• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ

by ဧရာဝတီ
7 May 2024
in သတင်း
A A
မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ

ဧရာဝတီတံတား (စင်းခန်း) လုံခြုံရေးစခန်း သိမ်းပိုက်အပြီး တွေ့ရသည့် KIA နှင့် ပူးပေါင်းတပ်များ / Kachin Mountain)

4.5k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) တို့က မံစီ၊ မိုးမောက်နှင့် ဧရာဝတီမြစ်ကူးတံတားရှိရာ စင်းခန်းရွာတို့အား ယနေ့ နံနက်အစောပိုင်း၌ ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည်။

ထိုးစစ်စ၍ မွန်လွဲပိုင်းမှာပင် မံစီ၊ မိုးမောက်ရှိ မြို့မရဲစခန်းများကို သိမ်းနိုင်ခဲ့သည့်အပြင် စင်းခန်းကျေးရွာ တပ်စခန်း၊ ဧရာဝတီတံတား (စင်းခန်း) လုံခြုံရေးစခန်းနှင့် မံစီမှဗန်းမော်ဘက်အထွက် မံရွတ်တပ်စခန်းကုန်းတို့ကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

RelatedPosts

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

14 June 2025
122
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
4
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
1k

၎င်းက “မံစီဘက်ကို တိုက်တဲ့အဖွဲ့တွေက ဒီမနက် ၇ နာရီကျော်အချိန်မှာ မံစီမြို့မရဲစခန်းကို သိမ်းတာရှိပါတယ်။ ၁၀ နာရီ ဝန်းကျင်မှာတော့ မံစီနားက မံရွတ်တပ်ကုန်းတခုကိုလည်း သိမ်းလိုက်တယ်။ စင်းခန်းမှာကတော့ တံတားနဲ့ စင်းခန်း တာဝါတိုင်ကုန်းကိုလည်း သိမ်းလိုက်တယ်။ မိုးမောက်ဘက်မှာတော့ မြို့မရဲစခန်းလည်း သိမ်းလိုက်တယ်။ ဒီနေ့ကတော့ ၅ ခုလောက် ရှိပါပြီ” ဟု ဆိုသည်။

မံစီနှင့် မိုးမောက်ရဲစခန်းတို့အား သိမ်းပိုက်ကာ KIA အနေဖြင့် မြို့ပေါ်တွင် တစုံတရာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း မြို့အခြေစိုက်တပ်ရင်းများအား သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ဆက်လက်ထိုးစစ်ဆင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဗန်းမော်-မံစီ-ရွှေကူလမ်းကြောင်းပေါ် တည်ရှိသော စင်းခန်းရွာကို သိမ်းနိုင်ခြင်းကလည်း ဗန်းမော်သို့ ကုန်းလမ်း၊ ရေလမ်းမှ တက်လာနိုင်သည့် စစ်ကူနှင့်ထောက်ပို့လမ်းကြောင်းများအား KIA ပူးပေါင်းတပ်အနေဖြင့် ပိတ်ဆို့ဖြတ်တောက်ထားနိုင်မည် ဖြစ်သည်။

KIA ပူးပေါင်းတပ် ထိုးစစ်ဆင်နေသည့် မံစီမြို့တွင် စစ်တပ်ခြေမြန်တပ်ရင်း ခမရ-၃၁၉ နှင့် ခမရ-၆၀၁ တို့ အခြေစိုက်ထားပြီး မိုးမောက်၌ ခမရ-၄၃၇ အခြေစိုက်ထားသည်။

ထိုနှစ်မြို့သည် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အခြေစိုက်ရာ ဗန်းမော်မြို့အား အနီးကပ်လုံခြုံရေး ပေးထားသည့် မြို့များဖြစ်၍ KIA နှင့် ပူးပေါင်းတပ်များ၏ စစ်ဆင်ရေးသည် ဗန်းမော်အား ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်ရန် ဦးတည်နေသည့် အနေအထားဖြစ်ကြောင်း စစ်ရေးလေ့လာသူတဦးက ပြောသည်။

၎င်းက “စင်းခန်းကိုတိုက်တယ်၊ မံစီကိုတိုက်တယ်၊ မိုးမောက်ကို စတိုက်တယ်။ ဗန်းမော်ကို တဖြည်းဖြည်းဝိုင်းလာပြီပေါ့။ မံစီတောင်ဘက်က မဒက်ယန်၊ ကိုက်ထိပ်၊ ဟန်ထက်တို့ကို သိမ်းထားပြီးပြီဆိုတော့ အခုလောလောဆယ် စစ်ဆင်ရေးက ဗန်းမော်ကို ဦးတည်လာတာ” ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သိမ်းယူထားသည့် စခန်းများနှင့် ကျန်နေသည့် စခန်းများပြ မြေပုံ

စကခ-၂၁ ဌာနချုပ်ရှိရာ ဗန်းမော်မြို့တွင် တပ်မ ၈၈ ရှေ့တန်းတပ်ရင်းဌာနချုပ်၊ အမြောက်တပ်ရင်း အမတ-၃၆၆ နှင့် လက်ရုံးတပ်များလည်း အခြေစိုက်ထားသည်။

လက်ရှိ ကချင်ပြည်နယ်၏ စစ်ရေးအခြေအနေမှာ KIA ပူးပေါင်းတပ်များက တပြိုင်နက်ထိုးစစ်ဆင်နေရာ မေ ၅ ရက်က ဆွမ်ပရာဘွမ်မြို့ ရှိ ဗျူဟာစခန်းကုန်းကြီးအား သိမ်းနိုင်ခဲ့သဖြင့် မြစ်ကြီးနား-ပူတာအိုလမ်းကို ထိန်းချုပ်နိုင်ပြီ ဖြစ်သလို
မေ ၆ ရက်ကလည်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်း မလိယန်အရှေ့ဘက်ခြမ်းရှိ ဂီဒွန်တပ်စခန်းနှင့် ဆမားဒေသရှိ တပ်စခန်း များအားလုံးကို KIA က သိမ်းပိုက်ခဲ့ပြီး ဝိုင်းမော် ရွှေညောင်ပင်ကျေးရွာတကြောအား စိုးမိုးခြိမ်း ခြောက်ထား နိုင်ပြီ ဖြစ် သည်။

ဂီဒွန်တောင်ကြောဒေသသည် ၂၀၁၆ တွင် စစ်တပ်၏ ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် KIA က လက်လွှတ် ခဲ့ရသည့်နေရာဖြစ်ပြီး ၈ နှစ်ခန့်အကြာ၌ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့အား လမ်းကြောင်းများ ဖြတ်တောက်ကာ ဝိုင်းပတ်ပိတ်ဆို့သည့် ပုံဖြစ်လာသလို ဝိုင်းမော်-ရွှေညောင်ပင်ဒေသနှင့် မန္တလေး-မြစ်ကြီးနားရထားလမ်း ဖြတ်သန်းရာ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့များအား အချိန်မရွေးတိုက်ခိုက်နိုင်သည့် အနေအထား ဟုလည်း စစ်ရေး လေ့လာသူက သုံးသပ်သည်။

၎င်းက “KIA ရဲ့ လက်ရှိစစ်ဆင်ရေးတခုလုံးဟာ သေနင်္ဂဗျူဟာမြောက် မြစ်ကြီးနားကို ဝိုင်းပတ်လာတယ်။ ဗန်းမော်ကို ဦးတည်ပြီး သိမ်းဖို့ ချီတက်နေတယ်။ ပူတာအိုကို ပိတ်ဆို့ထားပြီးပြီ။ ဖားကန့်ကို ပိတ်ဆို့ထားပြီးပြီ။ ကချင်ပြည်နယ်ရဲ့အဆုံး နန့်စီးအောင်ရဲ့ အောက်ဘက်က မော်လူးကလည်း PDF တွေ သိမ်းထားပြီးသားဆိုတော့ KIA ရဲ့ စစ်ဆင်ရေး တခုလုံးအရ ကချင်ပြည်နယ်မှာ သေနင်္ဂဗျူဟာမြောက်တဲ့ စစ်ဆင်ရေးကြီးပုံစံပေါ်လာပြီလို့ ပြောလို့ရတယ်” ဟု ဆိုသည်။

ဧရာဝတီတံတား (စင်းခန်း) လုံခြုံရေးစခန်း သိမ်းပိုက်အပြီး တွေ့ရသည့် KIA နှင့် ပူးပေါင်းတပ်များ

ကချင်ပြည်နယ်အတွင်း ယခုနှစ်ဆန်းမှစတင်ပြီး ထိုးစစ်ဆင်နေသည့် KIA ပူးပေါင်းတပ်များအနေဖြင့် ယနေ့အချိန်ထိ စစ်တပ်စခန်း အကြီးအသေး ၈၀ ကျော်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး KIA ဌာနချုပ် လိုင်ဇာပတ်ဝန်းကျင် အပါအဝင် ရွှေညောင်ပင်နှင့် မိုးမောက်ကြား ဧရာဝတီမြစ်အရှေ့ဘက်ကမ်း နယ်မြေတခုလုံးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။

ထို့ပြင် မန္တလေး-မြစ်ကြီးနားရထားလမ်း ဖြတ်သန်းရာ မိုးညှင်း-ဟိုပင်မြို့အရှေ့ဘက် ဧရာဝတီမြစ်ကမ်းထိ နယ်မြေတကြော လုံးတွင်လည်း စစ်တပ်စခန်းများ မရှိတော့ဘဲ KIA ပူးပေါင်းတပ်များသာ နယ်မြေစိုးမိုးလှုပ်ရှားနိုင်ပြီ ဖြစ်သည်။

KIA ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်-မြစ်ကြီးနားရေလမ်းတလျှောက် ဆင်ဘိုမြို့နှင့် တာလောကြီးတို့ကိုလည်း သိမ်းပိုက်ထားပြီဖြစ်ရာ ယင်းဒေသရှိ ဧရာဝတီမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းအား လွတ်လပ်စွာ ကူးလူးလှုပ်ရှားနိုင်သည့် အခြေအနေလည်း ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “ဧရာဝတီမြစ်အရှေ့ခြမ်းကို ထိန်းချုပ်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးယန္တရားတွေ ချနိုင်တဲ့အဆင့်ကတော့ မရှိသေးပါဘူး။ တပ်စခန်းတွေ၊ ရဲစခန်းတွေ သိမ်းတဲ့အနေအထားတော့ ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းတခုလုံးပေါ့နော်။ ဧရာဝတီမြစ်နဲ့ (မိုးညှင်း-ဟိုပင်) ရထားသံလမ်းကြား နေရာတော်တော်များများကတော့ စစ်ကောင်စီတပ်စခန်း မရှိသလောက် ဖြစ်နေပါပြီ။ အားလုံး ကျနော်တို့ စိုးမိုးနယ်မြေတွေ ဖြစ်ကုန်ပါပြီ” ဟု ပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းရှိ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်းမြို့နယ်တို့တွင် KPDF တပ်ရင်းများလည်း အခြေစိုက် လှုပ်ရှားလျက်ရှိပြီး လက်ရှိ၌ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှု ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ထိုမြို့များကိုလည်း လမ်းကြောင်းများ ပိတ်ဆို့ဖြတ်တောက်ကာ အချိန်မရွေးတိုက်ခိုက်နိုင်သည့် အခြေအနေရှိကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်ပြောဆိုသည်။

You may also like these stories:

ဆင်ဘိုကိုသိမ်း၍ ဟိုပင်၊ မိုးညှင်းအား KIA ခြိမ်းခြောက်

၉နှစ်ကြာ လက်လွှတ်ခဲ့ရသည့် တနိုင်း ပယင်းမှော်ဒေသ KIA စစ်ဆင်

နန့်ယားစခန်းကို သိမ်း၍ ဖားကန့်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့ထိန်းချုပ်

လွယ်ဂျယ်ကို အပြီးသတ်သိမ်း၍ တရုတ်နယ်စပ် KIA ထိန်းချုပ်

Your Thoughts …
Tags: KIAKPDFစစ်ကောင်စီမြို့သိမ်းတိုက်ပွဲဧရာဝတီတံတား (စင်းခန်း)
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗန်းမော်မြို့နယ်က စခန်း ၅ ခုကို တရက်အတွင်း KIA သိမ်းပိုက် (ရုပ်/သံ)

ဗန်းမော်မြို့နယ်က စခန်း ၅ ခုကို တရက်အတွင်း KIA သိမ်းပိုက် (ရုပ်/သံ)

“စစ်တပ်က စစ်ပန်းနေပြီ” (ရုပ်/သံ)

"စစ်တပ်က စစ်ပန်းနေပြီ" (ရုပ်/သံ)

No Result
View All Result

Recommended

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
5.4k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate