မေလ ၂၁ ရက် နေ့ခင်းဘက်တွင် ထွက်ပေါ်လာသည့် ရုပ်သံတခုက ပြည်သူ့စစ်နှင့် စစ်တပ်တွင်း လက်ရှိ တာဝန်ထမ်းဆောင်ဆဲ (in-service) စစ်သားများအကြား အကွဲအပြဲတခုကို မြင်လိုက်ရသည်။ အဆိုပါ ရုပ်သံသည် မိတ္ထီလာနယ်က ပြည်သူ့စစ်ဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနှင့် မိတ္ထီလာ ပြည်သူ့စစ်ခေါင်းဆောင်တို့အကြား အချေအတင် စကားများကြသည့်ရုပ်သံလည်း ဖြစ်သည်။ တနည်းအားဖြင့် မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဝေဖြိုး (DSA-41) နှင့် လေတပ်မှ အငြိမ်းစားယူခဲ့ပြီး ပြည်သူ့စစ်အဖြစ် ပြန်လည် ဆောင်ရွက်နေသည့် အုပ်ခွဲတပ်ကြပ်ကြီးဟောင်း ဇော်ယုထွန်းတို့ အငြင်းပွားခဲ့သည်ကို ဘေးကရိုက်ထားသည့် ရုပ်သံတခု ပေါက်ကြားလာခြင်း ဖြစ်၏။
ထိုဖြစ်စဉ်ကို မာန်တက်နေသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် စီနီယာ ဗိုလ်မှူးတယောက်နှင့် အခြားအဆင့် အငြိမ်းစား ပြည်သူ့စစ် လူစွာတို့၏ အချေအတင် အငြင်းပွားသည့် ဖြစ်စဉ်ဟု တွေးမြင်မိသည်။
စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပတ်သက်၍ ပြန်ကြည့်သည့်အခါ စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလအတွင်း၌ပင် စီမံအုပ်ချုပ်ရေးအဖွဲ့များကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ကြောင်း တွေ့ရသည်။ စစ်တပ်ကိုယ်စားလှယ်များအဖြစ် မြို့နယ်အဆင့်တွင် ဗိုလ်မှူးအဆင့်၊ ခရိုင်အဆင့်တွင် ဒုတိယ ဗိုလ်မှူးကြီးအဆင့်များကို အဖွဲ့ဝင် (၁) အဖြစ် ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် အများစုမှာ လက်ရုံးတပ်ဖွဲ့များမှ အရာရှိများဖြစ်ကြသည်။
ထိုကဲ့သို့ စစ်တပ်ကိုယ်စားလှယ်အဖြစ် ပါဝင်ကြသည့်အဖွဲ့ဝင် (၁) များသည် နယ်ဘက်ဌာနဆိုင်ရာများတွင် ဝင်ရောက် စွက်ဖက်ခွင့်ရခဲ့ပြီး စစ်ကောင်စီ၏ နယ်ဘက်ဆိုင်ရာမူဝါဒများကို မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်များတွင် ဦးဆောင် အကောင်အထည် ဖော်ပေးရသူများလည်း ဖြစ်သည်။
ထိုကဲ့သို့ စစ်တပ်ကိုယ်စားလှယ်အဖြစ် ပါဝင်ကြသည့်အဖွဲ့ဝင် (၁) များသည် နယ်ဘက်ဌာနဆိုင်ရာများတွင် ဝင်ရောက် စွက်ဖက်ခွင့်ရခဲ့ပြီး စစ်ကောင်စီ၏ နယ်ဘက်ဆိုင်ရာမူဝါဒများကို မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်များတွင် ဦးဆောင် အကောင်အထည် ဖော်ပေးရသူများလည်း ဖြစ်သည်။
တနည်းအားဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (မစဖ)၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ (ခစဖ) များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခန့်ထားသည့် မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးများနှင့် ပေါင်းကာ လုပ်ပိုင်ခွင့်ရနေသူများ ဖြစ်သည်။
နောက်ပိုင်း စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးချိန်တွင် မစဖ၊ ခစဖ အဖွဲ့ဝင် (၁) များ၏ အခန်းကဏ္ဍသည် ပိုမို ကြီးမားလာသည်။ စစ်မှုထမ်းဥပဒေ အကြောင်းပြကာ မြို့နယ်၊ ခရိုင်အလိုက် လူပြန်ပေးဆွဲ၊ ငွေယူ ပြန်လွှတ်သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်နှင့် လာဘ်လာဘ ပိုမို ရရှိခဲ့ကြသည်။
ယခု ရုပ်သံတွင်ပါဝင်သည့် ဗိုလ်မှူး ဝေဖြိုးသည် (DSA-41) က ဖြစ်သဖြင့် စီနီယာ ဗိုလ်မှူးတဦး ဖြစ်သည်။ DSA-41 အချို့သည် ဗိုလ်မှူးချုပ်အဆင့်အထိ ရောက်ရှိနေကြပြီးဖြစ်သောကြောင့် စီနီယာ ဗိုလ်မှူးဟု ဆိုခြင်းဖြစ်သည်။
ဗိုလ်မှူး ဝေဖြိုးအနေဖြင့် ရာထူးမတက်သည့် အနေကြာဗိုလ်မှူးဖြစ်သောကြောင့် လက်ရုံးတပ်တခုမှ မလှိုင်မြို့နယ်တွင် မစဖ အဖွဲ့ဝင် ဖြစ်လာပုံရသည်။ တပတ်စဉ်တည်း ဗိုလ်လောင်းသင်တန်း တက်ခဲ့သူများ တိုင်းမှူး၊ တပ်မမှူးရာထူးများနှင့် ဗိုလ်မှူးချုပ်အဆင့်များ ဖြစ်နေချိန်တွင် ဗိုလ်မှူးအဆင့်နှင့် ကျန်ခဲ့သူ၏ မာန်နှင့် ပြည်သူ့စစ်များအပေါ် ရှိရင်းစွဲ အမြင်မကြည်မှုကို ယခုဖြစ်စဉ်တွင် တွေ့ရသည်။
တခါ ပြည်သူ့စစ်အပိုင်းကို ကြည့်မည်ဆိုပါက အာဏာသိမ်းပြီးနောက်ပိုင်း အများက ခေါ်ဆိုကြသည့် ပျူစောထီးတို့၏ အခန်းကဏ္ဍ ကြီးမားလာသည်ကို တွေ့ရသည်။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်များ ကြီးစိုးရာ နယ်စပ်ဒေများတွင်သာ စစ်တပ်အတွက် အထောက်အပံ့ရအောင် အကျိုးစီးပွားနှင့် လုပ်ပိုင်ခွင့်ပေး၍ ပြည်သူ့စစ်များကို မွေးခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ (ပျူစောထီးများ) မြန်မာပြည်အနှံ့ ဖွဲ့စည်း တာဝန် ပေးလာသည်ကို တွေ့ရသည်။ ယခင်က အရန်အင်အားအဖြစ် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး (ကကနယ်) ကွပ်ကဲမှုဖြင့် သက်ဆိုင်ရာ စစ်တိုင်းဌာနချုပ်များက အနီးကပ်ကြီးကြပ်ပြီး တပ်နယ်အလိုက် အဖြစ်သဘော ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။ စာရွက်ပေါ်က လူစာရင်းတွင်သာ အင်အားရှိပြီး မြေပြင်တွင် အင်အားမရှိခဲ့ပေ။
သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်မှုထမ်းဟောင်းများကို ဦးတည်ပြီး သေချာ ပြန်လည် ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။ အရေးယူခံထားရဖူးသည့် စစ်မှုထမ်းဟောင်းများပင် ပြန်လည် ပါဝင်သည်ကို တွေ့ရသည်။
သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်မှုထမ်းဟောင်းများကို ဦးတည်ပြီး သေချာ ပြန်လည် ဖွဲ့စည်းခဲ့သည်ကို တွေ့ရသည်။ အရေးယူခံထားရဖူးသည့် စစ်မှုထမ်းဟောင်းများပင် ပြန်လည် ပါဝင်သည်ကို တွေ့ရသည်။
ပြည်သူ့စစ်များကို စစ်ကောင်စီ၏ တပ်နယ်အလိုက်က အနီးကပ် ကွပ်ကဲလေ့ရှိကြသည်။ တပ်နယ်က နယ်မြေလုံခြုံရေးတွင် ပြည်သူ့စစ်များကို အဓိက အသုံးပြုနေရသည်။ အထူးသဖြင့် သတင်းစုဆောင်းခြင်း၊ ဧည့်စာရင်းစစ်သည့်ကိစ္စများ၊ မြို့တွင်း ကင်းလှည့်ခြင်းနှင့် ဌာနဆိုင်ရာရုံးများ လုံခြုံရေးအတွက် အားကိုးနေရသည်။ စစ်ရှုံးနေသည့် စစ်ကောင်စီသည် လက်ရုံးတပ်များပါမကျန် ရှိသမျှ စစ်အင်အားများကို ရှေ့တန်းကျကျ အသုံးပြုနေရ၍ နယ်ဘက်လုံခြုံရေးအတွက် ပြည်သူ့စစ်များကို အားကိုးနေရခြင်းဖြစ်သည်။

ထိုကဲ့သို့ အားကိုးနေရသည့် ပြည်သူ့စစ်များကို တဖက်က အခွင့်အလမ်းများလည်း ပေးထားရသည်။ လူအင်အား လိုအပ်ချက်ရှိသည့် စစ်ဆေးရေးဂိတ်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသွားရန် လုံခြုံရေးအရ မသွားရဲသည့် နေရာများတွင် ငွေကြေးကောက်ခွင့် ပေးထားသည်။
ထို့ပြင် ကန့်သတ်ကုန်များကို တင်သွင်းခွင့်လည်း ပေးထားသည်။ စစ်မှုထမ်းဥပဒေအရ လူသစ်များ စုဆောင်း ရောင်းဝယ်ခွင့်များလည်း ပေးထားသည်။ ရောင်းဝယ်ခွင့်ဆိုသည်မှာ စစ်တပ်တွင်းသို့ အချိုးကျ ဝင်ရောက်ရန် လအလိုက် လူလိုသည့်ရပ်ကွက်များအတွက် ပြည်သူ့စစ်များကို လူစားထိုးနိုင်အောင် လူရှာပေးခြင်းမျိုးဖြစ်သည်။ ပြည်သူ့စစ်များကို သက်ဆိုင်ရာ နယ်မြေအလိုက် တပ်နယ်မှူးရုံးများက အဓိက တာဝန်ခံပေးနေခြင်းလည်း ဖြစ်သည်။
ထို့ကြောင့် ယခုဖြစ်စဉ်သည် အာဏာသိမ်းကာလအတွင်း မာန်တက်နေသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တယောက်နှင့် အခြားအဆင့် အငြိမ်းစား ပြည်သူ့စစ် လူစွာတို့၏ အချေအတင်စားများမှုဟု ဆိုခဲ့ခြင်းဖြစ်သည်။
ရုပ်သံတွင်ပါသည့် ဇော်ယုထွန်းသည် မေလ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီက မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက် နေအိမ်တွင် ဖမ်းဆီးခံခဲ့ရပြီး ဖြစ်သည်။
ဖမ်းဆီးခံရခြင်းမှာ မေလ ၁၃ ရက်နေ့က သူကိုယ်တိုင်သုံးသည့် Zaw Yu Tun အကောင့် အမည်နှင့် Facebook လူမှုကွန်ရက် စာမျက်နှာတွင် ‘စစ်မှုထမ်း အစားထိုးဖို့ ငွေကောက်ခံတာဟာ တရားဝင်ရဲ့လား၊ မိတ္ထီလာမြို့နယ်တွင် ယောကျ်ားလေးရှိသည့် နေအိမ်ကို ၅ သောင်း၊ နိုင်ငံခြားရောက်နေသူတွေဆိုရင် ၈ သောင်းပေးနေရပြီး ယောက်ျားလေး မရှိလျှင် ၃ သောင်း ပေးနေရကြောင်း’ အစချီပြီး စစ်မှုထမ်းအကြောင်းပြကာ ငွေကောက်ခံမှုများကို ဖော်ပြခဲ့သောကြောင့် စစ်ကောင်စီက တပ်မတော်ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် လှုံ့ဆော်ဝါဒဖြန့်ကြောင်း ခေါင်းစဉ်တပ်၍ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း တွေ့ရသည်။
သွယ်ဝိုက်သောအားဖြင့် စစ်မှုထမ်းအတွက် စစ်သားစုဆောင်းရေးနှင့် ဩဇာကြီးသည့် မစဖအဖွဲ့ဝင် ဗိုလ်မှူးကို ထိအောင် ရေးသားမှုဟုလည်း ဆိုနိုင်သည်။
ဇော်ယုထွန်းကို ဖမ်းဆီးပြီးနောက်ပိုင်း ရက်သတ္တပတ် ၁ ပတ်အကြာတွင် ယခုရုပ်သံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဘေးရှိ ပြည်သူ့စစ်က ယခုထွက်ပေါ်လာသည့်ရုပ်သံကို မှတ်တမ်းတင်ခဲ့ပုံရသည်။ ဇော်ယုထွန်း အဖမ်းခံရပြီးမှ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာသဖြင့် ပြည်သူ့စစ်များ၏ မကျေမနပ်မှုကြောင့်ဟု ယူဆနိုင်သည်။
ဇော်ယုထွန်းကို ဖမ်းဆီးပြီးနောက်ပိုင်း ရက်သတ္တပတ် ၁ ပတ်အကြာတွင် ယခုရုပ်သံ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ဘေးရှိ ပြည်သူ့စစ်က ယခုထွက်ပေါ်လာသည့်ရုပ်သံကို မှတ်တမ်းတင်ခဲ့ပုံရသည်။ ဇော်ယုထွန်း အဖမ်းခံရပြီးမှ တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာသဖြင့် ပြည်သူ့စစ်များ၏ မကျေမနပ်မှုကြောင့်ဟု ယူဆနိုင်သည်။
ရုပ်သံကို အစအဆုံး နားထောင်ကြည့်သည့်အခါ ပြည်သူ့စစ်ဂိတ်က တပ်နယ်မှူးရုံး ညွှန်ကြားချက်ဖြင့် မော်တော်ယာဉ်များကို မှန်ချမောင်းရန် စာကပ်ပြီး သတိပေးထားသည်။ အရပ်ဝတ်ဖြင့် မလှိုင်မှ မိတ္ထီလာကိုလာသည့် ဗိုလ်မှူး ဝေဖြိုးက သူ့ကားကိုပါ မှန်ချခိုင်းရမည်လားဆိုပြီး ဝင်၍ဖြဲသည်ကို တွေ့ရသည်။
ဗိုလ်မှူး ဝေဖြိုး ပြောသည့်စကားများတွင် ပြည်သူ့စစ်များကို ‘မင်းတို့များနေပြီ’ ဆိုသည့်သဘောက လုပ်ပိုင်ခွင့်ထက်ပို၍ လုပ်နေသည်ဟု ဆိုချင်ပုံရသည်။ ထိုစကားအရ လက်ရှိ စစ်မှုထမ်းများက ပြည်သူ့စစ် (ပျူစောထီး) များအပေါ် အမြင်မကြည်ကြောင်း တွေ့ရသည်။ ‘တပ်နယ်မှူးရုံးက ခိုင်းသည်မှာ နည်းနည်း၊ မင်းတို့ ပါဝါပြတာက များများ’ ဟု ဆိုလိုရင်းဖြစ်သည်။
ထိုပြဿနာဖြစ်ပြီးနောက်ပိုင်း ဇော်ယုထွန်းက မတ်လ ၃၁ ရက်တွင် ဗိုလ်မှူး ဝေဖြိုး ဆဲဆိုပြီးပြောထားသည့် ‘မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ သိကြသေးတာပေါ့ဆိုတဲ့ သက်သေဗီဒီယို ဖျက်လိုက်ပြီဆိုပြီး ပျော်နေရာက စော်ကားထား၊ ရိုင်းထားတဲ့ သက်သေရှိတယ်ဆိုမှ တောင်းပန်ချင်လို့ပါတဲ့လား၊ ဘာတွေ ကျွတ်ကျဲနေတာလဲ၊ လုပ်ရဲပြောရဲရင် တန်ပြန်လာမှာကို ပြန်ခံရဲရမှာပေါ့’ ဆိုသည့် စာသားကို လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။
ထို့နောက်ပိုင်း အငြိုးမပြေသည့် ဇော်ယုထွန်းက “စစ်မှုထမ်းခေါ်တဲ့ ဖြစ်စဉ်တွေမှာ မသမာမှုတွေရှိတယ်၊ ဖော်ထုတ်အရေးယူပေးပါ” ဟု Facebook ပေါ် ပွဲဆူအောင် ရေးတင်ပြန်သည်။ သူတင်ထားသည့် ပို့စ်အောက်တွင် ပျူစောထီးများက in-service ဗိုလ်မှူး ဝေဖြိုးကို နာမည်တပ်ပြီး ဝိုင်းသမခဲ့ကြသည်။
စစ်တပ်တွင် တပ်ကြပ်ကြီးအဆင့်နှင့် ဗိုလ်မှူးအဆင့်သည် များစွာကွာခြားသည်။ ပိုဆိုးသည်မှာ ဗိုလ်မှူး ဝေဖြိုးသည် ဗိုလ်မှူးအဆင့် ဆိုသော်လည်း တပတ်စဉ်တည်း ဗိုလ်လောင်းသင်တန်း ဆင်းခဲ့သူများသည် ဗိုလ်မှူးချုပ်အဆင့်များ ဖြစ်သည်။ ထို့ကြောင့် ဇော်ယုထွန်းဘက်က ထပ်ပြီး အစထွက်လာချိန်တွင် ဘောင်ထဲဝင်အောင် သွင်းပြီး ကြုံးလိုက်ကြခြင်းဖြစ်သည်။
စစ်တပ်တွင် တပ်ကြပ်ကြီးအဆင့်နှင့် ဗိုလ်မှူးအဆင့်သည် များစွာကွာခြားသည်။ ပိုဆိုးသည်မှာ ဗိုလ်မှူး ဝေဖြိုးသည် ဗိုလ်မှူးအဆင့် ဆိုသော်လည်း တပတ်စဉ်တည်း ဗိုလ်လောင်းသင်တန်း ဆင်းခဲ့သူများသည် ဗိုလ်မှူးချုပ်အဆင့်များ ဖြစ်သည်။ ထို့ကြောင့် ဇော်ယုထွန်းဘက်က ထပ်ပြီး အစထွက်လာချိန်တွင် ဘောင်ထဲဝင်အောင် သွင်းပြီး ကြုံးလိုက်ကြခြင်းဖြစ်သည်။
ထိုမကျေနပ်မှုကြောင့် မိတ္ထီလာပြည်သူ့စစ်က ရုပ်သံကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ခဲ့ပြီး မေလ ၂၂ ရက်တွင် မိတ္ထီလာပြည်သူ့စစ် ၁၇ ဦး နုတ်ထွက်တော့မည့်အကြောင်းလည်း ထွက်ပေါ်လာသည်။
ထို့ကြောင့် ဇော်ယုထွန်းကို တကယ်ပဲ အရေးယူမည်လားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။ ယခုကာလတွင် စစ်ကောင်စီသည် လူအင်အား လိုအပ်ချက်အရ ပြည်သူ့စစ်များကို ကောင်းကောင်း အသုံးချနေရသည့်ကာလဖြစ်သည်။
ထို့ပြင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲအတွက်ပါ ပြည်သူ့စစ်များသည် မဲရုံလုံခြုံရေး အပါအဝင် အရေးပါနေပြန်သေးသည်။ ထို့ကြောင့် ဇော်ယုထွန်းကို အကြောင်းပြုပြီး ပြည်သူ့စစ်နှင့် စည်းရုံးရေးပျက်မည့်ကိစ္စကို စစ်ကောင်စီဘက်က ဆောင်ရွက်မည် မဟုတ်ဟု ယူဆရသည်။
ထို့ကြောင့် ဇော်ယုထွန်းသည် စစ်ကြောရေးတွင် သတိပေးဆုံးမလုပ်ပြီး ခံဝန်ဖြင့် ပြန်လွတ်လာလေမလား။ ပစ္စတိုသေနတ်နှင့် လက်ပစ်ဗုံးပြပြီး မာန်တက်ပြခဲ့သည့် မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဝေဖြိုးမှာမူ စံနမူနာပြအဖြစ် စစ်ကောင်စီ၏ အရေးယူမှုကို ခံရလေမလား အများက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ
မြင်းခြံခရိုင် စစ်ရေးအခြေအနေကြောင့် မိတ္ထီလာ၌ လုံခြုံရေးတိုးမြှင့်
စစ်ကောင်စီ မွေးထားတဲ့ မြို့ပြ ပြည်သူ့စစ်တွေ (ရုပ်/သံ)
စစ်ကောင်စီ စိတ်ကူးယဉ်နေတဲ့ ပြည်သူ့စစ် မဟာဗျူဟာ ဘယ်လဲဘာလဲ














