• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Automobile

ထိုင်းမှာ Tesla စက်ရုံတည်ရေး အလားအလာ စာမလာ သတင်းမကြားရသေး

by ဧရာဝတီ
18 August 2024
in Automobile, သတင်း
A A
ထိုင်းမှာ Tesla စက်ရုံတည်ရေး အလားအလာ စာမလာ သတင်းမကြားရသေး

ဘန်ကောက်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက ပြုလုပ်တဲ့ အရောင်း ပြပွဲမှာ ပြသထားတဲ့ Tesla EV ကားတချို့ကို တွေ့ရစဉ် / Khaosod

1.1k
VIEWS
Share on FacebookShare on Twitter

အစိုးရ အနေနဲ့ တက်စလာ (Tesla) ရဲ့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ် ရုပ်သိမ်းဖို့ ရှိမရှိ သတင်းစကား ကြားရဖို့ စောင့်ဆိုင်းနေတယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ချိုင် ဝါချာရွန်ကီက ပြောဆိုလိုက်ပါတယ်။

အမေရိကန် အခြေစိုက် လျှပ်စစ်ကား ကုမ္ပဏီ တက်စလာဟာ ဈေးကွက် ဝေစု လျော့နည်းလာမှုနဲ့ တရုတ် EV ကား ကုမ္ပဏီတွေနဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေရမှုတွေကြောင့် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာကို ပြန်လည် သုံးသပ် နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်း အချက်အလက်တွေအရ တက်စလာ အနေနဲ့ အမေရိကန်၊ တရုတ် နဲ့ ဂျာမနီ တို့မှာ ရှိနေပြီးသား အဓိက စက်ရုံကြီးတွေကိုပဲ ပိုမိုအားစိုက်သွားဖို့ ရှိနေတယ်လို့ ကြားသိရပါတယ်။

“တက်စလာက ထိုင်းတနိုင်ငံတည်း မဟုတ်ဘဲ တကမ္ဘာလုံးမှာ ဖြန့်ကျက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေကို ပြန်လည် သုံးသပ်နေတာပါ”လို့လည်း မစ္စတာ ချိုင်က ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ပြောကြားထားပါတယ်။

မစ္စတာ ချိုင်က ဆက်လက်ပြီး “ဒါပေမယ့်လည်း တက်စလာ ဆီက ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှု ရပ်တန့်မယ့် ကိစ္စနဲ့ ပတ်သက်လို့ အတည်ပြု အကြောင်း ကြားလာတာမျိုး မရှိသေးပါဘူး။ သတင်းတွေထဲမှာပဲ ကြားနေရတာပါ။ ကုမ္ပဏီ ဆီက တခုခုကြားရဖို့ ကျနော်တို့ စောင့်နေပါတယ်”လို့ ထပ်မံ ပြောကြားသွားပါတယ်။

တက်စလာ အနေနဲ့ ပိုမိုသက်သာတဲ့ လျှပ်စစ်ကား အသစ်တွေကို သူ့ရဲ့ တည်ရှိပြီးသား စက်ရုံတွေမှာပဲ ထုတ်လုပ် သွားမှာ ဖြစ်ပြီး မက္ကဆီကိုနဲ့ အိန္ဒိယမှာ ရင်းနှီး မြှုပ်နှံထားတာတွေကို မကြာခင်မှာပဲ ပြန်လည် ရုပ်သိမ်းတော့မယ် လို့ ပြီးခဲ့တဲ့ ဧပြီလက ကြေညာခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ CentralWorld ရှော့ပင်းမောလ်မှာ Tesla EV ကားဘက်ထရီ အားသွင်းနေရာ တခုကို တွေ့ရစဉ် / Bangkok Post

ထိုင်းနိုင်ငံအပြင် အင်ဒိုနီးရှား နိုင်ငံ အနေနဲ့လည်း နိုင်ငံတွင်းမှာ တက်စလာရဲ့ EV Battery စက်ရုံ တည်မယ့် ကိစ္စ နဲ့ ပတ်သက်လို့ ကုမ္ပဏီဆီက သတင်းစကားကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

EV Battery တွေမှာ သုံးဖို့ အင်ဒိုနီးရှား နိုင်ငံထွက် နီကယ်လ်တွေကို ဒေါ်လာ ၅ ဘီလီယံ ဖိုးဝယ်ယူ အသုံးပြုမယ်လို့ သဘောတူညီမှုကို ၂၀၂၂ ခုနှစ်တုန်းက နှစ်ဖက် အပြန်အလှန် လက်မှတ် ရေးထိုးထားတာပါ။

တက်စလာရဲ့ ထိုင်း နဲ့ ပတ်သက်လို့ စိတ်ဝင်စားမှုကို စတင် ပြောကြားခဲ့တာကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ဆေထာ ထဝီဆင် ဖြစ်ပြီး အရင်နှစ် စက်တင်ဘာလက နယူးယော့ခ်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှာ တက်စလာ CEO အီလွန်မတ်စ် နဲ့ တွေ့ဆုံအပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဆေထာ အနေနဲ့ ကယ်လီဖိုးနီးယားမှာ ရှိတဲ တက်စလာရဲ့ ဖရီးမောင့် စက်ရုံကို နိုဝင်ဘာလမှာ သွားရောက် လေ့လာခဲ့ပြီး ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

သူ့အနေနဲ့ တက်စလာရဲ့ ရင်းနှီးမြှုပ်နှံမှုဌာန ခေါင်းဆောင်ကိုလည်း ထိုင်းနိုင်ရဲ့ Eastern Economic Corridor မှာ ရှိတဲ့ စက်ရုံအလုပ်ရုံတွေဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ချင်းမိုင်မြို့မှာ အဲ့ဒီ လမှာပဲ ကျင်းပမယ့် မီးမျှောပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ဒါပေမယ့် South China Morning Post သတင်း မီဒီယာရဲ့အဆိုအရ တက်စလာ အနေနဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားမှာ ရင်းနှီး မြှုပ်နှံဖို့ စီစဉ်ထားမှုအပေါ် ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိတော့ဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာတော့ EV Charging Stations တွေ တည်ဆောက်ဖို့ပဲ လုပ်ဆောင် သွားတော့မယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ ဝန်ကြီးများ အစည်းအဝေးအပြီးမှာ မစ္စတာ ဆေထာ အနေနဲ့ တက်စလာရဲ့ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ရပ်နားမယ့် အပေါ် သူဘာမှမသိရဘူးလို့ ပြောကြားခဲ့ပါတယ်။

တက်စလာနဲ့ အစိုးရအဖွဲ့ကြားမှာ စီးပွားရေး အစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးနေကြဆဲ ဖြစ်တယ် ဆိုတာပဲ သူသိတယ်လို့ ပြောပါတယ်။

မစ္စတာ ဆေထာက တက်စလာနဲ့ ပထမဆုံးအကြိမ် စကားပြောခဲ့စဉ် သူသိရှိ နားလည်ခဲ့တာကတော့ တက်စလာ ကုမ္ပဏီ အနေနဲ့ အိန္ဒိယရဲ့ ကြီးမားတဲ့ ဈေးကွက်ကို စိတ်ဝင်စားနေခဲ့ပြီး ထိုင်းနိုင်ငံကိုတော့ ထုတ်လုပ်ရေး အတွက် သင့်တော်တဲ့ နေရာဖြစ်တယ်လို့ တွေးခဲ့တယ် ဆိုတာပါပဲလို့လည်း ပြောကြားထားပါတယ်။

Ref : Bangkok Post

Your Thoughts …
Tags: EV ကားTeslaတက်စလာတရုတ်ထိုင်းဘာသာပြန်မလေးရှားအင်ဒိုနီးရှားအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved