• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

by မျိုးပြည့်
10 January 2026
in သတင်း
A A
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

USDP မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှု တခု / USDP

260
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် စစ်တပ် လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က ကြိုတင်မဲ မသမာမှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများ ရှိနေသည်။

ထို ရွေးကောက်ပွဲ ပထမပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပါတီ နှင့် ကိုယ်စားလှယ်လောင်း တချို့က စွပ်စွဲ ပြောဆိုကြခြင်း ဖြစ်သည်။

ယင်း ကြိုတင်မဲ မသမာမှုသည် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အလားတူ ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ခဲ့ရပြီး ရှုတ်ချခံခဲ့ရသည့် ဖြစ်ရပ်မျိုး ဖြစ်သည်။

လူထုထောက်ခံမှု မရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင် USDP သည် ကျယ်ပြန့်သော ကြိုတင်မဲများဖြင့် အနိုင်ရရှိခဲ့သည်။

ထိုသို့သော မသမာမှုများကို ထပ်မံ ရင်ဆိုင်နေရသည်ဟု စစ်အုပ်စုက လက်ရှိ ပြုလုပ်နေသည့် ရွေးကောက်ပွဲဝင် ပါတီများက ပြောဆိုကြသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ် ၁၀၂ ခုတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ပြီး နေရာ အများစုကို USDP က အနိုင်ရသည်။

ဇန်နဝါရီ ၁ ရက် အထိ USDP သည် ရွေးကောက်ပွဲ ပထမပိုင်းတွင် ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် နေရာ ၁၀၂ ခုအနက် ၈၉ နေရာ (၉၀ ရာခိုင်နှုန်းနီးပါး) အနိုင်ရထားသည်။

USDP ၏ ကြိုတင်မဲ မသမာမှုများနှင့် ပတ်သက်ပြီး ပါတီ အနည်းဆုံး ၃ ခုက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထံ တရားဝင်တိုင်စာ ပေးပို့သည် ဟုလည်း သတင်းများတွင် ဖော်ပြကြသည်။

USDP ရရှိသည့် ကြိုတင်မဲများနှင့် မဲရုံသို့ နောက်ကျမှ ရောက်လာသော မဲများသည် မဲဆန္ဒနယ် တချို့တွင် ရလဒ်များကို ပြောင်းလဲသွားစေကြောင်း အမည်မဖော်လိုသည့် ကိုယ်စားလှယ်နှင့် ပါတီတချို့ကလည်း ဧရာဝတီသို့ ပြောသည်။

တနိုင်ငံလုံးတွင် ယှဉ်ပြိုင်သော ပါတီများဖြစ်သည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) (ကျားဖြူ ပါတီ)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (MFDP) နှင့် ပြည်သူ့ပါတီ (PP) တို့က USDP ကြိုတင်မဲ မသမာမှုများ ကျူးလွန်သည်ဟု စွပ်စွဲကြသည်။ ၎င်းတို့က တိုင်စာများကိုလည်း ဇန်နဝါရီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပေးပို့ တင်သွင်းခဲ့သည်။

“ကြိုတင်မဲ မသမာမှုတွေနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို တိုင်ကြားထားတယ်” ဟု SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက ဧရာဝတီသို့ ပြောသည်။

စစ်ခေါင်းဆောင်သို့ တိုင်ကြားခြင်းသည် ပိုမို ပွင့်လင်းမြင်သာမှု ဖြစ်စေမည်ဟု မျှော်လင့်ကြောင်းလည်း သူပြောသည်။

၎င်းတို့ ပါတီ၏ တိုင်ကြားမှုသည် တနိုင်ငံလုံး မဲဆန္ဒနယ်များနှင့် သက်ဆိုင်ပြီး မြို့နယ် တခုတည်း အတွက် မဟုတ်ကြောင်း သူက ဆက်ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11
စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

13 January 2026
43

MFDP ပါတီ အတွင်းရေးမှူး ဒေါ်ခင်ခင် ကလည်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲသည် လွတ်လပ် မျှတရမည်ဟု ပြောဆိုသော်လည်း ရလဒ်များသည် ထိုသို့ မဟုတ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒါကြောင့် USDP နိုင်ပြီး ကျမတို့ ပါတီက ကြိုတင်မဲ တမဲမှ မရဘူး” ဟုလည်း သူက ပြောဆိုသည်။

ကြိုတင်မဲများကြောင့် ရလဒ် ပြောင်းလဲသွားသည့် မြို့နယ် ၆ ခုကို နှိုင်းယှဉ်ပြထားသည့် ဇယား

ကြိုတင်မဲ ပေးသူ အရေအတွက်၊ မည်သည့်အချိန် မည်သည့်နေရာတွင် မဲပေးသည်နှင့် ပတ်သက်ပြီး သတင်း အချက်အလက် မရကြောင်းလည်း သူက ရှင်းပြသည်။

အဆိုပါ ကြိုတင်မဲ မသမာမှုနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီ အကြီးအကဲ ဦးကိုကိုကြီး အပါအဝင် ပါတီ ခေါင်းဆောင်များကို ဧရာဝတီက မှတ်ချက် တောင်းသော်လည်း တုံ့ပြန် ဖြေကြားခြင်း မရှိပေ။

မွန်ညီညွတ်ရေး ပါတီဝင် တဦးကလည်း “ကျနော်တို့က ကျေးလက်ဒေသတွေနဲ့ မြို့မှာ USDP ထက် မဲပိုရတယ်။ ညနေ ၅ နာရီမှာ မဲရုံပိတ်တော့ သူတို့ပါတီထက် မဲ ၃၀၀၀ ပိုရနေတယ်။ ည ၁၁ နာရီမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် မှာ ကျနော်တို့ အနိုင်ရပေမယ့် USDP က ပြည်နယ် လွှတ်တော်မှာ နောက်ကျမဲနဲ့ အနိုင်ရတယ်”ဟု ပြောပြသည်။

ကြိုတင်မဲများ မရပါက USDP သည် ရှမ်ပြည်နယ် မူဆယ်တွင် SNDP ကို လည်းကောင်း၊ တနင်္သာရီတိုင်း မြိတ်တွင် ပြည်သူ့ပါတီ ကို လည်းကောင်း၊ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် ရခိုင့်ရှေ့ဆောင် ပါတီ (AFP) ကို လည်းကောင်း ရှုံးနိမ့်ကြောင်း ဧရာဝတီက လေ့လာ သိရှိရသည်။

USDP သည် ကချင်ပြည်နယ် မိုးညှင်းတွင် ရှမ်းနီ သွေးစည်းညီညွတ်ရေး ပါတီ (SSP) ကိုလည်းကောင်း၊ ကရင်ပြည်နယ် ဘားအံတွင် ကရင်အမျိုးသား ဒီမိုကရက်တစ် ပါတီ (KNDP) ကိုလည်းကောင်း၊ ချင်းပြည်နယ် တီးတိန်တွင် ဇိုမီး အမျိုးသား ပါတီ (ZNP) သို့ လည်းကောင်း ရှုံးနိမ့်ခဲ့ကြောင်းလည်း စစ်ကော်မရှင် ထုတ်ပြန်သည့် ပြည်သူ့လွှတ်တော် ရလဒ်များအရ သိရသည်။

USDP ပြောခွင့်ရသူ ဦးလှသိန်းကမူ သူ၏ ပါတီ ရရှိသော ကြိုတင်မဲများသည် ဥပဒေနှင့် ညီကြောင်း ပြောသည်။

“ကြိုတင်မဲပေးတာနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိပါတယ်။ ကျနော်တို့ ပါတီကတော့ မှတ်ချက် မပေးနိုင်ပါဘူး”ဟု ဦးလှသိန်းက ဧရာဝတီသို့ ပြောသည်။

ကျေးရွာနှင့် ရပ်ကွက်အဆင့် ရွေးကောက်ပွဲ ကော်မရှင်ခွဲများက ကြိုတင်မဲများကို ကောက်ခံခြင်း ဖြစ်ကြောင်းလည်း သူက ပြောသည်။

လုပ်ထုံးလုပ်နည်းများအရ တိုင်ကြားလိုသော ပါတီများသည် ရွေးကောက်ပွဲကော်မရှင် (UEC) သို့ တိုင်ကြားသင့်ပြီး စစ်ခေါင်းဆောင်ထံ မတိုင်ကြားသင့်ကြောင်းလည်း သူက ဆက်ပြောသည်။

သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် USDP သည် အနိုင်ရရန် ကြိုတင်မဲများကို အသုံးချသည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံထားရသည်။

ထိုစွပ်စွဲ ပြောချက်များသည် ရွေးကောက်ပွဲဝင် ပါတီများက ရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည် မရှိကြောင်း ပြသနေခြင်း ဖြစ်သည်ဟု အတုအယောင် ရွေးကောက်ပွဲ ခြေရာခံ စောင့်ကြည့်ခြင်း (SET) အဖွဲ့ဝင်တဦးက ပြောဆိုသည်။

“ကြိုတင်မဲ ရေတွက်ရာမှာ USDP အဖွဲ့ဝင်တွေ ပါနေတယ် ဆိုတဲ့ စွပ်စွဲချက်ကိုလည်း တွေ့နေရတယ်” ဟုလည်း SET အဖွဲ့ဝင်က ပြောသည်။

ထိုအချက်များက ကြိုတင်မဲ လုပ်ငန်းစဉ် တခုလုံး၏ တရားဝင်မှုကို မေးခွန်း ထုတ်စရာ ဖြစ်စေသည်ဟု လေ့လာသူ တဦးကလည်း ပြောဆိုသည်။

ကြိုတင်မဲများကြောင့် ရလဒ် ပြောင်းလဲသွားသည့် မြို့နယ် ၆ ခုပြ မြေပုံ

Data for Myanmar ၏ သုတေသနအရ USDP သည် ရွေးကောက်ပွဲ ပထမပိုင်း၌ ပါဝင်သည့် မြို့နယ် ၈၁ မြို့နယ်တွင် ပါတီ အားလုံးထက် ကြိုတင်မဲ အများဆုံး ရကြောင်း သိရသည်။

USDP သည် ကရင်ပြည်နယ် သံတောင်ကြီးတွင် ကြိုတင်မဲ ၈၃ ဒသမ ၁ ရာခိုင်နှုန်း၊ ကရင်နီ (ကယား) ပြည်နယ် ဘော်လခဲတွင် ၇၈ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် ချင်းပြည်နယ် ဟားခါးတွင် ၅၁ ဒသမ ၈၂ ရာခိုင်နှုန်း ရကြောင်း Data for Myanmar က ထောက်ပြသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင်တော့ UEC က ကြေညာချက် တစောင် ထုတ်ပြန်ပြီး ပထမပိုင်းမှ ကြိုတင်မဲများ အားလုံးသည် ဥပဒေနှင့် ညီကြောင်း ပြောဆိုခဲ့သည်။

နောက် ၃ ရက်ကြာသော အခါ UEC သည် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံပြီး ၎င်းတို့သည် ကြိုတင်မဲ လုပ်ငန်းကို ပွင့်လင်းမြင်သာ တိကျစွာ လုပ်ဆောင်ခဲ့ကြောင်းလည်း ရှင်းပြသည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဒုတိယပိုင်း နှင့် တတိယပိုင်း များကို ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် ဆက်လက်ပြုလုပ်ရန် စစ်ကော်ရှင် စီစဉ်နေသည့်တိုင် နိုင်ငံရေးပါတီများက ရွေးကောက်ပွဲ ပထမပိုင်း၏ လွတ်လပ် မျှတမှုကို မေးခွန်းများ ထုတ်နေကြဆဲ ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲကို အနောက်နိုင်ငံ အများအပြား အပါအဝင် အတိုက်အခံ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် တော်လှန်ရေး အင်အားစုများက စစ်အုပ်စု တရားဝင်ရန် ရည်ရွယ်သည့် အတုအယောင် ရွေးကောက်ပွဲ အဖြစ် ရှုတ်ချ ထားကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Myo Pyae ၏ Same Old Playbook? USDP Accused of Repeating 2010 Advance-Vote Cheating ကို ဘာသာပြန်သည်။)

You may also like these stories:

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

စစ်အာဏာ အသက်ဆက်ဖို့ အကွက်ချထားတဲ့ ရွေးကောက်ပွဲ

Your Thoughts …
Tags: Data for MyanmarSNDPUECUSDPစစ်ကော်မရှင်ပထမပိုင်းမဲမသမာမှုရွေးကောက်ပွဲ
မျိုးပြည့်

မျိုးပြည့်

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

Next Post
စစ်အာဏာ အသက်ဆက်ဖို့ အကွက်ချထားတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်အာဏာ အသက်ဆက်ဖို့ အကွက်ချထားတဲ့ ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved