ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာအာဏာရှင်ခေါင်းဆောင်တွေရဲ့ ခြေရာကို နင်းဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ စစ်ခေါင်းဆောင်ရဲ့ အစီအမံသာ ဖြစ်တယ်။ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ထာဝရ အာဏာချုပ်ကိုင်ထားဖို့ ကြိုးပမ်းမှုလည်း ဖြစ်တယ်။
အာဏာရှင်တွေဟာ အတုအယောင်ရွေးကောက်ပွဲတွေ ကျင်းပလိုက်၊ အတိုက်အခံတွေကို ဖိနှိပ်လိုက်နဲ့ အာဏာသက်တမ်းဆက်လေ့ရှိကြတယ်။ ကျင်းပတဲ့ ရွေးကောက်ပွဲတိုင်း မနိုင် နိုင်အောင် ညစ်ပတ်လေ့ရှိကြတယ်။ အာဏာရှင်အားလုံးရဲ့ ထောက်တိုင်က စစ်တပ်ပဲ ဖြစ်တယ်။
ကြိုတင်စည်းဝါးရိုက် အကွက်ချထားတဲ့ ဒီရွေးကောက်ပွဲအပြီးမှာ စစ်ခေါင်းဆောင် မျှော်လင့်သလို အခြေအနေကို ရောက်လာမှာလား။ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးရှုခင်းက စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #မင်းအောင်လှိုင် #စစ်အာဏာရှင် #Election #WhathappensInMyanmar













