• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာသိမ်းပြီးနောက် ထိုင်းရောက် မြန်မာလုပ်သားများ အခွင့်အရေးချိုးဖောက်ခံရမှု ပိုဆိုးလာဟုဆို

by ဧရာဝတီ
3 May 2022
in သတင်း
A A
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ဘန်ကောက်မြို့၌ ဆန္ဒပြစဉ် ( / ဓာတ်ပုံ/ထိုင်းရောက်မြန်မာလုပ်သားများ

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ဘန်ကောက်မြို့၌ ဆန္ဒပြစဉ် ( / ဓာတ်ပုံ/ထိုင်းရောက်မြန်မာလုပ်သားများ

8.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သားများ အလုပျသမား အခှငျ့အရေးခြိုးဖောကျခံရမှု အခွအေနပေိုဆိုးလာကွောငျး ဘန်ကောက်အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။

ဦးအောင်ကျော် က “စစ် အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာလုပ်သားတွေရဲ့ အနေအထားဟာ မိခင်မဲ့တဲ့ သားသမီးတွေပုံစံမျိုး ဖြစ်သွား တာပေါ့။ နဂိုက မြန်မာနိုင်ငံမှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေကတဆင့် ပေါ်ပေါက်လာခဲ့တဲ့ အရပ်သား အစိုးရ ရှိနေတယ်။ ထိုင်းအစိုးရကလည်း နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကြည့်ပြီးတော့မှ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တာ ဖြစ်တယ်။ အခုအချိန်မှာ နိုင်ငံကို ကိုယ်စားပြု၊ ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရ မရှိတော့တဲ့နောက် ပိုင်း ထိုင်းမှာရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကလည်း အတော့်ကို ဆိုးရွားတဲ့ အနေအထား။ လူသားဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံခြင်းတွေ မခံရတော့ဘူးပေါ့” ဟု ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် ယခင်ကထက် ခွဲခြားဆက်ဆံခံရမှုများ တိုးလာခြင်း၊ အလုပ်ထုတ်ခံရပါက နစ်နာကြေးများ မရရှိခြင်း၊ သက်တမ်းတိုးသည့်အခါ ထိုင်းအာဏာပိုင်များက သတ်မှတ်ငွေကြေးထက် ပိုမိုတောင်း ခံခြင်းတို့ ကြုံတွေ့နေရကြောင်း အလုပ်သမားတချို့က ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်းလုပ်သားတဦးက “အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာ ကတော့ ထိုင်းနိုင်ငံရဲ့ဘုရင်မွေးနေ့လို အခါကြီးရက်ကြီး ရုံးပိတ်ရက်တွေမှာတောင် ကျမတို့ မြန်မာတွေအတွက် အကျုံး မဝင်ပါဘူး။ ပိတ်ဖို့မပြောနဲ့ လုပ်ခ နှစ်ဆတောင် မရဘူး။ ဘောနပ်ဆိုတာ အိပ်မက်တောင် မမက်ရဲဘူး။ လုပ်ခလစာ ဆိုရင်လည်း အစိုးရက အလုပ်ရှင်ကို ကာကွယ်ပြီးတော့ နေသာသလိုနေကြတာ။ မတောင်းရင် မတိုးပေးဘူး” ဟု ပြောသည်။

ထို့အတွက် ပြီးခဲ့သည့် မေ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ (မေဒေး) တွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ချိုးဖောက်ခံနေရသည့် အခွင့်အရေးများအတွက် ဘန်ကောက်မြို့၌ စုပေါင်းစုဝေးကာ တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် အလုပ်သမားများက ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် ရရန်၊ တရက်လုပ်အားခ ၄၉၂ ဘတ် တိုးမြှင့်ပေးရန်၊ ထိုင်းအာဏာပိုင်များ၏ ရွှေ့ပြောင်းလုပ်သားများထံမှ ငွေကြေး မတရားတောင်းဆိုမှုများ ရပ်တန့်ပေးရန်၊ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများအတွက် မီးဖွားခွင့် ရက်ပေါင်း ၉၀ မှ ရက် ပေါင်း ၁၈၀ သို့ ပြောင်းလဲသတ်မှတ်ပေးရန် စသည့်အချက်များ အပါအဝင် ၁၄ ချက်ကို ထိုင်းအလုပ်သမားဝန်ကြီး ထံ တောင်းဆိုခဲ့ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သူတဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ဘန်ကောက်မြို့၌ ဆန္ဒပြစဉ် (ဓာတ်ပုံ/ထိုင်းရောက်မြန်မာလုပ်သားများ)

အဆိုပါ တောင်းဆိုချက်များအား ထိုင်းအလုပ်သမားဝန်ကြီး၏ ကိုယ်စားလှယ်က လက်ခံပေးခဲ့ပြီး အကောင်းဆုံး ပြန် လည် ညှိနှိုင်းပေးမည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတဦးက “လုပ်သားတွေအတွက် အကျိုးကျေးဇူးဖြစ်စေမယ့် အချက်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒါကိုတော့ ထိုင်းဝန်ကြီးချုပ်ကို လိပ်မူပြီး စာရေးထားတယ်။ ကိုယ်စားလှယ်တွေနဲ့တဆင့် လက်ခံသွား တယ်။ တောင်းဆိုထားတဲ့ အချက်တွေကိုလည်း လက်ခံတယ်။ ဒီအချက်တွေကိုလည်း အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဆွေးနွေးပြီး အကြောင်းပြန်မယ်လို့ ပြောသွားတယ်” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းလုပ်သားများက မြန်မာနိုင်ငံ၌ စုဝေးဆန္ဒပြခွင့်မရသည့် အလုပ်သမား ထု၏ အသံကိုလည်း ကိုယ်စား ထုတ်ဖော်ဆန္ဒပြပေးခဲ့ကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့က ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားများက အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်နေသည့် စစ်ကောင်စီကို လက်မခံကြောင်းပြသခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်များ၏ ဓာတ်ပုံများကို ခြေထောက်ဖြင့် တက်နင်း၍ ဆန္ဒပြခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ ဘန်ကောက်မြို့၌ ဆန္ဒပြစဉ် (ဓာတ်ပုံ/ထိုင်းရောက်မြန်မာလုပ်သားများ)

ထို့အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် အရပ်သား အစိုးရကိုသာ လက်ခံကြောင်း နှင့် နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့ ကျန်းမာစေရန် ဆုတောင်းကြပြီး စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအောက် အလုပ်သမားအရေး ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသလို နွေဦးတော်လှန်ရေးတွင် ပါဝင်သည်ဟူသော အကြောင်းပြ ချက်ဖြင့် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတချို့ ဖမ်းဆီးခံထားရပြီး တချို့မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ အထူးသဖြင့် အခြေခံလုပ်သားများအနေဖြင့် အခွင့်အရေးများ ချိုးဖောက်ခံနေရသော် လည်း တိုင်ကြားစရာယန္တရားများ ပျက်ယွင်းနေသလို ကိုယ်စားပြု ကူညီဆောင်ရွက်ပေးမည့်သူများလည်း မရှိရာ စစ် အာဏာသိမ်းမှုအောက် အသံတိတ်နေရကြောင်း ပြည်တွင်းမှ အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ လူဦးရေ ၁ ဒသမ ၆ သန်းမှာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပြီး မြန်မာနိုင်ငံ၏ လူဦးရေ တဝက်ကျော် ဖြစ်သည့် ၂၅ သန်းကျော်မှာလည်း ငတ်မွတ်ဘေး ကြုံနေရသည်ဟု ဆိုသည်။
ထို့ပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြဿနာများကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုမှာလည်း စံချိန်တင် မြင့်တက်လျက် ရှိကြောင်း သိရသည်။

You may also like these stories:

ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ

ထိုင်းရှိ MoU လုပ်သား ၁ သိန်းကျော်ကို ၂ နှစ် သက်တမ်းတိုးခွင့်ပြု

ထိုင်းနယ်စပ်တွင် တရားမဝင် ဝင်လာသည့် မြန်မာ ၂၀၀၀ ကျော်ဖမ်းမိ

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုထိုင်းအစိုးရရွှေ့ပြောင်းလုပ်သားအခွင့်အရေးချိုးဖောက်ခံရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်ခြင်းများ ဆက်တိုက် ဖြစ်လာနေဦးမည် ဖြစ်သည် / AFP

ဝန်ကြီးပြောင်းလည်း လျှပ်စစ်မီးမှန်အောင် မပေးနိုင်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ အထူးကိုယ်စားလှယ် တွေ့ခွင့်မရနိုင် ဟု NLD ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved