• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာ ၈ သောင်းခန့် အဖမ်းခံခဲ့ရ

by ဧရာဝတီ
30 April 2022
in သတင်း
A A
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ / วันนี้ที่แม่สอด อ.แม่สอด

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ / วันนี้ที่แม่สอด อ.แม่สอด

15.1k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း အလုပ်အကိုင်ရှားပါးမှု၊ အသက်ဘေးအန္တရာယ် စိုးရိမ်ရမှုများကြောင့် အိမ်နီးနားချင်းနိုင်ငံများသို့ ထွက်ခွာလာကြသည့် လူငယ်လူရွယ်များ အပါအဝင် မြန်မာနိုင်ငံ သား သောင်းနှင့်ချီ ဖမ်းဆီးခံခဲ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်နေသူများထံမှ သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ နှစ်ကုန်ပိုင်းထိ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် ဖမ်းဆီးခံရသူ ၆၀၀၀၀ နှင့် ၈၀၀၀၀ ကြားရှိခဲ့ပြီး ၂၀၂၂ ဇန်နဝါရီမှ ဧပြီအတွင်း ၁၂၀၀၀ ခန့် ဖမ်းဆီး ခံခဲ့ရကြောင်း ထိုင်းနိုင်ငံနယ်ခြားစောင့်တပ်၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

ထိုအရေအတွက်သည် အဖမ်းမခံရဘဲ လွတ်မြောက်သွားသည့် အရေ အတွက်ထက် ၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများကခန့်မှန်းသည်။

မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာနိုင်ငံ မှာ ၁၈ နှစ်နဲ့ ၃၀ ကြား လူငယ်တွေ၊ ၃၀ နဲ့ ၄၀ ကြား လူလတ်တွေရောက စစ်ကောင်စီရဲ့ သွားရင်လည်းသွားလို့၊ စား ရင်လည်းစားလို့၊ သွားလာလှုပ်ရှား အသက်မွေးဝမ်းကြောင်းတွေ အားလုံးမှာ အဓမ္မဖိအားပေးစေခိုင်းတာတို့၊ မလိုလား အပ်တဲ့ ဟိုလူနဲ့ဆက်သွယ်တယ်၊ ဒီလူနဲ့ ဆက်သွယ်တယ်ဆိုပြီး ညှဉ်းပန်းနှိပ်စက်လို့ အသက်ဘေးကနေ ထွက်ပြေး တာပေါ့။ အဲဒီအချက်တွေနဲ့ အိမ်နီးချင်းနိုင်ငံကို ရောက်လာတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ တရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးခံရသူများကို ထိုင်းနိုင်ငံအတွင်းရှိ အချုပ်ခန်းများတွင် ၄၅ ရက်ကြာ ထားရှိပြီးနောက် မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအခြေအနေများ၏ နောက်ဆက်တွဲ စီးပွားရေးအကျပ်အတည်း များ၊ လုံခြုံရေးအာမခံချက် နည်းပါးလာခြင်းတို့ကြောင့် ပွဲစားများမှတဆင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ဝင်ရောက်လာမှုမှာ စံချိန်တင်ဖြစ်နေပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများ များပြားလာနေခြင်း ဖြစ်ကြောင်း အလုပ်သမားရေး ဆောင် ရွက်သူများက သုံးသပ်ကြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ – วันนี้ที่แม่สอด อ.แม่สอด)

ပြီးခဲ့သည့် ဧပြီ ၂၇ ရက်က တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်အတွင်း ဂေါ်ဖီထုပ်များ သယ်ဆောင်လာသည့် ကား အတွင်း မြန်မာနိုင်ငံသား ၁၄ ယောက် ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၂၈ ရက်တွင်လည်း တာ့ခ်ပြည်နယ်အတွင်း မြန်မာနိုင်ငံနှင့် နယ်စပ်ထိစပ်နေသည့် မြို့နယ် ၅ မြို့နယ်က မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက် သယ်ဆောင်လာသည့် ကား ၈ စီးမှ မြန်မာနိုင်ငံသား ၁၅၄ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“တရားမဝင် ဝင်ရောက်လာလို့ဆိုပြီး ဖမ်းဆီးခံရတဲ့သူတွေဟာ လူ့ဂုဏ်သိက္ခာ ကျဆင်းတာကို တွေ့ရတယ်။ အောက်တွေမှာ ထိုင်ခိုင်းထားတယ်။ ဂေါ်ဖီထုပ်တွေကြားထဲ ထည့်ထားတယ်။ အသက်အန္တရာယ်အရလည်း အများကြီး ရှိနိုင်တယ်။ ဒါက ဘာကိုပြနေလဲဆိုရင် ကိုယ့်နိုင်ငံမှာ တကယ်ပဲ အလုပ် အကိုင်အခွင့်အလမ်း အခြေအနေတွေ၊ အသက်ရှင်ရပ်တည်ဖို့ လုံခြုံမှုအခြေအနေတွေဟာ တကယ်ပဲ ပျက်ယွင်းနေပြီ ဆိုတာကို ထောက်ပြတဲ့ အခြေအနေတွေပါပဲ။ အဲဒါကြောင့်မို့ အလုံးအရင်းနဲ့ ဝင်ရောက်လာတာလို့ သုံးသပ်လို့ရပါ တယ်” ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ ဦးမိုးကျော်က ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ထိုသို့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသူအများစုမှာ အသက် ၁၈ နှစ်မှ ၃၀ အရွယ်များဖြစ်ကြပြီး လူနည်းစုမှာ အသက် ၃၅ နှစ်နှင့် အထက်များ ဖြစ်ကြကြောင်း၊ ၎င်းတို့မှာ ပွဲစားများကို ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၃၀၀၀၀ ထိ ပေး၍ လာရောက်ကြရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ – วันนี้ที่แม่สอด อ.แม่สอด)

ဦးမိုးကျော်က “ဖွံ့ဖြိုးဖို့အားယူနေတဲ့ နိုင်ငံတနိုင်ငံဟာ ဒီကပ်ရောဂါတွေ၊ စစ်အာဏာသိမ်းမှုတွေ တဆက်ထဲ ဖြစ်လာတဲ့ အချိန်မှာ အလုပ်သမားလူတန်းစားဟာ တော်တော်ကိုခံရပါတယ်။ စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေး၊ လုံခြုံရေး စတဲ့ အာမခံချက်တွေ နည်းလာတဲ့အခါမှာ အဲဒီ အကြောင်းအချက်တွေကြောင့် အိမ်နီးနားချင်း နိုင်ငံတွေကို အလုပ် လုပ်ကိုင်ဖို့အတွက် တွန်းပို့လိုက်တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံမှ တခြားသောနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေ ၅ သန်း ရှိသည့်အနက် ထိုင်းနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်သူ ၃ ဒဿမ ၅ သန်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထား သည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသည့် ရွှေ့ပြောင်းလုပ်သားတဦးက “ကျနော်တို့ မဖြစ်မနေအခြေအနေမို့ လို့သာ ကိုယ့်နိုင်ငံကနေ ခဏလာခဲ့ရတာ။ ဒါလည်း ခဏပါပဲ။ ကျနော်တို့ကိုယ်တိုင် လွတ်မြောက်လာတယ်ဆိုပေမယ့် တူတူလာကြတဲ့သူတွေထဲမှာ ဖမ်းခံရတဲ့သူတွေ၊ မြန်မာပြည်ထဲကို ပြန်ရောက်သွားတဲ့လူတွေ ရှိခဲ့တယ်။ ဖြစ်နိုင်ရင် ကိုယ့်နိုင်ငံထဲမှာ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ပဲ ကျင်လည်ချင်တာပေါ့ဗျာ” ဟု ပြောသည်။

ထိုင်းနိုင်ငံအစိုးရက လုပ်ငန်းလိုအပ်ချက်အရ မြန်မာနိုင်ငံမှ လုပ်သား ၁ သိန်းကျော်ကို MoU (Memorandum of Understanding) စနစ်ဖြင့် ခေါ်မည့်လုပ်ငန်းစဉ်မှာ ဖြစ်မလာသေးသည့်အတွက် MoU ဖြင့် လာရောက်ရန် ရည်ရွယ် ထားသူ အများစုမှာလည်း တရားမဝင် နည်းလမ်းများဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ထိုင်းရှိ MoU လုပ်သား ၁ သိန်းကျော်ကို ၂ နှစ် သက်တမ်းတိုးခွင့်ပြု

တပတ်ကျော်အတွင်း ထိုင်းသို့ တရားမဝင် ဝင်ရောက်သူ ၇၀၈ ဦး ဖမ်းခံရ

ထိုင်းနယ်စပ်တွင် တရားမဝင် ဝင်လာသည့် မြန်မာ ၂၀၀၀ ကျော်ဖမ်းမိ

Your Thoughts …
Tags: စစ်တပ်တရားမဝင်ထိုင်းနိုင်ငံရွှေ့ပြောင်းလုပ်သားအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

Next Post
သဟိဂ်မြို့ တွင် တွေ့ရသော ဦးကိုကိုလှိုင်နှင့် ကွယ်လွန်သူ နိုင်ငံရေးကာတွန်းဆရာ ဟန်လေး၏ သရုပ်ဖော်ပုံ

ဦးကိုကိုလှိုင် ဘယ်သူလဲ

သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved