• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူထုအနေဖြင့် ကာကွယ်ရေးနှင့် ပြည်သူ့အုပ်ချုပ်ရေး တပြိုင်တည်းလုပ်ရန် NUG တိုက်တွန်း

by ဧရာဝတီ
7 September 2021
in သတင်း
A A
ကယားပြည်နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် / ဓာတ်ပုံ- KNDF

ကယားပြည်နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် / ဓာတ်ပုံ- KNDF

23.8k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရေးအတွက် တော်လှန်ရေး တပ်များက စစ်ဆင်ရေး လုပ်နေချိန်တွင် လူထုက မိမိဒေသ အား ကာကွယ်ရေးနှင့် ပြည်သူ့ အုပ်ချုပ်ရေးကို တပြိုင်တည်း လုပ်ဆောင်ရန် လိုအပ်သည်ဟု နိုင်ငံတော်၏ ယာယီ သမ္မတ ဒူဝါလရှီးလနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များက တိုက်တွန်း ပြောဆိုလိုက်သည်။

ယနေ့ မနက်ပိုင်းတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ယာယီ သမ္မတ ဒူဝါလရှီးလက လူထုအား အရေးပေါ် မိန့်ခွန်း ပြောဆိုရာ စစ်အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းပြီး ပြည်သူ့ အုပ်ချုပ်ရေးကို ပြောင်းလဲ ကျင့်သုံးနိုင်ရေး အတွက် လူထုက လှည်းနေလေအောင်း မြင်းစောင်း မကျန် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကို ယနေ့မှစ၍ တွန်းလှန် တိုက်ဖျက်ကြရန် ထည့်သွင်း ပြောဆိုသွားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ထိပ်ပိုင်း အရာရှိတဦးဖြစ်သည့် ပဒိုမန်းမန်းကလည်း “တိုက်ပွဲက လက်နက်ကိုင် စစ်ဆင်ရေး တိုက်ပွဲတခုတည်း မကပါဘူး။ လူထု တိုက်ပွဲနဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု တိုက်ပွဲ ပါ တပါတည်း ပါလို့ လူထုက အများကြီး အဓိက ဖြစ်ပါတယ်။ ဒီနေ့ ဒီကာလမှာ ကိုယ့်နယ်မြေ၊ ကိုယ်ေ့ဒသ အုပ်ချုပ် ရေးကိုပါ ကြိုတည်ဆောက်နိုင်ဖို့ကို ပြင်ဆင် ဆောင်ရွက်စေချင်တယ်။ PDF လိုမျိုး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေကိုလည်း လိုအပ်ရင် လိုအပ်သလို လုံခြုံရေးကို တောင်းဆိုနိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီကို ဖြုတ်ချရေး လုပ်ဆောင်ရာတွင် စစ်ရေး တခုတည်းဖြင့် တိုက်ခိုက်ရန် မဟုတ်ဘဲ လူထုက ဦးဆောင် ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားများ ထူထောင်ခြင်း၊ တိုင်းရင်းသားနယ်မြေများ၌ ရှိရင်းစွဲ တိုင်းရင်းသား လက် နက်ကိုင် တပ်များ၏ အုပ်ချုပ်မှု နယ်မြေများကို ပိုတိုးချဲ့ခြင်းအပြင် နိုင်ငံတကာ သံတမန် ဆက်ဆံရေးများ တည် ဆောက်ခြင်းများကို ဟန်ချက်ညီညီ လုပ်ဆောင်ရမည် ဖြစ်သည်ဟု ၎င်းကပြောသည်။

ပဒိုမန်းမန်းက “အဓိက ပြောချင်တာက ပြည်သူတွေက ကိုယ့်နေရာ ကိုယ့်ဒေသနဲ့ ကိုယ့်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ကို ဒီကာလမှာ တည်ဆောက်မယ်၊ ကိုယ့်ရပ်ကွက် ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသကို တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက် ရမယ့် အချိန်ကာလဖြစ်တဲ့အတွက် အထူးသဖြင့် ကိုယ့်မြေ ကိုယ့်ဒေသကို ဘယ်လို ကာကွယ်ဆောင်ရွက်မလဲ ဆိုတာ ကို ပြည်သူလူထုကို အဓိက ပြောချင်ပါတယ်” ဟု ပြောသည်။

ယာယီသမ္မတ ဒူဝါလရှီးလ၏ အရေးပေါ် မိန့်ခွန်းထဲတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အနေဖြင့် သက်ဆိုင်ရာ ဒေသအတွင်းရှိ စစ်ကောင်စီ၏ ဒေါက်တိုင် အဖွဲ့အစည်းများကို ပစ်မှတ်ထား ထိန်းချုပ်ရန်၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး မှူးအားလုံး အလုပ်မှ ချက်ချင်း စွန့်ခွာရန်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးကလည်း စစ် ကောင်စီကို နည်းမျိုးစုံဖြင့် ချက်ချင်း တိုက်ခိုက်ကာ မိမိတို့ နယ်မြေများအား အပြည့်အဝ ထိန်းချုပ်ထားကြရန် ထည့်သွင်း ပြောဆိုထားသည်။

ပြည်သူ့ အုံကြွမှုကိုလည်း ကျေးလက်၊ မြို့ပြနှင့် နိုင်ငံတဝှမ်းလုံးတွင် တပြိုင်တည်း လုပ်ဆောင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားသည်။

ပြည်သူများအနေဖြင့် ယနေ့မှစ၍ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုရန်၊ လုံခြုံရေးကို အထူးဂရုစိုက်ရန်၊ လိုအပ်သည့် ရိက္ခာ၊ ဆေးဝါးများ စုဆောင်းထားကာ PDF များနှင့် မဟာမိတ်များကို ကူညီစောင့်ရှောက်ပေးရန်၊ စစ်ကောင်စီတပ် များ၏ လှုပ်ရှားမှုများကို PDF များထံ သတင်းပို့ပေးရန်အပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားကို ဖြိုချဖျက်သိမ်း ကာ ပြည်သူ့အုပ်ချုပ်ရေးကို ပြောင်းလဲရာတွင် လူထုနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက် စီမံကြပါဟု ဒူဝါလရှီးလက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက NUG ၏ ယာယီသမ္မတ ဒူဝါလရှီး လ၏ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာသည့်အပေါ် မှတ်ချက်တစုံတရာပေးရန် မရှိသော်လည်း လူထုက မိမိဒေသအား မိမိကာကွယ်ရန် လိုအပ်သည်ဟု ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ချုပ်ငြိမ်းဖို့ တော်လှန်ရေး လုပ်နေတဲ့ ပြည်သူလူထုအားလုံး ကတော့ ကိုယ့်ရဲ့တာဝန်ကို ထမ်းဆောင်ရမယ်လို့ ကျနော်ပြောလိုပါတယ်။ ကျနော်တို့ အားလုံး ဝိုင်းဝန်းပြီးတော့ စစ် အာဏာရှင်စနစ်ကို ချုပ်ငြိမ်းဖို့ ကြိုးစားတာဆိုတော့ ကိုယ့်ဒေသ၊ ကိုယ့်နယ်မြေမှာ ကိုယ်တတ်စွမ်းတဲ့ ကိုယ့်ဒေသကို ကာကွယ်ဖို့အတွက် ပြည်သူလူထု အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးက ကြိုးစားရမယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ပြောသည်။

KIA အနေဖြင့်လည်း ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေများကို ခုခံကာကွယ်ရန်အတွက် အဆင်သင့်ရှိပြီး ကချင်ပြည်နယ် တွင်း တိုက်ခိုက်မှုများ ရှိလာပါက မိမိဒေသအား ကာကွယ်သည့်အနေဖြင့် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

ဆက်လက်ပြီး ၎င်းက “ကျနော်တို့ KIO ထိန်းချုပ်တဲ့ နယ်မြေမှာလည်း တိုက်ပွဲဆိုတာ အချိန်မရွေး နေရာတကာမှာ ဖြစ်နိုင်တာပေါ့။ KIO ဘက်က ထိုးစစ်ဆင်တာ မလုပ်လည်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင် ကျနော်တို့လည်း ခုခံတိုက်ပွဲက မလွှဲမရှောင်သာ ခုခံရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအားလုံးက NUG ရဲ့ ကြေညာချက်အပေါ်မှာ စိတ်ဝင်တစားနဲ့ နားစွင့်ဖို့ လိုမယ်။ က်ိုယ့်မိသားစု၊ ကိုယ့်တဦးတယောက်အတွက် လုံခြုံရေးတွေကလည်း ပြင်ဆင်ထား ကြဖို့ လိုတယ်လို့ ကျနော်ပြောလိုပါတယ်” ဟု ဆိုသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
28
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
199
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
40

NUG က ယနေ့ မနက်ပိုင်း၌ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာကြောင်း ထုတ်ပြန်ပြီးနောက်တွင် ပြည်နယ်နှင့် တိုင်းအသီးသီး၌ လှုပ်ရှားနေသည့် PDF တပ်ဖွဲ့များသည်လည်း ဒေသအလိုက် တိုက်ပွဲများ အရှိန်မြှင့် လာမည်ဟု ပြောဆိုသည်။

ချင်းပြည်နယ် အခြေစိုက် ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ၎င်းတို့အနေဖြင့် ချင်းပြည်နယ်နှင့် နယ်မြေ ထိစပ်နေသည့် တိုင်းအသီးသီးရှိ PDF တပ်များနှင့် ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်ရန် ညှိနှိုင်းထားပြီး စစ်ကောင်စီတပ်များကို အရှိန်မြှင့်၍ တိုက်ခိုက်သွားမည်ဟု ပြောသည်။

ကယားပြည်နယ်တွင်းရှိ PDF တပ်အားလုံးကို စုဖွဲ့ထားသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း ကယားပြည်နယ် တပြည်နယ်လုံးတွင် တိုက်ပွဲများ ပိုပြင်းထန်လာမည့် အခြေအနေရှိပြီး လူထုအနေဖြင့် ရိက္ခာများ သိုလှောင်ထားရန်အတွက် တိုက်တွန်းလိုသည်ဟု ပြောဆိုသည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ မပြည့်မစုံနဲ့ ရန်သူကို စိန်ခေါ်တာတော့ တော်တော် လေးကို အခက်တွေ့စေမယ့်ကိစ္စပဲဗျ။ ကျနော်တို့ ပြည်နယ်မှာ NUG က ပေးတဲ့ လက်နက်ခဲယမ်းမီးကျောက် ဘာ တခုမှ မရှိသေးပါဘူး။ ကျနော်တို့ ကိုယ့်ခွန်ကိုယ့်အား၊ ကိုယ်ထူကိုယ်ထနဲ့ တိုက်နေတာပါ။ ကျနော်တို့ကတော့ ဘာမှ တွန့်ဆုတ်နေစရာ မရှိဘူး။ တိုက်မှာပဲ။ မကြေညာခင်ကလည်း ကျနော်တို့ တိုက်နေတာပဲ။ ကြေညာပြီးမှတော့ ကျနော်တို့ ပိုပြီး တိုက်ဖို့ပဲ ရှိတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းမှ PDF တပ်ဖွဲ့များသည်လည်း ၎င်းတို့၏ တပ်ဖွဲ့များက စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သော်လည်း လက်နက်ခဲယမ်း အင်အားမှာ စစ်ကောင်စီ တပ်ဖွဲ့များကဲ့သို့ ပြည့်စုံခြင်း မရှိသဖြင့် စိုးရိမ်မှုများ ရှိသည်ဟု ဆိုသည်။

သို့သော် ၎င်းတို့လက်ထဲတွင် ရှိသည့် လက်လုပ်သေနတ်များ၊ တူမီးများဖြင့် ကျေးလက်ဒေသမှ မြို့ပေါ်အထိ တိုက်ပွဲ များ ဆင်နွှဲ ရေးကို လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားသဖြင့် လူထုက ညီညွတ်စွာဖြင့် ကူညီပေးကြရန် ပြောဆိုလို သည်ဟု ဆိုကြသည်။

မင်းကင်းမြို့နယ် PDF တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက “ပြင်ထားသလောက်နဲ့ ကျနော်တို့ တိုက်ပါမယ်” ဟု ပြော သည်။

CDF ၊ KNDF နှင့် PDF တပ်ဖွဲ့များသည် စစ်ကောင်စီတပ်များကို အရှိန်မြှင့်၍ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီ ဟု ပြောဆိုကြသော်လည်း ၎င်းတို့လက်ထဲတွင် ဒေသ လက်လုပ်သေနတ်များ၊ တူမီးသေနတ်များသာ ရှိပြီး NUG က ထောက်ပံ့မည်ဟု ဆိုသည့် ခေတ်မီလက်နက်ခဲယမ်းများ မရှိသေးကြောင်း ပြောဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်ရာတွင် လက်နက်ခဲယမ်းပိုင်း ဆိုင်ရာတွင် အားနည်းချက်များ ရှိနေသဖြင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ခဲယမ်းမီးကျောက်များ အမြန် ထောက်ပံ့ပေးရန် လိုအပ်သည်ဟုလည်း ပြောဆို ကြသည်။

NUG ၏ ကြေညာချက်နှင့် ယာယီသမ္မတ ဒူဝါလရှီးလ၏ အရေးပေါ်မိန့်ခွန်းများကြောင့် PDF တပ်ဖွဲ့များနှင့် လူထုကြား လှုပ်ခတ်မှု ဖြစ်သွားချိန်တွင် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက လူထုအနေဖြင့် ထိတ်လန့် ခြင်း မဖြစ်ကြရန်၊ ၎င်းတို့အနေဖြင့် လုံခြုံရေးကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ပါသည်ဟု ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ပြည်သူ လူထုအနေနဲ့ကလည်း စိုးရိမ်ထိတ်လန့်စရာ အကြောင်းမရှိပါဘူး။ သို့သော် သတိ တော့ ရှိရပါလိမ့်မယ်။ သူတို့အနေနဲ့က မိုင်းထောင် မိုင်းဆွဲ တိုက်ခိုက်တာတွေကို လုပ်ဆောင်လာနိုင်ပါတယ်။ ဒါတွေ ကို သတိရှိကြဖို့နဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်” ဟု ပြောသည်။

NUGက နိုင်ငံတွင်း လူထုကို မတည်မငြိမ်ဖြစ်အောင် ပြောဆိုခြင်းများ၊ သတင်းမှားများ လွှင့်နေခြင်းဖြစ်ပြီး ၎င်းတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် လူထု၏ အခြေခံ စားသောက်ကုန်များ လုံလောက်စွာ ရရှိရေးကို အာရုံစိုက် လုပ်ကိုင်နေပါသည်ဟုလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

နိုင်ငံတဝှမ်းရှိ လူထုသည် စစ်တပ်က အာဏာစသိမ်းစဉ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက လူထုရွေးကောက်ခံ အစိုးရ ကို ဖမ်းဆီးခြင်း၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းခြင်းနှင့် စစ်တပ်က အုပ်ချုပ်ရေးယန္တရား ထူထောင်ခြင်းများကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

အာဏာစသိမ်းစဉ်ကလည်း စစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံနိုင်ကြောင်း ဆန့်ကျင်သည့်အနေဖြင့် လူထုက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အုပ်ချုပ်ရေးရုံးများကို သော့ခတ်သိမ်းဆည်းခြင်း၊ စစ်တပ်က ခန့်အပ်သည့် အုပ်ချုပ်ရေးမှူး အသစ်များကို ဆန့်ကျင်ဆန္ဒပြခြင်း၊ ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

စစ်အာဏာရှင် စနစ်အား ဆန့်ကျင်သူများကို စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရန် လုပ်ဆောင်ရာတွင်လည်း ရပ်ကွက်များတွင်း ပိတ်ဆို့ ဟန့်တားခြင်း၊ ဖမ်းဆီးခံရမည့်သူကို ဝိုင်းဝန်းကာကွယ်ပေးခြင်း၊ ရဲစခန်းသို့ ဖမ်းဆီး ခေါ် ဆောင်ခံရပါကလည်း ရပ်ကွက်အလိုက် လူထုက ရာနှင့်ချီ ထွက်လာ၍ ပြန်လွှတ်ပေးရန် ရဲစခန်းကို ဝိုင်းခြင်းများ ပြု လုပ်ခဲ့ကြသည်။

စစ်တပ်က အာဏာစသိမ်းစဉ် ကနဦးပိုင်းတွင် လူထုက ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကို ထူထောင်ရန် မိမိမြို့နယ်၊ ရပ်ကွက်များကို လုံခြုံရေးယူခြင်း၊ ညပိုင်း ကင်းစောင့်ခြင်းများ ပြုလုပ်ရာ စစ်ကောင်စီဘက်မှ ဝင်ရောက် ပစ်ခတ် သတ်ဖြတ်ခြင်း၊ ၎င်းတို့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာကာ ပစ်ခတ်ခြင်း များကြောင့် လူထု၏ မိမိဒေသ မိမိကာကွယ်ရေး ကိုယ်ထူကိုယ်ထ အစီအစဉ်များ ပြိုပျက်သွားခြင်း ဖြစ်သည်။

You may also like these stories:

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး

၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို

Your Thoughts …
Tags: NUGPDFစစ်ကောင်စီတော်လှန်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီတပ်များ ရွာများအတွင်းသို့ ဝင်ရောက်စီးနင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ  / CJ

အာဆီယံ၏ အပစ်ရပ် တောင်းဆိုချက် အလွန်တွင် ပစ်ခတ်မှုများ ပိုဖြစ်လာနိုင်

အရေးပေါ် မိန့်ခွန်းကြေညာခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလ

ဒါက နောက်ဆုံးတိုက်ပွဲပါ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved