• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကြောင်းထိုးလာသဖြင့် ဒီပဲယင်းဒေသခံ ၁၅၀၀၀ ကျော် အရေးပေါ် ရှောင်တိမ်းရ

by ဧရာဝတီ
10 August 2023
in သတင်း
A A
စစ်ကြောင်းထိုးလာသဖြင့် ဒီပဲယင်းဒေသခံ ၁၅၀၀၀ ကျော် အရေးပေါ် ရှောင်တိမ်းရ

ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများသို့စစ်ကြောင်းထိုးနေ၍ တိမ်းရှောင်နေကြသည့် ဒေသခံများ (ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)

835
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်ဂိတ်ကို သြဂုတ် ၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပြီး နောက် ဒီပဲယင်းအနောက်ကွက်သစ်မှ အိမ်များကို မီးရှို့ဖျက်ဆီးကာ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၁၅၀၀၀ ကျော် အရေးပေါ်စစ်ရှောင်နေရကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ရေဦးမြို့နယ်အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က “စစ်ကြောင်း ၁ ကြောင်း ထွက်သွားတဲ့အချိန် ဂိတ်မှာကျန်ခဲ့တဲ့ကောင်တွေကို နယ်မြေခံကာကွယ်ရေး ပူးပေါင်းအဖွဲ့က တက်ပစ်ခဲ့ကြတာ၊ စစ်တပ်ဘက်က တယောက်သေပြီး ၄ ယောက် ဒဏ်ရာရတယ်၊ အဲဒါကြောင့် ဒီပဲယင်းမြို့ပေါ် အနောက်ကွက်သစ်က နေအိမ်တချို့ကို ကျန်ခဲ့တဲ့ကောင်တွေက မီးရှို့တာပါ၊ မြို့ပေါ်က ထွက်သွားတဲ့ စစ်ကြောင်းက စိုင်ပြင်ဘက်ကို ဝင်သွားတယ်” ဟု ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းမှာ အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မှော်ဘီအခြေစိုက် ခမရ ၇၀၂၊ တိုက်ကြီးအခြေစိုက် ခမရ ၇၀၈ စစ်ကြောင်းဖြစ်ပြီး ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ခင်ဦးမြို့နယ်များအတွင်း လှည့်လည်ကာ စစ်ကြောင်းထိုးနေကြခြင်းဖြစ်ကာ သြဂုတ် ၈ ရက်က ရေဦးမြို့နယ် ကုန်းတန်း၊ ရွာမိဿာကျေးရွာများမှတဆင့် ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ဒီကောင်တွေက ရေဦးမှာ အထိုင်ချတပ်စွဲထားပြီးတော့ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘိုနယ်တွေဘက်ကိုပတ်ပြီး စစ်ကြောင်းထိုးနေတာ တလကျော်လောက်ရှိပြီ။ ပြီးခဲ့တဲ့ ၆ ရက်နေ့က ရေဦးအထိုင်ကို ပြန်ဝင်ပြီး လက်နက်ခဲယမ်း၊ ရိက္ခာတွေ ထပ်ဖြည့်ပြီးတော့မှ ဒီပဲယင်းနယ်ဘက်ကို ဦး တည်ပြီး စစ်ကြောင်းထိုးလာကြတာ၊ သူတို့စစ်ကြောင်းထိုးတဲ့အချိန် မိုင်းဆွဲခံရတာ၊ ခြုံခိုတိုက်ခိုက်ခံရပြီဆိုရင် အနီး ဝန်းကျင်က ရွာတွေကို ဝင်စီးတာမျိုးတွေ လုပ်တော့တာပဲ၊ အရင်ကတော့ စစ်ကြောင်းဘယ်ကို ဦးတည်နေတယ်ဆို တာခန့်မှန်းလို့ရပေမယ့် အခုနောက်ပိုင်းအထွက်ပြပြီးမှ မထင်မှတ်ဘဲ လမ်းကြောင်းပြောင်းတာတွေ လုပ်လာကြတာမို့ ဒေသခံတွေလည်း အရေးပေါ်တ်ိမ်းရှောင်ကြရတာတွေ များလာတာပါ” ဟု ပြောသည်။

ထိုသို့ ရေဦးအနောက်ခြမ်းမှတဆင့် ဒီပဲယင်းမြို့နယ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသဖြင့် သြဂုတ် ၉ ရက်က ဒီပဲယင်း အနောက်ခြမ်းရှိ အင်းတန်း၊ ဝပါသပြေသာ၊ မဲသည်၊ ငြိမ်းချမ်းရွာသစ်၊ ယင်းတွေ၊ လပ်တီး၊ နှောပင်၊ ပုဂံ၊ အေးသာယာ၊ ကြခတ်၊ မကျည်းစောက် စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀၀ ကျော် အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများသို့စစ်ကြောင်းထိုးနေ၍ တိမ်းရှောင်နေကြသည့် ဒေသခံများ (ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်ညီနောင်များ)

ကိုထူးခန့်ဇော်(အမေ့သား)က “ရေဦးကနေ ဒီပဲယင်းကို ထပ်ဝင်သွားတဲ့ ခမရ ၇၀၂၊ ၇၀၈ စစ်ကြောင်းက မနေ့က မနက်ပိုင်းကစပြီး ရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ထွက်လာတယ်၊ ပျံကျရွာမှာ ဝင်ရောက် တပ်စွဲခဲ့ပြီး မကျည်းစောက်ရွာဘက်ကို ဦးတည်ခဲ့ပြီးတော့ ညနေပိုင်းမှာ စိုင်ပြင်မှာ ညအိပ်တပ်စွဲခဲ့ကြတာ၊ အဲဒါကြောင့် စစ်ကြောင်းတလျှောက်ရှိတဲ့ရွာတွေက ဘေးလွတ်ရာသို့ အရေးပေါ်ရှောင်တိမ်းခဲ့ကြရတာပါ” ဟု ဆက်လက် ပြော သည်။

အဆိုပါ စစ်ကြောင်းသည် သြဂုတ် ၉ ရက်နံနက်ပိုင်းတွင်လည်း စိုင်ပြင်မှတဆင့် ကင်းစမ်းကျေးရွာသို့ ဝင်ရောက် တပ်စွဲထားသလို ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာမှ ထွက်လာသော အင်အား ၅၀ ကျော်ပါ စစ်ကြောင်းက လာ ရောက်ပူးပေါင်းခဲ့သဖြင့် အင်အား ၁၅၀ ကျော်ခန့်ထိ ရှိကြောင်း သိရသည်။

ထိုသို့ ပူးပေါင်းထားသော အင်အားမှ ၃၀ ခန့်သည် နေ့လယ်ပိုင်းတွင် ကင်းစမ်းကျေးရွာမှတဆင့် ဝန့်တုံကျေးရွာသို့ ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ဒီပဲယင်းမြို့နယ်နှင့် ဘုတလင်မြို့နယ်အစပ်ရှိ တောလည်၊ ဆည်ကြီး၊ ကင်းရွာ၊ ရဲထွက် ဆင်ရံ၊ ကင်းစမ်း၊ အိုင်ရှည်၊ ဝန့်တုံ၊ အောင်ချမ်းသာ၊ ကတိုး၊ ဂွေးပင်ကုန်း စသည့်ကျေးရွာများမှ ဒေသခံ ၅ ထောင်ကျော်လည်း အရေးပေါ် စစ်ရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းအား သြဂုတ်၂ ရက် နေ့လယ်ပိုင်းက မရကန်ကျေးရွာအနီး၌ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (PDO) (Shwebo Justice Force)၊ ရွှေဘိုခရိုင်တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သဖြင့် မရကန်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ နေအိမ် ၂၇လုံးခန့် မီးရှို့ ဖျက်ဆီးခဲ့ကြသလို အခြားနေအိမ်များကိုလည်း မွှေနှောက်ရှာဖွေဖျက်ဆီးခဲ့ကြကြောင်း ရေဦး မြို့နယ်အခြေပြု People’s Defense Comrade အဖွဲ့နှင့် ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့များထံက သိရ သည်။

You may also like these stories:

ဖမ်းဆီးစစ်ဆေးနေသည့် တနင်္သာရီတိုင်းမှ စစ်အရာရှိကြီးများနေရာ အစားထိုးခန့်အပ်

စစ်တပ်နှင့် PDF တို့တိုက်ပွဲအတွင်း ဒီပဲယင်း မရကန်ရွာမှ နေအိမ်များ မီးရှို့ခံရ

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘေးရှောင်ဒီပဲယင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

ဘုတလင်မှ မီးသတ်ဝန်ထမ်းများ စစ်ကောင်စီနှင့် ပူးပေါင်းမှုဖြင့် စစ်ဆေးအရေးယူမည်

ဘုတလင်မှ မီးသတ်ဝန်ထမ်းများ စစ်ကောင်စီနှင့် ပူးပေါင်းမှုဖြင့် စစ်ဆေးအရေးယူမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved