့ရှ်က မြန်မာကို သံတမန်ရေးအရလည်း ကန့်ကွက်ခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် မော်တာကျည်အနည်းဆုံး ၃ လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ပစ်ခတ်သောကြောင့် အသက် ၁၇ နှစ်အရွယ် မိုဟာမက် အစ်ဂဘယ် ဆိုသူသေဆုံးပြီး အခြားသူ ၆ ဦးဒဏ်ရာရသည်။

ထို့ကြောင့် ဒါကာသည် နယ်စပ်တွင် နယ်ခြားစောင့်တပ်များနှင့် ကမ်းခြေစောင့်တပ်များကို ချထားခဲ့သည်။

စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်က ကောင်းစွာလက်ခံကြိုဆိုသည်။

မြန်မာရှိ ဘင်္ဂလားဒေ့ရှ် သံရုံးတွင် စစ်သံမှူးအဖြစ် တာဝန်ယူဖူးသော အငြိမ်းစားဗိုလ်ချုပ် ရှဟီဒူ ဟက်က “ဒါဟာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှု ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှု မပြုဘဲ မနေသင့်ဘူး” ဟု ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

မြန်မာစစ်တပ်သည် လွန်စွာတော်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် စစ်တပ်နှင့် နွေထွေးသောဆက်ဆံရေး၏ အရေးပါမှုကို နားလည်ကြောင်းလည်း သူပြောသည်။

“ကျနော်တို့ဟာ မြန်မာနဲ့ထိတွေ့ဆက်ဆံရမှာဖြစ်ပြီး ခေါင်းဆောင်ပိုင်းကို မကြာခဏ ဖိတ်ခေါ်သင့်တယ်” ဟု ဗိုလ်ချုပ်ဟောင်းက ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် စစ်ကောင်စီကာကွယ်ရေး ဦးစီးချုပ်ရုံးမှဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်က စစ်ကောင်စီထိန်းချုပ် နယ်စပ်ရေးရာ ဒုဝန်ကြီးဖြစ်ပြီး ၂၀၁၉-၂၀၂၀ တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်ခဲ့ဖူးသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြည်သူတွေ လေးစားခံရတဲ့ စစ်တပ်တခုရှိပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့မှာလည်း အကြီးမားဆုံး ထည့်ဝင်တဲ့ စစ်တပ်ဖြစ်တယ်။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း ကိုယ့်ပြည်သူကို ကိုယ်ပြန်ပြီး စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ စစ်ကောင်စီနဲ့ လက်ဆွဲနှုတ်ဆက်တာဟာ တော်တော်လေး ရှက်စရာကောင်းတယ်” ဟု အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနမှ အကြံပေး ဦးအောင်ကျော်မိုးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

Fortify Rights အဖွဲ့မှ လူ့အခွင့်အရေး ကျွမ်းကျင်သူ ဂျွန် ကွင်လေက “ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ် အပါအဝင် မြန်မာစစ်တပ်နဲ့ တွေ့ဆုံတာဟာ တော်တော် ရှက်စရာကောင်းတယ်” ဟု ပြောသည်။

“မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်။”

“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာ ဒုက္ခသည် တသန်းကျော်ကို လက်ခံထားရတယ်။ မြန်မာက လက်ရှိအခြေအနေအရ ပြန်ပို့လို့မရသေးဘူး။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ဆက်လက်ဖိနှိပ်ခံပြီး လူမျိုးတုံးသတ်ဖြတ်မှုကို တဖြည်းဖြည်းခံနေရတယ်” ဟု ဂျွန် ကွင်လေက ပြောသည်။

“ဒီဒုက္ခသည်တွေကို ကာကွယ်ပေးဖို့ ၊ ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းနဲ့ တတိယနိုင်ငံတွေမှာအခြေချပေးဖို့ ကမ္ဘာ့အစိုးရတွေက ဘင်္ဂလားဒေ့ရှ်ကို ကူညီပံ့ပိုးသင့်တယ်။”

“မြန်မာစစ်ကောင်စီကို ဟန့်တားရမယ်။ စစ်ကောင်စီ အရာရှိတွေနဲ့ ဓာတ်ပုံတွဲရိုက်မယ့်အစား ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားမဝင်စစ်ကောင်စီကို ဆန့်ကျင်ခုခံနေသူတွေကိုသာ ထောက်ခံသင့်တယ်” ဟုလည်း ဂျွန် ကွင်လေက ပြောသည်။

(Muktadir Rashid သည် ဒါကာအခြေစိုက် သတင်းထောက်တဦး ဖြစ်သည်။ ဧရာဝတီအင်္ဂလိပ်ပိုင်းမှ ၎င်း၏ Myanmar Generals Welcomed by Bangladesh Military Chiefs ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

တကျော့ပြန် ရခိုင်စစ်ပွဲကြားက မွတ်ဆလင်တွေ

နယ်စပ်ဖြတ်ကျော် ပစ်ခတ်လျှင် တုံ့ပြန်ရန်အသင့်ဟု ဘင်္ဂလားဒေ့ရှ် စစ်တပ်ပြော

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်နယ်စပ် နေထိုင်သူများ ကြောက်နေရ

ဘင်္ဂလားဒေ့ရှ်နယ်စပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာသံအမတ်ကို ဆင့်ခေါ်

Your Thoughts …
Tags: AANUGစစ်ကောင်စီစစ်ရာဇဝတ်မှုပိုင်နက်ကျူးလွန်ခြင်းဘင်္ဂလားဒေ့ရှ်ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု
Muktadir Rashid

Muktadir Rashid

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လေကြောင်းရန်ကို စိတ်ဓါတ်နဲ့ပဲ ခုခံနေရတဲ့ စစ်ကိုင်းတိုင်း (ရုပ်/သံ)

လေကြောင်းရန်ကို စိတ်ဓါတ်နဲ့ပဲ ခုခံနေရတဲ့ စစ်ကိုင်းတိုင်း (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ် / Nay Phone Latt

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved