• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

by ဧရာဝတီ
1 November 2022
in အင်တာဗျူး
A A
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ် / Nay Phone Latt

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ် / Nay Phone Latt

9.8k
VIEWS
Share on FacebookShare on Twitter

လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများ သေဆုံးခဲ့ရသော စစ်ကိုင်းတိုင်း လက်ယက်ကုန်းရွာ စာသင်ကျောင်း ဖြစ်စဉ် နှင့် လူ ၆၀ ကျော် သေဆုံးခဲ့သည့် ကချင်ပြည်နယ် အနန့်ပါရွာ ဂီတဖျော်ဖြေပွဲ ဖြစ်စဉ်များအပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) များကို လက်နက်ထောက်ပံ့မှု အားနည်းခြင်း၊ ပြည်သူများထံမှ ရထားသော ဘဏ္ဍာငွေ သုံးစွဲမှုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း စသော ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ယင်း ဝေဖန်သံများအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ တုံပြန့်ချက်နှင့် သဘောထားများ သိရှိနိုင်ရန်အတွက် NUG ၏ ပြန်ကြားရေးတာဝန်ခံ ဦးနေဘုန်းလတ်ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ အခုက NUG ရဲ့ ဝင်ငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာနေတယ်။ အဓိက NUG ရဲ့ PDF တွေအပေါ် လက်နက်ထောက်ပံ့ပေးမှု ကိစ္စမှာပေါ့။ NUG အနေနဲ့ ဘယ်လိုမျိုးတွေ လုပ်ဆောင် ပေးနေလဲ။

ဖြေ ။ ။ သူ့ဝန်ကြီးဌာန အလိုက်ပေါ့၊ စီမံဘဏ္ဍာဆိုရင်လည်း သူ့ငွေရှာတဲ့ အလုပ်ကို အဓိကလုပ်တာပေါ့။ စီမံဘဏ္ဍာ ဝန်ကြီးဌာနဆိုရင်လည်း ငွေကို နည်းလမ်းပေါင်း စုံနဲ့ ရှာဖွေနေရတယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ရှာဖွေနေရတဲ့ အနေအထားမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းအားကြောင့် ကျနော်တို့ အမြဲတမ်း ပြည့်မီခဲ့တယ်။ အခုဆိုရင် မြေကွက်တွေ ဘာတွေရောင်းတဲ့ ကိစ္စတွေမှာဆိုရင်လည်း ကြေညာလိုက်ပြီး သိပ်မကြာဘူး အကုန်ကုန်တာပဲ။

အဲဒီတော့ ငွေရှာတဲ့ အလုပ်ကတော့ ကျနော်တို့ အထိုက်အလျောက်အဆင်ပြေတယ်လို့ ပြောလို့ရတာ ပေါ့။ ဒါပေမဲ့ အဲဒီငွေတွေကို သုံးစွဲတဲ့ နေရာမှာ အခက်အခဲတွေ အများကြီးရှိနေတာကို တွေ့ရတယ်၊ အထူးသဖြင့် စစ်ရေးနဲ့ ပတ်သက် လာရင် ဟင်းရွက်ကန်စွန်း ဝယ်သလို ဝယ်လို့ရတာ မဟုတ်ဘူးပေါ့။

နံပါတ် ၁ အချက် ဝယ်တဲ့ နေရာမှာ အခက်အခဲအများကြီးရှိသလို နံပတ် ၂ က လိုတဲ့ နေရာတွေကို လွယ်လွယ် ကူကူနဲ့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ဖို့ ဖြန့်ဖြူးတဲ့ ကိစ္စတွေမှာလည်း အများကြီးအခက်အခဲရှိတယ်။

ဒီအတွက် ရတဲ့ ဘဏ္ဍာငွေတွေရဲ့ ရာနှုန်း တော်တော်များများကို ပြည်သူတွေ တကယ်သုံးချင်တဲ့ နေရာတွေကိုပဲ အဓိက သုံးစွဲနေတယ်ဆိုတာကို ကျနော်တို့ ပြောပြလည်း ပြီးပြီ၊ ဘယ်လောက်ပဲ အဲဒီဘက်မှာ သုံးသုံး၊ ခုနကပြောတဲ့ ဝယ်ယူရေး ကိစ္စတွေ၊ ဖြန့်ကျက်နေရာချထားရေး ကိစ္စတွေမှာ ကြန့်ကြာမှုတွေ အများကြီးရှိပါတယ်။ အခက်အခဲတွေ ရှိနေပေမဲ့ ကျနော် တို့ ရသလောက် လုပ်နေတယ်။ ကြန့်ကြာမှုတွေ၊ အခက်အခဲတွေကတော့ အခုချိန်တွေ ရှိနေတုန်းပဲ။

မေး။ ။ လူမှုကွန်ရက်ပေါ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့တခုရဲ့ ရန်ပုံငွေရှာပို့စ်တခုမှာ ထောက်ပို့လုပ်နေတဲ့ ပြည်သူတဦးက အခု ရန်ပုံငွေတွေက NUG ဆီ ရောက်မှာလား၊ အခုတောင်းခံတဲ့ PDF အဖွဲ့ဆီ တိုက်ရိုက်ရောက်မှာလား မေးတယ်၊ NUG ကို လှူလိုက်တယ်ဆိုရင် ကြန့်ကြာတယ်၊ မြေပြင်မှာ တကယ်လိုအပ်နေနဲ့ အဖွဲ့တွေဆီ အချိန်မီမရောက်ဖူး ဆိုတဲ့ ဝေဖန်မှုပေါ့ ။ ဒီအပေါ် ဘာများ မှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ ပြည်သူတွေ အားမလိုအားမရဖြစ်တာကို ကျနော်တို့ လက်ခံရမယ့် ကိစ္စပါ။ အဲဒီ အားမလို အားမရ ဖြစ်တဲ့ အပေါ် မှာ စိတ်ဝမ်းကွဲစေတာမျိုး၊ ဒီတော်လှန်ရေးကြီးကို ထိခိုက်စေလောက်တဲ့အထိ ခြေထိုးတာမျိုးပေါ့။ အဲဒါမျိုးတွေကျတော့ အားမလို အားမရဖြစ်တဲ့ အပေါ် အခွင့်ကောင်းယူပြီးတော့ ဒီလိုဟာမျိုးတွေကို တဖက်ကလည်း လုပ်တာမျိုးတွေကို ကျနော် တို့ အများကြီးတွေ့နေရတယ်။

ပြည်သူတွေအနေနဲ့ အားမလို အားမရဖြစ်တာကို ကျနော်တို့က လက်ခံတယ်။ အဲဒီဟာတွေကို တွန်းအားအနေနဲ့ အသုံးချ ပြီးတော့ ပိုပိုပြီးတော့ မြန်အောင်၊ ပိုပြီးတော့ တော်လှန်ရေးကာလကို တိုအောင် ကျနော်တို့ အားစိုက်ပြီးတော့ ကြိုးစားနေ တာတွေရှိ တယ်။

ဒါပေမယ့် ဒီလို အားမလိုအားမရဖြစ်တာတွေကို အခွင့်ကောင်းယူပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမျိုး တွေရှိတယ်။ တော်လှန် ရေးကို အားလျော့စေတယ်ပေါ့ဗျာ။ ဒီတော်လှန်ရေးဟာ ပြည်သူတွေရှိတယ်၊ NUG တခုတည်း တိုက်နေတဲ့ တော်လှန်ရေး မဟုတ်ဘူး။ NUG ရှိသလို တိုင်းရင်းသားမဟာမိတ်တွေရှိတယ်။ အားလုံးက စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ သွားမှ ဒီတော်လှန်ရေးက အောင်မြင်မှာပေါ့။

ဒါကြောင့် စုစည်းညီညွတ်မှုကို ပျက်ပြားစေလောက်အောင် လုပ်တဲ့ လုပ်ရပ်မျိုးတွေ၊ ပြောဆိုမှုမျိုးတွေ ဒါတွေဆိုရင်တော့ လက်ခံလို့ မရဘူးပေါ့။ အဲဒါလေးတွေ ကျနော်တို့ သတိထားဖို့ လိုပါတယ်။ ဆန်ရင်းနာနာဖွတ်တာတို့၊ ကိုယ့်အချင်းချင်း ဝေဖန်တာတို့ အားမလို အားမရဖြစ်တာတို့ကို ထောက်ပြတာ မှန်ပေမယ့်လည်း အဲဒါက တဖက်ကို အသုံးချသွားစေဖို့၊ ကျနော်တို့ ပြောပြောနေတာရှိပါတယ်၊ ရန်သူကိုတော့ တုတ်သွားမပေးနဲ့ပေါ့ဗျာ။

မေး ။ ။ ဒါဆိုရင် NUG ရဲ့ ပြည်သူတွေဆီကရတဲ့ ရန်ပုံငွေတွေက ဘယ်လိုလှည့်လည်သုံးစွဲနေလဲ။

ဖြေ။ ။ ဒါတွေကလည်း စီမံဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်တို့လည်း ခဏခဏပြောခဲ့ဖူးပါတယ်။ ဆိုလိုတာက ပြည်သူတွေ တကယ်တမ်း ဘယ်နေရာမှာ သုံးစေချင်လဲဆိုတာကို ကျနော်တို့လည်း နားလည်တယ်။ အဲဒီအတွက်ကို လည်း ရာခိုင်နှုန်းတော်တော်များများကို သုံးနေတယ်။

ဒါပေမဲ့ ပိုက်ဆံတွေ ဘယ်လောက်လောက်တော့ ရလာပြီ။ ဘာတွေ ဝယ်လိုက်ပါပြီ၊ ဘယ်ကို ပို့လိုက်ပါပြီ ဆိုတာမျိုးတော့ အများကြီး ထုတ်ပြောလိုက်ပြီး ပြလို့ မရဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာကနေ ကျနော်တို့ဆီကို ငွေတွေ ဝင်တာထွက်တာတွေက လွယ်လွယ်ကူကူဖြစ်နေတာ မဟုတ်ဘူးလေ။

ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အကုန်လုံးကို အသေးစိတ်တွေ ပြောလို့မရသေးတာကို နားလည် ပေးစေလို ပါတယ်။ NUG က ပြည်သူလူထုရဲ့ ဘယ်ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာမျိုးမရှိပါဘူး။

အကုန်လုံး သူ့ဘာသာ စာရင်းဇယားနဲ့ ရှိတယ်။ တချိန်ကျရင်လည်း အခုတာဝန်ယူနေတဲ့ လူတွေအကုန်လုံးက ပြည်သူ့ ရှေ့မှောက်မှာ အစစ်ဆေးခံရဲတဲ့ သူတွေချည်းပါပဲ။ တကယ်လို့များ အလွဲသုံးစားမှုတွေ၊ သက်သေ အထောက်အထား တိတိကျကျနဲ့သာ အလွဲသုံးစားမှုတွေ ရှိခဲ့မယ်ဆိုရင်လည်း ပြည်သူပေးတဲ့ အပြစ်ဒဏ်ကို ခံယူကြမယ့် သူတွေချည်းပါပဲ။

မေး။ ။ နောက်တခု NUG ဝန်ကြီးတွေက လစာယူပြီး အလုပ်လုပ်နေကြတာလား ။

ဖြေ။ ။ ဝန်ကြီးတွေ လစာယူတဲ့ ကိစ္စပေါ့၊ ဒါဟုတ်မှ မဟုတ်နေတာ။ ဝန်ကြီးဌာနတခုကိုမှ မြန်မာငွေ ကျပ် သိန်း ၁၀၀ ကို လည်ပတ်ပြီးတော့ သုံးနေကြရတာမျိုးတွေ ကျနော်တို့ ရှိတာပေါ့။ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေက ထိုင်းဘတ် သောင်းနဲ့ ချီပြီး ရနေတဲ့ ကိစ္စ မှန်မှ မမှန်တာ။

အဲဒါကလည်း ခုနက ကျနော်ပြောခဲ့သလိုပါပဲ၊ သက်သေအထောက်အထား ခိုင်လုံဖို့ လိုတာပေါ့။ သက်သေအထောက် အထားမခိုင်လုံဘဲ ပြောတာမျိုးဆိုရင်တော့ သားပုပ်လေလွင့် ပြောတာမျိုးပဲ ဖြစ်မှာပဲ။ ဟိုကကြားတယ်၊ ဒီကကြားတယ် ဆိုတဲ့ အနေအထားနဲ့ ဘာအထောက် အထားမှ မပါဘဲ ပြောတာကျတော့ တဖက်မှာ တော်လှန်ရေးကို အများကြီး ထိခိုက် စေတယ်ပေါ့။

လုပ်ခဲ့သည်ရှိသော် လုပ်တဲ့သူက တာဝန်ခံရမှာဖြစ်ပါတယ်။ သက်သေအထောက်အထားနဲ့ တကွ ပြောဆိုတာမျိုး တိုင်တန်း တာမျိုးတွေ လုပ်လို့ရပါတယ်။

မေး ။ ။ NUG မှာ ဝန်ကြီးဌာနတွေရဲ့ ဘတ်ဂျက်သုံးစွဲမှုတွေကို စစ်ဆေးတဲ့ စာရင်းစစ်ချုပ်ရှိလား၊ ဘတ်ဂျက်သုံးစွဲမှုတွေ ကို NUG ထဲမှာ ဘယ်လိုမျိုး စစ်ဆေးမှုစနစ်တွေရှိလဲ။

ဖြေ ။ ။ ကျနော်တို့မှာ စာရင်းစစ်ချုပ်ရှိပါတယ်။ NUG က တော်လှန်ရေးကာလ အစိုးရဆိုပေမယ့် လည်း တတ်နိုင်သမျှ အစိုးရတရပ်ရဲ့ စနစ်တွေအကုန်လုံးကို ကျနော်တို့က လုပ်ကို လုပ်ရပါတယ်။ စာရင်းကိစ္စ ဆိုတာမျိုးက သိပ်ကို အရေးကြီး ကိစ္စပါ၊လုပ်ချင်တိုင်းလုပ်၊ သုံးချင်တိုင်း သုံးလို့ မရပါဘူး။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
62
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
69
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
948

အဲဒီအတွက် ကျနော်တို့မှာ စာရင်းစစ်ချုပ်ခန့်အပ်ထားတာရှိတယ်။ စာရင်းစစ်ချုပ်ကလည်း သူရဲ့ရုံးအဖွဲ့ နဲ့ ဝန်ကြီးဌာနတွေ ကို စာရင်းစစ်တဲ့ ကိစ္စရပ်တွေကို အစိုးရတရပ် လုပ်နေတဲ့ ပုံစံအတိုင်းကို လုပ်ဆောင်နေတာတွေ ရှိပါတယ်။

မေး ။ ။ လတ်တလော NUG ရဲ့ ဘတ်ဂျက်သုံးစွဲနေမှုအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာနေတာနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားချင်တာမျိုး ရှိလဲ။

ဖြေ ။ ။ တခုပါပဲ ဒီအချိန်က အားလုံးလည်း သိကြတဲ့ အတိုင်းပဲ၊ အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကချင်မှာ လူ ၁၀၀ နီးပါးလောက်ကို သေကြေပျက်စီးသွားအောင် ဗုံးကြဲပြီးတော့ သတ်ဖြတ်ခဲ့တယ်။ ဒီလိုဟာက ကချင်မှာ လည်း ဖြစ်သလို၊ စစ်ကိုင်းမှာ ကရင်နီမှာလည်း ဖြစ်တယ်။ ကရင်ပြည်နယ်မှာလည်း ဖြစ်နေတာပေါ့။

ဆိုလိုတာက တနိုင်ငံလုံးကို အညှာတာကင်းမဲ့စွာနဲ့ သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ တောက်လျှောက်လုပ်နေတာပေါ့။ ရှေ့လျှောက်လည်း သူတို့က ရပ်မှာ လည်း မဟုတ်ဘူး။ ဘယ်တော့မှ ရပ်မှာလည်းဆိုရင် ဒီအကြမ်းဖက်စစ်ကောင်စီကို ကျနော်တို့တတွေ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးတော့ ဒါကြီးကို အမြစ် ဖြတ်နိုင်မှပဲ ဒီလုပ်ရပ်တွေက ရပ်သွားမှာ။

ဒီအချိန်မှာ အရေးကြီးတာက အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေ ရပ်သွားအောင် ဝိုင်းဝန်းပြီး ကြိုးစားကြရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီဘက်ကလည်း သူတို့ အကြောက်ဆုံးကလည်း ကျနော်တို့တွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်မှာကို အကြောက်ဆုံးပဲ။ သူကလည်း ဒါကို မရ၊ ရအောင် ဖြတ်မှာပဲ။

သူတို့က သွေးခွဲမယ်၊ အချိန်ဆွဲမယ်၊ နောက်ပြီးတော့ လမ်းလွှဲမယ်ပေါ့၊ အဲဒါက သူတို့ ဗျူဟာပဲ။ အဲဒီဗျူဟာထဲကို ဝင်သွား အောင် သူတို့ဘက်ကလည်း လုပ်နေသလို တချို့ကလည်း အဲဒီဗျူဟာကို မသိလိုက်ဘဲနဲ့ ဝင်သွားတာမျိုးတွေ တွေ့နေရ တယ်။

You may also like these stories:

NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်

လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ

NUG နှင့် တွေ့ဆုံရန် အာဆီယံ အထူးသံတမန် တွန်းအားပေးမှု စစ်ကောင်စီ ပယ်ချ

Your Thoughts …
Tags: NUGပြည်သူပွင့်လင်းမြင်သာမှုဘတ်ဂျက်အလွဲသုံးစား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ကန့်ဘလူခရိုင်အတွင်းလှုပ်ရှားနေသည့် မဘသဘုန်းကြီး ဦးဝါသဝ နှင့် ပျူစောထီးတပ်ဖွဲ့များ / CJ

ပျူစောထီးသင်တန်းတက်ရန် ကန့်ဘလူဒေသခံများ ဖိအားပေးခံနေရ

အသက် ၃၃ နှစ်အရွယ် ဟွောင်ဖျောင်ယုံကို တနင်္ဂနွေနေ့က ဘန်ကောက်ရှိ  ဘန်ခန်ခရိုင် ရန်အင်ထရာလမ်းမှ ကားရပ်နားသည့် နေရာတွင် ဖမ်းဆီးလိုက်သည် / Bangkok Post

ရွှေကုက္ကိုလ်နှင့် ပတ်သက်သော လက်ဝှေ့ရုံပိုင်ရှင် တရုတ်တဦးကို ထိုင်းရဲဖမ်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved