• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ဘုတလင်ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများ ထွက်ပြေး၍ ဆေးရုံပိတ်ထားရ

by ဧရာဝတီ
20 November 2023
in သတင်းတို
A A
ဘုတလင်ဆေးရုံအုပ်နှင့် ကျန်းမာရေး ဝန်ထမ်းများ ထွက်ပြေး၍ ဆေးရုံပိတ်ထားရ

ဆေးရုံအုပ်နှင့် ဝန်ထမ်များ စွန့်ခွာသွားသော ဘုတလင်မြို့နယ် ဆေးရုံ

5.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်အပါအဝင် ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးသည် နိုဝင်ဘာ ၁၉ ရက်က ဆေးရုံအား စွန့်ခွာထွက်ပြေးသွားကြသဖြင့် ဆေးရုံ ပိတ်လိုက်ရသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ဆေးရုံအား လာရောက် ချိတ်ပိတ်သွားကြကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ ဆေးရုံ ပိတ်လိုက်သဖြင့် အပတ်စဉ်ပြသနေရသည့် လူနာများနှင့် ဆေးရုံတက်လူနာများမှာ မိမိအစီအစဉ်ဖြင့် နေအိမ်များသို့ ပြန်ခဲ့ရကြောင်း သိရသည်။

RelatedPosts

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
944
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
4.5k
၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

၂၀၂၅-၂၆ မြန်မာစီးပွားရေး ၂.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

12 June 2025
345

ဘုတလင်မြို့ခံတဦးက “ကျနော်တို့ သိရသလောက်ကတော့ ဆေးရုံအုပ်ဆီကို အဖွဲ့တဖွဲ့က ဖုန်းဆက်ပြီးတော့ CDM လုပ်ဖို့နဲ့ မလုပ်ရင် အသက်အတွက် အာမခံချက် မရှိနိုင်ဘူးဆိုပြီး ပြောကြတယ်လို့ သိရတယ်၊ ပြီးတော့ ၁၈ ရက်နေ့ ညပိုင်းကလည်း ဆေးရုံဝင်းထဲမှာ လက်နက်ကြီး ပေါက်ကွဲသံတွေလည်း ကြားရတယ်၊ အဲဒီလိုအခြေအနေတွေကို ဆရာဝန်ကြီးက သူ့အောက်က ဝန်ထမ်းတွေကို ပြန်ပြောပြီး အားလုံးအတွက် အာမ မခံနိုင်ဘူးဆိုပြီး အားလုံး CDM လုပ်သွားကြတာဗျ၊ သူတို့တွေအားလုံး ဘယ်မှာဆိုတာတော့ မသိဘူး၊ စစ်တပ်ကတော့ လိုက်ရှာနေကြတယ်လို့ သိရတယ်ဗျ”ဟု ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက် ညနေပိုင်းက ဘုတလင်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲပြီးနောက် နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဆေးရုံအုပ် ဆရာဝန်ကြီးအပါအဝင် ဝန်ထမ်း ၁၅ ဦးလုံး ဆေးရုံ ပိတ်ပြီး ထွက်သွားကြကြောင်း၊ ထိုသို့ ထွက်ခွာသွားကြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးရုံကို ချိပ်ပိတ်ကာ ဆရာဝန်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

မြို့ပေါ်ဒေသခံ တဦးကလည်း “အခုလိုမျိုးတွေ ဖြစ်နေတော့ ကျနော်တို့အနေနဲ့ နေရတာတောင် စိတ်ထဲမှာ မလုံခြုံတော့သလိုမျိုး ခံစားနေရတယ်၊ လက်ရှိ ဆေးရုံလည်း ပိတ်လိုက်ပြီဆိုတော့ အရေးပေါ်အခြေအနေမျိုးတွေ ကြုံလာခဲ့ရင် ဘယ်ကို သွားပြရမလဲ မသိတော့ဘူး၊ မြို့ပေါ်မှာက ဆေးရုံ ဆေးခန်းတွေကလည်း အများကြီး မရှိဘူးလေ”ဟု ပြောသည်။

ဘုတလင်မြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၂၀ ကျော်သာ ကွာဝေးပြီး ယခုအခါ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးခြင်းမရှိသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသော်လည်း မြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားရာ နေရာများ၊ ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းများကို ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဘုတလင်မြို့ပေါ်တွင် မြို့နယ်ပြည်သူ့ဆေးရုံအပြင် လူဝင်မှုကြီးကြပ်ရေး – လဝကရုံး၊ မီးသတ်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်များလည်း ပိတ်ထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၇ ရက်ကလည်း ဘုတလင်မြို့ပေါ်ရှိ မီးသတ်ဦးစီးဌာနရုံးကို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှုးအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦး၊ မိသားစုဝင် ၈ ဦး၊ အရပ်သား ၁ ဦးတို့နှင့်အတူ မီးသတ်ကား ၂ စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ၎င်းတို့၏သဘောဆန္ဒအရ လွတ်မြောက်နယ်မြေတခုသို့ ပို့ဆောင်ပေးခဲ့သည်။

ယခုအခါ စစ်ကောင်စီတပ်သည် ဘုတလင်မြို့တွင်း၌ လုံခြုံရေးတင်းကျပ်ပြီး ရှာဖွေစစ်ဆေးနေခြင်းများ ပြုလုပ်နေသလို မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စုပေါင်းအထိုင်ချ တပ်စွဲထားကြောင်း သိရသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup

Your Thoughts …
Tags: CDMကျန်းမာရေးဝန်ထမ်းချိတ်ပိတ်စစ်ကောင်စီဘုတလင်ဆေးရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
91.5k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လောက်ကိုင်၌ ပိတ်မိနေသည့် ထိုင်း ၂၆၆ ဦးကို တရုတ်မှတဆင့် လွှဲပြောင်း

လောက်ကိုင်၌ ပိတ်မိနေသည့် ထိုင်း ၂၆၆ ဦးကို တရုတ်မှတဆင့် လွှဲပြောင်း

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate