• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လွယ်ဂျယ်ကို အပြီးသတ်သိမ်း၍ တရုတ်နယ်စပ် KIA ထိန်းချုပ်

by ဧရာဝတီ
9 April 2024
in သတင်း
A A
လွယ်ဂျယ်ကို အပြီးသတ်သိမ်း၍ တရုတ်နယ်စပ် KIA ထိန်းချုပ်

လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်တွင် တွေ့ရသည့် KIA စစ်သားတဦး(CJ)

1.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က အပြီးသတ် သိမ်းယူလိုက် ပြီဖြစ်သည်။

မတ်လ ၂၉ ရက်က မိုးမောက်- လွယ်ဂျယ်လမ်းရှိ ယောယုံဗျူဟာကုန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ရာ မြို့တွင်းရှိ ဌာနဆိုင်ရာများနှင့် ရဲများက စစ်တပ်စခန်းတွင် သွားရောက် ပူးပေါင်းခဲ့ကြပြီး ယခုအခါ ထိုစခန်းကို စွန့်ခွာ၍ ထွက်ပြေးသွားသဖြင့် လွယ်ဂျယ်ကို အလုံးစုံသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းက “လွယ်ဂျယ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ မနေ့ကညမှ ထွက်ပြေးသွားတဲ့ အခြေအနေရှိပါတယ်။ ဘယ် ကိုထွက်ပြေးသွားတယ်ဆိုတာတော့ ခြေရာခံနေဆဲဖြစ်ပါတယ်၊ အခုလောလောဆယ်ကတော့ စစ်ကောင်စီနဲ့ ပတ်သက်လို့ ဘာရုံးမှ မရှိတော့ဘူး၊ KIO က ထိန်းချုပ်ထားတဲ့ အနေအထားဖြစ်ပါပြီ။ သိမ်းပိုက်ထားပြီလို့ ပြောလို့ရပါပြီ” ဟု ပြောသည်။

ဧပြီ ၄ ရက်ကစတင်၍ စစ်ကောင်စီတပ်က ဌာနဆိုင်ရာ ရုံးများကို စွန့်ခွာသွားသည့်အတွက် KIA ပူးပေါင်းတပ်များက မြို့တွင်း ဝင်ရောက်နေရာယူကာ ချိပ်ပိတ်ထားခြင်းခဲ့ဖြစ်သည်။

KIA ပူးပေါင်းတပ်များ မြို့အား ပိတ်ဆို့ထားစဉ် မြို့တွင်းတိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်သည့်အတွက် ပြည်သူအချို့ တိမ်း ရှောင်မှုများ ရှိခဲ့သော်လည်း လက်ရှိတွင် မြို့တွင်းသို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်းလည်း လွယ်ဂျယ်မြို့ခံ တဦးက ပြောသည်။

၎င်းက “မြေပြင်မှာ စစ်တပ်ကဆုတ်သွားပြီ၊ ပစ်တာ ခတ်တာတွေ မရှိပါဘူးခင်ဗျ။ တရုတ်ဘက်ကတော့ အခုထိ မဖွင့်သေး ဘူးထင်တယ်၊ မြို့ထဲတော့ ဈေးတွေတောင် အကုန်လုံးပြန်ရောင်းနေပြီ၊ မနက်ဖြန်ဆို ပိုအဆင်ပြေမှာပါ၊ ခါတိုင်းလို ပြန်ဖြစ်သွားမှာပါ၊ ဒီကြားထဲမှာ ဘာမှမဖြစ်ဘူးဆိုရင်” ဟု ပြောသည်။

KIA သိမ်းပိုက်ထားသော လွယ်ဂျယ်မြို့နှင့် စစ်ကောင်စီတပ်စခန်းများ/CJ

မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းတွင် KIA ပူးပေါင်းတပ်များ ထိုးစစ်စတင်ကတည်းက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခဲ့ပြီး စစ်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံရန် ညှိနှိုင်းခဲ့သော်လည်း တရုတ်က နယ်စပ်ဂိတ် မဖွင့်ပေးခဲ့ကြောင်း ဒေသသတင်းများတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် KIA ပူးပေါင်းတပ်များက မြို့အားအလုံးစုံသိမ်းပိုက်နိုင်ပြီဖြစ်သည့်အတွက် ကုန်သွယ်ရေးကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ရှမ်းမြောက်ဒေသ “၁၀၂၇ စစ်ဆင်ရေး”အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ လက်လွတ်ခဲ့ရသည့် စစ်ကောင်စီ အနေဖြင့် ကချင်ပြည်နယ်အတွင်း အဓိကနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် လွယ်ဂျယ်မြို့အား ထပ်မံ လက်လွတ်ခဲ့ရခြင်း ဖြစ်သည်။

KIA ပူးပေါင်းတပ်အနေဖြင့် လွယ်ဂျယ်မြို့အား ထိန်းချုပ်ပြီးကတည်းက ၎င်းတို့ထိုးစစ်သည် မိုးမောက်မြို့ဘက် ပြန်လည် ဦးတည်လာရာ ဧပြီ ၂ ရက်နှင့် ၃ရက်တို့တွင် မိုးမောက်မြို့အရှေ့ဘက်တောင်ခြေရှိ ကျောက်စခန်းနှင့် မိုင်ဆပ်ကောင့် စခန်းတို့အား သိမ်းပိုက်၍ မြို့နှင့် ၂ မိုင်ခန့်အကွာ၌ နေရာယူထားသည်။

ထို့ပြင် မံစီမြို့မှ ရွှေကူဘက်အဆင်းလမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနားလမ်းမကြီးဆုံရာ ဟန်ထက်ကျေးရွာအနီး တပ်စခန်း ကိုလည်း KIA ပူးပေါင်းတပ်များက ဧပြီ ၅ ရက်နေ့တွင် ထပ်မံသိမ်းပိုက်ခဲ့သည်။

လက်ရှိတွင် KIA ပူးပေါင်းအဖွဲ့အနေဖြင့် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းနှင့် ဗန်းမော်-လွယ်ဂျယ်လမ်းတို့အား မြေပြင်ထိန်း ချုပ်ထားသည့် အတွက် ဗန်းမော်နှင့် မံစီမြို့တို့အား ဝိုင်းပတ် ပိတ်ဆို့ထားနိုင်သည့်အခြေအနေဖြစ်ပြီး စစ်တပ်ဘက်ကလည်း ထိုနှစ်မြို့၌ ရှေ့တန်းမှ ထွက်ပြေးလာသည့် စစ်သားများနှင့် ပူးပေါင်းကာ ခံစစ်ပြင်နေ သည့်အခြေအနေရှိကြောင်း စစ်ရေးလေ့လာသူ တဦးက ပြောသည်။

၎င်းက “စစ်ကောင်စီဘက်ကတော့ ဗန်းမော်နဲ့ မံစီမှာ ခံစစ်ပြင်နေတဲ့သဘောရှိတယ်၊ ဗန်းမော်မှာ အမြောက်တပ်ရင်းတရင်း၊ စကခ-၂၁ ဌာနချုပ်တို့၊ တပ်မ ၈၈ ရှေ့တန်းဌာနချုပ်တို့ ၊ နောက်လက်ရုံးတပ်တွေနဲ့ပေါ့၊ မံစီကတော့ တပ်ရင်းနှစ်ရင်း ပဲရှိ တယ်၊ စစ်မျက်နှာကျဉ်းကျဉ်းလေး စုသွားတာပေါ့။ KIA ကဆက်တိုက်မယ်ဆိုရင် ဗန်းမော်နဲ့မံစီပဲကျန်တော့တယ်” ဟု ပြောသည်။

လက်ရှိတွင် မံစီမြို့နယ်၊ ဟန်ထက်တိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်သားများအား KIA ပူးပေါင်းတပ်က လိုက်လံ ရှာဖွေရှင်း လင်းလျက်ရှိသည့်အပြင် မံစီနှင့် ဗန်းမော်မြို့အား ဆက်သွယ်ထားသည့် ကားလမ်းနှင့် ရေလမ်းကြောင်းများအား ပိတ်ဆို့ ထိန်းချုပ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
44
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
54

၎င်းက “ဗန်းမော်ကို တရုတ်ပြည်ဘက်ကလာတဲ့ ကားလမ်းတွေမှာ ကျနော်တို့ထိုင်နေပြီ။ မြစ်ကြီးနားဘက်ကလာတဲ့ လမ်းလည်း အဲဒီအတိုင်းပါပဲ၊ နောက်ပြီး အောက်ပိုင်းကနေ ဝင်လာနိုင်တဲ့ ရေကြောင်းလမ်းတွေကလည်း အကုန်လုံး ကျနော်တို့ ထိန်းချုပ်ထားတယ်ဆိုတော့ ဗန်းမော်ရဲ့ အခြေအနေက အကျဉ်းအကျပ်အနေအထားတော့ ရှိတယ်” ဟု ပြောသည်။

KIA သိမ်းပိုက်ထားသော လွယ်ဂျယ်မြို့နှင့် စစ်ကောင်စီတပ်စခန်းများ/CJ

KIA ပူးပေါင်းတပ်များအနေဖြင့် ကချင်ပြည်နယ်အတွင်း မတ်လ ၇ ရက်နေ့ကစတင် ထိုးစစ်ဆင်ခဲ့ပြီးနောက် ယနေ့အထိ စစ်တပ်စခန်း အကြီး၊အသေးစုစုပေါင်း ၆၀ ကျော်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ဖားကန့်၊ မံစီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဆွမ်းပရာဘွမ် နှင့် တနိုင်မြို့နယ်တို့အတွင်း ရှိ တပ်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ နမ့်ယာကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ် ၁၂၀ ခြေမြန်တပ်ရင်းအား KIA နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီ ဘက်ကလည်း လေကြောင်းနှင့် တုံ့ပြန်ဗုံးကြဲလျက်ရှိသည်။

ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိပြီး စစ်တပ်ရော KIA ပူးပေါင်းတပ်များအတွက် အဓိကငွေဝင်ပေါက်တခုဖြစ်သည့် ဖားကန့်မြို့အား KIA ပူးပေါင်းတပ်များက ပိတ်ဆို့ ထိန်းချုပ်ထားသည့်အခြေအနေဖြစ်ပြီး မြို့တွင်း၌သာ စစ်ကောင်စီတပ် စခန်းများကျန်ရှိတော့သည်။

ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပြောခွင့်ရှိသူ ကိုမင်းကိုက “ ဖားကန့်မြို့ပေါ်ကလွဲရင် နေရာတော်တော်များက ကျနော်တို့ နယ်မြေစိုးမိုးထားတဲ့အခြေအနေပါ” ဟု ပြောသည်။

ဖားကန့်မြို့သို့ အဓိကဝင်ပေါက်လမ်းကြောင်းများဖြစ်သည့် ဆယ်ဇင်း-ဖားကန့်လမ်းကြောင်းရှိ တာမခန်၊ ကသိုင်းတောင်၊ တန်သုံးထောင် စခန်းများ၊ ဟိုပင်-အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းရှိ ဝှေခါတပ်စခန်းနှင့် ကာမိုင်း-လုံခင်း-ဖားကန့်လမ်း က နမ့်တိန်တပ်စခန်းတို့အား ပြီးခဲ့သည့်လပိုင်းကတည်းက KIA ပူးပေါင်းတပ်များ သိမ်းပိုက်ထားပြီးဖြစ်သည်။

You may also like these stories:

လွယ်ဂျယ်တိုက်ပွဲကြောင့် ကုန်သွယ်ရေးရပ်၊ ဝန်ထမ်းတချို့ တရုတ်ဘက် ထွက်ပြေး

အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ

KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး

စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော

Your Thoughts …
Tags: KIAကုန်သွယ်ရေးချိပ်ပိတ်စစ်ကောင်စီရုံးစစ်တပ်တရုတ်နယ်စပ်လွယ်ဂျယ်သိမ်းပိုက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.3k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

Next Post
တိုက်ပွဲကြောင့် မြဝတီမြို့ရှိ ဘဏ်များ ပိတ်

တိုက်ပွဲကြောင့် မြဝတီမြို့ရှိ ဘဏ်များ ပိတ်

စစ်သုံ့ပန်းတွေရဲ့ သဘောထားအတိုင်း ဆောင်ရွက်မယ်လို့ KNU ပြော

စစ်သုံ့ပန်းတွေရဲ့ သဘောထားအတိုင်း ဆောင်ရွက်မယ်လို့ KNU ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved