• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး

by ဧရာဝတီ
6 September 2021
in သတင်း
A A
KNDF တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်  / KNDF

KNDF တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ် / KNDF

44.2k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များ အတွင်းမှ စစ်ကောင်စီ သတင်းပေးများ (ဒလန်များ) ကို သုတ် သင်ရှင်းလင်းရေး လုပ်ဆောင်သွားမည်ဟု ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်း ၁၉ က စာတစောင် ထုတ်ကာ သတိပေးပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “အခြေအနေက စစ်အင်အားတွေ ထပ်တိုးထားတယ်။ KNDF တွေ PDF တွေ ရှိတဲ့နေရာမှာ စစ်ကောင်စီကို သတင်းပေးတယ်။ ဒလန်တွေပေါ့။ အဲဒီအခြေအနေတွေကြောင့် ထုတ် ပြန်လိုက်ခြင်းပါပဲ။ ဒလန်တွေ မရှိရင်တော့ ကျနော်တို့ရှိတဲ့ နေရာတွေ စစ်ကောင်စီက သိတောင် မသိပါဘူး။ ဒလန်တွေ များတဲ့အတွက် ကျနော်တို့ ရှိတဲ့ နေရာထိ သိသွားတာမျိုးတွေကြောင့် ဒီစာထွက် လာတယ်လို့ ပြောလို့ ရပါတယ်” ဟု ပြောသည်။

RelatedPosts

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

18 June 2025
0
မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
102
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.1k

KNDF တပ်ရင်း ၁၉ ၏ သတိပေးစာထဲတွင် KNDF လက်အောက်ခံ တပ်ရင်းများသည် ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အာဏာရှင်စနစ်ဟူသမျှကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းရန်၊ အမျိုး သား တန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ထိုသို့ ဆောင်ရွက်နေချိန်တွင် စစ်ကောင်စီဘက်မှ သတင်းပေးများကြောင့် အဟန့်အတား ဖြစ်သည်များ ရှိကြောင်း ထည့်သွင်း ရေးသားထားသည်။

စစ်ကောင်စီ၏ သတင်းပေးများက တော်လှန်ရေး ရည်မှန်းချက်များကို အဟန့်အတားဖြစ်စေသည့်အပြင် စစ်အုပ်စု၏ ယန္တရား လည်ပတ်မှုနှင့် အဓမ္မအာဏာရယူမှုကို ပိုမိုခိုင်မာအောင် ကူညီပေးနေသည်ဟုလည်း KNDF တပ်ရင်း၁၉ က ဆိုသည်။

KNDF တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ် (ဓာတ်ပုံ- KNDF)

ထို့ကြောင့် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး၊ ဒလန်များကို တိကျခိုင်မာသည့် သတင်း အရင်းအမြစ်များ ရယူကာ သုတ်သင်ရှင်းလင်းသွားမည်ဟု ပြတ်သားစွာ သတိပေးပါကြောင်း KNDF တပ်ရင်း ၁၉ က သတိပေးစာ ထုတ်ထားသည်။

KNDF ၏ သတိပေးစာထဲတွင် စစ်ကောင်စီ၏ သတင်းပေးများကို ဒလန်ဟူ၍သာ သုံးနှုန်းရေးသားထားသည်။

KNDF သည် ကယားပြည်နယ်အတွင်း မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ အားလုံးကို ပြန်စုဖွဲ့ကာ တည်ထောင်ထားသည့် တပ်ဖြစ်သည်။

သြဂုတ်လအတွင်း ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များနှင့် ဘော်လခဲမြို့နယ် PDF တပ်ဖွဲ့ဝင်များ ၆ ဦး ထက် မနည်း လက် နက်ခဲယမ်းများဖြင့် ဖမ်းဆီးခံရပြီး လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အစပ်၌ လှုပ်ရှားနေ သည့် PDF ဦးဆောင်သူအချို့လည်း ဖမ်းဆီးခံထားရသည်။

ကယားပြည်နယ်တွင်း၌လည်း စစ်ကောင်စီအား သတင်းသွားပေးသူများ ရှိသဖြင့် KNDF က ဖမ်းဆီးထားလိုက်သူများ လည်း ရှိသည်ဟု သိရသည်။

ဖမ်းဆီးထားသူ ဦးရေ အရေအတွက်ကို KNDF က ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

KNDF မှ ဖမ်းဆီးထားသည့် သတင်းပေးသူများသည် စားဝတ်နေရေး မပြေလည်ခြင်းကြောင့် လုပ်ဆောင်ရပါသည်ဟု ပြောဆိုကြသည်ဟူလည်း သိရသည်။

KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ မူဝါဒက ဒလန်လည်း လူပဲ။ (၁) သတိပေးတယ်။ (၂) ပြင်းပြင်း ထန်ထန် သတိပေးတယ်။ (၃) ဆိုရင် ကိုင်တွယ် ဖြေရှင်းရတော့မယ့် အနေအထားထိ ရောက်လာတာပေါ့။ ၃ အဆင့် ဒလန်ကို မိပြီဆိုတာနဲ့ ဒလန်လို့ ယူဆရတဲ့ သတင်းပေးတယ်ဆိုတဲ့ လူရဲ့ ပြောဆိုချက်ကိုလည်း ကျနော်တို့ နားထောင်ပါတယ်။ နောက်မှပဲ ကိုင်တွယ်ဖြေရှင်းတာပါ။ ကျနော်တို့ မူဝါဒမှာ ဒလန်ကို ညှဉ်းဆဲပိုင်ခွင့် ပေးမထားတဲ့ အတွက် ဒီအတိုင်းပဲ ဖြေရှင်းပါတယ်” ဟု ပြောသည်။

သတင်းပေးသူများကို ဒလန်ဟု ယူဆသည်နှင့် သတ်ဖြတ်ခြင်းမျိုး လုပ်ဆောင်ခြင်း မရှိဟု KNDF က ပြောသည်။

အကြိမ်ကြိမ် သတိပေး မရသဖြင့် အဆင့် ၃ အရ ဖမ်းဆီးလိုက်သူများကို နောင်တွင် သတင်းပေးခြင်း ထပ်မလုပ်ရန် နှင့် လူထုတော်လှန်ရေးကို နစ်နာအောင် ထပ်မလုပ်ရန် သဘောတူညီချက်ရအောင်ယူခြင်း၊ ဖမ်းဆီးထိန်းသိမ်းထား ခြင်း လုပ်ဆောင်ပြီး လုံးဝ ညှိနှိုင်းမရဘဲ စစ်ကောင်စီအား သစ္စာခံကာ သတင်းပေးဆက်လုပ်မည်ဟု ဆုံးဖြတ်သူများ ကိုသာ နောက်ဆုံးအဆင့် အနေဖြင့် အသတ်အန္တရာယ်ပေးခြင်းကို လုပ်ဆောင်ပါသည်ဟု KNDF ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေသည့် လူထုအား ပစ်ခတ်သတ်ဖြတ်ရာ နိုင်ငံ တဝှမ်း၌ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်ကာ ဖြုတ်ချရေးအတွက် တော်လှန်ရေး တပ်ဖွဲ့သစ်များ ဖွဲ့စည်းကာ တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

ထိုသို့ လုပ်ဆောင်သည့်ထဲတွင် လူထုတော်လှန်ရေးနှင့် လှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်းကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ကို သတင်းပေးသူများအား ဒလန်ဟု သတ်မှတ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလုပ်သူများက သတိပေးခြင်း၊ အချို့ဒေသများတွင် ပစ်ခတ်သတ်ဖြတ်ခြင်းများကိုလည်း လုပ်ဆောင်လျက် ရှိသည်။

ထိုအခြေအနေများနှင့် ပတ်သတ်၍ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒလန်ဟု ခေါင်းစဉ်တပ်ခံရသူ အားလုံးသည် စစ်ကောင် စီအား ထောက်ခံသူများ မဟုတ်ကြဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကြောင့် ဒလန်ဟု စွပ်စွဲခံရခြင်း ဖြစ်သည်ဟု ပြော သည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “သတ်သွားတဲ့ သူတွေထဲမှာလည်း မကျေနပ်လို့ သတ်တာတွေ အများကြီးပါပဲ။ မကျေနပ်လို့ သတ်တာတွေ အချင်းချင်းတောင် ပြန်ပြီး တွယ်နေတာပဲ။ အသတ်ခံရတဲ့လူတိုင်းကို တပ်ထောက်ခံလို့ ဆိုပြီး တံဆိပ် ကပ်တာပါပဲ။ သတ်ခံရတဲ့ထဲမှာ တပ်မထောက်ခံတဲ့ သူတွေလည်း ပါနေတာပါပဲ” ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို သတင်းပေးသူများ၊ စစ်ကောင်စီအား ထောက်ခံသူများကို ကာကွယ်ပေးခြင်းများ ရှိမရှိ မေးမြန်းရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကာကွယ်ရေး လုပ်ဆောင်နေသည့် တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့က သီးခြား အကာ အကွယ်ပေးရေး အစီအစဉ်များ လုပ်ဆောင်ပေးခြင်း မရှိဘဲ လူထု တရပ်လုံးကိုသာ အကာအကွယ် ပေးနေပါသည် ဟု ပြောဆိုသည်။

စစ်ကောင်စီဘက်မှ ထိုသို့ ပြောဆိုသော်လည်း စစ်ကောင်စီ၏ သတင်းပေးသူများသည် မြို့တွင်းနှင့် ရပ်ကွက်များတွင် နေထိုင်သူများထဲတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားသူများ၊ ဆန္ဒပြမှုများထဲတွင် ပါဝင်သူများ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၏ နေအိမ်များကို လိုက်လံပြသခြင်း၊ စစ်ကောင်စီတပ်များ အလွယ်တကူ ဝင် ရောက် ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးခြင်းများ ပြုလုပ်လျက် ရှိသည်။

စစ်ကောင်စီသည် PDF တပ်ဖွဲ့ဝင်များ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်သူများ၏ အကြောင်းကို လူထုထဲမှ လာရောက် သတင်းပေးကြရန်လည်း ကြေညာထားပြီး လာရောက် သတင်းပေးပါက သတင်းပေးသူ၏ အမည်ကို လျှို့ဝှက်ထားပေးမည်ဖြစ်ပြီး သတင်းလာပေးသူကိုလည်း အနည်းဆုံး ကျပ်ငွေ ၅ သိန်းမှစ၍ ဆုကြေးငွေ ပေးမည်ဟု ကြေညာထားသည်။

You may also like these stories:

စစ်ကောင်စီနှင့် ပူးပေါင်းသူများအား တိုက်ခိုက်မည်ဟု တမူး PDF သတိပေး

မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာကို စစ်တပ် ပစ်ခတ် စီးနင်းပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီး

ဒီးမော့ဆို၌ စစ်တပ်က အရပ်သားများကို ဖမ်း၍ ရှေ့တန်းသို့ ချုပ်နှောင် ခေါ်သွား

Your Thoughts …
Tags: KNDFကယားဒလန်လွိုင်ကော်နှင့် ဒီးမော့ဆို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

ဖမ်းမိသည့် လေယာဉ်မှူး စကားက သေဆုံးရသူများ၏ မိသားစုများ ဒေါသကို ဆွ

by ယုဇန
18 December 2023
28.1k

သူ၏စကားများကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှတ်ချက်ပေးသူများ ဒေါသထွက်ကြပြီး လူသားချင်းစာနာမှု ကင်းမဲ့သူအဖြစ် ဝေဖန်ပြီး ဆဲဆိုကြသည်။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

စစ်ရှုံးပြီး ဩဇာကျဆင်းလာသော မင်းအောင်လှိုင် ဗျာများနေ

by Zachary Abuza
28 August 2024
16.2k

အတိုက်အခံတို့၏ စစ်ရေး အောင်မြင်မှုများသည် စစ်မြေပြင်ကို အခြေခံအားဖြင့် ပြောင်းလဲစေပြီး စစ်တပ် မည်သို့ နာလန်ထမည်ကို မှန်းဆရန် ခက်ခဲသည်။

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

by စောရယ်
3 December 2023
14.6k

လွိုင်ကော်ကို ရသွားရင် ကျန်တဲ့မြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုပါ ချေမှုန်းသွားနိုင်တော့မှာလို့ ယုံကြည်တာကြောင့် စစ်ပွဲကို ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

ကွမ်းလုံတိုက်ပွဲနှင့် ၁၀၂၇ စစ်ဆင်ရေး အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
17 November 2023
14.4k

ကွမ်းလုံတိုက်ပွဲသည် နေပြည်တော်အား ကိုင်လှုပ်လိုက်ပြီ ဖြစ်၏။ ထို့အတူ ယခင်က မြို့သိမ်းတိုက်ပွဲဟုပြောလျှင် လှောင်ပြောင်သရော်ခဲ့သူများလည်း ပါးစပ်ပိတ်သွားကြ၏။

Next Post
PDF ၁၄ ဖွဲ့ မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်

PDF ၁၄ ဖွဲ့ မဟာမိတ်ဖွဲ့ကာ စစ်ကောင်စီကို တိုက်ခိုက်မှုတွေ လုပ်ဆောင်မယ်

NLD အစိုးရလက်ထက်တွင် လာရောက် အဖမ်းခံခဲ့သည့် ဦးဝီရသူ  / ဧရာဝတီ

ဦးဝီရသူအား အမှုရုတ်သိမ်းကာ လွှတ်ပေး

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate