• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်ဒေသခံ ၃ သောင်းကျော် ထွက်ပြေးနေရ

by ဧရာဝတီ
11 October 2024
in သတင်း
A A
စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်ဒေသခံ ၃ သောင်းကျော် ထွက်ပြေးနေရ

ပြီးခဲ့သည့် မတ်လအတွင်းက ဘုတလင်မြို့နယ်ရှိ ဆုံကုန်းကျေးရွာ မီးရှို့ခံရစဉ်/CJ

700
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းသို့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ စစ်တပ်နှင့် ပျူစောထီးအင်အား ၂၀၀ ခန့် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံ ၃ သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာ ၃၀ ရက်တွင် ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းတခုလုံး တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရပြီး နောက် အောက်တိုဘာ ၄ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် မုံရွာ-ဘုတလင် လမ်းတလျှောက် ကျေးရွာများအား ဝင်ရောက်စီးနင်းနေသည့်အတွက် ကြီးဗဒုံ၊ ဇီးတော၊ မြို့ပေါ်၊ ထနောင်းကုန်း၊ ကံသစ်၊ ညောင်ပင်ကန်၊ သပြေတော၊ မင်းတဲ၊ ကံဆွယ်၊ မကျီးအုပ်လေး၊ ယုန်လှေးကုန်း၊ တရော်တော၊ အုတ်ကျင်း၊ ကုက္ကိုစု၊ သီးပင်အိုင်၊ မန်ကျည်းစု၊ ကျောက်အိုး၊ ကြက်ရိုးကုန်း စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ဘုတလင်မြို့နယ်ရွေ့လျားစစ်ကြောင်း (Budalin Mobile Team) မှ ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က “စစ်ကြောင်းလာရာ လမ်းတလျှောက်က ရွာတွေက သူတို့ကိုကြောက်တော့ ပြေးရတာပေါ့ဗျာ။ လမ်းတလျှောက်ရွာတွေကို ဝင်တယ်၊ ဝင်ခဲ့တဲ့ ရွာတွေမှာ ပြည်သူတွေရဲ့ပစ္စည်းတွေ ချက်ပြုတ်စားသောက်တဲ့အပြင် ခိုးယူကြတယ်။ ညအိပ်တဲ့အခါမှာလည်း တအိမ်ကို ၁၀ ယောက်၊ ၁၅ ယောက် ခွဲပြီးနေကြတာမျိုးရှိတယ်။ စစ်ကြောင်းဝင်ပြီးတာနဲ့ ဒရုန်းတွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ တွေ့ရာလှမ်းပစ်တာမျိုးတွေလည်း လုပ်နေကြတယ်” ဟု ပြောသည်။

အောက်တိုဘာ ၉ ရက်တွင်လည်း အဆိုပါစစ်ကြောင်းသည် သီးပင်အိုင်ရွာမှတဆင့် ကျောက်အိုး(မ)၊ ကြက်ရိုးကုန်း ရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ပြီးနောက် ကျောက်အိုး(မ)ရွာရှိ နေအိမ် ၅ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါစစ်ကြောင်းတွင် အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် (တမခ-၇၇)၊ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ် (တမခ-၉၉) လက်အောက်ခံ စစ်သားများနှင့် ပျူစောထီးများ ပါဝင်ပြီး မုံရွာမြို့နယ် ဖန်းခါးကျင်း၊ နှောပင်ရိုး စသည့် မြို့နယ်ချင်းဆက် နယ်နိမိတ်တလျှောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကာ အရပ်သားဒေသခံ ၄ ဦး သတ်ဖြတ်ခံရထားသလို ၂၀ ဦးခန့် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရမှုများရှိကြောင်း သိရသည်။

စစ်ဘေးရှောင်ကူညီနေသူတဦးက “ဓားစားခံ ၂၀ လောက်ထိ ဖမ်းထားတယ်။ တရော်တောရွာမှာဆိုရင် အမျိုးသမီး ၅ ဦး အဖမ်းခံရတာမှာ ၂ ယောက်ကတော့ ပြန်လွတ်လာတယ်။ ကျန်တဲ့သူတွေကို စစ်ကြောင်းမှာ ဆက်ပြီးဖမ်းခေါ်သွားကြတယ် လို့ သိရတယ်” ဟု ပြောသည်။

စက်တင်ဘာ ၃၀ ရက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ / NUG MOD

ဘုတလင်မြို့အတွင်းသို့ စစ်ကြောင်းဝင်ရောက်နေသည်မှာ ၆ ရက်ခန့်ရှိနေပြီဖြစ်ပြီး ကံဆွယ်၊ တရော်ကုန်း၊ ယုန်လှေးကုန်း၊ အုတ်ကျင်း၊ မန်ကျည်းစု၊ သီးပင်အိုင်ရွာတို့တွင် ညအိပ်တပ်စွဲခဲ့ကြောင်း၊ ကျေးရွာများမှ ဒေသခံနေအိမ်များကို မွှေနှောက်ပြီး ဆန်၊ ဆီ စသည့် ရိက္ခာများ ယူဆောင်၍ ချက်ပြုတ်စားသောက်ကြသလို တန်ဖိုးရှိပစ္စည်းများကိုလည်း ခိုးယူလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

စစ်ရေးအခြေအနေနှင့် ပတ်သက်၍ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တော်လှန်ရေးအင်အားစု တွေအနေနဲ့ စစ်ကြောင်းကို လက်နက်ကြီးနဲ့ လှမ်းထုတာမျိုးတွေပဲ လုပ်လို့ရတယ်။ အခွင့်မသာသေးတော့ အလုံးအရင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာမျိုး မရှိသေးဘူး။ အခု စစ်ကြောင်းက ရှေ့ကိုကင်းထောက်တယ်၊ နောက်ချန် အပိတ်နဲ့ဆက်တိုးတယ်။ အလယ်ကအဖွဲ့က ရွာတွေကို ဝင်စီးတယ်။ ကျနော်တို့က ဇွတ်ရှေ့တိုးပြီးလုပ်မယ်ဆိုရင် သတ်ကွင်းထဲ ဝင်သလိုမျိုးဖြစ်မှာ စိုးရတာကြောင့် ချင့်ချိန်နေကြရတာမျိုးပေါ့” ဟု ပြောသည်။

အောက်တိုဘာ ၈ ရက်တွင် နမခမှ ရဟတ်ယာဥ်တစီးဖြင့် ဖန်းခါးကျင်းရွာသို့ လာရောက်ပို့ဆောင်သွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဘုတလင်မြို့နယ် ရွာသစ်လေးရွာ (ဇီးတော(န) ရွာ အနောက်ဘက်) ရှိ ချောင်းရိုးထဲ၌ ရောက်ရှိနေပြီး ကင်းပုန်းများဝပ်နေကြောင်းလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံး (အလောင်းရ) ပြီး လက်နက်ချ အညံ့ခံသဖြင့် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိခဲ့သလို လက်နက်မျိုးစုံ ၅၆ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ထားသည်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေနေသလို အရှင်ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်းမျိုး မရှိကြောင်းနှင့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်း ၃၀ ကျော်ကို လိုက်လံ ကောက်ယူကာ မြေမြှုပ်ပေးထားကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

Budalin Mobile Team အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က “သုံ့ပန်းတွေကို ဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်ပဲ စောင့်ရှောက်ထားပါတယ်။ သူတို့အပြစ်နဲ့ သူတို့တော့ နောက်ပိုင်းမှာ တရားဥပဒေအတိုင်း သွားရမှာပေါ့လေ။ သတ်ဖြတ် တယ်ဆိုတာမျိုးက လုံးဝ မဟုတ်ပါဘူးဗျ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကူတော်ရွာနှင့်အနီးဆုံး တမိုင်ခွဲခန့်သာ ကွာဝေးသည့် မောင်းထောင်ရွာကို အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး ကြဲချခဲ့ရာ ဘုန်းတော်ကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်း၊ စာသင်းကျောင်းများ ထိခိုက်ပျက်စီးခဲ့ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်းထောင်ကျေးရွာအပြင် အနီးဝန်းကျင်ရှိ ကျောင်းရွာ၊ ငရေဝင်၊ လယ်တီ၊ စည်ပါ၊ ငပယင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆည်ကုန်း၊ ဆည်ဝ၊ ကျုံးရွာ၊ ကူတိုး၊ တောင်ကုန်းစသည့်ကျေးရွာများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
63

ဘုတလင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ဆိုသည်။

You may also like these stories:

ဘုတလင်၌ စစ်တပ် ကြားဖြတ်တိုက်ခံရပြီး သေဆုံး၊ ဖမ်းဆီးခံရမှုများ

ဘုတလင်မှ မီးသတ်ဝန်ထမ်းများ စစ်ကောင်စီနှင့် ပူးပေါင်းမှုဖြင့် စစ်ဆေးအရေးယူမည်

ဘုတလင်ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများ ထွက်ပြေး၍ ဆေးရုံပိတ်ထားရ

ဘုတလင်တွင် ဒေသခံ ၄၀ ခန့်ကို စစ်တပ်ကဖမ်း၍ ဓားစာခံအဖြစ် သုံးနေ

Your Thoughts …
Tags: စစ်ကြောင်းထိုးစစ်ဘေးရှောင်တော်လှန်ရေးအင်အားစုနမခပျူစောထီးဘုတလင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

Next Post
မြန်မာစစ်ပွဲရပ်စဲရေး အလုပ်မဖြစ်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူ ပြော

မြန်မာစစ်ပွဲရပ်စဲရေး အလုပ်မဖြစ်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူ ပြော

မြန်မာအကျပ်အတည်း ဖြေရှင်းရေး အရှေ့တောင်အာရှခေါင်းဆောင်များ ရုန်းကန်နေရ

မြန်မာအကျပ်အတည်း ဖြေရှင်းရေး အရှေ့တောင်အာရှခေါင်းဆောင်များ ရုန်းကန်နေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved