• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Obituary

အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

by စောလွင်
14 May 2024
in Obituary, သတင်း
A A
အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှု (သို့) KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

၂၀၂၄ မတ်လတွင် NUG က ထုတ်ပြန်ခဲ့သော စစ်ကောင်စီထံမှ သိမ်းပိုက်ရထားသည့် ဘွမ်ရေဘွမ့်တပ်စခန်းကို KIA ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ အတူသွားရောက် ကြည့်ရှုခဲ့ပုံများ

2.7k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/ KIA) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသည်းရောဂါဝေဒနာဖြင့် မေ ၁၃ ရက်၊ ည ၆ နာရီခွဲခန့်တွင် ကချင်ပြည်နယ် လိုင်ဇာြမို့၌ ကွယ်လွန်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခဲ့ခြင်းသည် ကချင်အမျိုးသားထုအတွက်သာမက မိမိတို့တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှာ မစွမ်းသာသော ဆုံးရှုံးမှုကြီးဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝမ်းနည်းကြောင်း ယနေ့ ထုတ်ပြန်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် (၁) စစ်ဒေသကို မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ပြီး စုဖွဲ့ကွပ်ကဲခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးသည် အမှတ် (၁) စစ်ဒေသ နယ်မြေအတွက်သာမက ၂၀၂၁ နွေဦးတော်လှန်ရေး၏ ခုခံတွန်းလှန်စစ်အတွက် အထူးအရေးပါသည့် ဦးဆောင်မှုပြုခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ပြည်သူ့တော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နှင့်လူထုအတွက် အဖိုးမဖြတ်နိုင်သည့် တော်လှန်ရေးတာဝန်များကို ဦးဆောင်သယ်ပိုးထမ်းရွက်ခဲ့သည့် တပ်မှူးကောင်းကြီးတဦးဖြစ်ကြောင်း NUG က အလေးအနက်ပြု မော်ကွန်းတင် ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် စစ်ရေးကို အထူးစိတ်ဝင်စား ဝါသနာပါသူဖြစ်ပြီး အတွေ့အကြုံများစွာရှိသူတဦး ဖြစ်သည်ဟုလည်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
61
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
18
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
46

၎င်းက “တိုက်ပွဲတွေမှာ ရွတ်ရွတ်ချွံချွံ ပါဝင်ခဲ့တယ်။ စစ်ရေးဖြတ်ထိုးဥာဏ်ကောင်းတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်” ဟု ဆိုသည်။

၁၉၈၈ ခုနှစ်တွင် KIA တပ်ဖွဲ့ဝင်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ၂၀၁၆ ၌ KIA ဒုတိယစစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၂၃ တွင်မူ KIA စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဂမ်ရှောင်၏နေရာ၌ အစားထိုးခန့်အပ်ခံခဲ့ရသည်။

၂၀၂၄ မတ်လတွင် NUG က ထုတ်ပြန်ခဲ့သော စစ်ကောင်စီထံမှ သိမ်းပိုက်ရထားသည့် ဘွမ်ရေဘွမ့်တပ်စခန်းကို KIA ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ အတူသွားရောက် ကြည့်ရှုခဲ့ပုံများ

လူကဲခတ်အင်မတန်ကောင်းသလို ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သည့် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ဆုံးဖြတ်ချက် ပြတ်သားသူတဦး ဖြစ်သည်ဟုလည်း ၎င်းနှင့်ရင်းနှီးသည့် ကချင်အမျိုးသားတဦးက ပြောသည်။

၎င်းက “ဖြတ်ထိုးဥာဏ် အင်မတန်ကောင်းတယ်။ စစ်စည်းကမ်း၊ စစ်ပုံမကျရင် အရာရှိကြီးငယ်မရွေး ဆုံးမတတ်တယ်။ လုပ်ရဲကိုင်ရဲတဲ့ ‘ဇ’ ရှိတယ်။ မိတ်ဆွေတွေထံ အကြံဥာဏ် တလေးတစား တောင်းတတ်သူပါ။ သူရဲ့ လက်နက်ကိုင် ဒဿန ကတော့ သေနတ်ပိုင်ရှင်ဟာ ပြည်သူဖြစ်လို့ ပြည်သူလိုလားတဲ့အတိုင်းပဲ ဖြစ်ရမယ်ဆိုတာပါပဲ” ဟု ဆိုသည်။

လက်ရှိ အာဏာသိမ်းကာလအတွင်း၌ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ရေးအောင်မြင်မှုများစွာရရှိအောင် ဦးဆောင်ကွပ်ကဲမှုပေးနိုင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားခြင်းသည် တော်လှန်ရေးအတွက် ဆုံးရှုံးမှုကြီးမားကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အမှတ် (၁) စစ်ဒေသ လက်အောက်ရှိ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတာတိုက်နယ်မှ ကာကွယ်ရေးတပ် ဒုခေါင်းဆောင် အိန်ဂျလာက “ကျမတို့နယ်ရဲ့ စစ်ရေးအခြေအနေ၊ စစ်ကြောင်းအင်အားတွေ မေးတယ်။ သူမေးတာတွေ အကုန်ဖြေပြီးတော့ သူကိုင်ထားတဲ့ လက်နက်ကြီး တာဝေးပစ် 40 mm ဗုံးသီးနဲ့ ထည့်ပစ်ရတဲ့ဟာကို ပေးခဲ့တယ်။ ဒါ ငါ့ရဲ့ သက်စောင့် ကိုင်တဲ့ ဟာတဲ့။ တနှစ်ကျော်ပြီ ကိုင်လာတာ မင်းတို့နယ်အတွက် ပေးလိုက်မယ်ဆိုပြီးပေးခဲ့တာ” ဟု ပြောသည်။

၂၀၂၃ ဇန်နဝါရီ ၂၄ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခဲ့စဥ် လက်ဆောင်ရခဲ့သည်ကို အိန်ဂျလာက ပြန်လည်ပြောပြခြင်း ဖြစ်သည်။

လက်အောက်ငယ်သား တပ်ဖွဲ့ဝင်များအပေါ် ရင်းနှီးနွေးထွေးစွာ ဆက်ဆံတတ်ပြီး အတွေ့အကြုံနှင့်ချီ၍ ပြောဆိုသည့် အားပေးစကားများကြောင့်လည်း တပ်ဖွဲ့ဝင်များ အားဖြစ်ရသည်ဟု အိန်ဂျလာက ဆိုသည်။

အမှတ် (၁) စစ်ဒေသအတွင်း တွေ့ရသည့် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း

၎င်းက “အလုပ်ကြိုးစား လုပ်ကိုင်ကြဖို့၊ စိတ်ဓာတ်မကျဖို့၊ အဖွဲ့အစည်းနဲ့ လုပ်ကိုင်ဆောင်ရွက်ရတာမို့ စိတ်ရှည်ကြဖို့ ပြောတယ်” ဟု ဆိုသည်။

နှစ်ပေါင်း (၃၅) နှစ်ကျော် ဖြတ်သန်းခဲ့သည့် တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်ပြည့်ဝသော ဒုတိယဗိုလ်ချုပ်ကြီးသည် အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှုအတွက် ကြိုးပမ်းတိုက်ပွဲဝင်မှု တာဝန်အသီးသီးကို ကျေပွန်သည်ထက် များစွာပိုလွန်ကာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း NUG က ဆိုထားသည်။

ထို့ပြင် NUG အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်ခဲ့သည့် စစ်ရေးကဏ္ဍကို အကောင်းမွန်ဆုံးဖြစ်အောင် ဆက်လက် ထိန်းသိမ်းမြှင့်တင်သွားမည်ဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း မျှော်ရည်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သစ်ကြီးကို အစောလျင်ဆုံး ပုံဖော်တည်ဆောက်နိုင်ရန်အတွက်လည်း အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။

လက်ရှိ တော်လှန်ရေးကာလ မပြီးဆုံးသေးမီအချိန်၌ ကွယ်လွန်ခဲ့ရသော ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ဦးဆောင် ကွပ်ကဲမှုများကို ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အမြဲအမှတ်ရနေမည်ဟုလည်း အိန်ဂျလာက ပြောသည်။

“ကွပ်ကဲတယ်ဆိုတာ စာရွက်လှန်ပြီး ကွပ်ကဲလို့မရဘူး။ ရင်ဘတ်နဲ့ ကွပ်ကဲရတယ်” ဟုလည်း စစ်ဆင်ရေးတခုအတွင်း ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ပြောခဲ့သည့် စကားတခွန်းကို သူက အမှတ်ရစွာြဖင့် ပြန်လည်ပြောပြသည်။

You may also like these stories:

မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ

ဆင်ဘိုကိုသိမ်း၍ ဟိုပင်၊ မိုးညှင်းအား KIA ခြိမ်းခြောက်

ဗိုလ်ချုပ်ကြီး ဂမ်ရှောင် KIO ဥက္ကဋ္ဌ ဖြစ်လာ

Your Thoughts …
Tags: KIANUGကချင်အမျိုးသားထုကွယ်လွန်စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းနွေဦးတော်လှန်ရေးအမှတ် (၁) စစ်ဒေသ
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ပုလောတွင် တိုက်ပွဲပြင်းထန် ဒေသခံ ၁ ထောင်ခန့် ပိတ်မိနေ

ပုလောတွင် တိုက်ပွဲပြင်းထန် ဒေသခံ ၁ ထောင်ခန့် ပိတ်မိနေ

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved